ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်တဲ့ အချက် ၇ ချက် (၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါဆိုတာ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါပါ။ ဆီးချိုရောဂါရှိတာခြင်း တူရင်တောင် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ ၄ဆပိုများပြီး အမျိုးသားတွေက ၂ဆပိုများပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်း အမျိုးသမီးတွေမှာ ရလဒ်မကောင်းတတ်ပါဘူး။ ဒါ့ပြင် ဆီးချိုရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ စိတ်ကျရောဂါတွေလည်း ပိုဖြစ်တတ်ပါတယ်။ (၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေက ဘဝမှာ တစ်ကြိမ်လောက်တော့ မိန်းမကိုယ်ပိုးဝင်တတ်ကြပါတယ်။ ဒါပေမဲ့ […]

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

လက်ဖက်ရည်ကြမ်း ဟာ ဆီးချိုကို ကာကွယ်ပေးနိုင်သလား

Green tea လက်ဖက်ရည်ကြမ်း ဟာ အလှအပရေးရာအတွက်သာမက အခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာကိုလည်း ပေးနိုင်တဲ့အတွက် ရေပန်းစားလှပါတယ်။ စိတ်ဖိစီးမှုတွေကို လျှော့ချပေးခြင်း၊ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးခြင်း၊ အသားအရေကို စိုပြည်တောက်ပစေခြင်း၊ ခုခံအားကို မြှင့်တင်ပေးနိုင်ခြင်းတို့အပြင် ဆီးချိုဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီတစ်ခေါက်ပြောပြပေးမှာက လက်ဖက်ရည်ကြမ်း ဟာ ဆီးချိုကို ကာကွယ်ပေးနိုင်သလား ဆိုတာပါ။ ဆီးချိုအကြောင်း တစေ့တစောင်း ကာဘိုဟိုက်ဒရိတ်ဓာတ်များပြားတဲ့ အစားအစာတွေကို စားမယ်ဆိုရင် အစာချေခြင်းဖြစ်စဉ်မှာ ကာဘိုဟိုက်ဒရိတ်တွေဟာ သကြားဓာတ်တွေအဖြစ် ပြောင်းလဲခြင်းခံရပါတယ်။ ဒီနောက်မှာတော့ ခန္ဓာကိုယ်ကနေ အင်ဆူလင်ဓာတ်ကို ထုတ်လုပ်ပေးပြီး သွေးတွင်းသကြားဓာတ်တွေကို ဆဲလ်တွေထဲ စုပ်ယူစေကာ စွမ်းအင်အဖြစ် ပြောင်းလဲ အသုံးပြုခြင်းနည်းနဲ့ သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်ပေးပါတယ်။ ဒါပေမယ့် ဆီးချိုဝေဒနာရှင်တွေမှာတော့ ဒီဖြစ်စဉ်ဟာ မတူညီနိုင်တော့ပါဘူး။ အမျိုးအစား ၁ ဆီးချိုမှာဆိုရင် အင်ဆူလင်ဟော်မုန်းကိုလုပ်ပေးတဲ့ ပန်ကရိယမှာရှိတဲ့ ဆဲလ်တွေကို ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က […]


