အမျိုးအစား (၂) ဆီးချို

အမျိုးအစား (၂) ဆီးချို ရောဂါနဲ့ ပတ်သက်ပြီး ကုသမှုတွေ၊ စားသောက်မှု ပုံစံနဲ့ ဆောင်ရန် ရှောင်ရန်တွေကို လေ့လာသိရှိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်တဲ့ အချက် ၇ ချက် (၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါဆိုတာ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါပါ။ ဆီးချိုရောဂါရှိတာခြင်း တူရင်တောင် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ ၄ဆပိုများပြီး အမျိုးသားတွေက ၂ဆပိုများပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်း အမျိုးသမီးတွေမှာ ရလဒ်မကောင်းတတ်ပါဘူး။ ဒါ့ပြင် ဆီးချိုရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ စိတ်ကျရောဂါတွေလည်း ပိုဖြစ်တတ်ပါတယ်။ (၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေက ဘဝမှာ တစ်ကြိမ်လောက်တော့ မိန်းမကိုယ်ပိုးဝင်တတ်ကြပါတယ်။ ဒါပေမဲ့ […]

အမျိုးအစား (၂) ဆီးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုရောဂါ ခံစားရသူအရေအတွက်

မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုရောဂါ ခံစားရသူအရေအတွက် .... ဆီးချိုက ကမ္ဘာတလွှားမှာတင် ဖြစ်ပွားမှုနှုန်း မြင့်တက်နေတာ မဟုတ်ဘဲ မြန်မာနိုင်ငံမှာလည်း ဆီးချို ရောဂါ ခံစားရသူ အရေအတွက်က ပြီးခဲ့တဲ့ နှစ်တွေအတွင်း အတော်လေး မြင့်တက်လာခဲ့ပါတယ်။ ဆီးချိုက ရုတ်တရက် သေဆုံးတာမျိုး မဖြစ်ပေမယ့် ကုသပျောက်ကင်းဖို့ မဖြစ်နိုင်တဲ့ နာတာရှည် ရောဂါတစ်ရပ်ပါ။ ကူးစက်တာမျိုး မရှိဘူးဆိုပေမယ့် မျိုးရိုးလိုက်တာကြောင့် နောက်မွေးလာမယ့် သားစဉ်မြေးဆက်မှာ ဆီးချို ခံစားရတာမျိုးဖြစ်နိုင်ပါတယ်။  ဒါကြောင့် သေချာ သိရှိ ကာကွယ်ဖို့ လိုအပ်တဲ့ ရောဂါတစ်မျိုးလို့ ပြောပါရစေ။ မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုရောဂါ ခံစားရသူအရေအတွက် မြန်မာနိုင်ငံရဲ့ ဆီးချို ဖြစ်ပွားမှုနှုန်း ဘယ်လောက်တောင် မြင့်တက်နေသလဲ။၂၀၁၄ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါဖြစ်ပွားနှုန်း နှင့် ကူးစက်မဟုတ်သောရောဂါများ ဖြစ်စေနိုင်သော အကြောင်း […]


