အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတလျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ အပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

ရာသီလာခြင်း

စိုးရိမ်စရာကောင်းတဲ့ မိန်းမကိုယ် အဖြူဆင်း ခြင်းများ

အမျိုးသမီးရယ်လို့ ဖြစ်လာရင် ပျိုဖော်ဝင်ချိန်လောက်က စပြီး မိန်းမကိုယ် အဖြူဆင်း တတ်တာ သဘာဝပါ။ သားဥကြွေခါနီး အချိန်ဆိုလည်းဆင်းတာပဲ၊ ရာသီလာခါနီးလည်း ဆင်းတာပဲ၊ အထိုင်များရင်လည်းဆင်းတာပဲ။ ဒါပေမယ့် သာမန် အဖြူဆင်းရင် ရောဂါတစ်ခုခုလို့ ထင်ပြီး စိုးရိမ်ကြတဲ့ အမျိုးသမီးတွေက အများသားပါ။ အဖြူဆင်းနေလို့ဆိုပြီး ဆေးလာတောင်းကြတာလည်း ခဏခဏပါပဲ။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ သာမန်အဖြူဆင်းတာလား၊ ရောဂါကြောင့် ဆင်းတာလားဆိုတာ ခွဲတတ်ဖို့ လိုပါတယ်။ သာမန် အဖြူဆင်း တဲ့အချိန် သားဥကြွေခါနီးအချိန် ပျိုဖော်ဝင်စအချိန် ကိုယ်ဝန်ဆောင်ချိန် အီစထရိုဂျင်ပါတဲ့ တားဆေးသုံးတဲ့အချိန်တွေမှာ အဖြူဆင်းတတ်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ နောက်ဆုံး မွေးခါစ နှစ်ပတ်သားအရွယ်ကလေးမှာတောင် အမေ့ဆီက အီစထရိုဂျင် ပါလာတဲ့အတွက် ရက်အနည်းငယ်လောက် အဖြူဆင်းနေတတ်ပါတယ်။ ခုပြောတဲ့အချက်တွေက ရောဂါကြောင့် မဟုတ်ပါဘူး။ သဘာဝအရ ဆင်းတာပါ။ ဘာလို့ ဆင်းတာလဲဆိုတော့ အမျိုးသမီးဟော်မုန်း […]


ရာသီလာခြင်း

အမျိုးသမီးတိုင်းရဲ့ အဓိကသော့ချက် ရာသီရက်

သမီးမိန်းကလေး တစ်ယောက် ရာသီစလာပြီဆိုရင် အမေအနေနဲ့ အရင်ဆုံး သင်ထားပေးရမှာက ရာသီရက် ကို စနစ်တကျ မှတ်ထားဖို့ပါပဲ။ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးချိန်အထိ တစ်လတစ်ခါ ရာသီလာနေတဲ့ အမျိုးသမီးတွေအနေနဲ့ ရာသီရက်ကို မှတ်ထားလို့ အရေးကြီးပါပဲ။ ရာသီရက်ဟာ အမျိုးသမီးတွေအတွက် Master keyပါပဲ။ ဒီရက်တွေက အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အင်မတန်အရေးကြီးပါတယ်။ ရာသီရက်ဆိုတာ တစ်လတစ်ခါ ရာသီလာတယ်၊ တချို့က ၃ရက်ကြာတယ်၊ တချို့က ၅ရက်ကြာတယ် စသဖြင့် ဒါတွေဟာ ရာသီရက်တွေပါပဲ။ ဒီရက်တွေကို လတိုင်း မှတ်ထားဖို့ လိုပါတယ်။ ပျိုပျိုအိုအို အိမ်ထောင်ရှိရှိ မရှိရှိ မှတ်ထားရမှာပါ။ ရာသီရက်မှာ ပထမဆုံးလာတဲ့ရက်ရှိတယ်၊ ပြီးသွားတဲ့ရက်ရှိတယ်၊ စုစုပေါင်းလာတဲ့ရက်ရှိတယ်၊ နောက်တစ်ခါ ပြန်လာမယ့်ရက်ရှိတယ်။ ရာသီပထမဆုံးလာတဲ့ရက်ကို မှတ်ထားမှ နောက်တစ်ခါ ဘယ်တော့လာမှာလဲ။ ရက်ကျော်နေပြီလားဆိုတာ သိနိုင်မှာပါ။ စုစုပေါင်းလာတဲ့ ရက်ကို […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