အမျိုးအစား (၂) ဆီးချို

အစားအသောက်ထဲက အချိုဓာတ်၊ ကစီဓာတ်ကို ဘယ်လိုတွက်မလဲ

ကစီဓာတ် (ကာဘိုဟိုက်ဒရိတ်)ကို တွက်ချက်ခြင်းဖြင့် သင့်ရဲ့ သွေးတွင်း ဂလူးကို့စ်ပမာဏကို စီမံနိုင်ပါတယ်။ အဲဒီလို တွက်ချက်ခြင်းအားဖြင့် အလွန်အကျွံ မစားမိအောင်လည်း ထိန်းနိုင်ပါလိမ့်မယ်။ ကိုယ်လိုချင်တဲ့ သွေးတွင်းအချိုဓာတ်၊ ကစီဓာတ်ကို ရရှိစေဖို့အတွက် ကစီဓာတ်ကို တွက်ပြီး စားဖို့ အရေးကြီးပါတယ်။ ဘယ်လောက်စားရမလဲ။ ကိုယ်ရဲ့ တစ်နေ့တာလှုပ်ရှားမှုတွေ သောက်နေရတဲ့ဆေးတွေအပေါ်မူတည်ပြီး တစ်နေ့ကို ကစီဓာတ်ဘယ်လောက်ပါအောင် စားရမလဲဆိုတာ သတ်မှတ်ပါ။ ကိုယ်လက်လှုပ်ရှားမှုများတဲ့ တချို့လူတွေက ကစီဓာတ်ပိုစားဖို့ လိုပါတယ်။ ကိုယ့်ခန္ဓာကိုယ်အတွက် လိုအပ်သလောက် မျှတအောင် စားနိုင်ဖို့လိုပါတယ်။ ဒါမှသာ နေလို့ကောင်းပြီး ဆီးချိုရောဂါဖြစ်နိုင်ချေကို လျှော့ကျစေပါတယ်။ ထမင်းကြီးစားတဲ့အခါမှာတော့ ကစီဓာတ် ၄၅-၆၀ ဂရမ်ပါဝင်သင့်ပါတယ်။ ဆီးချိုမဖြစ်စေဖို့အတွက် ဒီပမာဏထက် နည်းတာများတာ ရှိနိုင်ပါတယ်။ ကိုယ်စားမယ့်အစားအစာတွေမှာ ကစီဓာတ် ဘယ်လောက် ရှိသလဲဆိုတာ သိထားဖို့ အရေးကြီးပါတယ်။ ဘယ်အစာတွေမှာ ကစီဓာတ်ပါလဲ။ အုတ်ဂျုံ၊ နှံစားပြောင်း၊ ကောက်စပါး၊ မုရောစပါး ဂျုံပေါင်မုန့်၊ […]


အမျိုးအစား (၂) ဆီးချို

စိတ်ဖိစီးမှုနဲ့ ဆီးချိုကို ဘယ်လိုထိန်းချုပ်မလဲ

စိတ်ဖိစီးမှုက စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်ချက်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာအတွက်လည်း ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ထိန်းချုပ်လို့မရတော့တဲ့၊ စိတ်ခံစားချက်ပြောင်းလဲမှုတွေ အမူအကျင့်ပြောင်းလဲမှုတွေ လိုအပ်နေတဲ့ အခြေအနေတွေက သင့်ကို ဒုက္ခဖြစ်စေပါတယ်။ စိတ်ဖိစီးမှုနဲ့ ဆီးချို စိတ်ဖိစီးတဲ့ လူတွေအတွက် ဆီးချိုကို ထိန်းချုပ်ဖို့က စိန်ခေါ်မှုတစ်ခုပါ။ ကလေးတွေ ဆီးချိုဖြစ်တဲ့အခါမှာ မိဘနဲ့ ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ စိတ်ဖိစီးမှုကို ထုတ်ပြောလာကြပါတယ်။ စိတ်ဖိစီးမှုက ဘယ်လောက်ဒုက္ခပေးနိုင်သလဲ။ ဆီးချိုထိန်းတာကို အနှောင့်အယှက် ပေးပါတယ် သွေးတွင်းအချိုဓါတ်ကို ရုတ်တရက် သိသိသာသာ တိုးစေပါတယ် ခံစားချက်တွေကို ဆိုးဝါးစေပါတယ် စဉ်းစားချက်တွေနဲ့ ဆုံးဖြတ်ချက်တွေ မှားနိုင်ပါတယ် စိတ်အလိုမကျဖြစ်ခြင်း၊ အစားအသောက်နည်းခြင်းတွေ ဖြစ်စေတယ်။ ဆီးချိုရှိရှိ မရှိရှိ စိတ်ဖိစီးမှုတွေကို တွန်းလှန်ဖို့က ခက်ခဲပါတယ်။ ဥပမာအားဖြင့် နှလုံးခုန်နှုန်းတွေ မြန်လာနိုင်ပြီး ခန္ဓါကိုယ်က ဆောက်တည်ရာမရဖြစ်နိုင်ပါတယ်။ သွေးခုန်နှုန်းမြင့်လာနိုင်ပြီး သွေးပေါင်ချိန်တိုးလာခြင်းက နှလုံး၊ သွေးကြောတွေကို အတင်းအကြပ် ဖိစီးမှုတွေ ဖြစ်စေပါတယ်။ စိတ်ဖိအားတွေကို ကာလရှည်ကြာစွာ ခံစားနေရရင်တော့ ဒီအစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ခံအားကျခြင်း အစာချေဖျက်မှုစနစ် ကျောက်ကပ် မျိုးပွားစနစ် ထပ်ပြောရရင်တော့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုကာကွယ်ရန် ဆယ်ကျော်သက်အရွယ် နေထိုင်မှုပုံစံ

