backup og meta

နေပူထဲသွားပြီး ခေါင်းတွေကိုက် နေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေပူထဲသွားပြီး ခေါင်းတွေကိုက် နေပြီလား

    ခေါင်းတွေကိုက် လိုက်တာဆိုတဲ့ ဝေဒနာမျိုးက နေပူထဲမှာ နေတာကြာလာသူတွေမှာ အတော်လေး တွေ့ရတတ်ပါတယ်။ နေပူထဲမှာ အနေကြာလာတဲ့အခါခေါင်းတွေ အုံလာတာဖြစ်တတ်သလို တဆစ်ဆစ်နဲ့ ခေါင်းတွေကိုက် လာတာလည်း ကြုံရတတ်ပါတယ်။ တချို့ဆို ဖျားတဲ့အထိတောင် ဖြစ်တတ်ပါတယ်။ နေပူထဲမှာ နေတာကြာရင် ဘာလို့ ခေါင်းကိုက် တာလဲ။ ဘယ်လိုသက်သာအောင် လုပ်ရမလဲဆိုတာ နည်းလမ်းတွေကို ပြောပြပေးပါမယ်။

    နေပူထဲမှာ နေတာကြာရင် ဘာကြောင့် ခေါင်းတွေကိုက် တာလဲ။

    ဒါကို Heat headaches လို့ ခေါ်ပါတယ်။ ပူတာသက်သက်ကတော့ ခေါင်းကိုက်စေတာ ရှားပါတယ်။ တခြားသော အချက်တွေက အားပေးကူညီနေလို့သာ ခေါင်းကိုက်တဲ့အထိ ဖြစ်လာတာပါ။ ဒီအချက်တွေကတော့

    Baylor College of Medicine အရ နေပူထဲမှာ ခေါင်းကိုက်ရတာက ရေဓာတ်ဆုံးရှုံးလို့ ဖြစ်နိုင်ပါတယ်တဲ့။ ရေဓာတ်ဆုံးရှုံးတဲ့အခါ သွေးကြောတွေ ကျုံ့လာတာကြောင့် ခေါင်းထဲမှာ တဆစ်ဆစ်နဲ့ ကိုက်လာတာပါ။

    • အပူနဲ့ ဆိုင်တဲ့ ရောဂါများ

    ဥပမာ ပြောရရင် ပူလွန်းလို့ ချွေးထွက်များပြီး ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတာ၊ နုံးတာ၊ အပူလျှပ်တာ စတာတွေပဲ ဖြစ်ပါတယ်။ ကံကောင်းတာက ဒါတွေက ကာကွယ်လို့ ရပါတယ်။ နေပူထဲမှာ အကြာကြီး မနေဘဲ မကြာခဏ အရိပ်ထဲ ဝင်နားမယ်၊ လှုပ်လှုပ်ရှားရှား နေတာကို ရှောင်မယ်ဆိုရင် ခေါင်းမကိုက်အောင် ကာကွယ်နိုင်ပါတယ်။ အပူလျှပ်ခါနီးလူမှာရော၊ အပူကြောင့် နုံးနေတဲ့သူမှာရော ခေါင်းကိုက်တာက အဖြစ်များတဲ့ ရောဂါလက္ခဏာပါ။

    နေပူထဲသွားပြီး ခေါင်းကိုက် နေပြီလား

    • အခြားအကြောင်းအရင်းများ

    တခြားသော ပတ်ဝန်းကျင်မှာ ရှိတဲ့ အကြောင်းအရာတွေကလည်း ခေါင်းကိုက်စေဖို့ ဝိုင်းပြီး တွန်းအားပေးနိုင်ပါတယ်။ ဥပမာ ပြောရရင်

    -နေပြင်းလွန်းတာ

    ရေမသောက်ဖြစ်တာ

    -ရေမွှေးတွေ၊ နေလောင်ကာခရင်မ်တွေက အနံ့တွေကြောင့် ခေါင်းကိုက်တာ

    -အစာမစားဖြစ်တာ

    -သောက်နေကျ ဆေးတွေ မသောက်ဖြစ်တာ

    -နေပူထဲမှာ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ လုပ်မိတာ စတာတွေပဲ ဖြစ်ပါတယ်။

    တခြားအရေးကြီးတဲ့ အခြေအနေများ

    တစ်ခါတလေ ခေါင်းကိုက်တာက နေပြင်းတာကြောင့် မဟုတ်ဘဲ တခြားအရေးကြီးတဲ့ အခြေအနေတစ်ခုရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တာအပြင် ဒီလက္ခဏာတွေ ရှိမရှိပါ စစ်ဆေးကြည့်ပါ။

