မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win
PAD (အစွန်အဖျား သွေးလွှတ်ကြော ရောဂါ) ဆိုတာဟာ ခြေထောက်မှာရှိတဲ့ သွေးကြောတွေ ကျဉ်းလာပြီးဖြစ်တဲ့ ရောဂါပါ။ အမျိုးအစား (၂)ဆီးချိုမှာ အဖြစ်များပြီး ကိုလက်စထရော တက်သူတွေ နှလုံးရောဂါရှိသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အမေရိကန်ဆီးချိုအဖွဲ့ကတော့ ဆီးချိုရှိသူလူကြီးတွေဟာ နှလုံးရောဂါနဲ့ ပတ်သက်တဲ့သေဆုံးမှုမှာ ဆီးချိုမရှိသူတွေထက် ၂ဆကနေ ၄ဆအထိများတယ်လို့ ဆိုပါတယ်။ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းဟာ PAD ရဲ့ လက္ခဏာတွေက စပါတယ်။
PAD ဖြစ်နေသူတွေမှာ သွေးကြောထဲမှာ အဆီတွေ များလာပြီး သွေးနဲ့ အောက်ဆီဂျင်စီးဆင်းမှုကို လျော့နည်းသွားစေပါတယ်။ ဒီလိုကျဉ်းမြောင်းတဲ့ အခြေအနေပေါ်မူတည်ပြီး လမ်းလျှောက်တဲ့အါ ခြေထောက်တွေ နာလာတာ၊ ထုံတာကျင်တာ၊ ငြိမ်နေစဉ်မှာ အေးတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ဒါပေမယ့် ပိုပြီးဆိုးတဲ့အခြေအနေကတော့ PAD ရှိနေသူအချို့မှာ လက္ခဏာမပြတတ်တာပါပဲ။ ဒါကြောင့် လက္ခဏာတစုံတရာ ကြိုမမြင်နိုင်ဘဲ နှလုံးထိခိုက်တာမျိုး၊ လေဖြတ်တာမျိုး ဖြစ်နိုင်ပါတယ်။
PAD ဖြစ်နေတယ်လို့ သိရပြီးရင် နှလုံးရောဂါနဲ့ လေဖြတ်ဖို့ ဖြစ်နိုင်ခြေ သိသိသာသာ များလာနိုင်ပါတယ်။ အမေရိကန်ဆေးပညာအဖွဲ့ရဲ့ ဂျာနယ်မှာ PAD ဆိုတာ နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်းနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေရဲ့ရှေ့ပြေးပဲလို့ ဖော်ပြထားပါတယ်။
ဆီးချိုဟာ PAD ဖြစ်နိုင်ခြေကို သုံးဆခန့် မြင့်တက်စေနိုင်ပါတယ်။ PAD ရှိနေသူများဟာ သူတို့အခြေအနေဟာ သိပ်ပြီးမထူးခြားလို့ သတိမပြုမိတတ်ပါဘူး။ သင်ဟာ အောက်ပါ အခြေအနေတွေထဲက တခုခုကို ကြုံရပြီဆိုရင် သင်ဟာ PAD ဖြစ်နိုင်ခြေများနေပါပြီ။
သင်ဟာ ဆီးချိုဖြစ်နေပြီဆိုရင် PAD ရောဂါလည်း ဖြစ်နိုင်ခြေရှိပြီး နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့သွေးကြောတွေကို အထူးဂရုစိုက်ရင် ဒီပြသနာတွေ မဖြစ်အောင် ကာကွယ်လို့ရပါတယ်။
ကံမကောင်းစွာပဲ လူအများမှာ PAD လက္ခဏာတွေ မပြတတ်ပါဘူး။ လက္ခဏာတွေကတော့-
ABI လို့ခေါ်တဲ့ ခြေချင်းဝတ်နဲ့ လက်မောင်းမှာ သွေးပေါင်ချိန်ယှဉ်တိုင်းကြည့်နဲ့နည်းကို သုံးပါတယ်။ တကယ်လို့ ခြေချင်းဝတ်က သွေးပေါင်ချိန်ဟာ လက်မောင်းက သွေးပေါင်ချိန်ထက်နာ်းနေပြီဆိုရင် PAD ဖြစ်နေပြီလို့ သတ်မှတ်ပါတယ်။ အသက် ၅၀အောက် ဆီးချိုရှိသူများမျာ ဖြစ်နိုင်ခြေတွေရှိရင် ဒီနည်းနဲ့ စမ်းသပ်တာ အကျိုးရှိပါတယ်။
PAD ကို အတည်ပြုနိုင်ဖို့ တခြားနည်းတွေလည်း သုံးနိုင်ပါသေးတယ်။
PAD ရှိတဲ့သူတွေမှာ နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေရှိတာမို့ အထူးဂရုစိုက် ကုသဖို့ လိုပါတယ်။ အောက်ပါအချက်တွေကို ကျင့်သုံးနိုင်ပါတယ်။
လေ့လာချက်တွေအရ လမ်းလျှောက်ခြင်းကဲ့သို့ လေ့ကျင့်ခန်းတွေဟာ PAD ရောဂါကို ကာကွယ်ကုသနိုင်ပါတယ်။ ဆေးဝါးများနဲ့လည်း ဝေဒနာတေါကို သက်သာအောင် လုပ်ပေးနိုင်ပါတယ်။
တခါတရံ ခွဲစိတ်ကုသနည်းကို သုံးပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Htet Htet Zaw Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။