အမျိုးအစား (၂) ဆီးချို

အမျိုးအစား (၂) ဆီးချို ရောဂါနဲ့ ပတ်သက်ပြီး ကုသမှုတွေ၊ စားသောက်မှု ပုံစံနဲ့ ဆောင်ရန် ရှောင်ရန်တွေကို လေ့လာသိရှိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်တဲ့ အချက် ၇ ချက် (၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါဆိုတာ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါပါ။ ဆီးချိုရောဂါရှိတာခြင်း တူရင်တောင် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ ၄ဆပိုများပြီး အမျိုးသားတွေက ၂ဆပိုများပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်း အမျိုးသမီးတွေမှာ ရလဒ်မကောင်းတတ်ပါဘူး။ ဒါ့ပြင် ဆီးချိုရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ စိတ်ကျရောဂါတွေလည်း ပိုဖြစ်တတ်ပါတယ်။ (၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေက ဘဝမှာ တစ်ကြိမ်လောက်တော့ မိန်းမကိုယ်ပိုးဝင်တတ်ကြပါတယ်။ ဒါပေမဲ့ […]

အမျိုးအစား (၂) ဆီးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

လေ့ကျင့်ခန်း လုပ်တာက အမျိုးအစား (၂) ဆီးချို ကို ကာကွယ်နိုင်သလား

လေ့ကျင့်ခန်း လုပ်တာက အမျိုးအစား (၂) ဆီးချို ကို ကာကွယ်နိုင်သလား .... အမျိုးအစား (၂) ဆီးချို က နာတာရှည်ရောဂါ တစ်မျိုးပါ။ ကမ္ဘာတလွှားက သန်းနဲ့ချီတဲ့ လူဦးရေတွေ ခံစားနေရတဲ့ ရောဂါ တစ်မျိုး ဆိုလည်း မမှားပါဘူး။ အမျိုးအစား (၂) ဆီးချိုရောဂါ ခံစားရပြီဆိုရင် သေချာ ထိန်းချုပ် ဂရုစိုက်ဖို့ လိုပါမယ်။ သေချာ ထိန်းချုပ် ဂရုစိုက်မှု မလုပ်ဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ မျက်စိ ကွယ်တာ၊ ကျောက်ကပ် ပျက်စီးတာ၊ နှလုံးရောဂါ နဲ့ အခြား ပြင်းထန်သော ရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်တာက ဒီရောဂါအတွက် အထိရောက်ဆုံး ကုထုံးတစ်ခုပေါ့။ အမျိုးအစား (၂ )ဆီးချို ကို […]


အမျိုးအစား (၂) ဆီးချို

Endocrine system (ဟော်မုန်းစနစ်)ဆိုတာ

Endocrine system (ဟော်မုန်းစနစ်)ဆိုတာ က သိပ်မရင်းနှီးနိုင်တဲ့ စကားရပ် ဖြစ်နေနိုင်ပါတယ်။ ဒီ မရင်းနှီးသေးတဲ့ စနစ်လေးက ဘာလဲ၊ ခန္ဓာကိုယ်အတွက် ဘာတွေ လုပ်ဆောင်ပေးနေလဲ ဆိုတာကို မသိချင်ဘူးလား။ ခန္ဓာကိုယ် ကျန်းမာပြီး ရောဂါကင်းဖို့ လုပ်ဆောင်ပေးနိုင်တဲ့ ဒီ စနစ်က ဘာလဲ။ ဘယ်လို တာဝန်တွေကို ထမ်းဆောင်ပေးသလဲ သိချင်တယ်ဆိုရင် ဒီ ဆောင်းပါးလေးထဲမှာ အတူတူ ဖတ်ကြည့်ရအောင်နော်။ Endocrine system (ဟော်မုန်းစနစ်)ဆိုတာ ဘာလဲ .................. Endocrine system (ဟော်မုန်းစနစ်) ဆိုတာက ကိုယ်တွင်းက ဂလင်းတွေ စုဖွဲ့ထားတဲ့ စနစ် တစ်ရပ်ပါ။ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီး ဆဲလ်တွေကို ချိတ်ဆက်လုပ်ဆောင်နိုင်စေဖို့ ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ် မှာရှိတဲ့ ဆဲလ်အားလုံး၊ ကိုယ်အင်္ဂါ အစိတ်အပိုင်း အားလုံး နဲ့ ခန္ဓာကိုယ်ရဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသမားတွေ အသီးစားလို့ရလား

