ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်တဲ့ အချက် ၇ ချက် (၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါဆိုတာ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါပါ။ ဆီးချိုရောဂါရှိတာခြင်း တူရင်တောင် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ ၄ဆပိုများပြီး အမျိုးသားတွေက ၂ဆပိုများပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်း အမျိုးသမီးတွေမှာ ရလဒ်မကောင်းတတ်ပါဘူး။ ဒါ့ပြင် ဆီးချိုရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ စိတ်ကျရောဂါတွေလည်း ပိုဖြစ်တတ်ပါတယ်။ (၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေက ဘဝမှာ တစ်ကြိမ်လောက်တော့ မိန်းမကိုယ်ပိုးဝင်တတ်ကြပါတယ်။ ဒါပေမဲ့ […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

ဆီးချိုသမားအတွက် အစားထိုးဓါတ်စာများ

ယနေ့ခေတ်နေထိုင်မှုပုံစံတွေအရ လူတော်တော်များများဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ပုံစံတွေကို လိုက်နာဖို့ခက်ခဲပါတယ်။ ဒီလိုမလိုက်နာ၊ မထိန်းသိမ်းရင် အထွေထွေကျန်းမာရေးကိုထိခိုက်စေမယ့်အပြင် အထူးသဖြင့် ဆီးချိုရောဂါရှိသူတွေမှာ အခြေအနေပိုဆိုးစေနိုင်ပါတယ်။ ဒီအခြေအနေမျိုးမှာ အစားထိုးဓါတ်စာတွေက အကောင်းဆုံးအထောက်အပံ့ဖြစ်လာပါတယ်။ သူတို့က ကိုယ်စားနေကျ ထမင်းနဲ့တခြားအစားအစာတွေနေရာမှာ တစ်စိတ်တစ်ပိုင်းအစားထိုးပေးမယ့် အာဟာရတွေထောက်ပံ့ပေးပါတယ်။ အစားထိုးဓါတ်စာ ဆိုတာဘာလဲ အစားထိုးဓါတ်စာ (MR) ဆိုတာ ထမင်းတွေ၊ဟင်းတွေအစား စားသုံးနိုင်ဖို့ အထူးစီမံပြုလုပ်ထားတဲ့အစားအစာတွေဖြစ်ပါတယ်။ ဒီဓါတ်စာတွေကနေ ထိုက်သင့်တဲ့ကယ်လိုရီပမာဏ၊ macronutrients (ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့အဆီဓါတ်) နဲ့micronutrients (ဗီတာမင်နဲ့သတ္တုဓါတ်)တွေ ရရှိနိုင်မှာဖြစ်တာကြောင့် ကိုယ်စားသုံးမယ့်အာဟာရဓါတ်တွေ၊ ကယ်လိုရီတွေကို တွက်ချက်နေဖို့ စိုးရိမ်စရာမလိုတော့ပါဘူး။ တချို့အစားထိုးဓါတ်စာတွေမှာ တခြားပါဝင်ပစ္စည်းတွေ (ကာဗိုဟိုက်ဒရိတ်၊ပရိုဘိုင်အိုတစ်၊ဆေးဖက်ဝင်ပစ္စည်း အထူးပုံစံတစ်မျိုး)နဲ့လည်းပြုလုပ်တတ်ပါတယ်။ တချို့ကတော့gluten နဲ့lactose ဓါတ်တွေမပါအောင် ထုတ်လုပ်ထားပါတယ်။ MR ဓါတ်စာတွေကို အမှုန့်၊အသင့်သောက်သုံးနိုင်တဲ့ဗူးတွေ၊အသင့်ထုပ်ပိုးထားတဲ့မုန့် သို့မဟုတ် အတောင့်ပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။ ဘာအတွက် အသုံးပြုတာလဲ အစားထိုးဓါတ်စာအသုံးပြုရတဲ့ အဓိကအကြောင်းရင်းကတော့ ကိုယ်အလေးချိန်လျှော့ချခြင်းအတွက်အထောက်အကူဖြစ်စေဖို့ဖြစ်သလို ဆီးချိုရှိသူတွေရဲ့အစားအသောက်စီမံမှုကိုလည်း အဆင်ပြေစေဖို့ဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချခြင်းက […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

