ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်တဲ့ အချက် ၇ ချက် (၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါဆိုတာ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါပါ။ ဆီးချိုရောဂါရှိတာခြင်း တူရင်တောင် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ ၄ဆပိုများပြီး အမျိုးသားတွေက ၂ဆပိုများပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်း အမျိုးသမီးတွေမှာ ရလဒ်မကောင်းတတ်ပါဘူး။ ဒါ့ပြင် ဆီးချိုရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ စိတ်ကျရောဂါတွေလည်း ပိုဖြစ်တတ်ပါတယ်။ (၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေက ဘဝမှာ တစ်ကြိမ်လောက်တော့ မိန်းမကိုယ်ပိုးဝင်တတ်ကြပါတယ်။ ဒါပေမဲ့ […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုနှင့် နောက်ဆက်တွဲပြဿနာများ - အစွန်အဖျား သွေးလွှတ်ကြောများထိခိုက်ခြင်း

ဆီးချို၏ နောက်ဆက်တွဲပြဿနာ အစွန်အဖျား သွေးလွှတ်ကြော ရောဂါ PAD (အစွန်အဖျား သွေးလွှတ်ကြော ရောဂါ) ဆိုတာဟာ ခြေထောက်မှာရှိတဲ့ သွေးကြောတွေ ကျဉ်းလာပြီးဖြစ်တဲ့ ရောဂါပါ။ အမျိုးအစား (၂)ဆီးချိုမှာ အဖြစ်များပြီး ကိုလက်စထရော တက်သူတွေ နှလုံးရောဂါရှိသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အမေရိကန်ဆီးချိုအဖွဲ့ကတော့ ဆီးချိုရှိသူလူကြီးတွေဟာ နှလုံးရောဂါနဲ့ ပတ်သက်တဲ့သေဆုံးမှုမှာ ဆီးချိုမရှိသူတွေထက် ၂ဆကနေ ၄ဆအထိများတယ်လို့ ဆိုပါတယ်။ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းဟာ PAD ရဲ့ လက္ခဏာတွေက စပါတယ်။   PAD ဖြစ်စေတဲ့အကြောင်းတွေက ဘာတွေလဲ PAD ဖြစ်နေသူတွေမှာ သွေးကြောထဲမှာ အဆီတွေ များလာပြီး သွေးနဲ့ အောက်ဆီဂျင်စီးဆင်းမှုကို လျော့နည်းသွားစေပါတယ်။ ဒီလိုကျဉ်းမြောင်းတဲ့ အခြေအနေပေါ်မူတည်ပြီး လမ်းလျှောက်တဲ့အါ ခြေထောက်တွေ နာလာတာ၊ ထုံတာကျင်တာ၊ ငြိမ်နေစဉ်မှာ အေးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပိုပြီးဆိုးတဲ့အခြေအနေကတော့ PAD ရှိနေသူအချို့မှာ လက္ခဏာမပြတတ်တာပါပဲ။ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါစစ်ဆေးခြင်း- Autoantibodies စစ်ဆေးခြင်း အမေးအဖြေများ