ဆီးချို ရှိတယ်ဆို အချိုတွေ လျှာပေါ်မတင်နဲ့လို့ လူတွေက ပြောလေ့ရှိပါတယ်။ ဒါကြောင့် ဆီးချို သမားတွေခမျာ အသီးတွေ စားချင်ရင် တော်တော်စဉ်းစားရပါတယ်။ အသီးတော်တော်များများက ချိုတာကိုး။ ဒါပေမယ့် စဥ်းစားကြည့်ရင် အသီးက ချိုတယ်ဆိုပေမယ့် သူ့မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အမျှင်ဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါနေတဲ့အတွက် မစားဘဲရှောင်မယ်ဆိုရင် နှမြောစရာကောင်းပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေ အသီးစားလို့ရလား ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုစားရမလဲဆိုတာ ပြောပြပေးပါမယ်။ ဘယ်လိုအသီးမျိုးတွေ မစားသင့်ဘူးလဲ။ အသီးက လတ်လတ်ဆတ်ဆတ်ဆို တော်တော်များများ စားလို့ရပါတယ်။ ပါတဲ့ အချိုဓာတ်ပေါ်မူတည်ပြီး စားရတဲ့ ပမာဏတော့ ကွာသွားတာပေါ့။ ဒါကို နောက်မှ အသေးစိတ်ပြောပြပေးပါမယ်။ ခုတော့ အကြမ်းဖျင်း ဘယ်လိုပြုပြင်ထားတဲ့ အသီးတွေကို မစားသင့်ဘူးလဲဆိုတာ ပြောပြပါ့မယ်။ ဆီးချိုရှိတဲ့သူအနေနဲ့ သကြားရောထားတဲ့ သစ်သီးခြောက်တွေ […]


အမျိုးအစား (၂) ဆီးချို

ဝါတွင်းကာလ ဆီးချိုအာဟာရ

ဝါတွင်းကာလ ဥပုသ်စောင့်မယ့်သူတွေထဲမှာ ဆီးချိုရောဂါရှိတဲ့ သူတွေလည်း ပါနေမှာပါ။ သာမန်အခြေအနေမှာတောင် ဆီးချိုက တက်လိုက် ကျလိုက် မဖြစ်အောင် မနည်းဂရုစိုက်နေရတာဆိုတော့ ဝါတွင်းကာလဆို ပိုပြီး ထိန်းချုပ်ရခက်မှာပါ။ ဒါကြောင့် ဝါတွင်းကာလမှာရော ဆီးချိုကို ဘယ်လိုထိန်းမလဲ။ ဆီးချိုသမားတွေမှာ အဓိကပြဿနာက အစားအသောက်ပါပဲ။ အစားအသောက်နဲ့ ဆေးကို သေချာချိန်ညှိမှ ဆီးချိုက ချိန်ခွင်လျှာအလယ်မှာ ငြိမ်နေမှာပါ။ ဆေးကို ဆရာဝန်က ချိန်ညှိပေးနေတာဆိုတော့ အစားအသောက်ထိန်းရမှာ ကိုယ့်တာဝန်ပါ။ ဥပုသ်စောင့်တဲ့အချိန်မှာရော ဘာတွေစားမလဲ။ အာဟာရနဲ့ ဆီးချိုကို ဘယ်လို ချိန်ညှိမလဲဆိုတာ ပြောပြပေးပါ့မယ်။ ဝါတွင်းကာလ ဥပုသ်စောင့်တဲ့ ဆီးချိုရောဂါရှင်တွေမှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေး အခြေအနေများ ဝါတွင်းကာလမှာ ဥပုသ်စောင့်မယ့် ဆီးချိုဝေဒနာရှင်တွေ အနေနဲ့ ပြောင်းလဲလာတဲ့ စားသောက်မှု ပုံစံ၊ စားသောက်တဲ့အချိန်၊ ဇီဝကမ္မဖြစ်စဉ်၊ ဟော်မုန်းတွေကြောင့် အောက်က ပြောတဲ့ ကျန်းမာရေး […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါရှင် တွေ ဥပုသ်စောင့်လို့ရလား