ဆီးချိုဆိုတာ အရွယ်ရောက်ပြီးသူသာမက ကလေးငယ်များကျန်းမာရေးကိုပါ ခြိမ်းခြောက်နိုင်တဲ့ နာတာရှည်ရောဂါတစ်မျိုးပါ။ သိပ်မကြာသေးခင်က ဆယ်ကျော်သက်ဆီးကျော်ဖြစ်ပွားမှုတွေမြင့်လာတာတွေ့ရပါတယ်။ တကယ်လို့ သင့်ကလေးက အဝလွန်နေရင် သူ့မှာဆီးချိုဖြစ်နိုင်ချေနှစ်ဆပိုများပါတယ်။ အခုချိန်က ဆယ်ကျော်သက်တွေကို ဆီးချိုမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာသိအောင် ကူညီပေးရမယ့်အချိန်ပါ။   ဆီးချိုဆိုတာဘာလဲ လူတစ်ယောက်သွေးထဲမှာသကြားဓါတ်များနေရင်အဲဒီလူမှာဆီးချိုရှိပါတယ်။ သကြားဓါတ်က ကျွန်တော်တို့စားလိုက်တဲ့ အစာအစာတွေကရတာပါ။ ဥပမာ - ပေါင်မုန့်၊ ကွေကာ၊ ဆန်၊ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ နို့ထွက်ထုတ်ကုန်။ ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓါက ပြေးဖို့ကစားဖို့ ရေကူးဖို့စွမ်းအင်ထုတ်ဖို့အတွက် သကြားဓါတ်လိုပါတယ်။ မုန့်ချိုအိတ်ကထုတ်တဲ့ဟော်မုန်းတစ်မျိုးဖြစ်တဲ့ အင်ဆူလင်က ဆဲလ်တွေရဲ့တံခါးကိုဖွင့်ဖို့သော့လိုပါဘဲ။ ဆဲလ်တွေပွင့်သွားရင် သွေးထဲကအင်ဆူလင်တွေက ဆဲလ်ထဲဝင်ပြီး လိုအပ်တဲ့စွမ်းအင်ထုတ်ပါတယ်။ အင်ဆူလင်မလုံလောက်တာဘဲ ဖြစ်ဖြစ်၊ အင်ဆူလင်က ဆဲလ်တွေကိုမဖွင့်နိုင်တာမျိုးဖြစ်တဲ့အခါ သွေးထဲကသကြားဓါတ်မြင့်တက်ပြီးဆီးချိုဖြစ်ပါတယ်။ တကယ်လို့ သင့်ဆယ်ကျော်သက်ကလေးမှာ ဆီးချိုရှိရင် သူတို့ကိုအင်ဆူလင်ထိုးပေးဖို့ လိုအပ်ပါတယ်။   ဆယ်ကျော်သက်အရွယ်မှာ ဆီးချိုကိုကာကွယ်ဖို့ ဘာတွေလုပ်လို့ရလဲ။ ပထမဆုံးနဲ့အရေးကြီးဆုံးက သင်နဲ့သင့်တော်တဲ့အားကစားတစ်မျိုးကိုလုပ်ပြီး ကျန်းမာအောင်ထိန်းထားပါ။ လေ့လာမှုတစ်ခုအရ တစ်ရက်ကို မိနစ် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါ အမျိုးအစား ၂ ကို ဘယ်လိုရှာဖွေမလဲ

