ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်တဲ့ အချက် ၇ ချက် (၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါဆိုတာ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါပါ။ ဆီးချိုရောဂါရှိတာခြင်း တူရင်တောင် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ ၄ဆပိုများပြီး အမျိုးသားတွေက ၂ဆပိုများပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်း အမျိုးသမီးတွေမှာ ရလဒ်မကောင်းတတ်ပါဘူး။ ဒါ့ပြင် ဆီးချိုရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ စိတ်ကျရောဂါတွေလည်း ပိုဖြစ်တတ်ပါတယ်။ (၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေက ဘဝမှာ တစ်ကြိမ်လောက်တော့ မိန်းမကိုယ်ပိုးဝင်တတ်ကြပါတယ်။ ဒါပေမဲ့ […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

ဆီးချီုရောဂါနောက်ဆက်တွဲများ -အင်ဆူလင်၏ ဘေးထွက်ဆိုးကျိုးများ

ဆီးချီုရောဂါနောက်ဆက်တွဲများ အင်ဆူလင်၏ ဘေးထွက်ဆိုးကျိုးများ သင့်ရဲ့ဆီးချိုရောဂါကိုထိန်းနိုင်ဖို့ အင်ဆူလင်သုံးနေရချိန်မှာအင်ဆူလင်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုစိတ်ပူစရာမလိုဘူးလို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ သဘာဝပစ္စည်းတစ်ခုဖြစ်တာမို့ ဆေးဝါးလို့တောင် သတိရဖို့ခက်ပါတယ်။ ဒါပေမယ့် အင်ဆူလင်ကြောင့် ဓါတ်မတည့်မှုနဲ့ တခြားဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါသေးတယ်။ လူအများစုဟာအင်ဆူလင်ကိုသုံးစွဲချိန်မှာဒီဆိုးကျိုးတွေ မကြုံတွေ့ရဘူးဆိုပေမယ့် ဖြစ်နိုင်ခြေပြသနာများကိုတော့လိုလိုမယ်မယ် သတိထားသင့်ပါတယ်။   အင်ဆူလင်ဓါတ်မတည့်ခြင်း လူနာအနည်းစုဟာအင်ဆူလင်ဓါတ်မတည့်ခြင်း ကြုံရပါတယ်။ အင်ဆူလင်ထိုးချိန်မှာ ဆေးထိုးလိုက်တဲ့နေရာဝန်းကျင်မှာ ရောင်ပြီးနီလာတာဖြစ်ရင် ဆေးကုသမှု ချက်ချင်းခံယူပါ။ ဆိုးဆိုးရွားရွား ပြသနာရှိလာရင် ဆရာဝန်ဆီကို အရေးပေါ်ဆေးခန်းကိုဒါမှမဟုတ် ဆေးရုံအရေးပေါ်ဌာနကိုတိုက်ရိုက်သွားပါ။ ဆေးကုသနေစဉ် အင်ပျဉ်တွေထပြိးယားလာတာဖြစ်ရင် သူတို့ကုသပေးနိုင်ပါတယ်။ မျက်နှာနဲ့ နှုတ်ခမ်းတွေ ရောင်လာရင် သူတို့ အကူအညီယူနိုင်ပါတယ်။ အသက်အန္တရယ်စိုးရိမ်ရတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်လာရင် ဥပမာ လျှာရောင်လာပြီးရင်ကျပ်လာရင်၊ အသက်ရှူရခက် မူးဝေလာပြီး သတိလစ်သွားရင် တစ်စုံတစ်ယောက်ကချက်ချင်းအကူအညီပေးနိုင်တဲ့ နေရာဖြစ်ဖို့ လိုပါတယ်။   သွေးတွင်းဂလူးကို့စ်နည်းခြင်း သွေးတွင်းဂလူးကို့စ်နည်းခြင်းဟာ အဖြစ်အများဆုံး အဆိုးရွားဆုံးသော အင်ဆူလင်ရဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်ပြီးအမျိုးအစား (၁) ဆီးချိုရောဂါသည်ရဲ့ ၁၆ ရာခိုင်နှုန်း၊ အမျိုးအစား (၂) […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာများ- အမြင်အာရုံဝေဝါးခြင်း