ဝါတွင်းတို့၊ သင်္ကြန်တို့၊ အခါကြီးရက်ကြီးတို့ရောက်ပြီဆိုရင် သူသူကိုယ်ကိုယ် ဥပုသ်စောင့်ဖို့ ပြင်ဆင်နေကြပါပြီ။ ဒီထဲမှာ မေးလာကြတာက ဆီးချိုရောဂါရှင် တွေရော ဥပုသ်စောင့်လို့ ရလားဆိုတာပါပဲ။ ဥပုသ်စောင့်ချင်ပေမယ့် ဆီးချိုရောဂါကြောင့် စောင့်ရင် ကောင်းမလား၊ မစောင့်ရင်ကောင်းမလား တွေးနေကြသူတွေ အများကြီးပါ။ ဘာလို့လဲဆိုတော့ ဆီးချိုရောဂါရှင် တွေက အစာနဲ့ ဆေးနဲ့ တွဲနေရတာကိုး။ ဒီကြားထဲမှာ အင်ဆူလင်နဲ့ ဖောက်၊ ထိုး၊ စား လုပ်ရတဲ့ သူတွေလည်း ရှိသေးတယ်လေ။ သူတို့တွေအတွက် ဆီးချိုနှင့်ဟော်မုန်းရောဂါအထူးကုပညာဌာနက အကြံပြုထားတာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဆီးချိုရောဂါရှင် တွေ ဥပုသ်စောင့်လို့ရလား။ ယေဘုယျအားဖြင့်တော့ စောင့်လို့ရပါတယ်။ ဒါပေမယ့် ဥပုသ်မစောင့်မီက ဆီးချိုကောင်းကောင်းထိန်းနိုင်ရဲ့လား။ ဘယ်လိုအစားအစာမျိုးတွေ စားလေ့ရှိလဲ။ အရင်က မကြာခဏ ဆီးချိုကျတတ်တဲ့သူလား။ ဆီးချိုပုံမှန်စစ်ဆေးနိုင်ပါ့မလား။ နောက်ဆက်တွဲ ရောဂါ (ဥပမာ ကျောက်ကပ်ထိနေပြီလား) နေ့တိုင်းစောင့်မှာလား၊ ဥပုသ်ရက်ပဲ […]


အမျိုးအစား (၂) ဆီးချို

အသင့်စားသရေစာများနဲ့ ဆီးချိုရောဂါ

လှုပ်ရှားရုန်းကန်မှု၊ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာတဲ့ ယနေ့ခေတ်မှာ လူအများစုဟာ အစားတစ်နပ်အတွက် ချက်ပြုတ်ပြင်ဆင်ဖို့ သိပ်ပြီး အချိန်မပေးလိုကြတော့ပါဘူး။ စူပါမားကတ်ကပဲဖြစ်ဖြစ်၊ လမ်းဘေးဆိုင်ကပဲ ဖြစ်ဖြစ် အသင့်စား စားစရာတစ်မျိုးမျိုးကိုပဲ အလွယ်တကူဝယ်ယူ စားသောက်ကြပါတယ်။ တကယ်တော့ အသင့်စား အစားအသောက် (Junk food) များဟာ ကယ်လိုရီပါဝင်မှု များပြားပြီး အာဟာရဓာတ်ပါဝင်မှု နည်းပါးတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ခြင်း မရှိလှပါဘူး။ ရေရှည်ခံနိုင်အောင်လည်း ပြုပြင်ထားတဲ့အတွက်ကြောင့် လတ်ဆတ်မှုလည်း မရှိပါဘူး။ အသင့်စားစားစရာတွေမှာ သကြားနဲ့ အဆီဓာတ်များစွာပါဝင်တာမို့ ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်တက်ခြင်း၊ အဝလွန်ခြင်းဟာ ဆီးချိုရောဂါနဲ့ ဆက်နွယ်နေပါတယ်။ ဒီတစ်ခေါက်တော့ အသင့်စားသရေစာများနဲ့ ဆီးချိုရောဂါ အကြောင်း ပြောပြပေးချင်ပါတယ်။ အသင့်စားသရေစာများနဲ့ ဆီးချိုရောဂါ အသင့်စားသရေစာများနဲ့ ဆီးချိုရောဂါ အကြောင်း လေ့လာကြည့်ရအောင်လား ..... အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေ မြင့်စေတဲ့ အကြောင်းအရင်းတွေထဲမှာ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေကို ကိုယ်ခံအား မြှင့်တင်ပေးနိုင်မယ့် နည်းလမ်း

