အမျိုးအစား (၂) ဆီးချို

အမျိုးအစား (၂) ဆီးချို ရောဂါနဲ့ ပတ်သက်ပြီး ကုသမှုတွေ၊ စားသောက်မှု ပုံစံနဲ့ ဆောင်ရန် ရှောင်ရန်တွေကို လေ့လာသိရှိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်တဲ့ အချက် ၇ ချက် (၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါဆိုတာ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါပါ။ ဆီးချိုရောဂါရှိတာခြင်း တူရင်တောင် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ ၄ဆပိုများပြီး အမျိုးသားတွေက ၂ဆပိုများပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်း အမျိုးသမီးတွေမှာ ရလဒ်မကောင်းတတ်ပါဘူး။ ဒါ့ပြင် ဆီးချိုရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ စိတ်ကျရောဂါတွေလည်း ပိုဖြစ်တတ်ပါတယ်။ (၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေက ဘဝမှာ တစ်ကြိမ်လောက်တော့ မိန်းမကိုယ်ပိုးဝင်တတ်ကြပါတယ်။ ဒါပေမဲ့ […]

အမျိုးအစား (၂) ဆီးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

အသက်ကို အန္တရာယ်ပေးနိုင်တဲ့ ဆီးချိုဝေဒနာသည်များ ရေဓာတ်ဆုံးရှုံးခြင်း

တကယ်လို့ လူတစ်ယောက်ဟာ နေ့စဉ်လိုအပ်တဲ့ ရေဓာတ်ပမာဏကို မဖြည့်ဆည်းနိုင်ဘူးဆိုရင် ဘာတွေဖြစ်လာမယ်ထင်ပါသလဲ။ ရေကိုလုံလောက်စွာ မသောက်တဲ့အခါ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အသက်ကို အန္တရာယ်ပေးနိုင်တဲ့ ဆီးချိုဝေဒနာသည်များ ရေဓာတ်ဆုံးရှုံးခြင်း အကြောင်း ပြောပြပေးချင်ပါတယ်။ အမျိုးအစား-၂ ဆီးချိုရောဂါကြောင့် ရေဓာတ်ဆုံးရှုံးနိုင်သလို ရေဓာတ်ဆုံးရှုံးမှုကြောင့်လည်း အမျိုးအစား-၂ ဆီးချိုရောဂါပိုမိုဆိုးရွားစေနိုင်တယ်ဆိုတဲ့ သဘောပါ။ အသက်ကို အန္တရာယ်ပေးနိုင်တဲ့ ဆီးချိုဝေဒနာသည်များ ရေဓာတ်ဆုံးရှုံးခြင်း ရေဓာတ်ဆုံးရှုံးခြင်းဟာ များသောအားဖြင့် လုံလောက်တဲ့ အရည်ပမာဏကို မသောက်သုံးလို့ ဖြစ်ပါတယ်။ အခြားအချက်တွေ အနေနဲ့ကတော့ ရာသီဥတု၊ လှုပ်ရှားသွားလာမှုနဲ့ အစားအသောက် စတာတွေပေါ်လည်း မူတည်ပါတယ်။ Dehydration (ရေဓာတ်ဆုံးရှုံးခြင်း) က ဆီးချိုရောဂါကို ဘယ်လိုဆိုးရွားစေသလဲ ရေဓာတ်ဆုံးရှုံးခြင်းဆိုတာ မိမိသောက်သုံးတဲ့ရေပမာဏထက် ဆုံးရှုံးမှုကပိုများနေတဲ့အခါ ဖြစ်လာတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီလိုမမျှတမှုဟာ သွေးထဲက ဆား၊ သတ္တုဓာတ်နဲ့ သကြားပမာဏတွေကို ကမောက်ကမ ဖြစ်စေပါတယ်။ ခန္တာကိုယ်ထဲမှာ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသွေးချို ရှိသူတွေရဲ့ ပြဿနာများတဲ့ အတွေးမှား တချို့