ဆီးချိုရောဂါ ကိုယ့်မှာ ရှိလား၊ မရှိလား  မသေချာဘူး။ ဆီးချိုလက္ခဏာတွေတော့ ခံစားနေရသလိုပဲဆိုရင် ဆီးချိုရောဂါ အမျိုးအစား ၂ ကို ဘယ်လိုရှာဖွေမလဲ ဆိုတာကို ကြည့်ကြရအောင်။ ဆီးချိုရောဂါ အမျိုးအစား၂ ကို ဘယ်လိုရှာဖွေမလဲ ဆီးချိုရောဂါ အမျိုးအစား၂ သင့်မှာရှိနေတယ်လို့ ကြားရတာက ကြောက်ဖို့ကောင်းရင် ကောင်းပါလိမ့်မယ်။ သူက တစ်သက်လုံး ဖြစ်နေမှာ ဖြစ်တဲ့အတွက် ပိုကြောက်ဖို့ ကောင်းပါတယ်။ ဒါပေမယ့် သူ့ကို ထိန်းချုပ်လို့တော့ ရပါတယ်။ သင့်အနေနဲ့ ဆီးချိုရောဂါ အမျိုးအစား၂ ရှိနေတယ်ဆိုတာ သိတာနဲ့ ဘယ်လိုပြောင်းလဲပြီး နေထိုင်စားသောက်ရမလဲဆိုတာကို လေ့လာသင်ယူပါ။ ဒီလိုနေထိုင်စားသောက်သွားရင် ကျန်းမာတဲ့ဘဝလေးကို ပြန်လည်ပိုင်ဆိုင်နိုင်မှာပါ။ တကယ်လို့ မကုသဘဲထားရင်တော့ အောက်ဖော်ပြပါ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ မျက်လုံးကွယ်ခြင်း နှလုံးရောဂါ ကျောက်ကပ်ရောဂါ သွေးကြောထိခိုက်ပြီး ခြေထောက်ဖြတ်ရခြင်း ဆီးချိုရှိတဲ့သူတွေက သက်တူရွယ်တူဆီးချိုမရှိတဲ့သူတွေထက် သေနိုင်ချေ နှစ်ဆပိုများပါတယ်။ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသွေးချိုအမျိုးအစား ၂ နဲ ပတ်သက်ပြီး သင် အထင်မှားနေသော အချက်များ

