backup og meta

ဆီးချိုဖြစ်စေသော အကြောင်းအရင်းများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုဖြစ်စေသော အကြောင်းအရင်းများ

    နိုင်ငံတကာဆီးချိုအဖွဲ့ကြီးရဲ့ပြောဆိုချက်အရ၂၀၁၄ခုနှစ်မှာဆီးချိုဖြစ်လာသူက၃.၃သန်းကိုကျော်လာပါပြီ။၉၀ကနေ၉၅ရာခိုင်နှုန်းကဆီးချိုအမျိုးအစား (၂)ဖြစ်သူတွေဖြစ်ကြပါတယ်။ အရင်တုန်းကဆီးချိုအမျိုးအစား (၂)ကအရွယ်ရောက်ပြီးသူတွေမှာသာဖြစ်ပေမယ့်အခုနောက်ပိုင်းမှာ လူနေမှုပုံစံတွေပြောင်းပြီး လူငယ်တွေမှာပါဖြစ်လာပါတယ်။

    ဆီးချိုအမျိုးအစား (၂)ကကာကွယ်လို့ရပါတယ်။ ဒါကြောင့်သငိဘယ်အသက်အရွယ်မဆိုကြိုတင်ကာကွယ်ထားဖို့လိုပါတယ်။

    ပျှမ်းမျှဘယ်အသက်အရွယ်တွေမှာဖြစ်လဲ ?

    အလယ်အလတ်ပိုင်းတွေနဲ့အသက်ကြီးပိုင်းတွေမှာဆီးချိုအမျိုးအစား (၂) အဖြစ်များပါတယ်။

    ၂၀၁၄ခုနှစ်မှာအသက်၄၅ကနေ၆၄အထိလူတွေကဆီးချိုအဖြစ်ဆုံးဖြစ်ကြပါတယ်။ သူတို့ကဆီးချိုဖြစ်နှုန်းလည်းပိုမြန်ကြပါတယ်။

    ကလေးငယ်များတွင်ပါဖြစ်ပွားလာခြင်း

    ဆီးချိုtype 2ကအရင်အချိန်တွေမှာအရွယ်ရောက်ပြီးသူတွေမှာသာဖြစ်ပေမယ့်အခုအချိန်မှာကလေးတွေဆီမှာပါအဖြစ်များလာပါပြီ။ ကလေးငယ်အနည်းငယ်သာအမျိုးအစား (၁) ဆီးချိုနဲ့မွေးဖွားလာခဲ့ပေမယ့် အမျိုးအစား (၂)ကတော့ နေထိုင်စားသောက်ပုံစံတွေမှားယွင်းတာကြောင့်ပါ။

    ၂၀၁၂ခုနှစ်မှာအသက်၂၀ အောက်တွေအနာဂတ်မှာဆီးချိုဖြစ်လာနိုင်ခြေကိုခန့်မှန်းခဲ့ကြပါတယ်။ လေ့လာချက်တွေအရလက်ရှိနှုန်းနဲ့ဆိုရင်၂၀၅၀ခုနှစ်မှာအသက်၂၀ အောက်ဆီးချိုဖြစ်သူတွေက၄၉ရာခိုင်နှုန်းထိမြင့်လာနိုင်တယ်လို့ဆိုပါတယ်။ တကယ်လို့ ဆီးချိုဖြစ်နှုန်းမြင့်တက်လာခဲ့မယ်ဆိုရင် ငယ်ရွယ်စဉ်မှာအမျိုးအစား (၂) ဆီးချိုဖြစ်နှုန်းကလေးဆထိမြင့်တက်လာမှာပါ။

    အရွယ်ရောက်သူတွေကိုဆီးချိုဖြစ်စေနိုင်သည့်အရာများ

    ဆီးချို Type2 ကနေထိုင်မှုပုံစံမမှန်ကန်ခြင်းနဲ့တခြားကျန်းမာရေးပြသနာတွေကြောင့်ဖြစ်တတ်ပါတယ်။ ဆီးချိုဖြစ်စေနိင်တဲ့အကြောင်းအရင်းတွေတိတိကျကျရှိပေမယ့်မကျန်းမာတဲ့နေထိုင်မှုပုံစံကတော့ရောဂါတော်တော်များများကိုအားပေးပါတယ်။