အမျိုးအစား (၂) ဆီးချို

သွေးတွင်းအချိုဓာတ်ကို များစေနိုင်သည့် လူသိနည်းသော အချက်များ

ဆီးချိုရောဂါရှိတဲ့သူတွေဟာ တစ်နေ့တစ်နေ့ သူတို့ရဲ့ရောဂါအတွက် ဆေးဝါးတွေအပြင် အစားအသောက်၊ အနေအထိုင်ကစ သေသေချာချာ ဂရုစိုက်ကြရပါတယ်။ ပုံမှန်ဆေးခန်းပြ၊ ဆေးသောက်တာအပြင် ဆီးချိုရောဂါရှင်တွေဟာ အိမ်မှာ ကိုယ်ပိုင်စက်ကလေးတွေနဲ့ ပုံမှန်လေးဖောက်ပြီး စစ်ဆေးနေကြရပါတယ်။ သွေးတွင်းအချိုဓာတ် ကို ထိန်းနိုင်ဖို့က အစားအသောက်၊ လေ့ကျင့်ခန်း၊ ဆေး စတဲ့ အချက်တွေကို ဂရုစိုက်ကြရမယ်ဆိုတာ အတော်များများသိနားလည်ကြပါတယ်။ တချို့က ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးသေချာသောက်၊ အစားအသာက်ဆင်ခြင်ပြီး လေ့ကျင့်ခန်းတွေလည်း ပုံမှန်လုပ်နေပါလျက်နဲ့ အိမ်မှာ စစ်ဆေးကြည့်တဲ့အခါ သွေးတွင်းအချိုဓာတ်များနေတာတွေကို တွေ့ရတာမျိုး ကြုံတွေ့ဖူးကြမှာပါ။ ဒါ့ကြောင့် ဒီနေ့ဆောင်းပါးလေးမှာတော့ အထက်ပါအချက်တွေအပြင် သွေးတွင်းအချိုဓာတ်ကို များစေနိုင်သည့် လူသိနည်းသော အချက်များ အကြောင်းကို မျှဝေပေးသွားချင်ပါတယ်။ သွေးတွင်းအချိုဓာတ်ကို များစေနိုင်သည့် လူသိနည်းသော အချက်များ သွေးတွင်းအချိုဓာတ်ကို များစေနိုင်သည့် လူသိနည်းသော အချက်များ ကတော့ ၁။ စိတ်ဖိစီးမှုများခြင်း။ အထူးသဖြင့် ဆီးချိုအမျိုးအစား ၂ […]


အမျိုးအစား (၂) ဆီးချို

အမျိုးအစား (၂) ဆီးချို

အမျိုးအစား (၂) ဆီးချိုရောဂါ ဆိုတာက ခန္ဓာကိုယ်ရဲ့ သ​ကြားဓာတ် (ဂလူးကို့စ်) ဖြိုခွဲမှု ဇီဝဖြစ်စဉ်ကို ထိခိုက်စေတဲ့ နာတာရှည် ရောဂါတစ်မျိုးပါ။ ဂလူးကို့စ်က ခန္ဓာကိုယ်အတွက် စွမ်းအင်ဖြစ်ပေါ်စေဖို့ အရေးပါပါတယ်။ အမျိုးအစား (၂)  ဆီးချိုခံစားရတဲ့အခါ ခန္ဓာကိုယ်က ဆဲလ်တွေထဲ သကြားဓာတ်ရောက်ရှိစေဖို့ ထောက်ပံ့ပေးတဲ့ ဟော်မုန်းဖြစ်တဲ့ အင်ဆူလင်ကို မတုံ့ပြန်တာကြောင့် ဖြစ်ဖြစ်၊ သွေးတွင်းသကြားဓာတ်ကို ပုံမှန်အခြေအနေမှာ ထိန်းနိုင်စေဖို့အတွက် အင်ဆူလင်ကို လုံလောက်အောင် မထုတ်ပေးတာမျိုးတွေ ခံစားရနိုင်ပါတယ်။ အမျိုးအစား (၂) ဆီးချိုကို အရွယ်ရောက်မှ ဖြစ်တဲ့ ဆီးချိုလို့ သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ ကလေးအရွယ်ကတည်းက အဝလွန်တာ၊ နေထိုင်မှုပုံစံက ကျန်းမာရေးနဲ့ မညီညွတ်တာတွေကြောင့် သတ်လတ်ပိုင်းမတိုင်ခင်မှာတင် အမျိုးအစား (၂) ဆီးချိုကို ခံစားရတာတွေရှိနေပါတယ်။ အမျိုးအစား-၂ ဆီးချိုခံစားရပြီဆိုရင် ကိုယ်အလေးချိန်ကို လျှော့ချတာ၊ ကျန်းမာရေးနဲ့ညီညွတ်အောင် […]