    • အပူကြောင့် ရေဓာတ်ဆုံးရှုံးပြီး နုံးခြင်း 

    ခေါင်းကိုက်တာအပြင် ချွေးတွေ ရွှဲနေအာင် ထွက်တာ၊ ပျို့အန်တာ၊ မူးတာ၊ ကြွက်တက်တာ၊ နုံးတာ၊ ခြေဖျားလက်ဖျားတွေ အေးတာ၊ ရင်တုန်တာတွေပါ ခံစားရမှာပါ။

    • အပူလျှပ်တာ

    ခေါင်းကိုက်တာအပြင် ချွေးမထွက်ဘဲ အသားတွေက ကိုင်ကြည့်ရင် ပူခြစ်နေမယ်။ မူးမယ်။ သတိမကောင်းဘူး။ အသားတွေ နီစပ်စပ် ဖြစ်မယ်။ အပူချိန်တိုင်းကြည့်ရင် ၁၀၃ ဒီဂရီဖာရင်ဟိုက်ထက် များနေမယ်။ ပျို့အန်ပြီး ရင်တုန်နိုင်ပါတယ်။

    မိုက်ဂရင်းလို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါမှာတော့ သူ့ခေါင်းကိုက်တာက ထူးခြားပါတယ်။

    -ခေါင်းတစ်ခြမ်း ဒါမှမဟုတ် ခေါင်းတစ်ခုလုံးမှာ တဒုတ်ဒုတ်နဲ့ ပြင်းပြင်းထန်ထန် ကိုက်မယ်။

    -အလင်းရောင်မခံနိုင်ပါဘူး။

    -ပျို့အန်မယ်။

    -၅ယောက်မှာ ၁ယောက်က ခေါင်းမကိုက်ခင်မှာ Auraလို့ ခေါ်တဲ့ မျက်လုံးမှာ ပျိုးပျိုးပျက်ပျက်တွေ မြင်တာ၊ ခြေလက်တွေ ထုံကျင်တာ စတဲ့ ထူးခြားတဲ့ လက္ခဏာတွေကို ခံစားရတတ်ပါတယ်။

    နေပူထဲမှာ အနေကြာလို့ ခေါင်းတွေကိုက် လာပြီဆို ဘာလုပ်ကြမလဲ။

    ခေါင်းကိုက်လာပြီဆိုရင်

    • နေရိပ်ထဲ၊ အေးတဲ့တစ်နေရာရာမှာ အနားယူပါ။
    • အပူသက်သာလာပြီဆို ရေခဲဝတ်လေးတွေ ကပ်ပေးပါ။
    • ကဖင်းပါတာတွေ မသောက်ပါနဲ့။ ရေဓာတ် ပိုဆုံးရှုံးစေလို့ပါ။
    • နားနားနေနေ နေပါ။ လှုပ်လှုပ်ရှားရှား မလုပ်ပါနဲ့။
    • မကြာခဏ ရေသောက်ပါ။

    နေပူထဲသွားပြီး ခေါင်းကိုက် နေပြီလား

    • အဝတ်အစားတွေ အထပ်ထပ် ဝတ်ထားရင် ချွတ်လိုက်ပါ။
    • ပွပွချောင်ချောင် အဝတ်လဲဝတ်ပါ။
    • ချွေးတွေကို ခြောက်အောင်သုတ်ပြီး ရေပတ်ဝတ် တိုက်ပါ။
    • ပါရာစီတမော သောက်ပေးပါ။

    မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ရောဂါရှိသူတွေကတော့ ပုံမှန်သောက်နေကျ ဆေးတွေ သောက်ပေးပါ။

    ခေါင်းကိုက်တာ မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ။

    • မကြာခဏ ရေသောက်ပါ။ တစ်နေကုန်သောက်ပါ။
    • နေပူထဲမှာ ချွေးထွက်များစေတဲ့ လှုပ်ရှားမှုတွေကို ရှောင်ပါ။
    • နေပူထဲမှာ အကြာကြီး မနေပါနဲ့။
    • မကြာခဏ အရိပ်ထဲမှာ အနားယူပါ။ အေးမှ ပြန်ထွက်ပါ။
    • နေကာမျက်မှန်တပ်ပါ။
    • အနံ့ပြင်းလွန်းတဲ့ အလှပြင်ပစ္စည်းတွေကို ရှောင်ပါ။
    • အစားပုံမှန်စားပါ။
    • သောက်နေကျဆေးတွေကို အချိန်မှန်သောက်ပါ။

    နေပူထဲမှာ ခေါင်းကိုက် တာက သာမန်အခြေအနေလည်း ဖြစ်နိုင်သလို အပူဒဏ်ကြောင့် ရေဓာတ်ဆုံးရှုံးပြီး နုံးတာ၊ အပူလျှပ်တာရဲ့ ရှေ့ပြေးလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ နေပူထဲမှာ ဆက်တိုက်မနေဘဲ မကြာခဏ နားမယ်။ ရေခဏခဏ သောက်မယ်ဆိုရင်တော့ ခေါင်းမကိုက်အောင် ကာကွယ်နိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement