လှုပ်ရှားမှု ရှိပါစေ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်တာက သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိရာရောက်သလို သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။ ဒါကြောင့် နေ့စဉ် အနည်းဆုံး နာရီဝက်လောက် လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ယောဂလုပ်တာမျိုး လုပ်ပေးပါ။
လေ့ကျင့်ခန်းလုပ်တာက စိတ်ခံစားမှုကောင်းစေပြီး နှလုံးကျန်းမာစေသလို သွေးလည်ပတ်မှုကောင်းစေပါတယ်။ လေဖြတ်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။
စိတ်ဖိစီးမှုက ရောဂါတွေကို တိုးစေနိုင်ပါတယ်။ သွေးတိုးလိုမျိုး နာတာရှည် ရောဂါတွေဖြစ်စေနိုင်သလို သွေးချိုတက်တာနဲ့ ကိုယ်ခံအားကို ထိခိုက်စေတာတွေပါ ဖြစ်နိုင်ပါတယ်။
စိတ်ဖိစီးစေတဲ့ ဟော်မုန်းတွေက ကိုယ်ခံအားကို အားဖြည့်ပေးတဲ့ သွေးဖြူဥဆဲလ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် ဝါသနာပါရာကို အချိန်ပေးလုပ်ဆောင်ပြီး စိတ်ဖိစီးမှုကို ဖြေလျော့လို့ ကိုယ်ခံအားကို အားဖြည့်ပါ။
အိပ်ရေးဝတာက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးရာ ရောက်ပါတယ်။ ဒါကြောင့် နေ့စဉ် အိပ်ချိန် ၇ နာရီကနေ ၈ နာရီကြား ရှိအောင် ဂရုပြုပါ။ ညဘက်တွေမှာ အိပ်မပျော်တာက သွေးတွင်းမှာ cortisol level မြင့်တက်စေပြီး အမျိုးအစား (၂) ဆီးချိုရောဂါကို ဖြစ်စေနိုင်သလို ကိုယ်ခံအားကို အားနည်းစေပါတယ်။
ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ဆီးချိုရှိသူတွေအနေနဲ့ အရက်၊ ဆေးလိပ်တို့လိုမျိုး ကိုယ်ခံအားကို ထိခိုက်စေနိုင်တဲ့ အရာတွေကို မဖြစ်မနေ ဖြတ်တောက်ဖို့ လိုပါမယ်။ ဒါမှ ကိုယ်ခံအား ကောင်းပြီး ရောဂါတွေကနေ ကာကွယ်နိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။