ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်တဲ့ အချက် ၇ ချက် (၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါဆိုတာ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါပါ။ ဆီးချိုရောဂါရှိတာခြင်း တူရင်တောင် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ ၄ဆပိုများပြီး အမျိုးသားတွေက ၂ဆပိုများပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်း အမျိုးသမီးတွေမှာ ရလဒ်မကောင်းတတ်ပါဘူး။ ဒါ့ပြင် ဆီးချိုရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ စိတ်ကျရောဂါတွေလည်း ပိုဖြစ်တတ်ပါတယ်။ (၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေက ဘဝမှာ တစ်ကြိမ်လောက်တော့ မိန်းမကိုယ်ပိုးဝင်တတ်ကြပါတယ်။ ဒါပေမဲ့ […]

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါကို ပိုဆိုးစေသော အလေ့အထဆိုးများ

ဆီးချိုရောဂါကို ပိုဆိုးစေသော အလေ့အထဆိုးများ ရှိပါတယ်။ ဆီးချိုရောဂါသည် မျိုးရိုးဗီဇကြောင့်သာ မဟုတ်ဘဲ နေထိုင်မှုပုံစံ၊ နှင့် ပတ်ဝန်းကျင်အခြေအနေများ ကြောင့်လည်း ဖြစ်နိုင်ပါသည်။ သင်သည်ကျန်းမာရေးကောင်းလိုလျှင် ကောင်းမွန်သော အလေ့အထများကို ပြုလုပ်ပြီး ကျန်းမာရေးကောင်းစေရန် အားထုတ်ရန် လိုအပ်ပါသည်။ အောက်ပါတို့သည် ဆီးချိုရောဂါကို ပိုဆိုးစေသော အလေ့အထများ၊ အကျင့်များ ဖြစ်ပါသည်။ ဆီးချိုရောဂါကို ပိုဆိုးစေသော အလေ့အထဆိုးများ ဆီးချိုရောဂါကို ပိုဆိုးစေသော အလေ့အထဆိုးများ ကတော့ သကြား ပါသော အချိုရည်များကို များစွာ သောက်ခြင်း အချိုရည်များကို အထိန်းအကွပ် မရှိဘဲ သောက်ခြင်းသည် ဆီးချိုရောဂါကို ဖြစ်စေပါသည်။ လူအများစုသည် ဖျော်ရည်များသည် ကျန်းမာရေး အတွက် ကောင်းစေသည်ဟု အထင်မှား နေကြသည်။ လက်တွေ့တွင်မူ အချိုရည်ထဲတွင် သကြားဓါတ် များစွာ ပါဝင်ပါသည်။ ရေငတ်လျှင် ရေသောက်ခြင်း၊ သကြား […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသွေးချိုရှိသော သင့်မိဘ အပြေးလေ့ကျင့်နိုင်ရန် ဘယ်လိုကူညီကြမလဲ