ဆီးချိုသွေးချို ရောဂါ ရှိနေတဲ့သူတွေမှာ သုံးမျိုးပဲရှိတယ် - အကြောက်လွန်တဲ့သူတွေရယ်၊ မကြောက်တတ်တဲ့သူတွေရယ်၊ ဆင်ခြင်ထိန်းသိမ်းတတ်သူတွေရယ်။ ဘယ်တစ်မျိုးက အသက်ရှည်ရှည်၊ သက်တမ်းစေ့ နေရမယ် ထင်ပါသလဲ။ ကိုယ်က ဘယ်အဖွဲ့ထဲ ပါဝင်နေလဲ ဆိုတာကို အရင်ဆုံး ပြန်ဆန်းစစ်ကြည့်လိုက်ပါဦး။ ဆီးချိုသွေးချို ရှိသူတွေရဲ့ ပြဿနာများတဲ့ အတွေးမှား တချို့ ဒီဆောင်းပါးမှာတော့ အကြောက်လွန်သူနဲ့ မကြောက်တတ်သူတို့ရဲ့ အတွေးမှား တချို့ကို ဥပမာပေး ဖော်ပြလိုက်ပါတယ် - သွေးချိုတက်ရင် ဆေးသောက်မယ် ကိုယ့်မှာ ဆီးချိုရောဂါရှိနေပြီလို့ သိရတာနဲ့ ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘာတွေဆင်ခြင်ရမယ်ဆိုတာ အခြေခံ၊ အကြမ်းဖျင်းလောက်တော့ ဆရာဝန်က ပြောပြပေးလိုက်မှာပါ။ နားမလည်တာရှိရင် မေးလို့ရပေမယ့် ကိုယ်ထင်ရာကို တွေးပြီးမဆုံးဖြတ်ဖို့၊ သူများပြောတိုင်းမယုံဖို့၊ ရမ်းမကုဖို့ အရေးကြီးပါတယ်။ သွေးတွင်းသကြားဓာတ်ကို အတက်အကျ ထိန်းထားနိုင်ဖို့ ရောဂါအကြောင်းကို တတ်နိုသလောက်လေ့လာပါ၊ ရှာဖတ်ပါ၊ မေးမြန်းပါ။ ဆီးချိုထိန်းဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသာ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါနှင့် HbA1c

ဆီးချိုရောဂါဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အဖြစ်များပြီး အန္တရာယ်များတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလည်း အများကြီးဖြစ်စေနိုင်တဲ့ ရောဂါကြီးတစ်ခုဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အဲဒီလို ဆီးချိုရောဂါဖြစ်နေတဲ့သူတွေမှာ စစ်ဆေးနိုင်တဲ့ HbA1c လို့ခေါ်တဲ့ သွေးစစ်ခြင်းလေး အကြောင်းကို အနည်းငယ်မျှဝေပေးသွားမှာပါ။ (၁) HbA1c ဆိုတာ ဘာလဲ။ HbA1c ရဲ့ အရှည်ကတော့ glycated hemoglobin A1c ဖြစ်ပြီး သွေးနီဥလေးတွေရဲ့ အောက်စီဂျင်တွေကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ သယ်ဆောင်ပေးနိုင်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ hemoglobin လေးမှာ glucose လို့ခေါ်တဲ့ သကြားဓါတ် တွယ်ကပ်နေခြင်းကို ခေါ်ခြင်းဖြစ်ပါတယ်။ (၂) ဘာကြောင့် HbA1c ကို ဆီးချိုရောဂါ စစ်ဆေးရာမှာ အသုံးပြုကြလဲ။ အပေါ်မှာ ပြောပြထားတဲ့အတိုင်း HbA1c ပမာဏကို စစ်ဆေးလိုက်မယ်ဆိုရင် သွေးထဲက hemoglobin လေးတွေမှာ သကြားဓါတ် ဘယ်လောက်ရှိနေလဲဆိုတာကို သေသေချာချာ သိနိုင်တာကြောင့် HbA1cကို ဆီးချို […]


အမျိုးအစား (၂) ဆီးချို

ထိန်းချုပ်လို့ရတဲ့ ဆီးချိုရှေ့ပြေးအခြေအနေ (Prediabetes)