ဆီးချို ဆိုတာဘာလဲ ဆီးချို ဆိုတာ သင့်ခန္ဓာကိုယ်မှာ အင်ဆူလင်ဓာတ် မထုတ်နိုင်တော့ခြင်း၊ အင်ဆူလင်အထွက်နည်းခြင်း ဒါမှမဟုတ် အင်ဆူလင်ကို ထိရောက်စွာ အသုံးမပြုနိုင်တော့တဲ့အခါ ဖြစ်ပေါ်လာတဲ့ ရှုပ်ထွေးတဲ့ ဇီဝဖြစ်ပျက်မှုရောဂါတစ်ခုကို ဆိုလိုပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်က ဆဲလ်တိုင်းဟာ သကြား (ဂလူးကို့စ်) ကို စွမ်းအင်အတွက် လိုအပ်ပါတယ်။ အင်ဆူလင်ဟာ သကြားဓာတ်ကို ဖြိုခွဲဖို့နဲ့ ဆဲလ်တွေဆီကို ပို့ဆောင်ပေးဖို့ လုပ်ဆောင်ပါတယ်။ သင့်မှာ အင်ဆူလင်အလုံအလောက်မရှိရင် သွေးတွင်းသကြားဓာတ်တွေ များလာပါတယ်။ အဲ့ဒီအခြေအနေကို hyperglycemia လို့ ခေါ်ပါတယ်။ Hyperglycemia ဟာ မျက်လုံးအပါအဝင် သင့်ကိုယ်ခန္ဓာ အစိတ်အပိုင်းအားလုံးအတွက် အဖျက်သဘောဆောင်ပြီး ဆိုးကျိုးသက်ရောက်ပါတယ်။ အမြင်ဝေဝါးခြင်းဟာ ဆီးချိုရောဂါရဲ့ ရှေးဦးသတိပေးချက် သင်္ကေတတစ်ခုပဲ ဖြစ်ပါတယ်။ သင့်မျက်လုံး ကြည့်ရတာ ဝါးလာခြင်းဟာ မျက်လုံးအိမ်ထဲက မှန်ဘီလူးထဲကို အရည်တွေ စိမ့်ဝင်လာလို့ပဲ ဖြစ်ပါတယ်။ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုကြောင့်ဖြစ်သောမျက်စိနောက်ဆက်တွဲပြဿနာများ-မျက်စိအတွင်းတိမ်

ဆီးချိုကြောင့်ဖြစ်သောမျက်စိနောက်ဆက်တွဲပြဿနာများ မျက်စိအတွင်းတိမ် (Cataract) အတွင်းတိမ်(Cataract)ဟာဆီးချိုကြောင့်ဖြစ်တဲ့ အမြင်အာရုံနဲ့သက်ဆိုင်တဲ့ နောက်ဆက်တွဲပြသနာတခုဖြစ်ပြီးအမြက်အာရုံကိုမကြည်မလင် ေဝဝါးခြင်း ဖြစ်စေပါတယ်။ နှစ်စဉ်ပြုရမယ့်ဆီးချိုအတွက် စစ်ဆေးမှုတွေမှာပုံမှန်မျက်စိစစ်ဆေးခြင်းလည်း ပါဝင်ပြီး မျက်လုံးတိမ်ရှိမရှိစောလျင်စွာသိရှိခြင်းဟာသင့်ရဲ့ကျန်းမာရေးစောင့်ရှောက်တဲ့အဖွဲ့အတွက် အထောက်အကူပြုပါတယ်။ အတွင်းတိမ်ဆိုတာဘာလဲ အတွင်းတိမ်ဆိုတာ မျက်လုံးရဲ့ မှန်ဘီလူးမှာတိမ်သဖွယ် အုပ်ဆိုင်းနေခြင်းပဲဖြစ်ပြီးအမြင်အာရုံကို ချို့ယွင်းစေပါတယ်။ ဆီးချိုနဲ့ဆက်စပ်နေတဲ့ မျက်လုံးတိမ်ဟာဂလူးကို့စ်အရည်တမျိုးအဆမတန် မြင့်တက်လာခြင်းကြောင့် မှန်ဘီလူးမှာစုပုံပြီး ဖြစ်ပွားတတ်ပါတယ်။ တိမ်တခုဟာ သင့်အမြင်အာရုံကို နှောက်ယှက်စပြုလာပြီဆိုရင် ခွဲစိတ်မှုခံယူပြီး ပြသနာရှိနေတဲ့ မှန်ဘီလူးနေရာမှာ အခြားမှန်ဘီလူးတခု အစားထိုးဖို့ လိုပါတယ်။ ဘယ်သူတွေ ဒီပြဿနာဖြစ်နိုင်သလဲ ဘယ်သူမဆိုအတွင်းတိမ်ရောဂါဖြစ်နိုင်တယ်ဆိုသော်လည်းသင့်အနေနဲ့ ဆီးချိုရှိနေရင် တခြားဆီးချိုမရှိသူတွေနဲ့ စာရင် မျက်စိပြဿနာကိုငယ်ငယ်ရွယ်ရွယ်မှာတွေ့လာရတတ်ပါတယ်။ ဆီးချိုအပြင် တချို့အရာတွေဟာလည်းအတွင်းတိမ်ရောဂါကို မြန်မြန်ဆန်ဆန်ဖြစ်စေနိုင်ပါတယ်။ အဲဒါတွေကတော့- . ဆေးလိပ်သောက်ခြင်း အရက်သောက်ခြင်း နေရောင်ဖြင့် အချိန်အတော်ကြာထိတွေ့ခြင်း အိုမင်းခြင်းဟာတိမ်ဖြစ်စေတဲ့ အဓိကအကြောင်းဖြစ်ပေမယ့် တိမ်ရှိဖို့အတွက်တော့ စီနီယာမကျသင့်ပါဘူး။ တကယ်တော့ လူအများမှာလေးဆယ်ကျော် ငါးဆယ်အရွယ်တွေမှာအရွယ်ကြောင့်ဖြစ်လာတဲ့တိမ် ဖြစ်ပါားလာတတ်ပါတယ်။ ဒါပေမယ့် သက်လတ်ပိုင်းမှာတိမ်အများစုဟာသေးငယ်ပြီးအမြင်အာရုံကိုမထိခိုက်ပါဘူး။ ခြောက်ဆယ်ကျော်လာရင်တော့ တိမ်ကြောင့် အမြင်ချို့ယွင်းပါပြီ။   မျက်လုံးအတွင်းတိမ်လက္ခဏာတွေဟာဘာတွေလဲ တိမ်အများစုဟာတဖြည်းဖြည်းကြီးထွားလာပြီးအစပိုင်းမှာတော့ အမြင်အာရုံကိုအနှောက်အယှက် […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုကြောင့်ဖြစ်သော မျက်စိ နောက်ဆက်တွဲပြဿနာများ- ဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်း

