ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်တဲ့ အချက် ၇ ချက် (၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါဆိုတာ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါပါ။ ဆီးချိုရောဂါရှိတာခြင်း တူရင်တောင် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ ၄ဆပိုများပြီး အမျိုးသားတွေက ၂ဆပိုများပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်း အမျိုးသမီးတွေမှာ ရလဒ်မကောင်းတတ်ပါဘူး။ ဒါ့ပြင် ဆီးချိုရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ စိတ်ကျရောဂါတွေလည်း ပိုဖြစ်တတ်ပါတယ်။ (၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေက ဘဝမှာ တစ်ကြိမ်လောက်တော့ မိန်းမကိုယ်ပိုးဝင်တတ်ကြပါတယ်။ ဒါပေမဲ့ […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

ဆီးချို သွေးချို

ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း နဲ့ လက္ခဏာများ

ခေတ်စနစ်တွေတိုးတက်လာနေသလို ရောဂါဖြစ်ပွားမှုနှုန်းတွေကလည်း အဆက်မပြတ် တိုးလာနေပါတယ်။ လေ့လာမှု စစ်တမ်းတွေအရ ကမ္ဘာတလွှားမှာ ဆီးချိုဝေဒနာ ခံစားနေရသူအရေအတွက်က သိသိသာသာကို မြင့်တက်လာနေပါတယ်။ ဆီးချိုဝေဒနာက မျိုးဗီဇဖွဲ့စည်းမှု၊ မျိုးရိုးလိုက်တာ၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်က အကြောင်းအရာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါက လူတစ်ဦးချင်းစီနဲ့ ခံစားနေရတဲ့ ဆီးချိုအမျိုးအစားပေါ်မှာလိုက်ပြီး ကွာခြားနိုင်ပါတယ်။ အခုတစ်ခေါက် ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း နဲ့ လက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း နဲ့ လက္ခဏာများ ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း တွေကို သေချာလေး လေ့လာကြည့်ရအောင်နော်။ အမျိုးအစား - ၁ ဆီးချိုရောဂါဘာကြောင့်ဖြစ်ရတာလဲ ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်အတွက် အင်ဆူလင် ထုတ်ပေးတဲ့ ပန်ကရိယဆဲလ်တွေကို ဖျက်ဆီးလိုက်တဲ့ အချိန်မှာ အမျိုးအစား - ၁ ဆီးချိုရောဂါဖြစ်လာရတာပါ။ ခန္ဓာကိုယ်က အင်ဆူလင်ပမာဏကို လုံလောက်အောင်မထုတ်နိုင်တဲ့အခြေအနေကြောင့် အမျိုးအစား - ၁ ဆီးချိုရောဂါစဖြစ်လာပါတယ်။ အမျိုးအစား - […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

Diabetic Retinopathy (ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Diabetic Retinopathy (ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောရောဂါ) ကဘာလဲ။ ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါဆိုသည်မှာ မျက်လုံး၏အနောက်ဘက်တွင် တည်ရှိသောအာရုံကြောမမှ ဖြစ်သောရောဂါတခုဖြစ်သည်။ ထိုအာရုံကြောသည် ပုံရိပ်များ လက်ခံ၍သင့်ဦးနှောက်သို့ထိုပုံရိပ်များကို ပေးပို့ရသောမျက်လုံး၏အစိတ်အပိုင်းတခုဖြစ်သည်။ ဆီးချိုရောဂါသည်အများစုတွင် ထိုရောဂါရှိကြပြီး ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါဟုခေါ်သည်။ ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါသည် အမြင်စွမ်းအားကျစေပြီး မျက်လုံးကန်းသည်အထိဖြစ်စေနိုင်သည်။ နှစ်ပေါင်းများစွာအတွင်း ပိုဆိုးလာတတ်သည်။ ပထမပိုင်းတွင် မျက်လုံးရှိသွေးကြောများလျော့လျဲအားနည်းလာခြင်းဖြင့် မျက်လုံးအာရုံကြောထဲသို့ထိုသွေးကြောများမှ သွေးနှင့်အခြားအရည်များစိမ့်ဝင်လာစေသည်။ ထိုကဲ့သို့ဖြစ်ခြင်းကို non-proliferative retinopathyဟုခေါ်သည်။ ထိုရောဂါသည်အဖြစ်များဆုံးသော ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါတစ်မျိုးဖြစ်သည်။ အကယ်၍ထိုအရည်များသည် သင့်မျက်လုံးအလယ်သို့စိမ့်ဝင်သွားပါက သင့်တွင်အမြင်ေဝဝါးလာနိုင်သည်။ ကံမကောင်းစွာပဲ non-proliferative retinopathy ဖြစ်ပွားသောသူများတွင် မည်သည့်လက္ခဏာမျှပြသခြင်းမရှိပါ။ Diabetic Retinopathy (ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါသည်ကမ္ဘာအနှံ့ဖြစ်ပွားသောအမြင်စွမ်းအားဆုံးရှံူးစေသည့်အကြောင်းအရင်းတခုဖြစ်သည်။ ခန့်မှန်းခြေ285သန်းပေါင်းသော […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