ဆီးချိုက ကျန်းမာရေးနယ်ပယ်မှာ တဖြည်းဖြည်းနဲ့ ပိုပိုပြီးတော့ ဂရုစိုက်စရာ၊ အာရုံစိုက်စရာ ရောဂါဖြစ်လာပါတယ်။ ရှောင်ရှားလို့မရ၊ ကာကွယ်လို့မရတဲ့ ဆီးချိုအမျိုးအစား ၁ အပြင် ဆီးချို အမျိုးအစား ၂ဆိုတဲ့ အဖြစ်များတဲ့ ဆီးချိုတစ်မျိုးလည်း ရှိပါသေးတယ်။ ဒါပေမယ့် ကောလဟာလတွေနဲ့ ဇာတ်လမ်းတွေက သင့်ကိုဆီးချိုနဲ့ပတ်သက်ပြီး အထင်လွဲမှုတွေဖြစ်စေနိုင်ပါတယ်။ အောက်မှာဖော်ပြထားတာတွေကတော့ ဆီးချိုအမျိုးအစား ၂နဲ့ ပတ်သက်ပြီး အထင်လွဲမှားမှုတွေပါ။ ဆီးချိုရောဂါက ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး၊ ငါ တစ်သက်လုံး ဒီရောဂါနဲ့ အေးဆေးနေလို့ရပါတယ်။ ဆီးချိုက သင်ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ ဘာမှကြီးကျယ်တဲ့ရောဂါမဟုတ်တာ မှန်ပါတယ်။ သို့သော် ဒီနာတာရှည်ရောဂါက ထိန်းချုပ်လို့ရပေမယ့် သူ့ကြောင့် သေဆုံးတဲ့သူက AIDS နဲ့ ရင်သားကင်ဆာကြောင့် သေဆုံးရတဲ့သူတွေထက် ပိုများပါတယ်။ ဆီးချိုရှိတဲ့ သုံးယောက်မှာ နှစ်ယောက်က နှလုံးရောဂါသို့မဟုတ် လေဖြတ်ပြီး သေဆုံးကြပါတယ်။ ငါအဝလွန်နေရင် နောက်ဆုံးမှာဆီးချိုအမျိုးအစား ၂ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါ၏ သက်ရောက်မှုများ

ဆီးချိုဆိုတာဘာလဲ ။ ဆီးချိုဆိုတာက ရောဂါအုပ်စုတစ်မျိုးဖြစ်ပြီး သူကလူ့ခန္ဓါကိုယ်ရဲ့အင်ဆူလင်ထုတ်လုပ်မှုနဲ့ အသုံးပြုမှုအပေါ်ဆိုးကျိုးပေးတဲ့ ရောဂါဖြစ်ပါတယ်။ အင်ဆူလင်ဆိုတာက ကိုယ်ထဲက glucose (ဂလူးကိုစ့်)တွေကို စွမ်းအင်အဖြစ်ပြောင်းလဲပေးတဲ့ ဟော်မုန်းပါ။ ဆီးချိုကို ထိန်းချုပ်လို့ရတယ်ဆိုပေမယ့် ဆီးချိုကြောင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ ကျောက်ကပ်ရောဂါတို့ ဖြစ်လာနိုင်ပါတယ်။ လူခန္ဓါကိုယ်အပေါ်ဆီးချိုရဲ့သက်ရောက်မှုများ ဟော်မုန်းစနစ်၊အညစ်အကြေးစွန့်စနစ်နဲ့အစာချေစနစ် သင့်ရဲ့ မုန့်ချိုအိတ်က အင်ဆူလင်တွေကို ထုတ်ပေးပြီး သကြားဓါတ်တွေကနေ စွမ်းအင်ထုတ်ဖို့ ကူညီပေးပါတယ်။ တကယ်လို့ သင်မုန့်ချိုအိတ်က အင်ဆူလင်ကို နည်းနည်း ဒါမှမဟုတ် လုံးဝမထုတ်ခဲ့ရင်၊ သင့်ရဲ့ခန္ဓါကိုယ်က အသုံးမပြုနိုင်ခဲ့ရင် တခြားဟော်မုန်းတွေက အဆီတွေကို စွမ်းအင်အဖြစ် ပြောင်းလဲပါလိမ့်မယ်။ ဒါက အဆိပ်အတောက်များစွာကို ဖန်တီးပါလိမ့်မယ်။ ဥပမာ - အက်ဆစ် တွေ၊ ကီတုန်း(ketone) တွေ၊ဒါတွေက ဆီးချိုကြောင့် ကီတုန်းပမာဏများပြားခြင်းဆိုတဲ့ အခြေအနေကို ရောက်သွားစေပါတယ်။ ဒါက လုံးဝရှုပ်ထွေးသွားနိုင်တဲ့ ရောဂါပါ။ ရောဂါလက္ခဏာတွေကတော့ ရေအရမ်းငတ်ခြင်း၊ […]


အမျိုးအစား (၁) ဆီးချို

ဆီးချိုသွေးချိုအမျိုးအစား (၁) အကြောင်း

ဆီးချိုသွေးချိုအမျိုးအစား (၁) ဆိုတာလည်း အဖြစ်များတာ‌ကြောင့် ဆီးချိုသွေးချိုအမျိုးအစား (၁) အကြောင်း ဗဟုသုတ မျှဝေပေးလိုက်ပါတယ်။ ဆီးချိုသွေးချိုအမျိုးအစား (၁) အကြောင်း ဆီးချိုသွေးချို အမျိုးအစား (၁)က သင့်ရဲ့ကိုယ်ကို  အစားအစာတွေဆီက စွမ်းအင်ယူလို့မရအောင် ဟန့်တားတဲ့ နာတာရှည်ရောဂါတစ်မျိုးပါ။ လူရဲ့ ခန္ဓာကိုယ်က အင်ဆူလင် မထုတ်နိုင်တဲ့အခါ ဖြစ်လာပါတယ်။ အင်ဆူလင်က သွေးထဲကရတဲ့ သကြားဓာတ်ကို ထိန်းချုပ်တာကြောင့် မရှိမဖြစ်ကို လိုအပ်ပါတယ်။ ဆီးချိုရှိတဲ့သူတွေက သွေးထဲမှာ သကြားဓာတ်အများအပြားရှိပေမယ့် အင်ဆူလင်မရှိတာကြောင့် ဆဲလ်တွေဆီ အဲဒီသကြားဓာတ်တွေကို အလုံအလောက် မထောက်ပံ့နိုင်ပါဘူး။ ဆီးချိုသွေးချို အမျိုးအစား (၁)က အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေနဲ့ အရွယ်ရောက်ပြီးသူ လူငယ်တွေမှာ အဖြစ်များပါတယ်။ မိန်းမတွေထက် ယောက်ျားတွေမှာ ပိုအဖြစ်များပါတယ်။ အများသောအားဖြင့် အသက် ၁၂ နဲ့ ၁၅ ကြားမှာ စဖြစ်လေ့ရှိပြီး အသက်၃၀ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိနေတဲ့ သူတွေရဲ့ လက်တွဲဖော်တွေအတွက် နည်းလမ်းကောင်း လေးသွယ်

တကယ်လို့ သင့်ရဲ့လက်တွဲဖော်မှာ ဆီးချိုအမျိုးအစား ၂ ရှိနေတယ်ဆိုရင် သင်ပါ ဆီးချိုဖြစ်လာနိုင်သလား။ ဒီမေးခွန်းက လေ့လာမှုတစ်ခုမှာသုတေသနပညာရှင်တွေ ဖြေဖို့ကြိုးစားခဲ့တဲ့ မေးခွန်းတစ်ခုပါ။ လေ့လာချက်တွေအရ ဆီးချိုအမျိုးအစား ၂ ရောဂါသည်တွေရဲ့အိမ်ထောင်ဖက်တွေဟာပုံမှန်လူတွေရဲ့အိမ်ထောင်ဖက်တွေထက် ဆီးချိုဖြစ်လာနိုင်ချေ၂၆ ရာခိုင်နှုန်း ပိုများတယ်လို့ဆိုပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ သင့်လက်တွဲဖော်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေမစား၊ လေ့ကျင့်ခန်းတွေမလုပ်လို့ ဆီးချိုအမျိုးအစား ၂ ဖြစ်ရတာလား။ သင်က သူ့ကိုပြုစုရင်းနဲ့ ဆီးချိုအကြောင်းသိလာပြီး ဆီးချိုလက္ခဏာတွေ သင့်ဆီမှာတွေ့လာရသလား။ လေ့လာချက်အရတော့ ဘာကြောင့်ဆိုတာ မသိသေးပါဘူး။ သေချာတာကတော့ ဆီးချိုရှိနေတဲ့ သင့်ရဲ့လက်တွဲဖော်ကို ဂရုစိုက်တာအပြင် သင့်ကိုယ်သင်လည်း ဂရုစိုက်ဖို့ အလွန်အရေးကြီးပါတယ်။ သင်ရောသင့်လက်တွဲဖော်ပါ ကျန်းမာစေဖို့နည်းလမ်းများကို အောက်တွင် ဖော်ပြထားပါတယ်။   ဆီးချိုအကြောင်းလေ့လာပါ။ ရောဂါအကြောင်း နားလည်ထားခြင်းက ဆီးချိုခံစားနေရတဲ့ သင့်လက်တွဲဖော်ဖြတ်သန်းနေရတာတွေကို သိစေတဲ့အပြင် သင့်လက်တွဲဖော်ကိုလည်း ကူညီနိုင်ပြီး အရေးပေါ်အခြေအနေကျရင်လည်း အစိုးရိမ်မလွန်ဘဲ ဖြေရှင်းနိုင်ပါလိမ့်မယ်။ Glucagon ဆေးအကြောင်း […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