အမျိုးအစား (၂) ဆီးချို

အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ  ဆီးချိုရောဂါက မြန်မာပြည်မှာသာမက တစ်ကမ္ဘာလုံးမှာပါ အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ အထူးသဖြင့် အမျိုးအစား-၂ ဆီးချိုဝေဒနာဟာ ပိုပြီးအဖြစ်များပါတယ်။ ဒီလိုအဖြစ်များတဲ့ရောဂါဆိုးကြီးဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးဖြစ်တဲ့ အထီးကျန်ခြင်းဝေဒနာနဲ့ ဆက်စပ်နေပါတယ်တဲ့။ အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ ဒီအချက်ကို ဗြိတိန်နိုင်ငံက ကျန်းမာရေးပညာရှင်တွေရဲ့ လေ့လာချက်အရ သိလာခဲ့ရတာပါ။ အရွယ်ရောက်ပြီးချိန်မှာ အထီးကျန်နေတဲ့သူတွေဟာ ဆီးချိုဝေဒနာ ဖြစ်နိုင်ခြေ ဒါမှမဟုတ် ပြင်းထန်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။ ယခင်တုန်းကလည်း ဆီးချိုရောဂါဟာ စိတ်ဓာတ်ကျခြင်းနဲ့ ဆက်စပ်နေတယ်ဆိုတာကို ရှာဖွေတွေ့ရှိထားတာမို့ ဆီးချိုရောဂါဟာ စိတ်ဝေဒနာတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေတယ်ဆိုတာကို ပိုပြီးသိလာရတာဖြစ်ပါတယ်။ ဆီးချိုနဲ့ စိတ်အခြေအနေ ဘယ်လိုပတ်သက်နေတာလဲ များသောအားဖြင့် ဆီးချိုဝေဒနာကို ဖြစ်နိုင်စေတဲ့ ကိစ္စတော်တော်များများက ဆေးလိပ်သောက်သုံးတာ၊ အရက်သောက်သုံးတာ၊ သကြားမှီဝဲမှုအခြေအနေတွေ၊ ကိုယ်အလေးချိန်တွေနဲ့ ဆက်စပ်နေတာများတယ်လို့ လူအတော်များများသိကြပါတယ်။ ဒါပေမယ့် စိတ်အခြေအနေက ဆီးချီုဝေဒနာကို ပိုဆိုးရွားစေတယ်ဆိုတဲ့အချက်ကတော့ လူအတော်များများတွက် အသစ်အဆန်းဖြစ်ချင်စရာ ကိစ္စတစ်ခုဖြစ်ပါတယ်။ လေ့လာချက်အသစ်ရဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါရှိသူများ အနာကျက်နှေးရခြင်းအကြောင်း

ဆီးချိုရောဂါ ဟာ အင်ဆူလင်ဟော်မုန်းကို ကိုယ်ခန္ဓာကနေ ထိရောက်စွာ မထုတ်လုပ်နိုင်၊ အသုံးမချနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ အင်ဆူလင်ဟော်မုန်းဟာ ကိုယ်ခန္ဓာထဲမှာ သကြားဓာတ်ကို စွမ်းအင်အဖြစ် ပြောင်းလဲအသုံးချနိုင်အောင် အားပေးတာကြောင့် အင်ဆူလင်အာနိသင် မထိရောက်တဲ့အခါ သွေးတွင်းသကြားဓာတ်ဟာ မြင့်တက်လာပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်မားနေခြင်းဟာ ကိုယ်ခန္ဓာမှာ ထိခိုက်အနာတရဖြစ်ရင် အနာကျက်နှေးသွားစေပါတယ်။ ဆီးချိုရောဂါသည်တွေမှာ ထိခိုက်ပွန်းခြစ်ခြင်း၊ ကွဲရှခြင်း၊ အပူလောင်ခြင်း စတာတွေကြောင့် အနာဖြစ်လွယ်တဲ့အပြင် ပျောက်ဖို့လည်း ခဲယဉ်းပါတယ်။ ခြေထောက်ဟာ ထိခိုက်မှုအများဆုံး ကြုံရတဲ့နေရာဖြစ်ပါတယ်။ သာမန်ထိခိုက်ရှနာလေးဖြစ်ရုံနဲ့ အနာဟာ ကြီးသွားတတ်ပါတယ်။ ထိရောက်စွာ မကုသရင် အနာရင်းပြီး ခြေထောက်ဖြတ်ရလောက်တဲ့ ဆိုးရွားသွားနိုင်ပါတယ်။ စစ်တမ်းများအရ ဆီးချိုဖြစ်ပြီး ခြေထောက်အနာဖြစ်သူများရဲ့ ၁၄-၂၄ ရာခိုင်နှုန်းခန့်ဟာ ခြေထောက်ဖြတ်တောက်ရတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူများအနေနဲ့ မိမိကိုယ်ခန္ဓာမှာ အထူးသဖြင့် ခြေထောက်မှာ ထိခိုက်ဒဏ်ရာ ရရှိထားခြင်း ရှိ၊ […]