ထိန်းချုပ်လို့ရတဲ့ ဆီးချိုရှေ့ပြေးအခြေအနေ (Prediabetes) ဆိုတာ ဆီးချိုရောဂါ ဖြစ်ချင်ချင် အနေအထားကို ဆိုလိုတာပါ။ ပြောရရင် ကိုယ့်သွေးတွင်းသကြားဓာတ်ကပုံမှန်ထက်တော့များနေပြီ၊ ဒါပေမဲ့ ဆီးချိုရောဂါတော့ မဖြစ်သေးတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဆီးချို ရောဂါလည်းမဟုတ်သေးလို့ ဘာလက္ခဏာမှလည်းပြမှာမဟုတ်ပေမဲ့ သွေးစစ်ရင်တော့သိနိုင်ပါတယ်။ ဆီးချိုရှေ့ပြေးအခြေအနေ ဖြစ်နေရင် ကိုယ့်ရဲ့နေထိုင်စားသောက်ပုံကို ပြုပြင်ပြီး ဆီးချိုရောဂါ ဖြစ်မလာအောင် ထိန်းချုပ်ကုသနိုင်တာကြောင့် ဘယ်လိုတွေပြုမူဆောင်ရွက်ရမယ်ဆိုတာ ပြောပြပေးချင်ပါတယ်။ ထိန်းချုပ်လို့ရတဲ့ ဆီးချိုရှေ့ပြေးအခြေအနေ (Prediabetes) ထိန်းချုပ်လို့ရတဲ့ ဆီးချိုရှေ့ပြေးအခြေအနေ (Prediabetes) ကို အကောင်းဆုံး ထိန်းချုပ်ဖို့ဆိုရင် ဝိတ်လျှော့ပါ အသားကုန် နင်းကန်ဝိတ်ချစရာမလိုပါဘူး။ အချိန်တိုအတွင်း ကိုယ်အလေးချိန် အများကြီးချပစ်တာ ကျန်းမာရေးနဲ့လည်း မညီညွတ်ပါဘူး။ လက်ရှိကိုယ်အလေးချိန်ရဲ့ ၇% လောက်ပဲလျော့သွားအောင်လုပ်နိုင်ရင် အတော် သိသာလာမှာပါ။ ဝိတ်ချမယ်ဆို လေ့ကျင့်ခန်းချည်းပဲပြေးမလုပ်ပါနဲ့။ အစားအသောက်လည်း ဆင်ဆင်ခြင်ခြင် စားဖို့လိုတယ်နော်။ တော်ကြာ ကျန်းမာတဲ့ဝက်ကြီးဖြစ်လာရင် ပိုမခက်ပေဘူးလား။ ကျန်းမာရေးနဲ့ညီညွတ်အောင် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဝေဒနာရှင်တွေ လှည့်တောင်မကြည့်သင့်တဲ့ အစားအသောက် ၁၀ မျိုး