အမျိုးသားများတွင်တွေ့ရသော ဆီးချိုသွေးချို လက္ခဏာများ

အမျိုးသားများတွင် တွေ့ရသော ဆီးချိုလက္ခဏာများ အောက်ဖော်ပြပါအချက်များသည် သင့်အား ဆီးချိုရောဂါသည် အမျိုးသားများတွင် ဘယ်လိုထူးခြားသောသက်ရောက်မှုရှိလဲဆိုတာပြထားပါတယ်။ ဆီးချိုရောဂါဆိုတာ ဘာလဲ ဆီးချိုရောဂါဆိုတာ သင့်ရဲသွေးမှာ သကြားဓါတ်များတဲ့အခါ ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ ဆီးချိုရောဂါက ရိုးရှင်းပေမယ့် သူ့ရဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေက ဆိုးရွားနိုင်ပါတယ်။ ဆီးချိုရောဂါကြောင့် နှလုံးသွေးကြောကျဉ်းရောဂါလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မျက်လုံး၊ အရေပြား၊ ကျောက်ကပ်၊ အာရုံကြောနဲ့ပတ်သက်တဲ့ရောဂါတွေလည်း ဖြစ်နိုင်ပါတယ် ။ ယောက်ျားတွေမှာဆိုရင် ပန်းညှိုးရောဂါအပြင် တခြား ဆီးနဲ့ပတ်သက်တဲ့ ရောဂါတွေပါ ဆီးချိုကြောင့် ဖြစ်လာနိုင်ပါတယ်။ ကံကောင်းစွာနဲ့ပဲ အပေါ်ကပြောသွားတဲ့ ရောဂါတွေအားလုံးကို ကြိုတင်ကာကွယ်နိုင်တဲ့အပြင် ကုသနိုင်ပါတယ်။ ဂရုတစိုက်နဲ့ နေထိုင်ဖို့ပဲ လိုပါတယ်။ ဆီးချိုက လိင်ပိုင်းဆိုင်ရာအားလျော့ခြင်းကို ဖြစ်စေပါသလား ? ပန်းညှိုးခြင်းက ကျန်းမာရေးချို့ယွင်းမှု တော်တော်များများရဲ့လက္ခဏာဖြစ်နေနိုင်ပါတယ်။ ဥပမာ သွေးတိုး၊ စိတ်ဖိစီးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးလည်ပတ်မှုနဲ့ အာရုံကြောချို့ယွင်းမှုတွေကြောင့်လည်း ပန်းသေပန်းညှိုးဖြစ်နိုင်ပါတယ်။ တကယ်လို့သင်ပန်းညှိုးရောဂါ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)