diabetic neuropathy (ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်diabetic neuropathy (ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါ) ကဘာလဲ။ ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါဆိုသည်မှာ သကြားဓါတ်များသွေးထဲတွင် ကြာရှည်စွာ မြင့်တက်နေခြင်းကြောင့် အာရုံကြောထိခိုက်ပျက်စီးခြင်းကိုဆိုလို သည်။     diabetic neuropathy (ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဆီးချိုရောဂါ၏ ပြင်းထန်သည့် အဖြစ်များသော နောက်ဆက်တွဲရောဂါတခုဖြစ်သည်။60-70ရာခိုင်နှုန်းသောဆီးချို ရောဂါသည်များသည် အချို့သော အာရုံကြောရောဂါများကို ခံစား ရတတ်သည်။ ဆီးချိုကြောင့်ဖြစ်သည့်အဓိကအာရုံကြောရောဂါ4ခုမှာ Peripheral,autonomic,proximal နှင့်focal တို့ဖြစ်သည်။ လက္ခဏာများdiabetic neuropathy (ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ Peripheral neuropathy အဖြစ်အများဆုံးသော ဆီးချိုကြောင့်ဖြစ်သည့် အာရုံကြောရောဂါဖြစ်ပြီး အများအားဖြင့် ခြေလက်များတွင် ဖြစ်ပွား တတ်သည်။ လက်များ၊လက်မောင်းများ၊ကျောပြင်နှင့်ဗိုက်တွင်လည်း ဖြစ်ပွားနိုင်သည်။ လက္ခဏာများသည် အပျော့စားမှ ပြင်းထန်သည် အထိရှိနိုင်ပြီး ညဘက်တွင် ပိုမိုဆိုးဝါးတတ်သည်။ နာကျင်ကိုက်ခဲ ခြင်း၊ပူစပ်ပူလောင်ဖြစ်ခြင်း၊ထုံကျဉ်နေခြင်း၊ထိတွေ့မှုအာရုံပျောက်သွားခြင်း၊ကြွက်သားအားနည်းခြင်း၊တုံ့ပြန်မှုစနစ်များ ပျောက်သွားခြင်း စသည်တို့ပါဝင်သည်။ ထိုရောဂါကြောင့် ခြေထောက်တွင် ပိုးဝင်ခြင်း၊အနာများဖြစ်ခြင်းနှင့် ပုံပျက်ပန်းပျက်ဖြစ်ခြင်းစသောပြဿနာများဖြစ်တတ်သည်။ Autonomic neuropathy ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါ၏ ဒုတိယအဖြစ်အများဆုံး ရောဂါဖြစ်ပြီး အတွင်းကလီစာများကို ထိန်းချုပ်သော အာရုံကြောတွင်ဖြစ်ပွားသည်။ အလိုအလျောက်အာ ရုံကြောစနစ်မှ ထိန်းချုပ်သောကလီစာများတွင်အစာလမ်းကြောင်း စနစ်၊ချွေးဂလင်းများ၊လိင်အဂါများ၊နှလုံးနှင့်သွေးကြောစနစ်များ၊ဆီးအိမ် စသည်တို့ပါဝင်သည်။ အစာလမ်းကြောင်းစနစ်အားထိန်းချုပ်သော အာရုံကြောကိုထိခိုက်ပါက မျိုမချနိုင်ခြင်း၊ဝမ်းချုပ်ခြင်း၊အစာအိမ် အလုပ်လုပ်နိုင်စွမ်းနှေးကွေးနေခြင်းစသည်တို့ဖြစ်ပွားစေသော ကြောင့်ပျို ့ခြင်း၊အန်ခြင်း၊အစာစားချင်စိတ်မရှိခြင်းနှင့် လေအောင့်ခြင်းတို့ကိုလည်းဖြစ်ပွားစေသည်။ အလိုအလျောက်အာရုံကြောစနစ်ရောဂါသည် […]


အမျိုးအစား (၁) ဆီးချို

သင့်ကလေးငယ်မှာ အမှတ်တစ် အမျိုးအစားဆီးချိုရောဂါရှိနေရင် ဘာတွေလုပ်ရမလဲ

သင့်ကလေးငယ်မှာ အမှတ်တစ် အမျိုးအစားဆီးချိုရောဂါရှိနေရင် ဘာတွေလုပ်ရမလဲ .... သင့်ကလေးငယ်အတွက် အရေးတကြီးလိုအပ်တဲ့ အင်ဆူလင်ဟော်မုန်းကို ခန္ဓါကိုယ်ကနေ ထုတ်လုပ်ခြင်းမရှိတော့ဘူးဆိုရင် သူလေးမှာ အမှတ်တစ် အမျိုးအစားဆီးချိုရောဂါ ရှိနေပါပြီ။ ဆီးချိုဝေဒနာသည်တယောက်အဖို့ ရှင်သန်နေထိုင်ရတာ မလွယ်ကူပါဘူး။ ဒါကြောင့် အောက်ဖော်ပြပါ ရိုးရှင်းတဲ့ အချက်လေးတွေကို သိထားခြင်းအားဖြင့် သင်ရောသင့်ကလေးအတွက်ပါ ပိုမိုကောင်းမွန်သာယာတဲ့ ဘဝလေးတခုကို ရရှိစေပါလိမ့်မယ်။ သင့်ကလေးငယ်မှာ အမှတ်တစ် အမျိုးအစားဆီးချိုရောဂါရှိနေရင် ဘာတွေလုပ်ရမလဲ သင့်ကလေးငယ်မှာ အမှတ်တစ် အမျိုးအစားဆီးချိုရောဂါရှိနေရင် ဘာတွေလုပ်ရမလဲ ဆိုတော့ - အပြစ်ရှိသလို ခံစားမနေပါနဲ့။ ဒါ သင့်အပြစ်မဟုတ်ပါဘူး။"မိသားစုထဲက တယောက်ယောက်မှာ ဆီးချိုရှိလို့ ငါ့သားလေး/သမီးလေးမှာ ဆီးချိုရှိရတာ"၊"ငါမတည့်တာတွေ ကျွေးမိလို့ ငါ့ကလေး ဆီးချိုဖြစ်ရတာ" ဒါမှမဟုတ် "ကလေးစားတတ်သောက်တတ်အောင် ငါသေချာမသင်ပေးမိလို့ ဖြစ်ရတာ" စသဖြင့် လျှောက်တွေးမနေပါနဲ့။ မျိုးဗီဇနဲ့ ပတ်ဝန်းကျင်အခြေအနေတွေကလည်း တစိတ်တဒေသတော့ ပါကောင်းပါ ပါလိမ့်မယ်။ ဒါပေမယ့် […]