မသန့်ရှင်းတဲ့ အစားအစာတွေ၊ အဆီတွေ၊ သကြားဓာတ်တွေ ပိုပိုကဲကဲ ထည့်သွင်းဖန်တီးလာတဲ့ အစားအစာတွေ ပေါများလာတဲ့ ဒီခေတ်ထဲမှာ ဆီးချိုဝေဒနာ ခံစားနေရသူတွေလည်း ပိုပိုများလာပါတယ်။ ဆီးချိုဟာ ဒီကနေ့ခေတ် ကျန်းမာရေးနယ်ပယ်မှာ ပိုပိုပြီးတော့ ဂရုစိုက်စရာ၊ အာရုံစိုက်စရာ ရောဂါဆိုးတစ်ခုဖြစ်လာနေပါပြီ။ ဒီတစ်ခေါက်တော့ ဆီးချိုဝေဒနာရှင်တွေ လှည့်တောင်မကြည့်သင့်တဲ့ အစားအသောက် ၁၀ မျိုး အကြောင်း ပြောပြပေးချင်ပါတယ်။ ဆီးချို အဖြစ်များလာသလား။ ဆီးချိုမှာ ကာကွယ်လို့မရတဲ့ ဆီးချိုအမျိုးအစား-၁ နဲ့ အဖြစ်များတဲ့ ဆီးချို အမျိုးအစား-၂ ဆိုပြီး အမျိုးအစား ၂ မျိုးရှိပါတယ်။ ပုံမှန်အားဖြင့် ဂရုတစိုက်နေထိုင်မယ်ဆိုရင် ဆီးချိုဝေဒနာခံစားနေရပေမယ့်လည်း တစ်သက်လုံး အေးအေးဆေးဆေးနေလို့ရပါတယ်။ ဒါပေမယ့် အစားအသောက် အနေအထိုင် မဆင်ခြင်ရင်တော့ ဆီးချိုက အသက်အန္တရာယ်ကို ကြီးကြီးမားမား ခြိမ်းခြောက်နေတဲ့ရောဂါတစ်မျိုးဆိုတာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ဆီးချိုဝေဒနာကြောင့် သေဆုံးတဲ့ သူအရေအတွက်ဟာ AIDS […]


အမျိုးအစား (၂) ဆီးချို

သင့်မှာ ဆီးချို ရှိနေပြီလား။

သင့်မှာ ဆီးချို ရှိနေပြီလား ဆိုတာ မကြားချင်ဆုံး မေးခွန်းပါ။ အသံကြားတာနဲ့တင် လူတွေ ကြောက်တဲ့ ရောဂါထဲမှာ ဆီးချို လည်း ပါပါတယ်။ လူတွေ သိကြတာက ဆီးချိုဖြစ်ရင် ထမင်းတွေ မစားရတော့ဘူး။ အချိုတွေ ရှောင်ရတော့မယ်။ အခန့်မသင့်ရင် အနာတွေဖြစ်ပြီး ခြေတွေ လက်တွေ ပုပ်လို့ ဖြတ်ရတော့မယ် စသဖြင့် ခေါင်းထဲကို ဝင်လာပါတယ်။ ဒါကြောင့်လည်း အမျိုးထဲက ဒါမှမဟုတ် အသိထဲက တစ်ယောက်ယောက် ဆီးချိုရှိနေပြီဆိုရင် ကြောက်တတ်ကြပါတယ်။ အဲ့တော့မှ ကောက်ခါ ငင်ခါ ဆီးချို သွားဖောက်တတ်ကြပါတယ်။ အဲ့ဒီမှာ ဘယ်နှခါ ဖောက်မှာလဲ၊ ဘယ်အချိန်ဖောက်မှာလဲ၊ ဘာအဖြေရရင် ဘာဖြစ်နေတာလဲ ဆိုပြီး ရှိပါတယ်။ ဆက်ကြည့်ရအောင်။ သင့်မှာ ဆီးချို ရှိနေပြီလား ဆိုတာ ဘယ်လိုသိနိုင်မလဲ။ ဆီးချို ရှိမရှိကို ဘယ်လို […]


အမျိုးအစား (၂) ဆီးချို

သကြား ဓာတ်ညွှန်းကိန်း (Glycemic Index)

တစ်နေ့ တစ်နေ့ စားတဲ့ အစားအစာတွေထဲမှာ တချို့က စားလိုက်တာနဲ့ သကြားဓာတ်က ထောင်တက်သွားတယ်။ တချို့က မတက်ဘူး။ ဘာလို့ ဒီလိုဖြစ်ရလဲဆိုတာက ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာ ဥပမာ ထမင်းလို ဟာမျိုးက စားပြီးတာနဲ့ သကြားဓာတ်အဖြစ် မြန်မြန် ပြိုကွဲသွားလို့ သွေးထဲမှာ သကြားဓာတ်တွေ တက်လာတာပါ။ ဒီလိုဆိုတော့ ကာဗိုဟိုက်ဒရိတ်တွေကို လုံးဝမစားရတော့ဘူးလားလို့ မေးစရာရှိပါတယ်။ အထူးသဖြင့် ဝိတ်ချနေတဲ့ သူတွေ၊ ဆီးချိုရှိတဲ့သူတွေပေါ့။ တကယ်တော့ ကာဗိုဟိုက်ဒရိတ်စားတယ်ဆိုတာ ကားကို ဆီဖြည့်သလိုပါပဲ။ ကားမောင်းဖို့ ဆီလိုသလို လူလည်း အလုပ်လုပ်ဖို့ အားလိုပါတယ်။ ဒီအားကို ကာဗိုဟိုက်ဒရိတ်ကနေ အဓိက ရတာပါ။ ဒါကြောင့် ကာဗိုဟိုက်ဒရိတ်ကို လုံးဝဖြတ်လိုက်မယ့်အစား အာဟာရဖြစ်ပြီး မျှတအောင် စားရမှာပါ။ ဒီခေတ်မှာတော့ ဘယ်အစားကို စားလိုက်ရင် ဘယ်လောက်ကြာရင် သွေးထဲမှာ သကြားဓာတ် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသမားများ အအေးမိတဲ့အခါ

ရာသီဥတုအေးတဲ့အချိန် အအေးမိတတ်ကြတယ်၊ ဖျားနာတတ်ကြတယ်ဆိုတာ ဖြစ်တတ်တဲ့သဘာဝပါပဲ။ ဒါပေမယ့် ပုံမှန်အချိန်တောင် သူများထက် အစားအသောက်အနေအထိုင် ပိုပြီးဂရုစိုက်ရတဲ့ ဆီးချိုသမားများ အတွက်ရော။ ဘာတွေများ သတိထားသင့်လဲ ဆက်ပြီးဖတ်ကြည့်ရအောင်။ ခန္ဓာကိုယ်က နေထိုင်မကောင်းတဲ့အခါ အကြောင်းကြောင်းကြောင့် သွေးတွင်းသကြားဓာတ် အတက်အကျတွေရှိနိုင်ပါတယ်။ ဘယ်လိုထိန်းကြမလဲ - သကြားဓာတ်အတက်အကျအတွက် ကြိုတင်ပြင်ဆင်ထားမယ် ဒီလိုအချိန်မှာ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ အစားအသောက်လည်း မဆင်ခြင်ရင် သွေးတွင်းသကြားထိန်းချုပ်မှုမှာ ကမောက်ကမဖြစ်စေနိုင်ပါတယ်။ ဆီးချိုတက်ရင် ဆရာဝန်အမြန်ဆက်သွယ်ဖို့ ပြင်ဆင်ထားပါ၊ ဆီးချိုကျရင် ပြန်ထိန်းနိုင်မယ့် အစားအသောက်လေးတွေ ပြင်ဆင်ထားပါ။ အနေအထိုင်၊အစားအသောက်ကို ပုံမှန်အတိုင်း အချိုးကျနအောင် ကြိုးစားခြင်းက ကြိုတင်ကာကွယ်မှုပါပဲ။ ဆီးချိုသမားများ အတွက် မှန်ကန်တဲ့ ဆေးဝါးကို ရွေးချယ်မယ် ဆီးချိုသမားများ အဖို့ တွေ့ရာဆေးဝါး သောက်လို့မရပါဘူး။ ကိုယ့်ရဲ့လက်ရှိသွေးတွင်းသကြားထိန်းချုပ်မှု အခြေအနေ၊ သောက်သုံးနေတဲ့ဆေးဝါးတွေ၊ ရောဂါရာဇဝင်တို့ကို မူတည်ပြီး သင့်တော်တဲ့ ဆေးဝါးပမာဏ၊ အမျိုးအစားကို ဆရာဝန်ကဆုံးဖြတ်ပေးမှာပါ။ ကိုယ်စွဲသောက်နေရတဲ့ဆေးတွေနဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချို ရှိရင် အများကြီး မစားသင့်တဲ့ သစ်သီးတွေ