ဆီးချိုသွေးချိုရောဂါသည် တစ်ခါတရံတွင် နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်ပါသည်။ အပြေးကစားခြင်းသည် သွေးတွင်းသကြားဓါတ်နည်းခြင်းကို ဖြစ်စေနိုင်သည်။ ဆီးချိုသွေးချိုရှိသောသင့်မိဘသည် အပြေးအားကစားကို စတင်ချင်သည်ဆိုလျှင် အောက်ပါအချက်များကို ကြည့်၍ သင်သူတို့ကိုကူညီနိုင်ပါသည်။   (၁) ကြိုတင်၍ စဉ်းစားပါ။ ဆီးချိုသွေးချိုရောဂါရှိသူသည် တွေ့ကြုံရင်ဆိုင်ရမည့်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ထို့ကြောင့် အပြေးအားကစားနည်းနှင့်ပတ်သက်၍ သင့်မိဘ၏ စိုးရိမ်ပူပန်မှုများကိုဖြေရှင်းပေးနိုင်အောင် ပြုလုပ်ပါ။ အစားအသောက်ကိုမျှတစွာမစားသူ၊ အားကစားကိုပုံမှန် မလုပ်သူဆိုလျှင်ပြေးသော်လည်း အသုံးဝင်မည် မဟုတ်ပါ။ ဆီးချိုလူနာများသည် တစ်ခါတစ်ရံတွင် သူတို့၏မကောင်းမွန် သောအခြေအနေများကြောင့် စိတ်မပါလက်မပါ ဖြစ်တတ်ကြသည်။   (၂) သင့်မိဘစီစဉ်နိုင်ဖို့ ကူညီပါ။ သင့်မိဘက အပြေးလေ့ကျင့်ဖို့ သဘောတူညီလျှင် သင်စနစ်တကျစီစဉ်ဖို့ အချိန်ရောက်လာပါပြီ။ မိဘများသည် ရှုပ်ထွေးသော အကြောင်းအရာများကို မလိုချင်ကြပါဘူး။ ထို့ကြောင့် အပြေးလေ့ကျင့်ရန် အကြိမ်ရေ၊ အချိန်၊ နေရာနှင့် ပြင်ဆင်သင့်သည်များကို စနစ်တကျစီစဉ်ပေးသင့်သည်။ နောက်အပတ်မနက်ခင်းမှ စတင်၍ပြေးသင့်သည်ဟုဆိုခြင်းထက် တနင်္လာနှင့် ကြာသပတေးမနက်ခင်းတွင် စပြေးနိုင်သည်ဟု […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါနောက်ဆက်တွဲဆိုးကျိုးများ ရှောင်ရှားဖို့ နည်းလမ်းများ

ဆီးချိုရောဂါသည် တစ်သက်တာလုံးဂရုစိုက်ရမည့် ရောဂါဖြစ်သောကြောင့်ဆီးချိုနောက်ဆက်တွဲဆိုးကျိုးများကိုကာကွယ်ရန် နည်းလမ်းများကို စဉ်းစားသင့်ပါတယ်။ ဆီးချို ရောဂါမျိုးသည် အရေးကြီးပါတယ်။ ကုသမှုတွေကိုအမြဲတမ်းစနစ်တကျခံယူရမယ့်အပြင်ကိုယ်တိုင်လည်းဂရုစိုက်ရမှာဖြစ်တယ်။ ဂရုတစိုက်ကုသခြင်းက ဆီးချိုနောက်ဆက်တွဲ ကြောက်စရာကောင်းသော သေသည်အထိဖြစ်စေနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများကို လျော့ချပေးနိုင်ပါသည်။ ဆီးချိုရောဂါထိန်းချုပ်နိုင်ပြီးကျန်းမာသောအနာဂတ်ကိုပိုင်ဆိုင်နိုင်ဖို့အောက်ပါ နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။   (၁)သင့်ရဲ့ဆီးချိုကိုထိန်းချုပ်ဖို့စီစဉ်ပါ။ သင့်ဆီးချိုရောဂါကိုကုသပေးနေသောအဖွဲ့ဝင်များ( ဥပမာ- ဆရာဝန်၊ ဆီးချိုအထူးသူနာပြု၊ အာဟာရပညာရှင်)တို က သင့်ကိုဆီးချိုအတွက် ဆောင်ရန်ရှောင်ရန်တွေနားလည်အောင်အကူအညီတွေပေးနိုင်ပါတယ်။ ဆီးချိုကိုထိန်းချုပ်ဖို့ကတော့သင်အပိုင်းပါ။ ဆီးချိုနဲ့ပတ်သက်မျှသင်လေ့လာနိုင်သလောက် လေ့လာပါ။ ကျန်းမာစွာစားသောက်ပြီး လေ့ကျင့်ခန်းလုပ်ဖို့လည်းမမေ့ပါနဲ့။ ကိုယ်အလေးချိန်ကိုလည်းထိန်းပါ။ သင့်သွေးတွင်းသကြားဓါတ်ကိုလည်း ပုံမှန်တိုင်းတာပါ။ သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သွေးတွင်းသကြားဓါတ်ကိုထိန်းပါ။ တကယ်လို့အကူအညီလိုရင်ဆရာဝန်ကိုဆက်သွယ်ဖို့ဝန်မလေးပါနဲ့။   (၂) ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်ခြင်းကသင့်ဆီးချိုကိုအခြေအနေပိုဆိုးစေပါတယ်။ • ခြေထောက်ရဲ့ သွေးလည်ပတ်မှုကို လျော့နည်းစေပြီးရောဂါပိုးကူးစက်ဖို့ပိုလွယ်ကူစေပြီးပြည်တည်နာတွေဖြစ်နိုင်တဲ့အပြင်အခန့်မသင့်ရင် ခြေထောက်ပုပ်ပြီးဖြတ်လိုက်ရတဲ့အထိဖြစ်နိုင်ပါတယ်။ • နှလုံးရောဂါ • လေဖြတ်ခြင်း • မျက်လုံးကွယ်ခြင်း • အာရုံကြောထိခိုက်ခြင်း • ကျောက်ကပ်ထိခိုက်ခြင်းတို့ဖြစ်နိုင်ပါတယ် ဆေးလိပ်သောက်ခြင်း (သို့) ဆေးရွက်ကြီးတခြားအမျိုးအစားများသုံးနေတာကို ဖြတ်ဖို့ အတွက်သင့်ဆရာဝန်နဲ့တိုင်ပင်ပါ။   (၃)သင့်သွေးတိုးနှုန်းနဲ့ကိုလက်စထရောပါဝင်မှုနှုန်းကိုထိန်းထားပါ။ သွေးတိုးကလည်းဆီးချိုလိုပဲ သွေးကြောတွေကိုပျက်စီးစေပါတယ်။ ကိုလက်စထရောမြင့်တက်ခြင်းကလည်းဂရုစိုက်စရာတစ်ခုပါ။ သင့်မှာဆီးချိုရှိရင်အခြေအနေပိုဆိုးလာစေပါတယ်။ ဒီအခြေအနေတွေအားလုံး ပေါင်းသွားတဲ့အခါနှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့တခြားသေနိုင်လောက်တဲ့အခြေအနေတွေထိဖြစ်လာနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်သော […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုစစ်ဆေးခြင်း - ကီတုန်း (ketone) စစ်ဆေးခြင်း

ဆီးချိုရောဂါဆိုတာသင့်ခန္ဓါကိုယ်ကလုံလောက်တဲ့ အင်ဆူလင်ကိုမထုတ်နိုင်တာ၊ အင်ဆူလင်ကိုအသုံးမပြုနိုင်တာ၊ ဒီနှစ်မျိုးစလုံးဖြစ်တာစတဲ့အခြေအနေပဲ ဖြစ်ပါတယ်။ ပန်ခရိယကနေထုတ်တဲ့ အင်ဆူလင်ဆိုတဲ့ ဟော်မုန်းဟာဆဲလ်တွေ ဂလူးကို့စ်ကိုသွေးထဲကစုပ်ယူပြီးစွမ်းအင် ရရှိစေဖို့ ကူညီပေးပါတယ်။ ဆီးစစ်တာကိုဆီးချိုရောဂါ နာမည်တပ်ဖို့ အသုံးမပြုပေမယ့် လူတယောက်ရဲ့ ဆီးထဲမှာကီတုန်းဓါတ် (ketones) ဘယ်လောက်ရှိလဲတိုင်းတာပြီးဆီးချိုအခြေအနေကိုစောင့်ကြည့်လေ့ရှိပါတယ်။   ဆီးချိုအကြောင်း အမျိုးအစား (၁) နဲ့ အမျိုးအစား (၂) ဆီးချိုဆိုပြီးအဓိက နှစ်မျိုးရှိပါတယ်။ အမျိုးအစား (၁) ဆီးချိုကတော့ ကိုယ်ခံအားစနစ်ဟာအင်ဆူလင်ဟော်မုန်းထုတ်ပေးတဲ့ ဆဲလ်တွေကိုဖျက်ဆီးတာကြောင့် ကိုယ်ခန္ဓါကနေအင်ဆူလင်ထွက်တာနည်းပြီး ဖြစ်ရခြင်းပါပဲ။ ဒီအမျိုးအစားဟာကလေးအရွယ်တွေမှာ ဖြစ်တတ်ပါတယ်။ အမျိုးအစား (၂) ကတော့ ကိုယ်ခန္ဓါဟာအင်ဆူလင်ကိုထိရောက်စွာမသုံးနိုင်လို့ ဖြစ်ရတာပါ။ ဒီအခြေအနေကိုအင်ဆူလင်ခုခံခြင်းလို့ ခေါ်ပါတယ်။ ဆဲလ်တွေဟာသွေးထဲကနေဂလူးကို့စ်ဓါတ်ကိုမယူနိုင်တော့ပါဘူး။ ဒီအမျိုးအစားဟာပခရိယကနေအင်ဆူလင်ကိုလုံလုံလောက်လောက် မထုတ်နိုင်တော့တဲ့အခါ တဖြည်းဖြည်းပိုဆိုးလာတတ်ပါတယ်။ အမျိုးအစား (၂) ဆီးချိုဟာကိုယ်အလေးချိန်များတာ၊ အထိုင်အထ လှုပ်ရှားမှုနည်းတာတွေနဲ့ ဆက်စပ်နေပါတယ်။ ကီတုန်းဆိုတာဘာလဲ အမျိုးအစား (၁) ဆီးချိုမှာကိုယ်ခန္ဓါဟာစွမ်းအင်အနေနဲ့ ဂလူးကို့စ်ဓါတ်ကိုလုံလောက်စွာမရတဲ့အခါ အဆီတွေကိုလောင်ကျွမ်းစေပါတယ်။ အင်ဆူလင် […]


အမျိုးအစား (၁) ဆီးချို

ဆီးချိုအမျိုးအစား (၁) အတွက် မျှတသော အစားအသောက်ပုံစံ

ကစီဓါတ်စားသုံးမှုနဲ့ အင်ဆူလင်နဲ့ မျှတတဲ့ စားသောက်မှုကို ပြုခြင်းဟာ အမျိုးအစား (၁) ဆီးချို ရောဂါသည်တွေအတွက် မဖြစ်မနေလုပ်ရမှာ ဖြစ်ပါတယ်။ ဆီးချိုစာ။ ကစီဓါတ်ဟာ အဓိကဖြစ်ပါတယ်။ ကစီဓါတ်ဟာ ပရိုတိန်းနဲ့ အဆီဓါတ်တွေနဲ့စာရင် ဆီးချိုရောဂါကို ပိုပြိး အကျိုးသက်ရောက်ပါတယ်။ အမျိုးအစား (၁) ရောဂါမှာ ခန္ဓါကိုယ်ဟာ သွေးထဲကသကြားဓါတ်ကို မယူနိုင်တော့ပါဘူး။ အဲဒီအခါ သွေးထဲက သကြားဓါတ်ဟာ မြင့်တက်လာပါတယ်။ ဒါကို မကုသရင်၊ ကစီဓါတ်ပါတာတွေ စားနေရင် သကြားဓါတ်ဟာ ပိုပြီး မြင့်တက်လာနိုင်ပါတယ်။ အမျိုးအစား (၁) ဆီးချိုရောဂါသည်ဟာ သွေးထဲက သကြားဓါတ်ကို ထိန်းပေးတဲ့ အင်ဆူလင်ဟော်မုန်းကို နေ့စဉ် လိုအပ်ပါတယ်။ ဆီးချိုရောဂါကုသတဲ့ အဓိကရည်မှန်းချက်တခုကတော့ သွေးတွင်းသကြားဓါတ်ကို ပုံမှန်အနေအထားနဲ့ အနီးစပ်ဆုံး ထိန်းထားနိုင်ဖို့ပါပဲ။ ဘယ်လိုလုပ်ရမလဲဆိုရင် သင်စားနေတဲ့ ကစီဓါတ်ကို ဂရုစိုက်ပြီး တွက်ဆပေးဖို့ပါပဲ။ ကစီဓါတ်တွက်ဆဖို့ ၂ခု […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါစစ်ဆေးခြင်း- Autoantibodies စစ်ဆေးခြင်း အမေးအဖြေများ

ဘယ်အချိန်မှာစစ်ဆေးရမလဲ သင့်အနေနဲ့ ဆီးချိုရှိနေကြောင်းပထမဆုံးသိလိုက်ရတဲ့အခါ သင့်ဆီးချိုရောဂါဟာမိမိခန္ဓါကိုယ်ကဆဲလ်များကို ပြန်တိုက်တဲ့ ကိုယ်ခံအားစနစ်ချို့ယွင်းမှုရောဂါနဲ့ ဆက်စပ်နေသလားသိလိုတဲ့အခါ၊ သင်ဟာဆီးချိုရောဂါသည်ဖြစ်ပြီးအစားအစာ၊ ဆေးဝါးများနဲ့ ကုသနေပေမယ့် သွေးတွင်းသကြားဓါတ်ကိုပုံမှန် (သို့) ပုံမှန်နားရောက်အောင် မထိန်းနိုင်တဲ့အခါ၊ အမျိုးအစား (၂) ဆီးချို အစားအမျိုးအစား (၁) ဆီးချိုဖြစ်နေတယ်လို့ သံသယရှိတဲ့အခါ စစ်ဆေးရပါမယ်။   ဆီးချိုနဲ့ဆက်စပ်တဲ့ autoantibodies စစ်ဆေးနည်းတွေထဲကအသုံးများတဲ့စစ်ဆေးနည်း ၄မျိုးကတော့ အောက်ပါအတိုင်း ပါဝင်ပါတယ်။ Islet Cell Cytoplasmic Autoantibodies စစ်ဆေးနည်း (ICA) Glutamic Acid Decarboxylase Autoantibodies စစ်ဆေးနည်း (GADA) Insulinoma-Associated-2 Autoantibodies စစ်ဆေးနည်း (IA-2A) Insulin Autoantibodies စစ်ဆေးနည်း (IAA) ဆီးချိုရောဂါအားလုံးရဲ့ ၅ရာခိုင်နှုန်းဟာအမျိုးအစား (၁) ဆီးချိုဖြစ်ပြီးအများစုဟာအသက် ၂၀ အောက် အရွယ်တွေမှာတွေ့ရတတ်ပါတယ်။ ဆီးချိုရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါစစ်ဆေးခြင်း -သွေးတွင်းဂလူးကို့စ်ဓါတ်စစ်ဆေးခြင်း

သွေးတွင်းဂလူးကို့စ်ဓါတ် စစ်ဆေးခြင်းကို ဆီးချိုရောဂါ နဲ့အကြိုဆီးချိုရောဂါ ရှိမရှိ သိအောင် စစ်ဆေးပါတယ်။     သွေးတွင်းဂလူးကို့စ်ဓါတ် စစ်ဆေးခြင်း သင့်သွေးထဲမှာရှိတဲ့ ဂလူးကို့စ်ပမာဏကို စစ်ဆေးတာဖြစ်ပါတယ်။ သကြားလို့ခေါ်တဲ့ ဂလူးကို့စ်ဓါတ်ဟာ သင့်ကိုယ်ခန္ဓါရဲ့ အဓိကစွမ်းအင်ရင်းမြစ်ပါပဲ။ သင့်ရဲ့ ကိုယ်ခန္ဓါဟာ သင်စားလိုက်တဲ့ ကစီဓါတ်တွေကို ဂလူးကို့စ်အနေနဲ့ ပြောင်းလဲပေးပါတယ်။ ဂလူးကို့စ်စစ်ဆေးခြင်းကို အမျိုးအစား (၁)၊ (၂) ဆီးချိုရောဂါနဲ့ ကိုယ်ဝန်ဆောင်ကာလ ဆီးချိုရောဂါတွေအတွက် ကနဦး စစ်ဆေးဖို့ သုံးပါတယ်။ ဆီးချိုရောဂါဆိုတာ သင်ရဲ့ သွေးထဲကဂလူးကို့စ်ဓါတ်ကို မြင့်တက်စေပါတယ်။ ကျန်းမာသူတွေမှာတော့ သူတို့ရဲ့ ဂလူးကို့စ်ပမာဏကို အင်ဆူလင်လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးနဲ့ ထိန်းသိမ်းထားပါတယ်။   ဒါပေမယ့် ဆီးချိုဖြစ်လာရင်တော့ သင့်ကိုယ်ခန္ဓါဟာ အင်ဆူလင်လုံလောက်အောင် မထုတ်နိုင်တာ ဒါမှမဟုတ် အင်ဆူလင်ဟာ ကောင်းစွာ အလုပ်မလုပ်တော့တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအတွက်ကြောင့် သင့်သွေးထဲမှာ ဂလူးကို့စ်ဓါတ် မြင့်တက်လာနိုင်ပါတယ်။ ဒါကို မကုဘဲနေရင် ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ တစ်ခါတလေမှာ ဂလူးကို့စ်ဓါတ်စစ်ဆေးတာကို […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေမြင့်စေသော အရာများ

ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေမြင့်စေသော အကြောင်းအရာများစွာ ရှိပါတယ်။ သင့်ဆီမှာ ဖြစ်နိုင်ခြေရှိ၊ မရှိ သိရအောင် အောက်ပါအချက်တွေကို မှတ်သားဖတ်ရှုနိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေမြင့်စေသော အရာများ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေမြင့်စေသော အရာများ အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။ အမျိုးအစား (၁) ဆီးချိုရောဂါ သုတေသနပြုချက်များအရ အမျိုးအစား (၁) ဆီးချိုရောဂါ အကြောင်းကို တိကျစွာမသိရပေမယ့် ဖြစ်နိုင်ခြေမြင့်တက်စေတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ မိသားစုရာဇဝင်။ သင့်ရဲ့ မိဘနဲ့ မွေးချင်းတွေမှာရှိရင် သင့်မှာ ဖြစ်နိုင်ခြေမြင့်ပါတယ်။ ပတ်ဝန်းကျင်အခြေအနေ။ ကိုယ်ခံအားဆဲလ်များ ပျက်စီးခြင်း။ မိမိကိုယ်ကို တိုက်ထုတ်တဲ့ ခုခံပစ္စည်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကြောင့် လူတိုင်းမှာတော့  ဆီးချို မဖြစ်တတ်ပါဘူး။ စားသောက်မှုပုံစံ။ တချို့လေ့လာချက်တွေမှာ နွားနို့ကို စောစီးစွာ စသောက်ဖူးခြင်း၊ ဗီတာမင်ဒီ စားသုံးမှု နည်းခြင်း၊ အသက်လေးလမတိုင်မီ အစေ့အဆန်များ ကျွေးခြင်း […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုသွေးချိုရောဂါ - အမျိုးသားများတွင်ဖြစ်သောလက္ခဏာများ