    သင့်ရဲ့ဆီးချိုအမျိုးအစား (၂) ကိုဖြစ်နှုန်းကို ပိုမြင့်တက်လာနိုင်တာတွေကတော့

    • အဝလွန်ခြင်း
    • လှုပ်ရှားမှုနည်းခြင်း
    • နှလုံးသွေးကြောရောဂါ
    • မိသားစုဝင်တစ်ဦးဦးမှာဆီးချိုရှိခြင်း
    • ကိုယ်ဝန်ဆီးချိုဖြစ်ဖူးခြင်း
    • ကိုလက်စထရောများခြင်း
    • Polycystic ovarian syndrome ရှိခြင်း

    Prediabetes(ဆီးချိုအစပျိုးခြင်း) ကလည်းဆီးချိုဖြစ်စေတဲ့အကြောင်းအရင်းနောက်တစ်ခုပါ။ သွေးတွင်းသကြားဓါတ်မြင့်တက်နေတဲ့အခါ ဆီးချိုအစပျိုးခြင်းလို့ခေါ်ပါတယ်။ ဒါပေမယ့်ဒီအခြေအနေမှာ သွေးထဲကသကြားဓါတ်တွေကဆီးချိုအမျိုးအစား (၂)လို့နာမည်တပ်ရလောက်အောင်မမြင့်သေးပါဘူး။

    ဆီးချိုအစပျိုးတယ်ဆိုတာက ဆီးချိုအမျိုးအစား (၂) ကြိမ်းသေဖြစ်လာလိမ့်မယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် သွေးတွင်းအချိုဓါတ်မြင်နေရင် ဆီးချိုအမျိုးအစား (၂) ဖြစ်နိုင်ခြေရှိပါတယ်။ အဲဒါကြောင့်မို့ ကြိုတင်ကာကွယ်မှုတွေပြုလုပ်ဖို့ အရေးကြီးတာဖြစ်ပါတယ်။

    လူမျိုးကလည်းဆီးချိုဖြစ်နိုင်တဲ့အကြောင်းအရင်းထဲပါပါတယ်။

    • လက်တင်လူမျိုး
    • အာဖရိကန်အမေရိကန်
    • အာရှအမေရိကန်
    • အမေရိကန်အင်ဒီးယန်း
    • ပစိဖိတ်ကျွန်းစုလူမျိုး တွေဖြစ်နေရင်ဆီးချို အမျိုးအစား (၂) ဖြစ်နိုင်ခြေများပါတယ်။

    ဆီးချိုဖြစ်မယ့်အချိန်ကို နှေးကွေးအောင်လုပ်လို့လည်းရပါတယ်

    ဆီးချိုဖြစ်စေနိုင်တဲ့အရာတွေများနေပေမယ့်လည်းဆီးချိုကိုအဖြစ်နှေးအောင်တော့လုပ်လို့ရပါတယ်။

  • လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း
  • ကယလိုရီနဲ့အဆီပါဝင်မှုနည်းတဲ့အစားအစာတွေကိုစားသုံးခြင်း
  • အသင့်စားအစာတွေကိုစားသုံးမှု
  • လျှော့ချခြင်း

    ဆီးချိုကာကွယ်ရေးပရိုဂရမ်တစ်ခုကကိုယ်အလေးချိန်လျှော့ချခြင်းကဆီးချိုအမျိုးအစား (၂) အပေါ်ဘယ်လိုသက်ရောက်လဲလေ့လာနေပါတယ်။ လေ့လာတွေ့ရှိချက်အရကိုယ်အလေးချိန်ရဲ့၅ကနေရရာခိုင်နှန်းကျသွားတာနဲ့ဆီးချို အမျိုးအစား (၂) ဖြစ်ပွားနှုန်းကို နှေးသွားစေတာတွေ့ရပါတယ်။

    ဆီးချိုဖြစ်နိုင်ချေရှိတဲ့သူတွေကလည်းဆီးချိုမဖြစ်အောင် ဆေးသောက်ကြပါတယ်။ သင့်ဆရာဝန်နဲ့အကောင်းဆုံးရွေးချယ်မှုတွေကို ဆွေးနွေးတာအသင့်တော်ဆုံးပါ။ သင့်အနေနဲ့ဆီးချိုကိုလုံးဝမတားဆီးနိုင်ခဲ့ရင်တောင်ဆီးချိုကြောင့်ဖြစ်တဲ့ကျန်းမာရေးဆိုးကျိုးတွေကိုကာကွယ်ပေးတဲ့အပြင်သင့်ကျန်းမာရေးကိုပိုကောင်းလာစေပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement