အမျိုးအစား (၂) ဆီးချိုရောဂါ ဆိုတာက ခန္ဓာကိုယ်ရဲ့ သကြားဓာတ် (ဂလူးကို့စ်) ဖြိုခွဲမှု ဇီဝဖြစ်စဉ်ကို ထိခိုက်စေတဲ့ နာတာရှည် ရောဂါတစ်မျိုးပါ။ ဂလူးကို့စ်က ခန္ဓာကိုယ်အတွက် စွမ်းအင်ဖြစ်ပေါ်စေဖို့ အရေးပါပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
အမျိုးအစား (၂) ဆီးချိုရောဂါ ဆိုတာက ခန္ဓာကိုယ်ရဲ့ သကြားဓာတ် (ဂလူးကို့စ်) ဖြိုခွဲမှု ဇီဝဖြစ်စဉ်ကို ထိခိုက်စေတဲ့ နာတာရှည် ရောဂါတစ်မျိုးပါ။ ဂလူးကို့စ်က ခန္ဓာကိုယ်အတွက် စွမ်းအင်ဖြစ်ပေါ်စေဖို့ အရေးပါပါတယ်။
အမျိုးအစား (၂) ဆီးချိုခံစားရတဲ့အခါ ခန္ဓာကိုယ်က ဆဲလ်တွေထဲ သကြားဓာတ်ရောက်ရှိစေဖို့ ထောက်ပံ့ပေးတဲ့ ဟော်မုန်းဖြစ်တဲ့ အင်ဆူလင်ကို မတုံ့ပြန်တာကြောင့် ဖြစ်ဖြစ်၊ သွေးတွင်းသကြားဓာတ်ကို ပုံမှန်အခြေအနေမှာ ထိန်းနိုင်စေဖို့အတွက် အင်ဆူလင်ကို လုံလောက်အောင် မထုတ်ပေးတာမျိုးတွေ ခံစားရနိုင်ပါတယ်။
အမျိုးအစား(၂) ဆီးချိုလက္ခဏာတွေက အချိန်အတော်ကြာမှ မြင်တွေ့ရတာမျိုးလည်း ရှိပါတယ်။ နှစ်အတော်ကြာတဲ့အထိ အမျိုးအစား (၂) ဆီးချိုရှိနေတာကို မသိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အမျိုးအစား – ၂ ဆီးချို ခံစားရတဲ့အခါ
ဒီလက္ခဏာတွေ ခံစားနေရမယ်ဆိုရင် အမျိုးအစား(၂)ဆီးချိုရှိနေလားဆိုတာကို စစ်ဆေးဖို့ လိုပါမယ်။
အမျိုးအစား (၂)ဆီးချိုက အင်ဆူလင်ကို မတုံ့ပြန်နိုင်ရာကနေ စဖြစ်လာတာပါ။ ပန်ကရိယ (မုန့်ချိုအိတ်) က အင်ဆူလင်ကို လုံလောက်စွာ မထုတ်နိုင်တဲ့ အခြေအနေပါ။
ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးပါဘူး။ မျိုးဗီဇ၊ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာတွေ၊ အဝလွန်နေတာ၊ လှုပ်ရှားမှု နည်းနေတာတွေကလည်း အမျိုးအစား (၂) ဆီးချိုကို ဖြစ်စေနိုင်ပါတယ်။
အမျိုးအစား (၂) ဆီးချိုကို ဖြစ်စေနိုင်တဲ့ အခြားအချက်တွေကတော့
အမျိုးအစား (၂) ဆီးချိုရောဂါက အစောပိုင်းမှာ လက္ခဏာ လုံးဝ မပြတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆီးချို ခံစားရတဲ့အခါ နှလုံး၊ သွေးကြော၊ အာရုံကြော၊ မျက်လုံး၊ ကျောက်ကပ်စတာတွေ ထိခိုက်စေနိုင်ပါတယ်။
ရေရှည်မှာ အမျိုးအစား (၂) ဆီးချိုက တဖြည်းဖြည်းနဲ့နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဝင်လာနိုင်ပါတယ်။ မသန်စွမ်းတာကို ဖြစ်စေနိုင်သလို အသက်အန္တရာယ်ထိခိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဆီးချိုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေက
ကျန်းမာတဲ့နေထိုင်မှုပုံစံက အမျိုးအစား (၂) ဆီးချိုကို ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ မျိုးရိုးမှာ ဆီးချိုဖြစ်တဲ့သူ ရှိမယ်ဆိုရင် ပုံမှန် စစ်ဆေးတာ၊ နေထိုင်မှုပုံစံ ပြောင်းလဲတာတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။
ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံက အမျိုးအစား (၂) ဆီးချိုကို ကာကွယ်နိုင်သလို အမျိုးအစား (၂) ဆီးချိုကြောင့် ခံစားရနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
ဒါကြောင့် အမျိုးအစား (၂) ဆီးချိုကို ကာကွယ်မယ်ဆိုရင်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။