ဆီးချိုဆိုတာက autoimmune disease တစ်မျိုးပါ။ အထူးသဖြင့် အမျိုးအစား (၁) ဆီးချိုရောဂါပေါ့။ အမျိုးအစား (၁) ဆီးချိုရောဂါက ခန္ဓာကိုယ်က အင်ဆူလင်ကို လုံးဝမထုတ်နိုင်တာပါ။ အမျိုးအစား (၂) ဆီးချိုရောဂါကတော့ အင်ဆူလင်ကို လုံလောက်အောင် မထုတ်နိုင်တာကြောင့် ဖြစ်နိုင်သလို အင်ဆူလင်ကို အဆင်ပြေပြေ အသုံးမချနိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆီးချိုရောဂါရှိသူတွေဟာ ပုံမှန် ကိုယ်ခံအား နည်းနေတတ်ပြီး ရောဂါတွေ အလွယ်တကူ ဝင်ရောက်ကူးစက်နိုင်ပါတယ်။ အကြောင်းကတော့ ဆီးချိုရှိသူတွေရဲ့ ကိုယ်တွင်းက သွေးဖြူဥတွေက ကောင်းကောင်းအလုပ်မလုပ်နိုင်တာကြောင့်ပါ။ ဒီတော့ ဆီးချိုရှိသူတွေ အနေနဲ့ ပြင်ပက ရောဂါပိုးတွေ ဝင်ရောက်ကူးစက်မှု ကင်းစေဖို့ ကိုယ်ခံအား ကောင်းအောင် ဘယ်လိုနေထိုင်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးပါ့မယ်။ ဆီးချိုရှိသူတွေ ကိုယ်ခံအား မြှင့်တင်နိုင်ဖို့ ဆီးချိုရှိသူတွေအနေနဲ့ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် အစားအစာကို […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေကို ကိုယ်ခံအား မြှင့်တင်ပေးမယ့် စားစရာတွေ

ဆီးချိုရှိသူတွေက ကျန်းမာသူတွေထက် ကိုယ်ခံအား နည်းနေတတ်ပြီး ရောဂါတွေ အလွယ်တကူ ဝင်ရောက်ကူးစက်ခံရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဆီးချိုရှိသူတွေအနေနဲ့ ကိုယ်ခံအား ကောင်းအောင် ဘယ်လို စားသောက်နေထိုင်ရမလဲဆိုတာကို ပြောပြပေးမယ်နော်။ ဆီးချိုရှိသူတွေကို ကိုယ်ခံအား မြှင့်တင်ပေးမယ့် စားစရာတွေ က ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်နော်။ ဆီးချိုရှိသူတွေကို ကိုယ်ခံအား မြှင့်တင်ပေးမယ့် စားစရာတွေ ဆီးချိုရှိသူတွေကို ကိုယ်ခံအား မြှင့်တင်ပေးမယ့် စားစရာတွေ ကတော့ ကုလားပဲ ကုလားပဲမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ပရိုတင်း၊ ဗီတာမင် A၊ ဗီတာမင် D၊ ဗီတာမင် E၊ ဇင့်၊ သံဓာတ်၊ ဆီလီနီယမ်တို့ ပါဝင်နေပါတယ်။ ဇင့်က နှလုံးကျန်းမာစေသလို သွေးတွင်းသကြားဓာတ် မြင့်တက်တာကြောင့် နှလုံး ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ် ပါဝင်မှုက အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေသလို သွေးတွင်းသ​ကြားဓာတ်ကို […]