လိင်ဆက်ဆံပြီးချိန်မှာ ရှက်ရှက်နာကျင်နေရတဲ့ အကြောင်းအရင်းများ

လိင်သံဝါသပြုတယ်ဆိုတာ နာကျင်ခံစားရဖို့ မဟုတ်ပါဘူး။ ကျေနပ်ပျော်ရွှင်ဖို့ ကောင်းမွန်တဲ့ ခံစားချက်မျိုးကို ကျေနပ်ပိုင်ဆိုင်နိုင်ဖို့ပါ။ ဒါပေမယ့် ဒီအချက်က အမြဲတမ်းတော့ မှန်ကန်နေလိမ့်မယ်လို့ ယုံကြည်မထားပါနဲ့။ လိင်ဆက်ဆံ တိုင်း ပျော်ရွှင်စရာတွေပဲတော့ မဟုတ်ပါဘူး။ ကိစ္စတိုင်းမှာ ချွင်းချက်ရှိတာမို့ လိင်ကိစ္စမှာလည်း ဒီလိုပါပဲ။ လိင်မှုကိစ္စတွေဟာ နူးညံ့ပြီး သိမ်သိမ်မွေ့မွေ့ကိုင်တွယ်နိုင်ဖို့ လိုအပ်တဲ့ ကိစ္စမျိုးပါ။ အထူးသဖြင့်တော့ အမျိုးသမီးတွေအတွက်ဆိုပြီး သိမ်မွေ့ဖို့ လိုအပ်တယ်မဟုတ်လား။ လိင်ဆက်ဆံခြင်းဟာ ဘယ်လောက် စိတ်ကျေနပ်နှစ်သက်စရာ ခံစားချက်ကိုပေးစွမ်းနိုင်တယ်ဆိုပါစေဦး။ တစ်ခါတစ်ရံမှာတော့ ထင်မှတ်မထားတဲ့ ဝေဒနာတွေကိုလည်း ဆောင်ယူလာတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ မိန်းမကိုယ်နာကျင်တဲ့ ပြဿနာမျိုးပါ။ လိင်ဆက်ဆံပြီးချိန်မှာ ရှက်ရှက်နာကျင်နေရတဲ့ အကြောင်းအရင်းများ တချို့တွေက ဒီလို မိန်းမကိုယ်နာကျင်တာက သာမန်ကိစ္စလို့ ထင်မြင်ယူဆတတ်ကြပြီး အများစုက ဘာကြောင့် ခုလိုနာကျင်မှန်းမသိကြပါဘူး။ အကြောင်းအရင်းကတော့ အမျိုးသမီးအများစုဟာ ဒီလိုနာကျင်မှုဟာ ထိုးသွင်းဆက်ဆံမှုကြောင့် ကျန်ရစ်ခဲ့တဲ့ နာကျင်မှုလို့ သာမန်ကာလျှံကာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

အဖြူဆင်း တယ်ဆိုတာ အမျိုးသမီးတိုင်းလိုလို မကြာခဏ ဖြစ်တတ်ကြတဲ့ အရာပါ။ အဖြူ ဘာကြောင့်ဆင်းရတာလဲ၊ အဖြူဆင်းတာဟာ ကျန်းမာရေးအတွက် မကောင်းဘူးလား။ ရောဂါတစ်ခုခုများ ဖြစ်နေလို့လား။ အရင်ကတော့ မသိသာဘူး၊ ဒီရက်ပိုင်းမှ အဖြူတွေ တအားဆင်းနေတယ်၊ ပြဿနာ တစ်ခုခုများရှိနေလား မသိဘူးဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့အတူ ဆရာဝန် သွားပြသင့်၊ မပြသင့်ကို ဒီဆောင်းပါးလေးမှာ အဖြေရှာကြည့်ရအောင်။ အမျိုးသမီးများနှင့် အဖြူဆင်းခြင်း အမျိုးသမီးများနှင့် အဖြူဆင်းခြင်း အကြောင်းလေး လေ့လာကြည့်လိုက်ရအောင်နော်။ အဖြူဆင်းတဲ့အခါ ဆင်းလာတဲ့ အရည်ရဲ့ အပျစ်၊ အကျဲ နဲ့ အရောင်တွေပေါ် မူတည်ပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာကို အကြမ်းဖျင်း ခွဲခြားလို့ ရပါတယ်။ အဖြူရောင် အဖြူရောင်ပါတဲ့ အဖြူဆင်းခြင်းဟာ ရာသီစက်ဝန်း အစ နဲ့ ရာသီစက်ဝန်းပြီးဆုံးချိန် တစ်နည်းအားဖြင့် ရာသီ မလာခင် နဲ့ လာပြီးစ အချိန်တွေမှာ ဖြစ်တတ်ပြီး […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် ရနံ့လေး သင်းစေဖို့ ရေမွှေးတွေ ဆွတ်ကြသတဲ့လား