ဆီးချိုကြောင့်ဖြစ်သောမျက်လုံး၏ နောက်ဆက်တွဲပြဿနာများ ဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်း ဆီးချိုဟာမျက်စိကိုအန္တရာယ်ပေးပါတယ်။ သူဟာမျက်စိရဲ့နောက်ပိုင်းမှာရှိတဲ့ အတွင်းမြင်လွှာ (retina)ကသွေးကြောငယ်လေးတွေကိုထိခိုက်စေပြီးဒီလိုဖြစ်ခြင်းကိုဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်းလို့ ခေါ်ပါတယ်။ ဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်းဆိုတာဘာလဲ ဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်းဆိုတာဆီးချိုရောဂါကြောင့် မျက်စိအတွင်းမြင်လွှာမှာဖြစ်တဲ့ ပြသနာအားလုံးကို ခြုံငုံခေါ်ဆိုတာ ဖြစ်ပါတယ်။ သိပ်ပြီးမမြန်ဆန်ဘူးဆိုရင် မျက်လုံးနောက်ပိုင်းကသွေးကြောငယ်လေးတွဟာ ကြီးလာပြီးအိတ်ကလေးတွေလိုဖောင်းလာပါတယ်။ အဲဒီကနေတဆင့် ရောင်ပြီးသွေးထွက်တာ ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာလျင်မြန်စွာ ကြီးထွားလာတတ်ပါတယ်။ ဒီလိုဖြစ်ခြင်းကြောင့် မျက်စိအတွင်းမြင်လွှာကသွေးကြောတွေပျက်စီးပြီးသွေးကြောသစ်တွေ ဖြစ်ပေါ်လာပါတယ်။ သွေးကြောသစ်တွေဟာအားပျော့ပြီးသွေးထွက်တတ်ပါတယ်။ ဘယ်သူတွေ ဒီပြဿနာဖြစ်နိုင်လဲ ဆီးချိုကြောင့် မျက်စိအမြင်လွှာထိခိုက်ခြင်းဟာအသက် ၂၀ မှ ၇၄ နှစ်အရွယ်အတွင်းဆီးချိုဝေဒနာသည်တွေ မျက်စိကွယ်ရခြင်းရဲ့ အဓိကအကြောင်းရင်းတရပ် ဖြစ်ပါတယ်။ ဒီအခြေအနေဟာဆီးချိုအမျိုးအစား (၁) ရော (၂) မှာပါဖြစ်နိုင်ပါတယ်။ ဆီးချိုဖြစ်တာအချိန်ကြာလာလေလေသွေးတွင်းသကြားဓါတ်ကိုမထိန်းချုပ်နိုင်လေလေ၊ မျက်စိရောဂါဖြစ်လာနိုင်လေလေ ဖြစ်ပါတယ်။ ဆီးချိုရောဂါသည်ရဲ့ ၄၀ မှ ၄၅ ရာခိုင်နှုန်းလောက်မှာအမြင်လွှာပျက်စီးခြင်းဟာအတိုင်းအတာတခုအထိရှိပါတယ်။ ဆီးချိုကြောင့် မျက်စိအမြင်လွှာပျက်စီးခြင်းလက္ခဏာတွေကဘာတွေလဲ ဖြစ်ခါစမှာတော့ လက္ခဏာတွေ မရှိနိုင်ပါဘူး။ အခြေအနေတဖြည်းဖြည်းဆိုးလာရင်တော့ အောက်ပါလက္ခဏာတွေ ပါဝင်လာပါတယ်။ မြင်ကွင်းထဲတွင် […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုကြောင့်ဖြစ်သော မျက်စိနောက်ဆက်တွဲပြဿနာများ - အမြင်လွှာကွာကျခြင်း

