ဘက်တီးရီးယားပိုးဝင်ရောင်ရမ်းတာ (Bacterial vaginosis)
အဓိကကတော့ မိန်းမကိုယ်မှာ ရှိတဲ့ ကောင်းကျိုးပြုဘက်တီးရီးယား lactobacillus တွေ နည်းသွားပြီး ပြင်ပက ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေ ဝင်လာလို့ပါပဲ။ မိန်းမကိုယ် အက်စစ်ဓာတ် pHပျက်ယွင်းသွားတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။
သိသာတဲ့ လက္ခဏာတွေတော့ အနံ့ပြင်းလွန်းတာပါပဲ။ ငါးညှီနံ့လိုမျိုး ထွက်တတ်ပါတယ်။ အတူနေပြီးတဲ့အချိန်၊ ရာသီလာပြီးခါစအချိန်ဆို မိန်းမကိုယ် အက်စစ်ဓာတ်က အယ်ကာလီဘက် ပိုရောက်သွားလို့ အဲ့ဒီအချိန်တွေဆို အနံ့ပိုပြင်းပါတယ်။ မီးခိုးရောင်ဆင်းပါတယ်။
မိန်းမကိုယ် ယားတာ၊ ရောင်တာ၊ နီတာ သိပ်မဖြစ်ပါဘူး။
မှိုပိုးဝင်တာ
မှိုထဲမှာတော့ မှက္ခရုမှို (Candida) ပိုး ဝင်တာ အများဆုံးပါပဲ။ ခုခံအားမကောင်းတဲ့သူတွေမှာ အများဆုံးတွေ့ရပါတယ်။ ဥပမာ ဆီးချိုရှိတဲ့သူ၊ ပိုးသတ်ဆေးတွေ၊ စတီးရွိုက်တွေ စွဲသောက်နေရတဲ့သူတွေအပြင် ကိုယ်ဝန်ဆောင်နဲ့ လေဝင်လေထွက်မကောင်းတဲ့၊ ချွေးမစုပ်တဲ့ အတွင်းခံကို ကြာကြာဝတ်မယ်ဆိုရင်လည်း ဖြစ်တတ်ပါတယ်။
လက္ခဏာတွေကတော့ ချိစ်လို အဖြူပျစ်ပျစ်တွေ ဆင်းတာပါ။ ဒါ့ပြင် မိန်းမကိုယ် ယားတာ၊ ရောင်တာ၊ အတူနေရင် နာတာ အဖြစ်များပါတယ်။ ယားလို့ ကုတ်ထားတဲ့အတွက် မိန်းမကိုယ် ပွန်းပဲ့တတ်ပါတယ်။ ရာသီမလာခင်မှာ လက္ခဏာခံစားရတာ အဆိုးဆုံးပါပဲ။
Trichomoniasis
ကပ်ပါးပိုးကြောင့် ဖြစ်ပြီး လိင်ကနေတဆင့် ကူးစက်တတ်ပါတယ်။ အမျိုးသားရော အမျိုးသမီးမှာပါ ကူးတတ်ပါတယ်။
လက္ခဏာတွေကတော့
- စိမ်းဖန့်ဖန့် အဖြူတွေ ဆင်းပါတယ်။ အမြုပ်ပါနိုင်ပါတယ်။
- ပမာဏလည်း များပါတယ်။ အနံ့လည်း နံပါတယ်။
- မိန်းမကိုယ် ယားပြီး ရောင်ပါတယ်။ ပေါင်တွင်းသားတွေပါ ယားတတ်ပါတယ်၊၊
- ဆီးသွားရင်၊ အတူနေရင် နာပါတယ်။
- မိန်းမကိုယ်ထဲ၊ သားအိမ်ခေါင်းကို စစ်ဆေးကြည့်ရင် စတော်ဘယ်ရီလိုမျိုး အနီသားပေါ်မှာ အဖြူစက်လေးတွေ တွေ့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။