ဆီးချိုရောဂါဆိုတာသင့်ခန္ဓါကိုယ်ကလုံလောက်တဲ့ အင်ဆူလင်ကိုမထုတ်နိုင်တာ၊ အင်ဆူလင်ကိုအသုံးမပြုနိုင်တာ၊ ဒီနှစ်မျိုးစလုံးဖြစ်တာစတဲ့အခြေအနေပဲ ဖြစ်ပါတယ်။ သွေးထဲကသကြားဓါတ်ဟာအမြဲတက်နေတတ်ပြီးမထိန်းချုပ်ဘဲနေရင် နောက်ဆက်တွဲတွေ ဖြစ်တတ်ပါတယ်။ နောက်ဆက်တွဲဖြစ်နိုင်ခြေတွေဟာဆိုးရွားတတ်ပါတယ်။ ကောင်းတဲ့အချက်ကဒီပြသနာတွေကို ကြိုတင်ကာကွယ်ပြီးသတိထားဂရုပြုပြီးကုသနိုင်ပါတယ်။   ဆီးချိုရောဂါ၏ အစောပိုင်းလက္ခဏာများ အစောပိုင်းလက္ခဏာတွေဟာသိပ်မပြင်းထန်တာမို့ သတိမထားမိတတ်ပါဘူး။ အောက်ပါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။ ကိုယ်အလးချိန်ကျခြင်း (ပုံမှန်စားနေလျက်) မကြာခဏဆီးသွားခြင်း အမြင်မကြည်လင်ခြင်း ပုံမှန်မဟုတ်ဘဲမောပန်းနွမ်းနယ်ခြင်း လက်နှင့်ခြေထောက်ထုံကျင်ခြင်း ဒီအဆင့်မှာဆီးချိုကိုမကုဘဲထားရင် နောက်ဆက်တွဲတွေ ဖြစ်လာနိုင်ပါတယ်။ လိင်အင်္ဂါတောင့်တင်းမှုမရှိခြင်း။ လိင်အင်္ဂါ တောင့်တင်းလာမှုမရှိဘဲ ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာဟာသွေးတိုးခြင်း၊ စိတ်ဖိအားများခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးဝါးများသောက်သုံးနေရခြင်း၊ ကျောက်ကပ်ရောဂါ၊ သွေးလည်ပတ်မှုနဲ့ အာရုံကြောရောဂါစတဲ့ ကျန်းမာရေးအခြေအနေမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးချိုရှိသူအမျိုးသားများဟာဒိပြသနာရှိနိုင်ခြေများပါတယ်။ ဆီးချိုရှိသူ ၂၀ ကနေ ၇၅ ရာခိုင်နှုန်းလောက်အထိ ဖြစ်တတ်ပါတယ်။ တကယ်လို့သင့်မှာဒီပြသနာရှိနေရင် ဆီးချိုကို ဖြစ်နိုင်ခြေအနေနဲ့ စဉ်းစားရပါမယ်။ အလိုအလျောက်အာရုံကြောစနစ် ပျက်စီးခြင်းဒီပျက်စီးမှုကနေလိင်ပိုင်းဆိုင်ရာ ပြသနာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ အမျိုးသားလိင်အင်္ဂါထဲကသွေးကြောနဲ့ အာရုံကြောတွေကိုပျက်စီးစေရင်လိင်အင်္ဂါတောင့်တင်းမှု မရှိတဲ့ပြသနာ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုကျဆေးတွေက မုန့်ချိုအိတ်ကင်ဆာ ဖြစ်စေနိုင်သလား

ဆီးချိုရောဂါဟာ မုန့်ချိုအိတ်ကင်ဆာကို ဖြစ်စေနိုင်သလား မုန့်ချိုအိတ်ဆိုတာဘာလဲ မုန့်ချိုအိတ်ဆိုတာ အစာအိမ်ရဲ့နောက်ပိုင်း၊ နံရိုးအိမ်ထဲမှာ ရှိတဲ့ သေးငယ်တဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ သူ့မှာ တာဝန်၂ခု ရှိပါတယ်။ အစာခြေဖို့ အစာခြေပစ္စည်းတွေထုတ်ပေးခြင်းနဲ့သွေးတွင်းသကြားဓါတ်ကို ထိန်းညှိဖို့ ဟော်မုန်းထုတ်ခြင်းပဲ ဖြစ်ပါတယ်။   မုန့်ချိုအိတ်ကင်ဆာဆိုတာဘာလဲ မုန့်ချိုအိတ်ထဲမှာ ပုံမမှန်တဲ့ တစ်သျှူးတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ လျင်မြန်စွာဖြစ်ပေါ်တတ်ပြီး ဖြစ်ခါစမှာ သိတာရှားပါတယ်။ မုန့်ချိုအိတ်ကင်ဆာ လက္ခဏာဟာ အဆင့်သိပ်မကြီးလာခင် မပြတတ်ပါဘူး။   ဆီးချိုဆေးတွေဟာ မုန့်ချိုအိတ်ကင်ဆာဖြစ်စေသလား အမျိုးအစား (၂) ဆီးချိုရောဂါကုတဲ့ နေရာမှာသုံးတဲ့ incretin mimetics အုပ်စုဝင် ဆေးအသစ် ၂မျိုးကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Glucagon-like peptide – 1 (GLP – 1) agonist (exenatide ကဲ့သို့) နဲ့ dipeptidyl peptidase – 4 inihibitors […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)