အယ်ဇိုင်းမားရှိတဲ့ လူကြီးတွေက သတိမေ့တတ်တဲ့အတွက် သူတို့နဲ့ ပြောဆိုဆက်ဆံရတာ နည်းနည်းတော့ ခက်ခဲနိုင်ပါတယ်။ သူတို့ကိုယ်တိုင်ကလည်း စိတ်မရှည်ဘဲ ဘေးကလူတွေကို ဒေါသထွက်တတ်ပါတယ်။ သူတို့က တစ်ခုခုပြောခါနီးရင် စကားလုံးတွေကို မေ့နေတဲ့အတွက် စကားပြောဖို့ ကြာနေတတ်ပါတယ်။ ဒါကို မသိထားဘူးဆိုရင် ပြုစုပေးတဲ့သူက စိတ်မရှည်ဘဲ အောာ်ဟစ်မိတတ်ပါတယ်။
ဒါကြောင့် သူတို့နဲ့ ပြောဆိုဆက်တဲ့အခါ အဆင်ပြေစေဖို့
- သူတို့ စိတ်တိုနေပြီဆို နှစ်သိမ့်ပေးပါ။ သူတို့နဲ့ အပြိုင် ဒေါသမထွက်ပါနဲ့။ သူတို့ ဖြစ်နေတာကို နားလည်တဲ့ပုံစံ ပြပေးပါ။
- သူတို့ကို လေးစားသမှုနဲ့ ဆက်ဆံပါ။
- တစ်ခါတလေ သူတို့ကို တစ်ယောက်တည်း လွတ်လွတ်လပ်လပ်ပေးနေပါ။
- မိသားစု ပျော်ပျော်ရွှင်ရွှင်နေတဲ့ ဓာတ်ပုံလေးတွေကို ချိတ်ဆွဲထားပေးပါ။ လူကြီးတွေက အတွင်းစိတ်ထဲမှာ အားငယ်နေတတ်ကြလို့ပါ။
- သူတို့က တစ်ခါတလေ မိသားစုဝင်တွေကို မမှတ်မိတတ်ကြပါဘူး။ ဒါလေးတောင် မမှတ်မိတော့ဘူးလားလို့ အပြစ်မတင်ဘဲ ဒါဘယ်သူပါလို့ ပြန်ပြောပြပေးလိုက်ပါ။
- နှစ်ဦးနှစ်ဖက် အပြန်အလှန် စကားပြောတဲ့ အကျင့်ကို လုပ်ပါ။
- သူတို့နဲ့ စကားပြောရတာ အဆင်မပြေတော့ဘူးလို့ ခံစားရရင် ဆက်မပြောဘဲ အာရုံပြောင်းလိုက်ပါ။

အယ်ဇိုင်းမားရှိသူတစ်ယောက် ကျန်းကျန်းမာမာ လှုပ်လှုပ်ရှားရှား နေနိုင်ဖို့
အယ်ဇိုင်းမားရှိတဲ့ လူကြီးတွေက သတိမကောင်းရုံက လွဲပြီး တခြားရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်မရှိဘူးဆိုရင် လှုပ်လှုပ်ရှားရှားနေလို့ရပါတယ်။ အာဟာရပြည့်အောင်စားပြီး လှုပ်လှုပ်ရှားရှားနေတာက သူတို့အတွက် ပိုကောင်းပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ရောဂါပိုဆိုးလာရင်တော့ လုပ်ရတာ ခက်ပါတယ်။ ဒါဆိုရင်တော့
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။