သွေးချိုတက်နေတယ်ဆိုတဲ့ လက္ခဏာရပ်တွေ

Hyperglycemia လို့သိကြတဲ့ သွေးတွင်းအချိုဓါတ်မြင့်မားတာကသွေးတွင်းအချိုဓါတ်ကိုကောင်းကောင်းထိန်းချုပ်နိုင်စွမ်းမရှိတဲ့ ဆီးချိုဝေဒနာရှင်တွေမှာ အများဆုံးတွေ့ရတတ်တဲ့ အခြေအနေတစ်ရပ်ပါ။သွေးတွင်းသကြားဓါတ်မြင့်တယ်ဆိုတဲ့နေရာမှာ အပျော့စား၊ အတန်အသင့်အနေအထားနဲ့ အပြင်းစားဆိုပြီး လက္ခဏာတွေအမျိုးမျိုးရှိနေပါတယ်။ ပုံမှန်သွေးတွင်း သကြားဓါတ်ပမာဏဆိုတာကဘာလဲ။ တစ်နေ့တာလုံးမှာ ခန္ဓါကိုယ်ရဲ့သွေးတွင်းသကြားဓါတ်ပမာဏကပြောင်းလဲနေနိုင်ပါတယ်။ ဆီးချိုရောဂါမရှိတဲ့ သာမန်လူတစ်ယောက်အနေနဲ့ မနက်အိပ်ရာထပြီးချိန်မှာသွေးတွင်းသကြားဓါတ်က ၁၀၀ mg/dl အောက်သာရှိသင့်ပါတယ်။ အစားမစားရသေးခင်မှာဆိုရင်တော့သွေးတွင်းသကြားဓါတ်က ၇၀ - ၉၉ mg/dl သာရှိသင့်ပါတယ်။ အစားတစ်ခုခုစားပြီး ၂ နာရီအကြာမှာသွေးချိုက ၁၄၀mg/dl ထက်နည်းသင့်ပါတယ်။ ဆီးချိုရှိသူတစ်ဦးမှာဆိုရင်တော့ - မနက်အိပ်ရာထချိန်မှာသွေးချိုပမာဏက ၈၀ - ၁၃၀ mg/dl အစားစားပြီး ၂ နာရီအကြာမှာ ၁၈၀ mg/ dlထက်နည်းရပါမယ်။ သွေးချိုမြင့်နေတယ်ဆိုတဲ့ လက္ခဏာရပ်တွေ အပျော့စားသွေးချိုမြင့်ခြင်း တကယ်လို့ သာမန်လူတစ်ဦးဦးအနေနဲ့သွေးတွင်းသကြားဓါတ်က အရွယ်ရောက်ပြီးသူတွေမှာ ၂၀၀ ကနေ ၃၅၀ mg/dlဖြစ်နေပြီး ကလေးငယ်တွေမှာ ၂၀၀ ကနေ ၂၄၀ mg/dl အထိရှိနေမယ်ဆိုရင် အပျော့စားသွေးချိုမြင့်တဲ့ […]


အမျိုးအစား (၂) ဆီးချို

ပိတ်ရက်တွေအတွက် ဆီးချိုရှိသူတွေ ဘယ်လိုကြိုပြင်ဆင်ကြမလဲ။

ပိတ်ရက်တွေအတွက် ဆီးချိုရှိသူတွေ ဘယ်လိုကြိုပြင်ဆင်ကြမလဲ။ အားလပ်ရက်တွေဟာ ဆီးချိုသမားတွေအတွက် အင်မတန်စိုးရိမ်ရတဲ့ အချိန်ပါပဲ။ အစားအသောက်တွေအပေါ် အာရုံစိုက်ရလွန်းလို့ ဖြစ်ပါတယ်။ ဘာစားရမလဲ ဘယ်လောက်စားရမလဲ မေးခွင့်မရှိတာကြောင့် အားလပ်ရပ်တွေအတွက် စိတ်မပါဖြစ်နေတတ်ပါတယ်။ ကြိုတင်ပြင်ဆင်ထားရင်တော့ သိပ်စိတ်ပူစရာမလိုဘဲ ကုသပိုင်းဆိုင်ရာလည်း လမ်းမလွဲဘဲ အားလပ်ရက်ကို အပြည့်အ၀ ခံစားနိုင်ပါတယ်။   စားချိန်အတွက် စဉ်းစားပါ မိသားစုတော်တော်များများဟာ ပိတ်ရက်တွေမှာ စားချိန်မမှန်ကြပါဘူး။ ဥပမာအနေနဲ့ ကျေးဇူးတော်နေ့ညစာကို မွန်းလွဲပိုင်းမှာ စားကြပါတယ်။ သင့်ရဲ့စားချိန်ဟာ ပုံမှန်အချိန်ဇယားနဲ့ မကိုက်ညီရင် ဘယ်လို အပြောင်းအလဲလုပ်ရမယ်ဆိုတာ ကြိုပြင်ထားပါ။ အင်ဆူလင်ထိုးမယ်ဆိုရင် ဆီးချိုကျဆေးသောက်မယ်ဆိုရင် ပုံမှန်စားရမယ့်အချိန်မှာသားရေစာတခုခု စားသင့်ပါတယ်။ ဒါမှ ဂလူးကို့စ်ဓါတ်နည်းသွားတာမျိုးကို ကာကွယ်နိုင်ပါမယ်။ သင့်ကို ကုသနေသူတွေနဲ့ တိုင်ပင်ပါ။   ကိုယ်လက်လှုပ်ရှားပါ နည်းနည်းပိုစားမိတာကို ပြန်ကာမိအောင် ပုံမှန်ထက် ပိုလှုပ်ရှားတာ အကောင်းဆုံးနည်းလမ်းပါ။ စားစရာတွေနားကနေ ရှောင်နေတဲ့ အကျင့်သစ်ကို မွေးမြူပါ။ မိသားစုနဲ့ လမ်းလျှောက်ထွက်ပါ။ ပန်းကန်ပြားပျံလေထဲပစ်ဆော့ပါ။ ဘောလုံးကန်ပါ။ ကလေးများ၊ မြေးများ၊ အိမ်နီးချင်းကလေးများနဲ့ […]


အမျိုးအစား (၂) ဆီးချို

ကိုယ်ဝန်ဆောင် ဆီးချိုကြောင့် အော်တစ်ဆင်ရောဂါ ဖြစ်လာနိုင်လား

ကိုယ်ဝန်ဆောင်နေချိန် ကိုယ်ဝန်ဆောင် ဆီးချိုတက်တာက ကိုယ်ဝန်ဆောင် တော်တော်များများမှာ ဖြစ်ပါတယ်။ ဒါက မိခင်ကို ကျန်းမာရေး ထိခိုက်စေရုံသာမက ဗိုက်ထဲက ကလေးငယ်ကိုပါ အထီးကျန်စိတ်ဝေဒနာ ဖြစ်စေပါတယ်။ Johns Hopkins University ရဲ့လေ့လာမှုတွေအရ အဝလွန်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကိုယ်ဝန်သက် ၂၆ ပတ်မရှိခင် ကိုယ်ဝန်ဆီးချိုဖြစ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ သာမန်မိခင်တွေထက် ၆၃ % ပိုပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုနဲ့ အထီးကျန် စိတ်ဝေဒနာရှိတဲ့ ကလေးမွေးနိုင်တယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်သက် မရင့်ခင် ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်ခြင်းက အထီးကျန် စိတ်ဝေဒနာကလေး မွေးနိုင်ခြေကို မမြင့်စေဘူးဆိုပေမယ့် ဆက်နွယ်နေတယ်လို့တော့ဆိုပါတယ်။ ကိုယ်ဝန်ဆောင် ဆီးချိုကြောင့် အော်တစ်ဆင်ရောဂါ ဖြစ်လာနိုင်လား ကယ်လီဖိုးနီးယားတောင်ပိုင်းမှာရှိတဲ့ Kaiser Permanente ဆေးပညာအဖွဲ့အစည်းရဲ့ ခေါင်းဆောင် Anny Xiang က ဒီလို သွေးချိုတက်တာက ကလေးတွေရဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုအတွက်အသင့်အစားအစာအကြံဉာဏ်ကောင်းများ

ဆီးချိုဖြစ်နေတဲ့အခါ စားသုံးလို့ရတဲ့ အစားအစာတွေက အရမ်းအရေးကြီးတဲ့နေရာက ပါဝင်နေပါတယ်။ ဆီးချိုနဲ့သင့်တော်တဲ့ အစားအသောက်တွေက သွေးဖိအားထိန်းပေးခြင်း၊ နှလုံးကိုကာကွယ်ပေးခြင်း၊ သွေးချိုကိုထိန်းညှိပေးခြင်း၊ ဆီးချိုရဲ့ရှုပ်ထွေးမှုတွေကိုနှေးစေခြင်းတို့စွမ်းဆောင်နိုင်ပါတယ်။ ဆီးချိုသမားတွေစားသင့်တဲ့ ဆီးချိုအတွက်အစားအသောက်တွေရဲ့ အဓိကရည်ရွယ်ချက်က ရောဂါအခြေအနေကို ထိန်းချုပ်စေနိုင်ဖို့၊ သွေးချိုကျစေဖို့ဖြစ်ပါတယ်။ ဆီးချိုရှိသူတစ်ယောက်ဟာ သူ့အတွက်သင့်တောတဲ့ ဆီးချိုအစားအသောက်တွေမရှိရင် ဘေးဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အများသောအားဖြင့် ကျန်းမာတဲအစားအစာပြင်ဆင်တာက အချိန်အများကြီးကုန်ပြီး ရှုပ်ထွေးနိုင်ပါတယ်။ အခုပြောပြသွားမှာက ဆီးချိုသမားတွေအတွက် အချိန်ကုန်သက်သာစေမယ့် အစားအသောက်တွေပါ။ မနက်စာစားချိန်ဆိုတာ ဖိုင်ဘာ၊ ဗိုက်တာမင်နဲ့ ကယ်လ်ဆီယမ် စတဲ့အထောက်အကူပြုအာဟာရတွေကို စားသင့်တဲ့အချိန်ပါ။ ဆီးချိုရှိသူတွေက သူတို့ရဲ့မနက်စာကို whole grain တွေ၊ လတ်ဆတ်တဲ့ သစ်သီးတွေ၊ oatmeal တွေ၊ နို့တွေ၊ ဒိန်ချဉ်တွေ စတဲ့ကျန်းမာရေးကိုအထောက်အကပြုတဲ့အစားအစာတွေကိုစားသင့်ပါတယ်။ စပါး၊ ပြောင်းစတာတွေက ဖိုက်ဘာကြွယ်ဝပါတယ်။ စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီလိုအသီးတွေ တစ်ခွက်ကို flax seed တစ်ဇွန်းမဟုတ်ရင်နှစ်ဇွန်းထည့်စားပေးပါ။ Flax […]


အမျိုးအစား (၁) ဆီးချို

ခွဲမွေးခြင်းနဲ့ ကလေးသူငယ် အမျိုးအစား ၁ ဆီးချိုနဲ့ ဘာကြောင့် ဆက်စပ်မှုရှိတာလဲ

လေ့လာမှုတွေအရ ဆီးချို type 1 ဖြစ်ပွားနှုန်းမြင့်လာတာနဲ့ သက်ဆိုင်တဲ့ အချက်တွေရှိတာတွေ့ရပါတယ်။ ဗိုက်ခွဲကလေးမွေးတာကလည် အကြောင်းအရင်းတစ်ခုပါဘဲ။ ဒါပေမယ့် ဗိုက်ခွဲကလေးမွေးတာက ကလေးရော ိခင်ရော အသက်ကိုကယ်ဖို့အတွက် မကြာခဏလုပ်ရပါတယ်။ ဆီးချို type 1 ဆိုတာဘာလဲ ? ဆီးချို type 1 က ဘဝရဲ့အစောပိုင်းတွေမှာဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ကလေးတွေနဲ့ လူငယ်တွေမှာ တွေ့ရများတာပါ။ ၅ ရာခိုင်နှုန်းသောလူတွေက ဒီဆီးချိုကိုခံစားနေရပါတယ်။ လူတွေမှာ ဆီးချို Type 1 ရှိတဲ့အခါ glucose တွေကိုချေဖျက်ဖို့ အင်ဆူလင်မထုတ်နိုင်တော့ပါဘူး။ ဒါကြောင့် သူတို့သွေးထဲမှာ သကြားဓါတ်တွေပိုလာပြီးသွေးချိုလာပါလိမ့်မယ်။ မကုသဘဲထားတဲ့ ဆီးချို type 1 က ဘေးဖြစ်နိုင်တဲ့ ရှုပ်ထွေးမုတွေဖြစ်လာနိုင်ပြီး သေဆုံးတဲ့ထိဖြစ်နိုင်ပါတယ်။   ကလေးခွဲမွေးခြင်းကိုဘယ်လိုလုပ်ဆောင်လဲ ? ကလေးခွဲမွေးတဲ့အခါ သင့်ကိုနာကျင်မှုသက်သာစေဖို့ ထုံဆေးသို့မဟုတ် မေ့ဆေးပေးပါလိမ့်မယ်။ ထုံဆေးကို သင့်ခါးနောက်အောက်ပိုင်းကနေထိုးပါလိမ့်မယ်။ ထုံဆေးအစွမ်းပြပြီဆိုရင် […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုသမားများ လိင်ဆက်ဆံစဉ် ကြုံရသော ပြဿနာများ

ဆီးချိုသမားများ လိင်ဆက်ဆံစဉ် ကြုံရသော ပြဿနာများ အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။ ဆီးချိုရောဂါသည်တွေမှာ လိင်ဆက်ဆံမှုဆိုင်ရာ ပြသနာတွေ ရှိနိုင်မှု မြင့်မားတယ်လို့ ပြောထားပေမယ့် ၂၀၁၀ လေ့လာမှုအရ ဆီးချိုရောဂါသည် အမျိုးသား ၅၀ % နှင့် အမျိုးသမီး ၁၉ % သာ ဆရာဝန်ဆီမှာ ထုတ်ဖော်ပြောကြတယ်လို့ တွေ့ရပါတယ်။ ဒါက ဘာဖြစ်လို့လဲဆိုရင် ဆီးချိုကြောင့် မျက်လုံး၊ ကျောက်ကပ်၊ အာရုံကြောနဲ့ နှလုံးထိခိုက်မှုတွေကို ဖြစ်တာကို သိလည်းသိကြသလို ဆရာဝန်နဲ့ ပြကြပေမယ့် လိင်ပိုင်းဆိုင်ရာကျန်းမာရေး ထိခိုက်နိုင်တယ်ဆိုတာကို လုံး၀ မသိကြတာကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးချိုသမားများ လိင်ဆက်ဆံစဉ် ကြုံရသော ပြဿနာများ လူနာတွေက ဆရာဝန်နဲ့ ပြတဲ့အခါမှာ မိမိမှာ ဖြစ်နေတဲ့ လက္ခဏာတွေ အပါအဝင် လိင်ပိုင်းဆိုင်ရာ စွမ်းရည်တွေကိုပါ အကုန်လုံးကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါအတွက် ဘယ်လိုဆင်ခြင်နေထိုင်မလဲ - နေထိုင်မှုပုံစံ၊အစားအသောက်၊ဆေးဝါးကုသမှု

ဆီးချို ရှိလာရင် နေထိုင်စားသောက်မှုတွေကို သေချာလေး ဂရုစိုက်ဖို့ လိုသလို ဆေးဝါးကုသမှုကိုရော နေထိုင်မှု ပုံစံကိုပါ သေချာလေး ဂရုစိုက်ဖို့ လိုမှာပါ။ ဒီတော့ ဆီးချိုရောဂါအတွက် ဘယ်လိုဆင်ခြင်နေထိုင်မလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ဆီးချိုရောဂါအတွက် ဘယ်လိုဆင်ခြင်နေထိုင်မလဲ ဆီးချိုရောဂါအတွက် ဘယ်လိုဆင်ခြင်နေထိုင်မလဲ ဆိုတာကို အတူတူ လေ့လာလိုက်စို့နော်။ ဆီးချိုရောဂါကဘာလဲ ဆီးချိုရောဂါ အဓိကအမျိုးအစား ၃ မျိုးရှိပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါ - ခန္ဓာကိုယ်က အင်ဆူလင် ထုတ်မပေးနိုင်တော့ပါဘူး။ ကိုယ်စားလိုက်တဲ့ အစားအစာတွေဆီက ရရှိတဲ့ သကြားဓာတ်(ဂလူးကို့စ်)ကို ခန္ဓာကိုယ်အတွက် အားအဖြစ် ပြောင်းလဲပေးနိုင်ဖို့ အင်ဆူလင် လိုအပ်လာတာကြောင့် ပြဿနာ ရှိလာပါတယ်။ ဒီအမျိုးအစားအတွက် အင်ဆူလင်နေ့တိုင်း ထိုးသွင်းဖို့ လိုအပ်ပါတယ်။ အမျိုးအစား ၂ ဆီးချိုရောဂါ -ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းစွာမထုတ်လုပ်နိုင်၊ အသုံးမပြုနိုင်ပါဘူး။ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ

ဆီးချိုရောဂါ ရှိသူတွေမှာ ရုတ်တရက် သွေးတွင်း သကြားဓာတ် ကျဆင်းတာမျိုး ဖြစ်နိုင်သလို ရုတ်တရက် သွေးတွင်းသကြားဓာတ် တက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေ ၂ ခုစလုံးက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ဂရုစိုက်သင့်တဲ့ အခြေအနေတွေထဲက တစ်ခု ဖြစ်တဲ့ ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း (hyperglycemia) ဆီးချိုရောဂါ ရှိသူတွေမှာ သွေးတွင်းသကြားဓာတ် မြင့်တက်လွန်းရင် အရေးပေါ်အခြေအနေ (diabetic coma)ဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေကို အမျိုးအစား ၁ နဲ့ အမျိုးအစား ၂ ဆီးချိုရောဂါ နှစ်မျိုးလုံးမှာ ခံစားရနိုင်ပါတယ်။ ဆီးချိုကြောင့်ဖြစ်ရတဲ့ ကိုမာ (diabetic coma) ဆိုတာ အသက်အန္တရာယ်ရှိပြီး ဆီးချိုနောက်ဆက်တွဲဝေဒနာဖြစ်တဲ့ သတိလစ်မေ့မြောခြင်းဖြစ်ပါတယ်။ သင့်မှာ ဆီးချိုရောဂါ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသမားတွေရဲ့ နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာပါတဲ့ ကယ်လ်လိုရီတွေကို ဘယ်လိုတွက်ချက်မလဲ

ကယ်လိုရီဆိုတာက စားသောက်လိုက်တဲ့ အစားအသောက်တွေထဲမှာပါတဲ့ စွမ်းအင်တွေပဲဖြစ်ပါတယ်။ ဆီးချိုဝေဒနာရှင်တွေအနေနဲ့ စားသုံးတဲ့အစားအသောက်တွေထဲမှာပါတဲ့ ကယ်လိုရီကိုရေတွက်တဲ့နည်းလမ်းကိုလေ့လာခြင်းဖြင့် သူတို့ကျန်းမာရေးအခြေအနေပေးမှာ အပြုသဘောဆောင်တဲ့ ကွဲပြားခြားနားမှုတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ တကယ်လို့ သင်ကကိုယ်အလေးချိန်လျှော့ချဖို့လိုအပ်မယ်ဆိုရင် ကယ်လိုရီစားသုံးမှုပမာဏကိုလျှော့ချရမှာဖြစ်ပါတယ်။ အမျိုးအစား - ၂ ဆီးချို (type 2 diabetes) ဝေဒနာသည်တွေအတွက် ကိုယ်အလေးချိန်လျှော့ချမှုက အရေးပါတဲ့ အချက်တစ်ရပ်ပါ။ ကယ်လိုရီပမာဏလျှော့စားတာက ဆီးချိုဝေဒနာရှင်တွေကို ကိုယ်အလေးချိန်ကျအောင် အထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။   ဆီးချိုရောဂါနဲ့ အကြိုဆီးချိုရောဂါဆိုတာ ဂလူးကို့စ် (သို့)သွေးတွင်းသကြားဓါတ်က ခန္ဓါကိုယ်က ဆဲလ်တွေအတွက် အင်အားဖြည့်ပေးနိုင်မယ့် အဓိကအရင်းအမြစ်တစ်ရပ်ပါ။ ဆီးချိုဝေဒနာရှိသူတွေမှာ ခန္ဓါကိုယ်က သကြားဓါတ်ကိုထုတ်လုပ်တဲ့လုပ်ဆောင်မှုတွေနဲ့သွေးတွင်းသကြားဓါတ်ကို အသုံးပြုမှုတွေက ပျက်စီးနေတာမျိုးတွေရှိနေနိုင်ပါတယ်။ ဆီးချိုရောဂါ အမျိုးအစားတော်တော်များများရှိပေမယ့် အဖြစ်အများဆုံး ၂ ခုကတော့ အမျိုးအစား - ၁ ဆီးချိုရောဂါ နဲ့ အမျိုးအစား - ၂ ဆီးချိုရောဂါ (type 2 Diabetes) တို့ပဲဖြစ်ပါတယ်။   အမျိုးအစား - […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း