ဘယ်အချိန်မှာစစ်ဆေးရမလဲ သင့်အနေနဲ့ ဆီးချိုရှိနေကြောင်းပထမဆုံးသိလိုက်ရတဲ့အခါ သင့်ဆီးချိုရောဂါဟာမိမိခန္ဓါကိုယ်ကဆဲလ်များကို ပြန်တိုက်တဲ့ ကိုယ်ခံအားစနစ်ချို့ယွင်းမှုရောဂါနဲ့ ဆက်စပ်နေသလားသိလိုတဲ့အခါ၊ သင်ဟာဆီးချိုရောဂါသည်ဖြစ်ပြီးအစားအစာ၊ ဆေးဝါးများနဲ့ ကုသနေပေမယ့် သွေးတွင်းသကြားဓါတ်ကိုပုံမှန် (သို့) ပုံမှန်နားရောက်အောင် မထိန်းနိုင်တဲ့အခါ၊ အမျိုးအစား (၂) ဆီးချို အစားအမျိုးအစား (၁) ဆီးချိုဖြစ်နေတယ်လို့ သံသယရှိတဲ့အခါ စစ်ဆေးရပါမယ်။   ဆီးချိုနဲ့ဆက်စပ်တဲ့ autoantibodies စစ်ဆေးနည်းတွေထဲကအသုံးများတဲ့စစ်ဆေးနည်း ၄မျိုးကတော့ အောက်ပါအတိုင်း ပါဝင်ပါတယ်။ Islet Cell Cytoplasmic Autoantibodies စစ်ဆေးနည်း (ICA) Glutamic Acid Decarboxylase Autoantibodies စစ်ဆေးနည်း (GADA) Insulinoma-Associated-2 Autoantibodies စစ်ဆေးနည်း (IA-2A) Insulin Autoantibodies စစ်ဆေးနည်း (IAA) ဆီးချိုရောဂါအားလုံးရဲ့ ၅ရာခိုင်နှုန်းဟာအမျိုးအစား (၁) ဆီးချိုဖြစ်ပြီးအများစုဟာအသက် ၂၀ အောက် အရွယ်တွေမှာတွေ့ရတတ်ပါတယ်။ ဆီးချိုရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါစစ်ဆေးခြင်း -သွေးတွင်းဂလူးကို့စ်ဓါတ်စစ်ဆေးခြင်း

သွေးတွင်းဂလူးကို့စ်ဓါတ် စစ်ဆေးခြင်းကို ဆီးချိုရောဂါ နဲ့အကြိုဆီးချိုရောဂါ ရှိမရှိ သိအောင် စစ်ဆေးပါတယ်။     သွေးတွင်းဂလူးကို့စ်ဓါတ် စစ်ဆေးခြင်း သင့်သွေးထဲမှာရှိတဲ့ ဂလူးကို့စ်ပမာဏကို စစ်ဆေးတာဖြစ်ပါတယ်။ သကြားလို့ခေါ်တဲ့ ဂလူးကို့စ်ဓါတ်ဟာ သင့်ကိုယ်ခန္ဓါရဲ့ အဓိကစွမ်းအင်ရင်းမြစ်ပါပဲ။ သင့်ရဲ့ ကိုယ်ခန္ဓါဟာ သင်စားလိုက်တဲ့ ကစီဓါတ်တွေကို ဂလူးကို့စ်အနေနဲ့ ပြောင်းလဲပေးပါတယ်။ ဂလူးကို့စ်စစ်ဆေးခြင်းကို အမျိုးအစား (၁)၊ (၂) ဆီးချိုရောဂါနဲ့ ကိုယ်ဝန်ဆောင်ကာလ ဆီးချိုရောဂါတွေအတွက် ကနဦး စစ်ဆေးဖို့ သုံးပါတယ်။ ဆီးချိုရောဂါဆိုတာ သင်ရဲ့ သွေးထဲကဂလူးကို့စ်ဓါတ်ကို မြင့်တက်စေပါတယ်။ ကျန်းမာသူတွေမှာတော့ သူတို့ရဲ့ ဂလူးကို့စ်ပမာဏကို