အမျိုးအစား (၂) ဆီးချို

ကိုယ့်ဖာသာအိမ်မှာဆီးချိုဖောက်စစ်တော့မယ်ဆိုရင် ဒီ (၈) ချက်ကိုသိထားဖို့လိုမယ်နော်

နည်းလမ်းမှန်မှန်သုံးမယ်ဆိုရင် အိမ်သုံးဆီးချိုတိုင်းတာစက်တွေ အတော်များများက တိကျတဲ့အဖြေ ထုတ်ပေးနိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ သုံးတဲ့သူအမှားကြောင့်ပဲဖြစ်ဖြစ်၊ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဖြစ်ဖြစ် အဖြေတွေမှားတတ်ပါတယ်။ ဒီလိုတွေမဖြစ်အောင် အိမ်သုံးဆီးချိုတိုင်းစက်တွေနဲ့  ကိုယ့်ဖာသာအိမ်မှာဆီးချိုဖောက်စစ်တော့မယ်ဆိုရင် သိထားရမယ့် အချက်တချို့ကိုပြောပြပေးပါ့မယ်။ ကိုယ့်ဖာသာအိမ်မှာဆီးချိုဖောက်စစ်တော့မယ်ဆိုရင် ဒီ (၈) ချက်ကိုသိထားဖို့လိုမယ်နော် ကိုယ့်ဖာသာအိမ်မှာဆီးချိုဖောက်စစ်တော့မယ်ဆိုရင် ဒီအချက်တွေကို သိထားဖို့လိုမယ်နော်။ ၁. အိမ်မှာ ဆီးချိုတိုင်းမယ်ဆို အသုံးပြုရမယ့် ပစ္စည်းတွေက ဘာတွေလဲ အဓိက ပစ္စည်း (၃) ခုလိုပါတယ်။ ဆီးချိုတိုင်းတာစက် (Blood Glucose Monitor)၊ လက်ထိပ်ကိုသွေးဖောက် ပေးမယ့် အပ် (Lancet) နဲ့ သွေးကို လက်ခံယူပြီး ဆီးချိုတိုင်းတာစက်ကို ပို့ပေးမယ့် Test strip ချောင်း တို့ပဲဖြစ်ပါတယ်။ ၂. အိမ်သုံးဆီးချိုတိုင်းတာစက်က ထွက်လာတဲ့အဖြေတွေက ဘယ်လောက်ထိတိကျမှုရှိလဲ စက်လည်းကောင်းမယ်၊ အသုံးပြုတဲ့ test strip ချောင်းတွေရဲ့ အခြေအနေလည်းကောင်းမယ်၊ သုံးစွဲနည်းလည်းမှန်ရင် အိမ်သုံးဆီးချိုတိုင်းတာစက်တွေက […]


