ပုံမှန်အားဖြင့် Ministroke လို့လည်းခေါ်ဆိုကြတဲ့ ယာယီလေဖြတ်ခြင်း ဟာ လေဖြတ်ဝေဒနာနဲ့ လက္ခဏာအားလုံး တူညီနေတတ်ပါတယ်။ အဓိက ကွဲပြားချက်ကတော့ အချိန်ကာလဖြစ်ပြီးတော့ ယာယီလေဖြတ်တယ်ဆိုရင် အချိန်ကာလ အနည်းငယ်သာဖြစ်လေ့ဖြစ်ထရှိပါတယ်။
ယာယီလေဖြတ်တာဟာ မိနစ် အနည်းငယ်ကနေ နာရီပိုင်း၊ တစ်ခါတစ်ရံ ၂၄ နာရီဝန်းကျင်အထိ ကြာမြင့်တတ်ပါတယ်။ များသောအားဖြင့် ယာယီလေဖြတ်တာဖြစ်ပြီး ၁ နှစ်ဝန်းကျင်မှာ လေဖြတ်ဝေဒနာကို ကြုံရတတ်ပါတယ်။
ဘာကြောင့် ယာယီလေဖြတ်ခြင်း ဖြစ်ရတာလဲ
ယာယီလေဖြတ်ခြင်းဟာ လေဖြတ်ဝေဒနာအမျိုးအစားတစ်မျိုးဖြစ်တဲ့ Ischemic Stroke နဲ့ မူလဇစ်မြစ်ခြင်းတူညီပါတယ်။ Ischemic Stroke ဖြစ်ရတဲ့အကြောင်းအရင်းက ဦးနှောက်ကို သွေးစီးဆင်းမှု နည်းပါးပြီး အောက်ဆီဂျင်လုံလောက်စွာမရရှိတာကြောင့် သွေးမရတော့တဲ့ အာရုံကြောက ထိန်းချုပ်ထားတဲ့ အစိတ်အပိုင်းတွေ မလှုပ်မရှားနိုင်ဖြစ်သွားတာပါ။
ယာယီလေဖြတ်တာနဲ့ Ischemic Stroke နဲ့ အကြားက ကွာဟချက်က ယာယီလေဖြတ်ခြင်းဟာ အချိန်ကာလတိုတစ်ခုအတွင်းမှာသာ ဖြစ်ပွားပြီး ရုတ်တရက်ပြန်လည်သက်သာလာတတ်တာပါပဲ။
Ministroke ကိုဖြစ်စေတဲ့ နောက်ထပ် အဓိက အကြောင်းအရင်းတစ်ချက်ကတော့ သွေးကြောတွေထဲမှာ ကိုလက်စထရောတွေစုဝေးမှုပိုများလာတာပါ။ ဒီအချက်ကလည်း ဦးနှောက်ဆီကို အောက်ဆီဂျင်လုံလုံလောက်လောက်ပေးပို့မှုကို ဟန့်တားလေ့ရှိပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။