အင်ဆူလင်လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးနဲ့ ထိန်းသိမ်းထားပါတယ်။   ဒါပေမယ့် ဆီးချိုဖြစ်လာရင်တော့ သင့်ကိုယ်ခန္ဓါဟာ အင်ဆူလင်လုံလောက်အောင် မထုတ်နိုင်တာ ဒါမှမဟုတ် အင်ဆူလင်ဟာ ကောင်းစွာ အလုပ်မလုပ်တော့တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအတွက်ကြောင့် သင့်သွေးထဲမှာ ဂလူးကို့စ်ဓါတ် မြင့်တက်လာနိုင်ပါတယ်။ ဒါကို မကုဘဲနေရင် ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ တစ်ခါတလေမှာ ဂလူးကို့စ်ဓါတ်စစ်ဆေးတာကို […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဖြစ်စေသော အကြောင်းအရင်းများ

နိုင်ငံတကာဆီးချိုအဖွဲ့ကြီးရဲ့ပြောဆိုချက်အရ၂၀၁၄ခုနှစ်မှာဆီးချိုဖြစ်လာသူက၃.၃သန်းကိုကျော်လာပါပြီ။၉၀ကနေ၉၅ရာခိုင်နှုန်းကဆီးချိုအမျိုးအစား (၂)ဖြစ်သူတွေဖြစ်ကြပါတယ်။ အရင်တုန်းကဆီးချိုအမျိုးအစား (၂)ကအရွယ်ရောက်ပြီးသူတွေမှာသာဖြစ်ပေမယ့်အခုနောက်ပိုင်းမှာ လူနေမှုပုံစံတွေပြောင်းပြီး လူငယ်တွေမှာပါဖြစ်လာပါတယ်။ ဆီးချိုအမျိုးအစား (၂)ကကာကွယ်လို့ရပါတယ်။ ဒါကြောင့်သငိဘယ်အသက်အရွယ်မဆိုကြိုတင်ကာကွယ်ထားဖို့လိုပါတယ်။   ပျှမ်းမျှဘယ်အသက်အရွယ်တွေမှာဖြစ်လဲ ? အလယ်အလတ်ပိုင်းတွေနဲ့အသက်ကြီးပိုင်းတွေမှာဆီးချိုအမျိုးအစား (၂) အဖြစ်များပါတယ်။ ၂၀၁၄ခုနှစ်မှာအသက်၄၅ကနေ၆၄အထိလူတွေကဆီးချိုအဖြစ်ဆုံးဖြစ်ကြပါတယ်။ သူတို့ကဆီးချိုဖြစ်နှုန်းလည်းပိုမြန်ကြပါတယ်။ ကလေးငယ်များတွင်ပါဖြစ်ပွားလာခြင်း ဆီးချိုtype 2ကအရင်အချိန်တွေမှာအရွယ်ရောက်ပြီးသူတွေမှာသာဖြစ်ပေမယ့်အခုအချိန်မှာကလေးတွေဆီမှာပါအဖြစ်များလာပါပြီ။ ကလေးငယ်အနည်းငယ်သာအမျိုးအစား (၁) ဆီးချိုနဲ့မွေးဖွားလာခဲ့ပေမယ့် အမျိုးအစား (၂)ကတော့ နေထိုင်စားသောက်ပုံစံတွေမှားယွင်းတာကြောင့်ပါ။ ၂၀၁၂ခုနှစ်မှာအသက်၂၀ အောက်တွေအနာဂတ်မှာဆီးချိုဖြစ်လာနိုင်ခြေကိုခန့်မှန်းခဲ့ကြပါတယ်။ လေ့လာချက်တွေအရလက်ရှိနှုန်းနဲ့ဆိုရင်၂၀၅၀ခုနှစ်မှာအသက်၂၀ အောက်ဆီးချိုဖြစ်သူတွေက၄၉ရာခိုင်နှုန်းထိမြင့်လာနိုင်တယ်လို့ဆိုပါတယ်။ တကယ်လို့ ဆီးချိုဖြစ်နှုန်းမြင့်တက်လာခဲ့မယ်ဆိုရင် ငယ်ရွယ်စဉ်မှာအမျိုးအစား (၂) ဆီးချိုဖြစ်နှုန်းကလေးဆထိမြင့်တက်လာမှာပါ။   အရွယ်ရောက်သူတွေကိုဆီးချိုဖြစ်စေနိုင်သည့်အရာများ ဆီးချို Type2 ကနေထိုင်မှုပုံစံမမှန်ကန်ခြင်းနဲ့တခြားကျန်းမာရေးပြသနာတွေကြောင့်ဖြစ်တတ်ပါတယ်။ ဆီးချိုဖြစ်စေနိင်တဲ့အကြောင်းအရင်းတွေတိတိကျကျရှိပေမယ့်မကျန်းမာတဲ့နေထိုင်မှုပုံစံကတော့ရောဂါတော်တော်များများကိုအားပေးပါတယ်။ သင့်ရဲ့ဆီးချိုအမျိုးအစား (၂) ကိုဖြစ်နှုန်းကို ပိုမြင့်တက်လာနိုင်တာတွေကတော့ အဝလွန်ခြင်း လှုပ်ရှားမှုနည်းခြင်း နှလုံးသွေးကြောရောဂါ မိသားစုဝင်တစ်ဦးဦးမှာဆီးချိုရှိခြင်း ကိုယ်ဝန်ဆီးချိုဖြစ်ဖူးခြင်း ကိုလက်စထရောများခြင်း Polycystic ovarian syndrome ရှိခြင်း Prediabetes(ဆီးချိုအစပျိုးခြင်း) ကလည်းဆီးချိုဖြစ်စေတဲ့အကြောင်းအရင်းနောက်တစ်ခုပါ။ သွေးတွင်းသကြားဓါတ်မြင့်တက်နေတဲ့အခါ ဆီးချိုအစပျိုးခြင်းလို့ခေါ်ပါတယ်။ ဒါပေမယ့်ဒီအခြေအနေမှာ သွေးထဲကသကြားဓါတ်တွေကဆီးချိုအမျိုးအစား (၂)လို့နာမည်တပ်ရလောက်အောင်မမြင့်သေးပါဘူး။ ဆီးချိုအစပျိုးတယ်ဆိုတာက ဆီးချိုအမျိုးအစား (၂) ကြိမ်းသေဖြစ်လာလိမ့်မယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် သွေးတွင်းအချိုဓါတ်မြင်နေရင် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုအတွက် အထူး အစားအစာများက ဘာတွေလဲ

လူတွေကိုခွန်အားပြည့်စေတဲ့ ထိပ်တန်းအစားအစာ ၁၀မျိုးကို သင်တွေ့ဖူးလား။ ဘယ်အစားအစာတွေက သင့်ဆီးချိုစားသောက်မှုပုံစံနဲ့ သင့်တော်လ ဲသိချင်လား ။ သင့်အတွက်စူပါထိပ်တန်းအစားအစာ ၁၀မျိုးရောက်ရှိလို့ လာပါပြီ။ တခြားအစားအစာတွေနဲ့ တကွ ဒီဆီးချိုအတွက်စူပါအစားအစာတွေကို စားချိန်တွေမှာ သင့်တော်တဲ့ပမာဏပြင်ဆင်ပြီးစားပါ။ ဒီထဲက အစားအစာတွေက ဂလူးကိုစ့် ပါဝင်မှုနည်းပြီးအာဟာရဓါတ်များစွာပါဝင်ပါတယ်။ဥပမာ - ကယ်လ်ဆီယမ် ပိုတက်ဆီယမ် အမျှင်ဓါတ် မဂ္ဂနီဆီယမ် ဗီတာမင်အေ၊စီနဲ့အီး ဖြည့်စွက်ဆေးတွေကို သောက်ဖို့ညွှန်ပြထားတဲ့ လေ့လာမှုတွေမရှိတဲ့အတွက် အစားအစာတွေကနေ ပဲအာဟာရဓါတ်တွေယူဖို့အရင်စဉ်းစားပါ။ အောက်မှာ ဖော်ပြထားတာကသင့်အတွက် စူပါအစားအစာတွေပါ။ ပဲသီးများ ဗိုလ်စားပဲ၊ပဲကြီး၊ပဲနက် ဘာပဲဖြစ်ဖြစ်သင်ကြိုက်တဲ့ ပဲတွေဆီကနေရတဲ့ အာဟာဓါတ်တွေကို ယှဉ်နိုင်တာဘာမှမရှိတော့ပါဘူး။ သူတို့မှာ အမျှင်ဓါတ်ပါဝင်မှုမြင့်တဲ့အပြင် သင်နေ့စဉ် လိုအပ်တဲ့အာဟာရတွေကို ခွက်တစ်ဝက်လောက်စားရုံနဲ့တင် ပြည့်စေပါတယ်။ ဒါ့အပြင်သူတို့ကမဂ္ဂနီဆီယမ် နဲ့ပိုတက်ဆီရမ်ကြွယ်ဝကြပါတယ်။ ပဲစေ့တွေကို ကစီဓါတ်ပေါတဲ့ ဟင်းသီးဟင်းရွက်လို့ ပြောကြပါတယ်။ ဒါပေမယ့်ပဲစေ့ခွက်တစ်ဝက်က အသားတစ်အောင်စကရတဲ့ ပရိုတိန်းပမာဏနဲ့တူတဲ့အပြင် အဆီလည်းမပါပါဘူး။ အချိန်ကုန်သက်သာဖို့စည်သွပ်ပဲ တွေကိုစားသုံးနိုင်ပါတယ်။ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသွေးချိုရောဂါ ခံစားနေရသော ကလေးငယ်အတွက် စိတ်ချရသော ကလေးထိန်း

ကလေးထိန်း သင့်ကလေးကိုပြုစုစောင့်ရှောက်နေသူများ၊ ကလေးထိန်းမှ စ၍ ဆွေမျိုးများထိတိုင်ဆီးချိုအခြေခံနဲ့အရေးပေါ်အခြေအနေမှာဘာလုပ်ရမလဲဆိုတာသိထားစေသင့်ပါတယ်။ စိတ်ချရတဲ့ ဆီးချိုကလေးထိန်းရှာဖွေခြင်း ဒါကဆီးချိုရှိတဲ့ကလေးတွေရဲ့ မိဘတွေအတွက် ခက်ခဲပါလိမ့်မယ်။ ဆီးချိုရောဂါရှိတဲ့ သင့်ကလေးအတွက်အတွေ့အကြုံရှိတဲ့ ကလေးထိန်းကိုရှာဖွေဖို့က သင့်မိသားစုနဲ့ အခြေအနေတူတဲ့ တခြားမိသားစုတွေနဲ့ တွေ့ဆုံဖို့ဖြစ်ပါတယ်။ အတူတူတွေ့ဆုံပြီးဘယ်ကလေးထိန်းကို ရွေးပြီးဘယ်လိုဆက်လုပ်ရမလဲဆွေးနွေးနိုင်ပါတယ်။ဥပမာ- ကလေးတွေကိုအလှည့်ကျကြည့်စေခြင်း ကလေးထိန်းကိုအတူတကွ လေ့ကျင့်ပေးခြင်း ဆီးချိုရောဂါနဲ့ပတ်သက်ပြီးအတွေ့အကြုံရှိတဲ့ ကလေးထိန်းရှာဖို့ ကြော်ငြာထည့်ခြင်း ဆီးချိုဖြစ်နေတဲ့ဆယ်ကျော်သက် (သို့) ငယ်ရွယ်တဲ့သူတစ်ဦးဦးကိုခေါ်ခြင်း   စိတ်ချရတဲ့ ဆီးချိုကလေးထိန်းဖြစ်အောင်လေ့ကျင့်ခြင်း သင့်ကလေးကို တစ်စုံတစ်ယောက်နဲ့ မစောင့်ရှောက်ခိုင်းခင် သင့်ကလေးထိန်းက ဆီးချိုရှိသူတိုင်းက သာမန်သူတွေနဲ့မတူဘူးဆိုတာသိအောင် ရှင်းပြထားသင့်ပါတယ်။ ဒါ့အပြင်ဆီးချိုကိုပြုစုစောင့်ရှောက်ဖို့ပါ အစီအစဉ်ဆွဲထားသင့်ပါတယ်။ ဆီးချိုကလေးထိန်းကို အောက်ပါအချက်တွေသိထားပါစေ။ အရေးပေါ်အခြေအနေမှာ ဘာလုပ်ရမလဲသင်ထားပါ။ ဘယ်အချိန်မှာ glucagonကို ဘယ်လိုသုံးရမလဲသိပါစေ။ သင့်ရဲ့ကလေးထိန်းကို အရေးပေါ်ကိရိယာတွေထားတဲ့ နေရာတွေပြထားပေးပါ။ သင့်ကလေးထိန်းကို မေးစရာရှိရင်ပဲဖြစ်ဖြစ် အရေးပေါ်အခြေအနေမှာပဲဖြစ်ဖြစ် သင့်ဆီဘယ်လိုဆက်သွယ်ရမလဲ ရှင်းလင်းအောင်ပြောထားပါ။ ဘယ်အချိန်မှာ ကလေးသွေးထဲကဂလူးကိုစ့်နဲ့ ကီတုန်းကို ဘယ်လိုစမ်းသပ်ရမလဲ ပြောပြထားပါ။ တိုင်း တာတဲ့ကိရိယာကိုလည်းလက်တွေ့လုပ်ပြထားပြီးတိုင်းတာနည်းကို လေ့ကျင့်ထားဖို့လည်းပြောပါ။ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသွေးချိုအမျိုးအစား (၂) -အဓိပ္ပါယ်၊ အကြောင်းရင်း, နောက်ဆက်တွဲဆိုးကျိုးများ

ဆီးချိုအမျိုးအစား ၂ က အဖြစ်များတဲ့ဆီးချိုတစ်မျိုးပါ။ မကုသဘဲထားထားရင် ဒီရောဂါကသင့်ဆီကို ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ သယ်ဆောင်လာနိုင်ပါတယ် ဆီးချိုအမျိုးအစား ၂ဆိုတာဘာလဲ ဆီးချိုဆိုတာသင့်ရဲ့သွေးတွင်း ဂလူးကိုစ့်တွေမြင့်နေစေတဲ့နာတာရှည်ရောဂါတစ်မျိုးပါ။ တကယ်လို့သင့်မှာ ဆီးချိုအမျိုးအစား ၂ရှိနေခဲ့ရင်သင့်ရဲ့ကိုယ်မှာ အင်ဆူလင်အလုံအလောက်ရှိပေမယ့်အဲဒီအင်ဆူလင် တွေကို သေချာအသုံးမပြုနိုင်တော့တဲ့သဘောပါ။ မုန့်ချိုအိတ် ကနေအင်ဆူလင်လုံးဝမထုတ်တော့တဲ့ ဆီးချိုအမျိုးအစား ၁နဲ့တော့မတူပါဘူး။ ဆီးချိုအမျိုးအစား ၂မှာတော့မုန့်ချိုအိတ်ကပုံမှန်အလုပ်လုပ်ပေမယ့်သင့်ရဲ့ဆဲလ်တွေက သွေးထဲက glucose (ဂလူးကိုစ့်) တွေကို စွမ်းအင်အဖြစ်မပြောင်းလဲနိုင်တော့တာပါ။ အချိန်တွေကြာလာတာနဲ့အမျှ သွေးထဲမှာglucose (ဂလူးကိုစ့်) များနေခြင်းကသင့်ရဲ့အင်္ဂါအစိတ်အပိုင်းတွေကို ပျက်စီးစေတဲ့ထိဖြစ်နိုင်ပါတယ်။ ဆီးချိုရှိသူတွေရဲ့၉၀ကနေ ၉၅ရာခိုင်နှုန်းက ဆီးချိုအမျိုးအစား ၂ဖြစ်နေတာပါ။ သူက အသက်၄၀နဲ့အထက် အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့်အခုနောက်ပိုင်းမှာ ကလေးတွေနဲ့ဆယ်ကျော်သက်တွေလည်းအဝလွန်ရောဂါကြောင့်ဆီးချိုဖြစ်လာတာ တွေ့ရပါတယ်။ ဆီးချိုအမျိုးအစား ၂ ဘာလို့ဖြစ်လာလဲအရင်သိဖို့ထက် သင့်ကိုယ်ရဲ့ glucose (ဂလူးကိုစ့်)လည်ပတ်မှု ဘယ်လိုလဲဆိုတာ အရင်သိဖို့လိုပါတယ်။   Glucose (ဂလူးကိုစ့်) ဖြိုခွဲသောလုပ်ငန်းစဉ် သင့်ရဲ့အစာအိမ်ထဲမှာရှိတဲ့ တံတွေးနဲ့ဓါတုပစ္စည်း တွေက သင်စားလိုက်တဲ့အစာတွေကိုဆဲလ်တွေရဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါနောက်ဆက်တွဲများ-ဆီးချိုကြောင့် သွေးတွင်းသကြားဓါတ်နည်းခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်သွေးထဲသကြားဓါတ်နည်းခြင်း ဆိုတာဘာလဲ။ သွေးထဲတွင် ဂလူးကို့စ် သို့မဟုတ် သကြားဓါတ် နည်းခြင်းသည် သွေးထဲသကြားဓါတ်များ ပုံမှန် ပမာဏ အောက် နည်းပါးသွားသော အခါတွင် ဖြစ်ပွားပါသည်။ ခန္ဓါကိုယ်အတွက် စွမ်းအင် ရင်းမြစ် ဖြစ်သော ဂလူးကို့စ် သကြားကို အစားအစာ မှ ရရှိပါသည်။ ကာဗွန်ဟိုက်ဒရိတ် သည် ဂလူးကို့စ် ၏ အစားအစာမှရသော အဓိက ရင်းမြစ်ဖြစ်ပါသည်။ ထမင်း၊ အာလူး၊ ပေါင်မုန့်၊ ပြောင်းမုံ့ ညက်ဖြင့် လုပ်ထားသော မုန့်၊ ကောက်ပဲသီးနှံများ၊ နို့၊ သစ်သီးများ နှင့် သကြားလုံး များသည် ကာဗွန်ဟိုက်ဒရိတ် ကြွယ်ဝသော အစားအစာ များဖြစ်ပါသည်။ သရက်ရွက်သည် သွေးထဲသကြားကို ထိန်းချုပ်ရာတွင် အရေးပါသော အခန်းမှ ပါဝင်ပါသည်။ သရက်ရွက်မှ ပြုလုပ်သော အင်စူလင် ဟော်မုန်းသည် […]


အမျိုးအစား (၂) ဆီးချို

ဆီးချီုရောဂါနောက်ဆက်တွဲများ -အင်ဆူလင်၏ ဘေးထွက်ဆိုးကျိုးများ

ဆီးချီုရောဂါနောက်ဆက်တွဲများ အင်ဆူလင်၏ ဘေးထွက်ဆိုးကျိုးများ သင့်ရဲ့ဆီးချိုရောဂါကိုထိန်းနိုင်ဖို့ အင်ဆူလင်သုံးနေရချိန်မှာအင်ဆူလင်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုစိတ်ပူစရာမလိုဘူးလို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ သဘာဝပစ္စည်းတစ်ခုဖြစ်တာမို့ ဆေးဝါးလို့တောင် သတိရဖို့ခက်ပါတယ်။ ဒါပေမယ့် အင်ဆူလင်ကြောင့် ဓါတ်မတည့်မှုနဲ့ တခြားဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါသေးတယ်။ လူအများစုဟာအင်ဆူလင်ကိုသုံးစွဲချိန်မှာဒီဆိုးကျိုးတွေ မကြုံတွေ့ရဘူးဆိုပေမယ့် ဖြစ်နိုင်ခြေပြသနာများကိုတော့လိုလိုမယ်မယ် သတိထားသင့်ပါတယ်။   အင်ဆူလင်ဓါတ်မတည့်ခြင်း လူနာအနည်းစုဟာအင်ဆူလင်ဓါတ်မတည့်ခြင်း ကြုံရပါတယ်။ အင်ဆူလင်ထိုးချိန်မှာ ဆေးထိုးလိုက်တဲ့နေရာဝန်းကျင်မှာ ရောင်ပြီးနီလာတာဖြစ်ရင် ဆေးကုသမှု ချက်ချင်းခံယူပါ။ ဆိုးဆိုးရွားရွား ပြသနာရှိလာရင် ဆရာဝန်ဆီကို အရေးပေါ်ဆေးခန်းကိုဒါမှမဟုတ် ဆေးရုံအရေးပေါ်ဌာနကိုတိုက်ရိုက်သွားပါ။ ဆေးကုသနေစဉ် အင်ပျဉ်တွေထပြိးယားလာတာဖြစ်ရင် သူတို့ကုသပေးနိုင်ပါတယ်။ မျက်နှာနဲ့ နှုတ်ခမ်းတွေ ရောင်လာရင် သူတို့ အကူအညီယူနိုင်ပါတယ်။ အသက်အန္တရယ်စိုးရိမ်ရတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်လာရင် ဥပမာ လျှာရောင်လာပြီးရင်ကျပ်လာရင်၊ အသက်ရှူရခက် မူးဝေလာပြီး သတိလစ်သွားရင် တစ်စုံတစ်ယောက်ကချက်ချင်းအကူအညီပေးနိုင်တဲ့ နေရာဖြစ်ဖို့ လိုပါတယ်။   သွေးတွင်းဂလူးကို့စ်နည်းခြင်း သွေးတွင်းဂလူးကို့စ်နည်းခြင်းဟာ အဖြစ်အများဆုံး အဆိုးရွားဆုံးသော အင်ဆူလင်ရဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်ပြီးအမျိုးအစား (၁) ဆီးချိုရောဂါသည်ရဲ့ ၁၆ ရာခိုင်နှုန်း၊ အမျိုးအစား (၂) […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာများ- အမြင်အာရုံဝေဝါးခြင်း

ဆီးချို ဆိုတာဘာလဲ ဆီးချို ဆိုတာ သင့်ခန္ဓာကိုယ်မှာ အင်ဆူလင်ဓာတ် မထုတ်နိုင်တော့ခြင်း၊ အင်ဆူလင်အထွက်နည်းခြင်း ဒါမှမဟုတ် အင်ဆူလင်ကို ထိရောက်စွာ အသုံးမပြုနိုင်တော့တဲ့အခါ ဖြစ်ပေါ်လာတဲ့ ရှုပ်ထွေးတဲ့ ဇီဝဖြစ်ပျက်မှုရောဂါတစ်ခုကို ဆိုလိုပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်က ဆဲလ်တိုင်းဟာ သကြား (ဂလူးကို့စ်) ကို စွမ်းအင်အတွက် လိုအပ်ပါတယ်။ အင်ဆူလင်ဟာ သကြားဓာတ်ကို ဖြိုခွဲဖို့နဲ့ ဆဲလ်တွေဆီကို ပို့ဆောင်ပေးဖို့ လုပ်ဆောင်ပါတယ်။ သင့်မှာ အင်ဆူလင်အလုံအလောက်မရှိရင် သွေးတွင်းသကြားဓာတ်တွေ များလာပါတယ်။ အဲ့ဒီအခြေအနေကို hyperglycemia လို့ ခေါ်ပါတယ်။ Hyperglycemia ဟာ မျက်လုံးအပါအဝင် သင့်ကိုယ်ခန္ဓာ အစိတ်အပိုင်းအားလုံးအတွက် အဖျက်သဘောဆောင်ပြီး ဆိုးကျိုးသက်ရောက်ပါတယ်။ အမြင်ဝေဝါးခြင်းဟာ ဆီးချိုရောဂါရဲ့ ရှေးဦးသတိပေးချက် သင်္ကေတတစ်ခုပဲ ဖြစ်ပါတယ်။ သင့်မျက်လုံး ကြည့်ရတာ ဝါးလာခြင်းဟာ မျက်လုံးအိမ်ထဲက မှန်ဘီလူးထဲကို အရည်တွေ စိမ့်ဝင်လာလို့ပဲ ဖြစ်ပါတယ်။ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း