ဆီးချို ရှိရင် အများကြီး မစားသင့်တဲ့ သစ်သီးတွေ ရှိပါတယ်။ ဘာတွေများ ဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးချို က အခုနောက်ပိုင်း ကမ္ဘာ့လူဦးရေတော်တော်များများကို ခြိမ်းခြောက်လာတဲ့ ရောဂါတစ်ခုဖြစ်လို့လာနေပါတယ်။ ဆီးချို က အဓိကက အချိုစားလို့ဖြစ်တာလို့ ယူဆမှုတွေလည်း ရှိနေနိုင်ပါတယ်။ တကယ်ကတော့ ဆီးချိုက အချိုစားလို့ဆိုတာအပြင် အခြားအကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ဆီးချိုရှိတာကြောင့် အချိုစားလို့ မရဘူး။ အထူးသဖြင့် အသီးတွေ မစားသင့်ဘူးလို့ ပြောတာ ကြားဖူးမှာပါ။ အသီးတွေက ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှု များလို့ လုံးဝမစားတာထက် ဆင်ခြင်ပြီး စားမယ်ဆို ကျန်းမာရေးအတွက် ပိုအကျိုးရှိမှာ ဖြစ်ပါတယ်။ ဆီးချိုဖြစ်စေတဲ့ အကြောင်းရင်းခံတွေက ဘာတွေများလဲ........ ဆီးချိုဖြစ်စေတဲ့ အကြောင်းအရင်းက တစ်ချက်မက ရှိနေနိုင်ပါတယ်။ ဆီးချိုဖြစ်စေနိုင်တဲ့ အချက်တွေ ဘယ်လောက်ထိများနေလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်လိုက်ရအောင်လား........ […]


အမျိုးအစား (၂) ဆီးချို

ဆီးချို ရှိမရှိ သွေးစစ်ကြည့်သင့်တဲ့သူ (၈) မျိုး

ဆီးချို ရှိမရှိ သွေးစစ်ကြည့်သင့်တဲ့သူ တွေက ဘယ်သူတွေလဲ။ ကိုယ်တိုင်ရော ပါနေလားဆိုတာကို သိနိုင်ဖို့ ဆောင်းပါးလေး ဖတ်ကြည့်လိုက်ပါ။ ဆီးချို သွေးချို ရောဂါဆိုတာ ခုချိန်မှာ နားထဲမစိမ်းတဲ့ အခေါ်အဝေါ်တစ်ခုဖြစ်နေကြပါပြီ။ ဟိုးတုန်းကပြောကြသလို သူဌေးရောဂါလည်းမဟုတ်တော့သလို အသက်ကြီးမှ ဖြစ်တဲ့ရောဂါလည်း မဟုတ်ပါဘူး။ လူကြီးလူငယ်၊ ဆင်းရဲချမ်းသာမရွေး မျက်နှာမလိုက်တဲ့ သမာသမတ်ရောဂါတစ်ခု ဖြစ်နေတာကို သတိထားသင့်ပါတယ်။ ဆီးချိုဖြစ်စေနိုင်တဲ့ အနေအထိုင်၊ အစားအသောက်တွေရှိရင် ဖြစ်လာမှာပဲလေ။ ဒါပေမယ့် ကိုယ့်မှာဖြစ်နိုင်ခြေရှိနေတာ မသိတာ၊ မဖြစ်ခင် ကြိုရှောင်လို့ရရဲ့သားနဲ့ ရောဂါအဆင့် ရောက်သွားတာ တွေကတော့ သိပ်နှမျောဖို့ကောင်းပါတယ်။ ဆရာဝန်စစ်ခိုင်းမှ စစ်ကြည့်ပြီး ဆီးချိုတအားအရှိန်မြင့်နေတာ သိရတာမျိုးက နောက်ဆက်တွဲပြဿနာတွေနဲ့ ဆီးချိုထိန်းချုပ်မှု (blood sugar control) မရတာတွေ ခံစားရတာပိုလာပါမယ်။ ဘယ်သူတွေ ဆီးချို ရှိမရှိ စစ်ကြည့်သင့်လဲ လူတိုင်းတော့ မကြာခဏ လက်ထိပ်သွေးဖောက်စစ်နိုင်မှာ မဟုတ်သလို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)