ဆီးချိုကြောင့်ဖြစ်သောမျက်စိပြဿနာများ အမြင်လွှာကွာကျခြင်း အမြင်လွှာကွာကျခြင်းဆိုတာအသက်အရွယ်နဲ့ဆိုင်တဲ့ ရှားပါးတဲ့အခြေအနေဖြစ်ပြီးမျက်လုံးအိမ်အနောက်ပိုင်းကဆဲလ်အလွှာတွေ(အမြင်လွှာ)ကိုအောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေပို့ဆောင်ပေးတဲ့ သွေးကြောတွေ နဲ့အမြင်လွှာကို ဝေးကွာအောင်တွန်းထုတ်ခံရလို့ဖြစ်လာတာပါပဲ။ အမြင်လွှာကွာကျခြင်းဟာဆိုးရွားတဲ့ပြသနာဖြစ်ပြီး ဖြစ်ပွားတဲ့မျက်လုံးကို လုံးဝကွယ်သွားစေပါတယ်။ ဘယ်သူတွေမှာဒီပြဿနာဖြစ်နိုင်လဲ အမြင်လွှာကွာထွက်ခြင်းဟာအောက်ပါပုဂ္ဂိုလ်တွေမှာပိုအဖြစ်များပါတယ်။ အသက် ၅၀ မှ ၇၅ နှစ်ကြားအရွယ် ဆီးချိုေကြာင့် အမြင်လွှာပျက်စီးခြင်းဖြစ်သူ အဝေးမှုန်လွန်းသူ သင်ဟာ အဝေးမှုန်ဖြစ်ရင် ပုံမှန်ထက်ပါးလွှာတဲ့ အမြင်လွှာနဲ့ မွေးဖွားလာတာဖြစ်လို့ အမြင်လွှာကွာထွက်နိုင်ခြေအမြင့်ဆုံးရှိတတ်ပါတယ်။ အမြင်လွှာကွာကျခြင်းဆိုတာဘာလဲ အမြင်လွှာဆိုတာမျက်လုံးအနောက်ဖက်မှာရှိတဲ့ တစ်သျှူးအလွှာဖြစ်ပြီးအာရုံကြောဆဲလ်တွေ သန်းပေါင်းများစွာ ပါဝင်ပါတယ်။ အဲဒီဆဲလ်တွေဟာမျက်လုံးဆီရောက်လာတဲ့ အလင်းရောင်ကိုလက်ခံရယူပြီးဦးနှောက်ကိုအချက်ပြချက်တွေ ပို့ပေးပြီးအမြင်အာရုံကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် အမြင်လွှာကိုသွေးမလျှောက်တာကြာရင် ဒီဆဲလ်တွေဟာပျက်စီးသွားပါတယ်။ အမြင်လွှာကွာသွားရင် ပုံမှန်အနေအထားကနေအဆွဲခံရပြီးကြွတက်လာပါတယ်။ အချိန်နဲ့တပြေးညီမကုသရင် မျက်လုံးဟာအမြဲကွယ်သွားနိုင်ပါတယ်။ တချို့ဖြစ်ရပ်တွေမှာအမြင်လွှာနေရာအချို့ဟာစုတ်ပြဲသွားတတ်ပါတယ်။ အဲဒီနေရာတွေကိုအမြင်လွှာစုတ်ပြဲခြင်း၊ အမြင်လွှာပျက်စီးခြင်းလို့ခေါ်ပြီးအမြင်လွှာကွာကျတဲ့အခြေအနေ ဖြစ်ပေါ်စေပါတယ်။ အမြင်လွှာကွာတဲ့လက္ခဏာတွေကဘာတွေလဲ အမြင်လွှာကွာရုံသက်သက်ဟာဘာမှမခံစားရပါဘူး။ ဒါပေမယ့် လက္ခဏာတွေဟာ ဖြစ်မလာခင် ကတည်းက ကြိုပေါ်လာတတ်ပါတယ်။ လက္ခဏာတွေကတော့ - တောက်ပသောအလင်းများ မြင်နေရခြင်း (အထူးသဖြင့် မြင်ကွင်း၏ ဘေးပတ်လည်) အမြင်မကြည်ခြင်း မျက်လုံးတွင်းအစက်အပြောက်များပေါလောမျောနေခြင်း မျက်လုံးတဖက်၏ မြင်ကွင်းတွင် အရိပ်များမြင်ခြင်း၊ ကွယ်ခြင်း များသောအားဖြင့် လက္ခဏာတွေဟာထင်ထင်ရှားရှား […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုနောက်ဆက်တွဲ မျက်စိပြသနာများ-အမြင်အာရုံချို့ယွင်းခြင်း

ဆီးချိုကြောင့်ဖြစ်သော မျက်စိပြသနာများ အမြင်အာရုံချို့ယွင်းခြင်း ဆီးချိုရောဂါဟာ အမြင်အာရုံချို့ယွင်းစေတဲ့ အခြေအနေတွေ အထူးသဖြင့် အမြင်လွှာပျက်စီးခြင်းနဲ့ နီးစပ်စွာ ဆက်စပ်မှု ရှိပါတယ်။ သတင်းကောင်းကတော့ ၄င်းမျက်စိပြဿနာများကို သိရှိခြင်းနဲ့ ကုသခြင်းနေရာတွေမှာ တိုးတက်နေပါတယ်။ အမြင်အာရုံချို့ယွင်းခြင်းဆိုတာ ဘာလဲ အမြင်အာရုံချို့ယွင်းခြင်းဆိုတာ မျက်မှန်တပ်ခြင်း၊ မျက်ကပ်မှန်တပ်ခြင်းများနဲ့ အပြည့်အ၀ ပြန်မကောင်းလာနိုင်တဲ့ အမြင်ချို့ယွင်းမှုပဲ ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှာ လူပေါင်း ၂၈၅ သန်းဟာ အမြင်အာရုံချို့ယွင်းတယ်လို့ ခန့်မှန်းထားပြီး ဒီအထဲမှာမှ ၃၉ သန်းဟာ လုံးဝကွယ်နေပြီး ၂၄၆ သန်းဟာ အမြင်အာရုံ အားနည်းပါတယ်။ ဘယ်သူတွေ ဒီပြသနာရှိနိုင်လဲ အမြင်အာရုံချို့ယွင်းသူတွေရဲ့ ၆၅ ရာခိုင်နှုန်းခန့်ဟာ အသက် ၅၀နဲ့ အထက်မှာဖြစ်ပြီး ဒီအသက်အရွယ်တွေဟာ ကမ္ဘာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းခန့် ရှိပါတယ်။ နိုင်ငံပေါင်းများစွာမှာ အသက်အရွယ်ကြီးသူတွေ များလာတာနဲ့အမျှ နာတာရှည်မျက်စိရောဂါနဲ့ အိုမင်းခြင်းကြောင့်ဖြစ်ရတဲ့ အမြင်အာရုံချို့ယွင်းခြင်းတွေ အဖြစ်များလာကြပါတယ်။ ဆီးချိုဖြစ်သူတွေရဲ့ အမြင်အာရုံဆုံးရှုံးမှုဖြစ်နိုင်ခြေဟာ ဆီးချိုမရှိသူတွေထက် ၂၅ […]


အမျိုးအစား (၂) ဆီးချို

စာသင်ကျောင်းများအတွက် ဆီးချိုရောဂါပညာပေး။ ကျောင်းသူနာပြုများ၏ တာဝန်ဝတ္တရားများအကြောင်း။

စာသင်ကျောင်းများအတွက် ဆီးချိုရောဂါပညာပေး။ ကျောင်းသူနာပြုများ၏ တာဝန်ဝတ္တရားများအကြောင်း။ ဒီနေရာမှာသင်တို့လူအရေအတွက်နည်းတာ၊ သင်တို့အချိန်တွေမှာဖိအားတွေရှိနေတာ ကျွန်ုပ်တို့ သိပါတယ်။ ကျောင်းအများကြီးကရောဂါရှိတဲ့ ကလေးတိုင်းကို ဖြန့်ကျက်ပြီးဂရုစိုက် စောင့်ရှောက်ပေးနိုင်ဖို့ မဖြစ်နိုင်မှန်းလည်းသိပါတယ်။ ဒါပေမယ့် ကလေးဆီးချိုကျွမ်းကျင်သူနာပြု ထားခြင်းအားဖြင့် ကျောင်းတွေဟာဆီးချိုရှိတဲ့ကလေးတွေအတွက် မှန်ကန်တဲ့ အထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။   လေ့ကျင့်ခြင်း ရောဂါရှိနေတဲ့ကျောင်းသားတွေကိုစောင့်ရှောက်ရမယ့် ကျောင်းသူနာပြုတစ်ယောက်ရဲ့ အဓိကတာဝန်တစ်ခုကတော့ လုံလောက်တဲ့ဝန်ထမ်းအရေအတွက်ကို လေ့ကျင့်ပေးနိုင်ရဲ့လား၊ ကလေးဟာကောင်းမွန်စွာဂရုစိုက်ခံရရဲ့လားအတည်ပြုပေးဖို့ပါပဲ။ ဆီးချိုရောဂါသည်ကလေးတစ်ယောက်ရှိတဲ့ ကျောင်းတစ်ကျောင်းမှာလေ့ကျင့်ပေးထားတဲ့ဝန်ထမ်း အနည်းဆုံး ၂ယောက်ရှိသင့်ပါတယ်။ ဆီးချိုရောဂါသည်ကလေးတိုင်းမှာကလေးဆီးချိုအထူးပြုသူနာပြုကိုယ်စီရှိသင့်ပါတယ်။ သူနာပြုဟာဘယ်ကလေးဟာအကူအညီလိုသလဲဆိုတာသိထားရပြီးသူတို့ တစ်ယောက်ချင်းစီအတွက် ကျန်းမာရေးစောင့်ရှောက်မှုစီမံချက်ကိုစုစည်းထားဖို့၊ နေရာတကျ လေ့ကျင့်ပေးဖို့၊ ကျွမ်းကျင်တတ်မြောက်သွားတဲ့ ဝန်ထမ်းတွေကို သင်တန်းဆင်းပေးဖို့ တာဝန်ရှိပါတယ်။ တကယ်လို့ ဝန်ဆောင်မှုမပေးနိုင်ရင် ကလေးကျန်းမာရေးစောင့်ရှောက်ပေးတဲ့အဖွဲ့နဲ့ ချိတ်ဆက်ထားဖို့ ကျောင်းမှာ ကျွမ်းကျင်သူရှိမရှိ၊ သင်တန်းပေးဖို့ နေရာရှိမရှိ ကြည့်ရှုထားဖို့ လိုပါတယ်။ ကျောင်းတွေအနေနဲ့ ကျောင်းဝန်ထမ်းတွေအားလုံးဟာ ကလေးရဲ့ဆီးချိုရောဂါကိုသိရှိထားဖို့၊ တကိုယ်ရေကျန်းမာရေးစီမံချက်ကိုနားလည်ထားဖို့ အတည်ပြုပေးသင့်ပါတယ်။ သင့်အနေနဲ့ တခြားဝန်ထမ်းတွေကို ဆီးချိုအကြောင်းသိသင့်သိထိုက်တာတွေ လေ့ကျင့်စီစဉ်ပေးနိုင်ဖို့ တောင်းခံလာနိုင်ပါတယ်။ […]


အမျိုးအစား (၂) ဆီးချို

အားကစား လေ့ကျင့်ခန်းများနှင့် ဆီးချိုသွေးချိုရောဂါ

လေ့ကျင့်ခန်းနဲ့ကိုယ်လက်လှုပ်ရှားမှုတွေက လူတိုင်းအတွက် ကောင်းပါတယ်။ အထူးသဖြင့် အဝလွန်သူတွေနဲ့ ဆီးချိုရှိသူတွေအတွက် ကောင်းပါတယ်။ လေ့ကျင့်ခန်းတွေကသင့်ရဲ့သွေးတွင်းကလူးကိုစ့်ကိုထိန်းပေးရုံသာမကနှလုံး၊ကြွက်သား၊ကိုယ်အလေးချိန်စတာတွေကိုပါ အကောင်းဘက်ရောက်စေပါတယ်။ သင့်လေ့ကျင့်ခန်း စလုပ်တော့မယ်ဆိုတည်းက သင်သွေးတွင်းကလူးကိုစ့် ကျပါတော့မယ်။ လေ့ကျင့်ခန်းမလုပ်ခင်၊ လုပ်နေစဉ်၊ လုပ်ပြီးမှတ်သားထားစရာလေးတွေ ရှိပါတယ်။ လေ့ကျင့်ခန်းစ မလုပ်ခင်ရေးမှတ်ပါ သင့်ဆရာဝန်နဲ့သင့်အတွက် ဘယ်လေ့ကျင့်ခန်းက သင့်တော်လဲ ဆွေးနွေးပါ။ သင့်ရဲ့ကာဗိုဟိုက်ဒရိတ်စားသုံးမှု၊ ဆေးပမာဏ နဲ့ သွေးတွင်းက လူးကိုစ့် ကို အသေးစိတ်မှတ်ထားပါ။ ဒါမှသာ သင့်ကျန်းမာရေး တိုးတက်လာမှာပါ။ သင့်သွေးတွင်းကလူးကိုစ့်ကိုတိုင်းပါ လေ့ကျင့်ခန်းမလုပ်ခင် သွေးတွင်းကလူးကိုစ့် ကို အရင်တိုင်းသင့်ပါတယ်။ ဒါကသင်လေ့ကျင့်ခန်း လုပ်နိုင်မလား၊ လေ့ကျင့်ခန်းက သင့်သွေးတွင်း ကလူးကိုစ့်ကိုကျစေနိုင်မလား သိနိုင်ဖို့အတွက်ပါ။ တကယ်လို့သင့်မှာ ဆီးချိုအမျိုးအစား (၁) ရှိနေတဲ့အခါသွေးနဲ့ဆီးထဲမှာ ကီတုန်းတွေများနေတဲ့အတွက် လေ့ကျင့်ခန်းလုပ်ဖို့ စိတ်မချရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအခြေအနေက သင့်ရဲ့ခန္ဓါကိုယ်ကို ဘေးဖြစ်စေတဲ့အပြင် တစ်ခါတစ်လေ အသက်ဘေးစိုးရိမ်ရတဲ့ diabetic ketoacidosis […]


အမျိုးအစား (၂) ဆီးချို

အင်ဆူလင် သိုလှောင်နည်းများ

အင်ဆူလင်ကိုသိုလှောင်ဖို့ နည်းလမ်းများ အသုံးပြုလက်စအင်ဆူလင် တွေကိုအခန်းအပူချိန်မှာထားခြင်းကသူကိုအသုံးပြုတဲ့အခါပိုအဆင်ပြေပါတယ်။ လက်ရှိမသုံးနေတဲ့အင်ဆူလင် တွေကိုတော့ ရေခဲသေတ္တာထဲမှာသိမ်းတာအကောင်းဆုံးပါ။ သတိထားရမှာက အခဲခန်းထဲမထည့်ဖို့၊ ရေခဲခန်းအနားမထားဖို့ပဲဖြစ်ပါတယ်။ တချို့အင်ဆူလင် တွေကမတူညီတဲ့သိုလှောင်နည်းတွေလိုပါတယ်။ ဒါကြောင့်အသုံးမပြုခင်သင့်ရဲ့လူနာစာရွက်ထဲကအချက်အလက်တွေကိုအရင်သေချာဖတ်ပါ။   အိမ်မှာ အင်ဆူလင် ကိုသိုလှောင်ဖို့ နည်းလမ်းများ အင်ဆူလင် တွေကိုအပူနဲ့အလင်းရောင်ဝေးရာမှာထားပါ။ ရေခဲသေတ္တာထဲမှာ မထည့်ထားတဲ့ အင်ဆူလင် တွေကိုတတ်နိုင်ငမျှ အေးအောင်ထားပေးပါ။ အင်ဆူလင် တွေကိုဘယ်တော့မှမခဲသွားစေပါနဲ့။ တကယ်လို့ခဲသွားရင်မသုံးဘဲလွှင့်ပစ်လိုက်ပါ။ အရည်ပြန်ပျော်သွားချိန်မှာ လည်း ပြန်မသုံးပါနဲ့။ အသုံးမပြုရသေးတဲ့ အင်ဆူလင် ပုလင်းတွေ၊ အင်ဆူလင် ဆေးထိုးအပ်တွေကို ရေခဲသေတ္တာထဲသိမ်းထားပါ။ သူတို့ကိုသေချာသိုလှောင်ထားရင်အာမခံထားတဲ့ရက်အထိကြာကြာခံမှာပါ။ သင်လက်ရှိသုံးနေတဲ့ အင်ဆူလင် ဆေးထိုးအပ်တွေကိုအခန်း အပူချိန်မှာပဲထားပါ။ အင်ဆူလင် ဆေးထိုးအပ်အပိုနဲ့တခြားဆက်စပ်တာတွေကိုသူ့သက်ဆိုင်ရာထည့်စရာတွေနဲ့ ရေခဲသေတ္တာထဲမှာပဲထည့်ထားပါ။ ဒါမှသာကုန်ဆုံးမယ့်ရက်ကိုသိနိုင်မှာပါ။ ကုန်ဆုံးမယ့်ရက်ကိုကြည့်ပါ။ ရက်လွန်နေရင်မသုံးပါနဲ့။ အင်ဆူလင် တွေကိုအရမ်း မပူသွားစေပါနဲ့။ ပူတတ်တဲ့အရာတွေနားမထားပါနဲ့။ နေရောင်တိုက်ရိုက်မပေးထိပါနဲ့။ တီဗွီ တို့ ကွန်ပျူတာတို့လို လျှပ်စစ်ကိရိယာတွေ ပေါ်မှာမတင်ပါနဲ့။ […]