အမျိုးအစား (၂) ဆီးချို

Diabetes (ဆီးချိုရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Diabetes (ဆီးချိုရောဂါ) ကဘာလဲ။ သွေးထဲမှာသကြားဓါတ်မြင့်မားနေခြင်းကိုဆီးချိုရောဂါဟုခေါ်သည်။ ဆီးချိုအမျိုးအစား (၂)ခုရှိသည်။ အမျိုးအစား ၁ ခန္ဓါကိုယ်၏ခုခံအားမှပန်ကလိယခေါ်မုန့်ချိုအိတ်ရှိ အင်အူလင်ထုတ်သော ဆဲလ်များကိုတိုခိုက်ခြင်းကြောင့်ဖြစ်လာသည်။ အမျိုးအစား ၂ မုန့်ချိုအိတ်မှ အင်ဆူလင်ထုတ်လုပ်မှုနည်းပါးပြီး ခန္ဓါကိုယ်ရှိဆဲလ်များအပေါ်တွင်လည်း ထိုအင်ဆူလင်သက်ရောက်မှုအားနည်းနေခြင်းဖြစ်သည်။ သွေးထဲသကြားဓါတ်မြင့်မားခြင်းကြောင့် မကြာခဏဆီးသွားခြင်း၊ရေဆာခြင်း၊ဆာလောင်ခြင်းတို့ ခံစားရတတ်သည်။ Diabetes (ဆီးချိုရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဆီးချိုရောဂါဟာ အခုအခါမှာအဖြစ်များလာကြပြီး ဆီးချိုကိုပိုမိုဖြစ်စေနိုင်သောအချက်များကိုကြိုတင်ကာကွယ်သောအားဖြင့် ရှောင်ရှားသင့်ပေသည်။ အသေးစိတ်အချက်အလက်များကို နီးစပ်ရာဆရာဝန်နင့်တိုင်ပင်ရန်လိုအပ်သည်။ လက္ခဏာများDiabetes (ဆီးချိုရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ မကြာခဏဆီးသွားခြင်း ရေငတ်ခြင်း ဆာလောင်ခြင်း ပင်ပန်းလွယ်ခြင်း အမြင်မကြည်ခြင်း အနာကျက်နှေးခြင်း ဝိတ်ကျခြင်း(အမျိုးအစား ၁) ခြေချောင်း လက်ချောင်းများထုံကျဉ်ခြင်း အမျိုးအစား ၂ဆီးချိုရောဂါသည်များတွင် လက္ခဏာမှာမသိသာတတ်ပေ။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ ရေအရမ်းငတ်ခြင်း အထူးသဖြင့်ညဘက်များတွင် ဆီးမကြာခဏသွားခြင်း ပင်ပန်းလွယ်ခြင်း ဝိတ်ကျခြင်းနှင့်ကြွက်သားများသေးသွားခြင်း ချိုင်းကြားကဲ့သို့ချွေးအောင်းနိုင်သော ကြားနေရာများတွင် ယားခြင်း၊အနာဖြစ်ခြင်း အနာကျက်နှေးခြင်း အမြင်မှုန်ဝါးခြင်း ထိုလက္ခဏာများသည်အမျိုးအစား ၁တွင် ရက်ပိုင်းအတွင်းဖြစ်ပေါ်တတ်သည်။ အမျိုးအစား ၂ တွင်မူလက္ခဏာမှာမသိသာ၍ သတိထားမိဖို့ရာ အချိန်ကြာတတ်သည်။ အကြောင်းရင်းများDiabetes (ဆီးချိုရောဂါ) ကိုဘာတွေကဖြစ်စေသလဲ စားလိုက်သောအစားများထဲမှသကြားဓါတ်ကိုအစာအိမ်မှချေဖျက်စုပ်ယူပြီးနောက် ဆဲလ်များတွင်စွမ်းအင်အဖြစ်ပြောင်းလဲသိုလှောင်ရန် အင်ဆူလင် လိုအပ်သည်။ ဆီးချိုရောဂါသည်များတွင် ထိုအင်ဆူလင်မရြိှခ်းကြောင့် စွမ်းအင်အဖြစ်မပြောင်းလဲနိုင်ဘဲ […]


အမျိုးအစား (၂) ဆီးချို

Prediabetes (အကြိုဆီးချို )

အဓိပ္ပာယ်ဖွင့်ဆိုချက် Prediabetes (အကြိုဆီးချို ) က ဘာလဲ။ အကြိုဆီးချို ဆိုတာက သွေးထဲမှာ သကြားဓာတ်တွေ ပုံမှန်ထက်မြင့်တက်နေပေမယ့် အမျိုးအစား ၂ ဆီးချိုလို့ သတ်မှတ်နိုင်ရလောက်အောင် မမြင့်သေးတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။။ သင့်မှာ အကြိုဆီးချိုရှိနေတာက အစာစားပြီးနောက် အင်ဆူလင် လုံလောက်စွာ မထုတ်နိုင်ခြင်း ဒါမှမဟုတ် ခန္ဓာကိုယ်မှ အင်ဆူလင်ကို ကောင်းကောင်းမတုံ့ပြန်တာကြောင့် ဖြစ်နိုင်ပါတယ်။ ကုသမှုမလုပ်ဘူးဆိုရင် အကြိုဆီးချိုကနေ ၁၀ နှစ်အတွင်း အမျိုးအစား ၂ ဆီးချို ဖြစ်လာနိုင်ပါသည်။ အကြိုဆီးချိုက နှလုံးနဲ့ သွေးကြောစနစ်ကို အမျိုးအစား ၂ ဆီးချို မဖြစ်ခင်ကပင် ကြိုပျက်စီးထားနိုင်ပါတယ်။ Prediabetes (အကြိုဆီးချို ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါက အလွန်အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားစေနိုင်တဲ့ အချက်အလက်တွေကို ဆင်ခြင်ပြီး ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဘာတွေ လုပ်သင့်လဲဆိတာကို ထပ်မံသိရှိဖို့အတွက် […]


အမျိုးအစား (၁) ဆီးချို

Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို )

အဓိပ္ပာယ်ဖွင့်ဆိုချက် Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို )က ဘာလဲ။ ဆီးချို ဆိုသည်မှာ သွေးတွင်းသကြားဓာတ်များသော ဇီဝရုပ်ဖြစ်ပျက်ခြင်းဆိုင်ရာ ကမောက်ကမရောဂါအုပ်စု (Metabolic syndrome) တွင် ပါဝင်သောရောဂါ ဖြစ်ပါသည်။ အမျိုးအစား ၁ ဆီးချို သို့မဟုတ် အင်ဆူလင်ပေါ်မှီခိုသောဆီးချိုမှာ ဘဝတစ်သက်တာ ခံစားရမည့်ရောဂါဖြစ်ပါသည်။ တခြားသော ဆီးချိုအမျိုးအစားများနှင့် ကွာခြားသည့်အချက်များမှာ ၎င်းသည် အင်ဆူလင်မရှိခြင်း၊ ကီတိုးဆစ်ဖြစ်နိုင်ခြင်းတို့ ဖြစ်ပါသည်။ အင်ဆူလင်သည် သွေးတွင်းသကြားဓာတ်အား ထိန်းချုပ်ရာတွင် အခရာကျပါသည်။ ဆီးချိုရှိသူများတွင် သွေးတွင်းသကြားဓာတ် များပြားနေသော်လည်း ဆဲလ်များအတွင်းသို့ သကြားဓာတ်မပို့နိုင်ဖြစ်လာရာမှ နှလုံး၊ မျက်လုံး၊ ကျောက်ကပ်၊ အာရုံကြောစနစ်၊ သွားဖုံးနှင့် သွားများတွင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်လာပါသည်။ အမျိုးအစား ၁ ဆီးချိုအား ကလေးဆီးချိုအဖြစ် ညွှန်းဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် […]


အမျိုးအစား (၂) ဆီးချို

ချစ်ခင်ရတဲ့သူတစ်ဦးဦးမှာ ဆီးချိုရောဂါရှိနေရင် ဘယ်လိုကူညီဖေးမ မလဲ

ချစ်ခင်ရတဲ့သူတစ်ဦးဦးမှာ ဆီးချိုရောဂါရှိနေရင် ဘယ်လိုကူညီဖေးမ မလဲ ...... ဆီးချိုဝေဒနာကို ထိန်းချုပ်ဖို့ဆိုတာက တော်ရုံတန်ရုံကိစ္စတော့မဟုတ်ပါဘူး။ ဆီးချိုဝေဒနာသည်တွေအနေနဲ့ ဆေးဝါးတွေ သောက်သုံးနေရုံသာမက အစားအသောက်နဲ့ သွေးတွင်းသကြားဓာတ်ပမာဏကိုလည်း ဂရုတစိုက်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ တကယ်လို့ ကိုယ်ချစ်ရတဲ့ သူတစ်ဦးဦးမှာ ဆီးချိုရောဂါရှိနေတယ်ဆိုရင် ဂရုစိုက်ပေးရာမှာ အထောက်အပံ့ပေးနိုင်မယ့် နည်းလမ်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်။ ချစ်ခင်ရတဲ့သူတစ်ဦးဦးမှာ ဆီးချိုရောဂါရှိနေရင် ဘယ်လိုကူညီဖေးမ မလဲ ချစ်ခင်ရတဲ့သူတစ်ဦးဦးမှာ ဆီးချိုရောဂါရှိနေရင် ဘယ်လိုကူညီဖေးမ မလဲ ..... ဆိုတော့ ၁) ဆီးချိုဝေဒနာအကြောင်း နားလည်အောင်လုပ်ပါ ဆီးချို ဝေဒနာသည်တွေကို စောင့်ရှောက်ပေးတဲ့သူတွေအနေနဲ့ ပထမဆုံးသိထားသင့်တဲ့အချက်က ဆီးချိုဝေဒနာခံစားနေရတဲ့ ကိုယ်ချစ်ခင်ရသူမှာ မျှော်လင့်မထားတဲ့ အခြေအနေမျိုးတွေ့ကြုံလာနိုင်ပါတယ်။ ဒီအခါမှာ အကူအညီပေးနိုင်စေဖို့ ဆီးချို ဝေဒနာနဲ့ပတ်သက်ပြီး များများသိရှိနိုင်အောင်ကြိုးစားရပါမယ်။ ဒီလိုမျိုးလေ့လာတာက ဆီးချို ဝေဒနာ အကြောင်းကို သိရှိနိုင်ပြီး အရေးပေါ်အခြေအနေတွေနဲ့ နောက်ဆက်တွဲဝေဒနာတွေဖြစ်တဲ့အခါ ဘယ်လိုစောင့်ရှောက်မှုပေးရမလဲဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။ ကိုယ်ချစ်ခင်ရသူကဆရာဝန်ဆီ သွားရောက်ပြသတဲ့အခါမှာလည်း အတူလိုက်ပါခွင့်ပြုဖို့ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ကိုယ့်မှာဆီးချိုရှိနေရင် နှလုံးကိုမထိခိုက်အောင် ဘယ်လိုကာကွယ်မလဲ

ဆီးချိုနဲ့နှလုံးကျန်းမာရေးက ဆက်နွှယ်မှုကြီးမားတယ်လို့ပြောရင်တော်တော်များများက အံ့သြကြပါတယ်။ တကယ်တော့ နှလုံးရောဂါကသေဆုံးမှုများတဲ့အကြောင်းရင်းတစ်ခုဖြစ်ပြီး အမျိုးအစား ၂ ဆီးချိုရောဂါဝေဒနာရှင်တွေမှာနောက်ဆက်တွဲပြဿနာအဖြစ်တွေ့ရတတ်ပါတယ်။ ဆီးချိုဝေဒနာရှင် ၃ ဦးမှာ ၂ ဦးနှုန်းကနောက်ဆုံးမှာ နှလုံးရောဂါ သို့မဟုတ်လေဖြတ်ခြင်းကြောင့်သေဆုံးကြတယ်လို့American Heart Association (AHA) ကဖော်ပြထားပါတယ်။ ဆီးချိုနဲ့နှလုံးရောဂါ ဘယ်လိုဆက်စပ်နေသလဲ ဆီးချိုနဲ့နှလုံးရောဂါကြားက ဆက်နွှယ်မှုက နည်းနည်းတော့ရှုပ်ထွေးပါတယ်။ ဆီးချိုက သွေးတွင်းကိုလက်စထရောဓါတ်မြင့်တက်ခြင်း၊ သွေးတိုးနဲ့ အဝလွန်ခြင်းဖြစ်နိုင်ခြေပိုများစေတယ်။ ဒီအချက်တွေအားလုံးကရောင်ရမ်းမှုကိုဖြစ်စေနိုင်ပြီး ရုတ်တရက် နှလုံးခေတ္တရပ်ခြင်း သို့မဟုတ်လေဖြတ်ခြင်းတို့လို နှလုံးသွေးကြောကျဉ်းတဲ့အဖြစ်တွေဖြစ်လာစေနိုင်ပါတယ်။ ဆီးချိုဝေဒနာရှင်တွေဟာ ဆီးချိုမရှိသူတွေနဲ့ယှဉ်ရင် ရုတ်တရက်နှလုံးခေတ္တရပ်ခြင်း(heart attack) ကြောင့် အသက်ဆုံးရှုံးရနိုင်ခြေပိုများပါတယ်။heart attackဖြစ်လာရင်သွေးကြောမျှင်လေးတွေမှာ အပြောင်းအလဲတွေဖြစ်စေတဲ့အခါ ဆီးချိုသမားရဲ့နှလုံးဟာ ကျန်းမာတဲ့သူတွေလိုပြန်မကောင်းနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်ဆက်တွဲရောဂါတွေမဖြစ်လာစေဖို့ သွေးတွင်းသကြားဓါတ်ကိုထိန်းချုပ်ရမယ့်အပြင် နှလုံးကိုကာကွယ်နိုင်ဖို့ သွေးတိုး၊ ကိုလက်စထရောနဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းဖို့လိုပါတယ်။ ဆီးချိုရှိနေပြီဆိုရင် နှလုံးကို ကာကွယ်နိုင်ဖို့ ဘာတွေလုပ်ရမလဲ လေ့ကျင့်ခန်း တော်သင့်ရုံ ကိုယ်လက်လေ့ကျင့်ခန်း မိနစ် ၁၅၀ ခန့် ဒါမှမဟုတ် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဝေဒနာရှင်တွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆာပြေစားစရာ ၁၀ မျိုး

တစ်နေ့ကို ထမင်း ၂ ကြိမ်စားပြီးတဲ့အပြင် တစ်ခါတလေမှာ အခြားအဆာပြေစာလေးတွေ စားချင်တာမျိုးတွေရှိတတ်ပါတယ်။ လူကြိုက်များတဲ့ အသင့်စား အမြန်စားအစားအစာတွေနဲ့ အချိုရည်တွေက ကျန်းမာရေးအပေါ်မှာ ဆိုးကျိုးသက်ရောက်မှုတွေရှိနိုင်ပါတယ်။ အထူးသဖြင့်ဆီးချိုရှိရင် ပိုပြီးတောင်ဆိုးနိုင်ပါသေးတယ်။ ကံကောင်းတာတစ်ခုကျန်းမာရေးကောင်းမွန်အောင်ဘယ်လိုရွေးချယ်စားသုံးရမလဲဆိုတဲ့နည်းလမ်းရှိနေတာပဲဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်အေင် ဘယ်လိုရွေးချယ်စားသုံးရမလဲဆိုတာက ဆက်ကြည့်လိုက်ရအောင်။ ၁)ချောကလက် အနက်ရောင်ချောကလက်စားသုံးပေးတာက ဗိုက်ပြည့်တယ်လို့ခံစားရစေပြီး ဆာလောင်တယ်လို့ခံစားရမှုကိုလျှော့ချပေးပါတယ်။ချောကလက်မှာ ဖလေဗာနွိုက်နဲ့ နှလုံးကိုကျန်းမာစေနိုင်တဲ့ အကျိုးပြုဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ချောကလက်မှာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အဆီဓါတ်နှစ်မျိုးဖြစ်တဲ့oleic နဲ့ stearic အက်ဆစ်တို့ပါဝင်နေပါတယ်။ ၂) နို့ အဆီမပါတဲ့ နို့တစ်ခွက်က ရိုးရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆာပြေစားစရာတစ်မျိုးပါပဲ။ဆောင်းရာသီလိုအေးမြတဲ့ရာသီမှာ နို့ပူပူလေးတစ်ခွက်သောက်သုံးပေးတာကနွေးထွေးစေမှာလည်းဖြစ်ပါတယ်။ တကယ်လို့ ခန္ဓါကိုယ်က နို့၊နို့ထွက်ပစ္စည်းတွေနဲ့ ဓါတ်မတည့်ဘူးဆိုရင် ပဲနို့ (သို့မဟုတ်) အယ်လ်မွန်နို့တို့ကိုပြောင်းလဲသောက်သုံးပေးလို့ရပါတယ်။ ဒီနို့တွေကလည်း ကျန်းမာရေးကိုကောင်းစေနိုင် ပါတယ်။ ၃) သစ်သီးတွေ စပျစ်သီး၊ ဇီးသီး၊ နဲ့ လတ်ဆတ်တဲ့ လိမ္မော်သီးတွေကအရသာလည်းရှိသလို ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေကိုလည်း ပြည့်ဝစေနိုင်ပါတယ်။ ငှက်ပျောသီး၊ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း