မိန်းမကိုယ် ရနံ့လေး သင်းစေဖို့ ရေမွှေးတွေ ဆွတ်ကြသတဲ့လား ။ ဒီအကြောင်း မပြောခင် အရင်ဆုံး မေးချင်တာလေး ရှိပါတယ်။ မိန်းမကိုယ်က ပန်းတစ်ပွင့်လို မွှေးကြိုင်နေစရာ လိုလို့လား။ မိန်းမကိုယ်မှာ သဘာဝ အနံ့ရှိပါတယ်။ ကျန်းမာတဲ့ မိန်းမကိုယ်ဖြစ်ဖို့အတွက် တကယ်တမ်းမှာ ဘာ Product မှ မလိုအပ်ပါဘူး။ ဒီလိုပြောဖို့အတွက် မိန်းမကိုယ်ရဲ့ သဘာဝကို အရင်ရှင်းပြဖို့ လိုအပ်လာပါပြီ။ ပြင်ပက ဝင်လာတဲ့ ပိုးမွှားတွေ၊ မှိုတွေရဲ့ ရန်ကို တိုက်ထုတ်ဖို့ မိန်းမကိုယ်ထဲမှာ ကောင်းတဲ့ ဘက်တီးရီးယားတွေ နဲ့ မှိုတွေ ရှိပါတယ်။ မိန်းမကိုယ်တွင်းက ထွက်တဲ့ အချွဲတွေ၊ အရပ်စကားပြောရရင် အဖြူတွေက မိန်းမကိုယ်ကို pH ပမဏ မျှတအောင်နဲ့ မိန်းမကိုယ် သန့်ရှင်းအောင် အလိုအလျောက် သန့်စင်ပေးပြီးသားပါ။ ဒီအရာတွေကြောင့် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အတွင်းခံ နှင့် ရှက်ရွံ့ခြင်း ပြဿနာ

ဒါပေါ့။ အတွင်းခံ ကို လူတိုင်း ဝတ်ကြတာပေါ့။ ဒါပေမဲ့ လျှော်ဖွပ်ပြီး လှန်းတဲ့အခါမှာတော့ ယောက်ျားလေး အတွင်းခံတွေဆို ဘယ်နေရာ ဘယ်လို လှန်းလှန်း ပြဿနာ မရှိပေမဲ့ မိန်းကလေး အတွင်းခံတွေကိုတော့ ထဘီနဲ့ အုပ်လှန်းတာက လှန်း၊ နေမရ၊ လေမရတဲ့ အိမ်တွင်း အရိပ်ထဲ ထည့် လှန်းလိုလှန်းနဲ့ ပြဿနာတွေ တန်းစီတက်ကြတော့တာပါပဲ။ ဘာကြောင့် ယောက်ျားလေး အတွင်းခံတွေက ပွင့်လင်းမြင်သာခွင့် ရှိပြီး မိန်းကလေး အတွင်းခံတွေကိုကျ ကွယ်ဝှက်နေကြတာလဲ။ တခြားအဝတ်တွေလည်း အဝတ်၊ အတွင်းခံလည်း အဝတ်ပါပဲ။ မရှက်ပါနဲ့။ ရဲရဲသာ အပြင်ထုတ်လှန်းပါ။ တကယ်က ယောက်ျားလေး အတွင်းခံ ဖြစ်စေ၊ မိန်းကလေး အတွင်းခံဖြစ်စေ၊ လေဝဝရှူရဖို့ လိုပါတယ်။ မိန်းကလေးတွေရဲ့ အတွင်းခံတွေဟာ မိန်းကလေးတွေရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်း၊ အနူးညံ့ဆုံး အစိတ်အပိုင်းနဲ့ […]


ရာသီလာခြင်း

အပြောများတဲ့ Menstrual Cup နဲ့ ကျယ်လာမှာလား အပါအဝင် အမေးအများဆုံး မေးခွန်းများ

Menstrual Cup လို့ခေါ်တဲ့ ရာသီခံခွက်လေးတွေအကြောင်း မကြာမကြာ ပြောခဲ့ပြီးပါပြီ။ ဒီခွက်အကြောင်းပြောရင် မလွှဲမရှောင်သာ ရင်ဆိုင်ရတဲ့ မေးခွန်းတွေက မိန်းမကိုယ်နဲ့ ဆန့်ပါ့မလား။ အထဲထည့်ထားပြီး ကျယ်သွားရင် ဘယ်လိုလုပ်မလဲ။ ဆိုတဲ့ မေးခွန်းတွေအပြင် “ဒီခွက်ကြီး အထဲမှာ ထည့်တာ လိင်စိတ်ဆန္ဒပြင်းပြတဲ့ မိန်းမတွေပဲ ထည့်တာ။ နေလို့ကောင်းလို့ နေမှာပေါ့။” ဆိုတဲ့ နှိမ့်ချပြောတာတွေတောင် ရှိပါသေးတယ်။ ဒါတွေကို အစက ရှင်းရမယ်ဆိုရင်… အပြောများတဲ့ Menstrual Cup နဲ့ ကျယ်လာမှာလား အပါအဝင် အမေးအများဆုံး မေးခွန်းများ အပြောများတဲ့ Menstrual Cup နဲ့ ကျယ်လာမှာလား အပါအဝင် အမေးအများဆုံး မေးခွန်းများ ကတော့ ၁။ မိန်းမကိုယ် နဲ့ တော်ပါ့မလား။ ခွက်ကလည်း နဂိုက သေးသေးလေးပါ။ Sizeလည်းရှိပါတယ်။ ပြီးတော့ ထည့်တဲ့အခါမှာလည်း ခွက်လိုက် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများ နှင့် တစ်ကိုယ်ရေ အာသာဖြေခြင်း ကောင်းကျိုး ၅ချက်

အမျိုးသားတွေ လိင်စိတ်ခံစားမှု ရှိသလို အမျိုးသမီးတွေဟာလည်း သွေးသားဆန္ဒ ရှိကြပါတယ်။ ဒါပေမဲ့ အမျိုးသားတွေကသာ ငယ်ကတည်းက (မှားသည်/မှန်သည် အသာထား) လိင်ပိုင်းဆိုင်ရာ အသိပညာတွေနဲ့ နီးစပ်ကြပြီး အမျိုးသမီးဟာ လိင်စိတ်ဆန္ဒတွေကို ချိုးနှိမ်ထားဖို့နဲ့ လိင်ဆက်ဆံခြင်းဟာ ကြောက်စရာ၊ ရှက်စရာ၊ ရွံစရာကောင်းတယ်ဆိုတဲ့ အသိတွေနဲ့ ကြီးပြင်းလာကြရတာပါ။ ဒါကြောင့်လည်း အမျိုးသမီးနဲ့ တစ်ကိုယ်ရေ အာသာဖြေခြင်း ဆိုလိုက်ရင် အပြစ်တွေ လုပ်နေသလို ဟင်ခနဲ နှာခေါင်းရှုံ့သွားကြမယ့်သူတွေထဲ အမျိုးသမီးတွေ ထိပ်ဆုံးက ပါနေတာပေါ့။ ဒါပေမဲ့ မိန်းကလေးတွေဟာလည်း တစ်ကိုယ်ရေ အာသာဖြေခြင်းကို လုပ်သင့်ပါတယ်။ ဘာကြောင့် လုပ်သင့်တာလဲဆိုတဲ့ အကြောင်းရင်းတွေကတော့… အမျိုးသမီးများ နှင့် တစ်ကိုယ်ရေ အာသာဖြေခြင်း ကောင်းကျိုး ၅ချက် ၁။ ခန္ဓာကိုယ်ကို ကောင်းကျိုးတွေ ပေးစွမ်းနိုင်ပါတယ်။ အာသာဖြေခြင်းက ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး Endorphins လို့ခေါ်တဲ့ နေထိုင်ကောင်းခြင်းကို […]


ရာသီလာခြင်း

ရာသီလာဖို့ရက်ထက် နောက်ကျနေလို့ ဘာဆေးသောက်ရမလဲ။

ဒီမေးခွန်းက အရမ်းအမေးများလို့ တစ်ယောက်ချင်းစီ မဖြေတော့ဘဲ တစ်ခါတည်းပေါင်းဖြေပါ့မယ်။ ရာသီလာတဲ့ရက် နောက်ကျတာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။ ကိုယ်က အကာအကွယ်မယူ၊ တားဆေးမသောက်ဘဲ လိင်ဆက်ဆံမှုတွေပြုလုပ်ထားတယ်ဆိုရင် ရာသီနောက်ကျတာ၊ မလာတာမှာ အဖြစ်နိုင်ဆုံးက ကိုယ်ဝန်ရှိတာပဲ။ ဆီးစစ်ကြည့်တာနဲ့ ကိုယ်ဝန်ရှိမရှိက သိနိုင်တယ်။ ကိုယ်က လိင်ဆက်ဆံမှုပြုထားတယ်ဆိုရင် ရာသီမလာတော့တဲ့အခါ ဆီးစစ်ကြည့်ပါ။ ကိုယ်ဝန်ရှိနေတယ်ဆိုရင်တော့ ရာသီလာအောင်ဆိုပြီး ဘယ်လိုမှ လုပ်လို့မရဘူး။ ရာသီလာဆေးဆိုပြီးသောက်တာတွေလည်း နောက်ဆက်တွဲပြဿနာတွေများတာပဲရှိမယ်။ ရာသီလာတယ်ဆိုတာရဲ့သဘောက ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်ထားတာတွေ မလိုအပ်လို့ ပြန်စွန့်ပစ်ရတဲ့ပုံစံပဲ။ ကိုယ်ဝန်ရှိနေပြီဆိုရင် ထပ်စွန့်ပစ်စရာမလိုတော့လို့ ရာသီမလာတော့တာ။ ကိုယ်ဝန်ရှိနေလို့ ရာသီမလာတော့တာကို ပြန်လာအောင်လုပ်ဖို့ဆိုရင် ကိုယ်ဝန်ဖျက်ချတဲ့နည်းလမ်းပဲရှိတယ်။ ဘယ်ဆရာဝန်မှ ကိုယ်ဝန်ဖျက်ချဖို့အတွက် တရားဝင်လုပ်ဆောင်ပေးမှာမဟုတ်ဘူး။ ကိုယ်ဝန်လည်းမရှိဘူး ရာသီမလာတာသက်သက်ပဲ ကိုယ့်အတွက် ဘာမှ တခြားပြဿနာလည်းမရှိဘူးဆိုရင်တော့ ရာသီမလာတာက နောက်ကျတာက စိုးရိမ်စရာမလိုပါဘူး။ ရာသီလာဖို့ရက်ထက် နောက်ကျနေရတဲ့  တခြားအကြောင်းအရာတွေလည်းရှိပါသေးတယ်။ ၁။ စိတ်ဖိအားများခြင်း စိတ်ဖိအားများတဲ့အချိန်တွေ အထူးသဖြင့် စာမေးပွဲဖြေရတာ၊ အလုပ်တွေပိနေတာ၊ စိတ်ရှုပ်စရာတွေများနေတာ […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

မိန်းမကိုယ်ပိုးဝင်ခြင်း အကြောင်း

အမျိုးသမီးများရဲ့ ကျန်းမာရေးအတွက် မိန်းမကိုယ်ရဲ့ကဏ္ဍဟာ အရေးကြီးပါတယ်။ မိန်းမကိုယ်ပိုးဝင်ခြင်း ကြောင့် မိန်းမကိုယ်နဲ့ မွေးလမ်းကြောင်း ရောင်ရမ်းခြင်းဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဖော်ပြပေးမယ့် အကြောင်းအရာတွေကတော့ မိန်းမကိုယ်လမ်းကြောင်း ရောဂါပိုးဝင်ခြင်းအကြောင်းတွေပဲ ဖြစ်ပါတယ်။ ဘာလက္ခဏာတွေ ကြုံရသလဲ မိန်းမကိုယ်လမ်းကြောင်း ပိုးဝင်တိုင်း လက္ခဏာမပြတတ်ပါဘူး။ လက္ခဏာပြတတ်တဲ့ အချိန်မှာတော့ အောက်ပါအတိုင်း ကြုံရတတ်ပါတယ်။ မိန်းမကိုယ်ယားယံခြင်း မိန်းမကိုယ်မှ ဆင်းသော အရည်များ အနည်းအများပြောင်းလဲခြင်း မိန်းမကိုယ်မှ ပုံမှန်မဟုတ်တဲ့ အဖြူများဆင်းခြင်း ဆီးသွားစဉ် နာကျင်ခြင်း၊ ပူခြင်း လိင်ဆက်ဆံစဉ် နာကျင်ခြင်း မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ သွေးစို့ခြင်းတို့ပဲ ဖြစ်ပါတယ်။ မိန်းမကိုယ်ပိုးဝင်ခြင်းက ရောဂါပိုးအမျိုးအစားပေါ် မူတည်ပြီးတော့လည်း ကွာခြားနိုင်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးဝင်ခြင်း။ မိန်းမကိုယ်ကနေ အဖြူညစ်ညစ်၊ အဝါရောင်များ ဆင်းပါတယ်။ ငါးညှီနံ့ရတတ်ပါတယ်။ လိင်ဆက်ဆံပြီးချိန်မှာ သတိပြုမိတတ်ကြတာ များပါတယ်။ မိန်းမကိုယ်မှိုစွဲခြင်း။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း