အမျိုးအစား (၂) ဆီးချို

အင်ဆူလင် အာနိသင် ပိုမိုထိရောက်စေမည့် နေထိုင်စားသောက်ပုံများ

အင်ဆူလင် ဟာ ပန်ကရိယကနေ ထုတ်လုပ်လိုက်တဲ့ဟော်မုန်းဖြစ်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့အတွက် မရှိမဖြစ်အရေးပါပါတယ်။ အင်ဆူလင်ဟာ သွေးထဲက သကြားဓာတ်များကို ဆဲလ်တွေက အသုံးပြုနိုင်ဖို့ လှုံ့ဆော်ပေးပါတယ်။ အကယ်၍ ဆဲလ်တွေအပေါ်မှာ အင်ဆူလင်ရဲ့ အာနိသင် မထိရောက်တော့ရင်၊ အင်ဆူလင်မတိုးတော့ရင် သကြားဓာတ်တွေဟာ ဆဲလ်တွေဆီ ရောက်သင့်သလောက် မရောက်တော့ဘဲ သွေးတွင်းသကြားဓာတ်မြင့်တက်လာတတ်ပါတယ်။ ပန်ကရိယအနေနဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်နေခြင်းကို တွေ့ရှိတဲ့အခါ အင်ဆူလင်အာနိသင် မတိုးခြင်းကို ကျော်လွှားနိုင်ဖို့၊ သွေးတွင်းသကြားဓာတ်ကို လျှော့ချနိုင်ဖို့ အင်ဆူလင်ကို ပိုမိုထုတ်လုပ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အင်ဆူလင်ထုတ်လုပ်တဲ့ ဆဲလ်တွေဟာ မနိုင်ဝန်ထမ်းရပြီး ပျက်စီးလာပါတယ်။ ဒါကြောင့် အင်ဆူလင်အာနိသင်မတိုးတော့တဲ့ အခြေအနေတွေကို ရှောင်ရှားနိုင်ဖို့ လိုပါတယ်။ ယခုဆောင်းပါးမှာ ဖော်ပြပေးမယ့် အကြောင်းအရာကတော့ အင်ဆူလင် အာနိသင် ပိုမိုထိရောက်စေမည့် နေထိုင်စားသောက်ပုံများ အကြောင်းတွေပဲ ဖြစ်ပါတယ်။ အင်ဆူလင် အာနိသင် ပိုမိုထိရောက်စေမည့် […]


အမျိုးအစား (၂) ဆီးချို

အင်ဆူလင်အာနိသင် မထိရောက်ခြင်းအခြေအနေ (Insulin Resistance)

အင်ဆူလင် ဆိုတာ ဟော်မုန်းတမျိုးဖြစ်ပြီး ပန်ခရိယ ခေါ် မုန့်ချိုအိတ်ကနေ ထုတ်လုပ်ပါတယ်။ အင်ဆူလင်ဟာ သွေးထဲက ဂလူးကို့စ်ဓာတ်ကို ကိုယ်ခန္ဓာက ရယူအသုံးချနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ တစ်နည်းဆိုရရင် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းသိမ်းပေးနိုင်ဖို့ အထောက်အကူပြုပါတယ်။ အင်ဆူလင်ရဲ့ အာနိသင်ထိရောက်ခြင်းနည်းသွားရင်တော့ ဆီးချိုဖြစ်နိုင်ခြေများလာပါတယ်။ ရောဂါလက္ခဏာများ မပြတတ်လို့ များသောအားဖြင့် အင်ဆူလင်အာနိသင် ထိရောက်မှုလျော့သွားတဲ့ အခြေအနေကို နှစ်နဲ့ချီပြီးမှ သိရတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် သွေးတွင်းဂလူးကို့စ်စစ်ဆေးခြင်း (ဆီးချိုစစ်ဆေးခြင်း) ကို ပုံမှန်ကျန်းမာရေးစစ်ဆေးသလို စစ်ဆေးသင့်ပါတယ်။ အင်ဆူလင်အာနိသင် မထိရောက်တဲ့ အခြေအနေဖြစ်လာသူတွေမှာ နေထိုင်စားသောက်မှုကို အပြောင်းအလဲမလုပ်ရင် အမျိုးအစား ၂ ဆီးချိုအဖြစ် ရောက်ရှိသွားနိုင်ပါတယ်။ အင်ဆူလင်အာနိသင် မထိရောက်ခြင်းအခြေအနေ (Insulin Resistance) ဘယ်သူတွေမှာ ဖြစ်နိုင်ခြေမြင့်သလဲ အင်ဆူလင်အာနိသင် မထိရောက်ခြင်းဟာ - အဝလွန်သူတွေ - သွေးတွင်းအဆီဓာတ်တမျိုးဖြစ်တဲ့ triglyceride မြင့်တက်သူတွေ - သွေးတိုးရှိသူတွေမှာ ဖြစ်နိုင်ခြေ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိတဲ့သူတွေ ကော်ဖီသောက်မယ်ဆိုရင်