အမျိုးအစား (၂) ဆီးချို

အင်ဆူလင်စက် အသုံးပြုပုံနည်းလမ်းများ

အင်ဆူလင်စက် အသုံးပြုပုံနည်းလမ်းများ အင်ဆူလင်စက် ဆိုတာဘာလဲ။ အင်ဆူလင်ကို တစ်ခါသုံးဆေးထိုးအပ်နဲ့ထိုးပြီး အင်ဆူလင်အလုပ်လုပ်ပုံအတိုင်း သင့်နေထိုင်မှုပုံစံကို လိုက်ဖက်ညီအောင်လိုက်နေခြင်းထက် အင်ဆူလင်စက်ကိုအသုံးပြုပြီး သင့်နေထိုင်မှုပုံစံနဲ့ လိုက်ဖက်ညီအောင် အင်ဆူလင်ကိုပြုလုပ်စေခြင်းက ပိုကောင်းပါတယ်။ အင်ဆူလင်စက်ဆိုတာ ဖုန်းအရွယ်လောက်ပဲရှိတဲ့ လျှပ်စစ်ကိရိယာတစ်မျိုးဖြစ်ပါတယ်။ ဒီအင်ဆူလင်စက်ကို ခါးပတ်မှာပဲဖြစ်ဖြစ်အိတ်ထဲမှာပဲဖြစ်ဖြစ် အလွယ်တကူ သယ်ဆောင်သွားလို့ရပါတယ်။ အင်ဆူလင်စက်က သင့်ဗိုက်အရေပြားအောက်ထဲကို ပျော့ပြောင်းတဲ့ပြွန်လေးထည့်ထားပြီး အဲဒီပြွန်ကနေမှတစ်ဆင့် အင်ဆူလင်တွေကို လိုအပ်သလောက် ဆက်တိုက်ထုတ်ပေးပါတယ်။ အင်ဆူလင်စက်က ပုံမှန်မုန့်ချိုအိတ်လိုပဲ အင်ဆူလင်တွေကို တဖြည်းဖြည်းထုတ်ပေးပါတယ်။ အင်ဆူလင်စက်နဲ့ဆိုရင်သင်အင်ဆူလင်သွင်းတဲ့အခါတိုင်း ပမာဏကို တိုင်းတာဖို့မလိုပါဘူး။ အင်ဆူလင်စက်က အင်ဆူလင်ကို အောက်ပါနည်း များနဲ့သွင်းပေးပါတယ်။ အခြေခံအင်ဆူလင်ပမာဏ (basal insulin)လို့ခေါ်တဲ့ တောက်လျှောက်မှန်မှန်တိုင်းတာပြီး ဆက်တိုက်သွင်းနေတဲ့ နည်း ထပ်လောင်းအင်ဆူလင်ပမာဏ (bolus insulin) လို့ခေါ်တဲ့အစာစားချိန်တစ်ဝိုက်သွင်းတဲ့နည်း ပြုပြင်ခြင်း နဲ့အထောက်အကူပြုပမာဏများ   အင်ဆူလင်စက်ကဘယ်လို အလုပ်လုပ်သလဲ။ အခြေခံအင်ဆူလင်ပမာဏ ကသင်ကိုယ်ထဲကို၂၄နာရီလုံးသွင်းပေးနေပြီးအစားစားချိန်နဲ့ညအိပ်ချိန်ကြားကသင့်သွေးတွင်းသကြားပမာဏကို ပုံမှန်ရှိအောင် ထိန်းထားပေးပါတယ်။ မကြာခဏဆိုသလိုပဲသင့်ကိုယ်ထဲကိုသွင်းတဲ့အင်ဆူလင်ပမာဏက နေ့နဲ့ညမတူညီတဲ့အချိန်တွေမှာကွဲပြားပါတယ်။ သင်အစာစားတဲ့အခါစက်ကတစ်ဆင့် ထပ်လောင်းပမာဏလို့ခေါ်တဲ့ အင်ဆူလင်ကို ပမာဏပိုများများသွင်းနိုင်ပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း