အမျိုးအစား (၂) ဆီးချို

အင်ဆူလင်အကြောင်း သိသင့်သမျှ

အင်ဆူလင် ဆိုတာ အစာအိမ်အနောက်ကပ်လျက်မှာရှိတဲ့ ပန်ခရိယကနေ ထုတ်လုပ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ ကိုယ်ခန္ဓာကနေပြီး ဂလူးကို့စ်ကို အသုံးချရာမှာ ဝင်ရောက်ထိန်းညှိပေးပါတယ်။ ဂလူးကို့စ်ကတော့ ကာဘိုဟိုက်ဒရိတ်များမှာတွေ့ရတဲ့ သကြားတစ်မျိုးဖြစ်ပါတယ်။ အစာစားပြီးချိန်မှာ အစာအိမ်လမ်းကြောင်းထဲ ရောက်သွားတဲ့ ကာဘိုဟိုက်ဒရိတ်တွေကို ချေဖျက်လိုက်တဲ့အခါ ဂလူးကို့စ်အဖြစ် ပြောင်းလဲသွားပါတယ်။ ဂလူးကို့စ်ကို အူနံရံများကနေ စုပ်ယူလိုက်ပြီး သွေးထဲကို ရောက်ရှိလာပါတယ်။ သွေးထဲကို ဂလူးကို့စ်ဝင်ရောက်လာချိန်မှာ အင်ဆူလင်ဟာ ကိုယ်ခန္ဓာတစ်ခုလုံးက ဆဲလ်တွေအနေနဲ့ သကြားကိုစုပ်ယူဖို့ အားပေးပြီး စွမ်းအင်အဖြစ် အသုံးချစေပါတယ်။ အင်ဆူလင်ဟာ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။ သွေးထဲမှာ ဂလူးကို့စ်ဓာတ် အရမ်းများနေရင် ပိုနေတဲ့ ဂလူးကို့စ်တွေကို အသည်းထဲမှာ သိမ်းထားဖို့ အင်ဆူလင်က အချက်ပေးပါတယ်။ အသည်းထဲရောက်သွားတဲ့ ဂလူးကို့စ်တွေကို သွေးတွင်းဂလူးကို့စ်ဓာတ် မကျခင်အချိန်အထိ ပြန်ပြီး ထုတ်မသုံးတော့ပါဘူး။ အစာနဲ့ဝေးသွားချိန်၊ ခန္ဓာကိုယ်ဟာ ဖိစီးမှုနဲ့ ကြုံရချိန်၊ စွမ်းအင်အပို […]


အမျိုးအစား (၂) ဆီးချို

လေ့ကျင့်ခန်းလုပ်မယ့် ဆီးချိုဝေဒနာသည်တွေ လုံးဝမမေ့လျော့သင့်တဲ့ အချက် ၆ ခု

လေ့ကျင့်ခန်းလုပ်မယ့် ဆီးချိုဝေဒနာသည်တွေ လုံးဝမမေ့လျော့သင့်တဲ့ အချက်တွေကို ပြောပြပေးချင်ပါတယ်။ ဆီးချိုဟာ ဒီကနေ့ခေတ်မှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အဝလွန်တာ၊ အထိုင်များတာတွေနဲ့ စားသောက်နေထိုင်မှုပုံစံတွေကြောင့် ကမ္ဘာပေါ်မှာ ဆီးချိုဝေဒနာရှင်တွေ ပေါများလာနေပါတယ်။ ကမ္ဘာပေါ်မှာ ဆီးချိုဝေဒနာရှင် ၄၁၅ သန်းဝန်းကျင်ရှိပြီးတော့ လူ ၁၁ ယောက်မှာ ၁ ဦးနှုန်း ဆီးချိုဝေဒနာခံစားနေရတာဖြစ်ပါတယ်။ ခန့်မှန်းချက်တွေအရဆိုရင် လာမယ့် ၂၀၄၀ မှာ ကမ္ဘာတစ်လွှား ဆီးချိုဝေဒနာရှင်ပေါင်း ၆၄၅ သန်းအထိ ရှိလာနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ဆီးချိုဝေဒနာရှင် ၄၆% ဟာ ရောဂါလက္ခဏာမပြသကြတာကြောင့်လည်း တစ်ခါတစ်ရံမှာ ကိုယ့်မှာ ဆီးချိုဝေဒနာစွဲကပ်နေပေမယ့်လည်း သိချိန်နောက်ကျတာမျိုးတွေ ဖြစ်နိုင်ပါသေးတယ်။ ပုံမှန်အားဖြင့်တော့ ဆီးချိုရောဂါရှိလာပြီဆိုရင် ရေခဏခဏ ဆာတာ၊ ဆီးခဏခဏ သွားချင်တာ၊ ပိန်သွားတာ၊ အစားတွေ အရမ်းစားချင်တာ၊ မျက်လုံးတွေ ဝါးလာတာ စတာတွေဖြစ်တတ်ပါတယ်။ တကယ်လို့ ကိုယ်ဟာ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)