ဆီးချို လူနာတွေ အခက်ကြုံရတဲ့အထဲမှာ ဒီကော်ဖီ၊ လက်ဖက်ရည်သောက်တဲ့ ကိစ္စလည်း ပါပါတယ်။ အရင်တည်းက သောက်လာပြီး မိုးလင်းလို့ တစ်ခွက်လောက် သောက်လိုက်ရမှ ခေါင်းကြည်တာဆိုတဲ့သူနဲ့တွေ့ရင် ပိုဆိုးသေး။ ပြီးတော့ အများစုက ကော်ဖီမှုန့်ကို သောက်တာထက်စာရင် 2 in 1တို့ 3 in 1တို့ သောက်ကြတာဆိုတော့ တော်တော်လေး ကိုင်တွယ်ရခက်တဲ့ ကိစ္စထဲမှာပါပါတယ်။ နောက်ပြီး ကဖင်းဓာတ်က စွဲတတ်သေးတော့ ကဲ ဆီးချိုရှိပြီ ဖြတ်ဟဲ့ဆို သူတို့လည်း တိခနဲ မဖြတ်နိုင်ပါဘူး။ ဆီးချိုတွေ ကြည့်တော့လည်း ထိန်းမရ။ သူကလည်း မဖြတ်နိုင်နဲ့ နှစ်ဦး နှစ်ဖက် စိတ်ညစ်စရာကောင်းတဲ့ အနေအထားပါပဲ။ ဒါဆို သူတို့ကို ကော်ဖီ၊ လက်ဖက်ရည် မဖြတ်ခိုင်းခင် ဒါတွေက ဆီးချိုအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာ အရင်ပြောပြပေးပါ့မယ်။ ကော်ဖီနဲ့ ဆီးချို တည့်မတည့် ခုပြောမယ့် […]


အမျိုးအစား (၂) ဆီးချို

အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေ အတွက် အသင့်တော်ဆုံး သစ်သီးများ

ဆီးချို ရှိတယ်လား။ အသီး မစားနဲ့ သွေးချိုတွေ တက်မယ်နော် ဆိုပြီး ခဏခဏ အပြောခံနေရ​ပြီလား။ ဒါဆို ဆီးချို ရှိရင် အသီး မစားရတော့ ဘူးလားလို့ မေးချင်နေလောက်မယ် ထင်တယ်နော်။ ဒီလို မဟုတ်ပါဘူး။ ဆီးချို အထူးသဖြင့် အမျိုးအစား (၂) ဆီးချို ရှိသူတွေ အနေနဲ့ စားလို့ရတဲ့ အသီးလေးတွေ ရှိပါသေးတယ်။ ဒါက ဘာ အသီးလေးတွေ ဖြစ်မလဲ ဆိုတာကို ဆောင်းပါးထဲမှာ အတူတူ ဖတ်ကြည့်ရအောင်နော်။ အမျိုးအစား (၂)  ဆီးချို ရှိသူတွေနဲ့ သင့်တော်တဲ့ အသီး (၇) မျိုး သစ်သီး ကြိုက်တဲ့ အမျိုးအစား (၂) ဆီးချို ရှိသူတွေ အနေနဲ့ ဒီ အသီးလေးတွေ စားပေးလို့ ရပါတယ်။ စပျစ်သီး စပျစ်သီး (အစိမ်းရောင် စပျစ်သီး) လေးတွေကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)