မျိုးဥထွက်ချိန်မှာ ဒါမှမဟုတ် မျိုးဥကြွေချိန် အစမှာ ခပ်ကြည်ကြည်ဆင်းတတ်ပြီး မျိုးဥကြွေနေဆဲ အချိန်တွေမှာတော့ အကျိအချွဲတွေပါလာပြီး ခပ်ပျစ်ပျစ် ဆင်းလာတတ်ပါတယ်။ ဒီလိုဆင်းလာခြင်းဟာ မျိုးအောင်နိုင်ခြေကို ညွှန်ပြနေတာမို့ ကလေးရယူဖို့ ရည်ရွယ်ထားတယ်ဆိုရင် ဒီအချိန်ဟာ ကြိုးစားကြည့်သင့်တဲ့ အချိန်ပါပဲ။
နို့နှစ်ရောင် အဖြူဆင်းခြင်း
ရာသီလာတဲ့ ပထမဆုံးနေ့မှာ ကြက်ဥအကာလို ချွဲကျိနေပြီး နို့နှစ်ရောင် အဖြူဆင်းခြင်းမျိုး ကြုံရတတ်ပါတယ်။ ဒါဟာလည်း ပုံမှန်ပါပဲ။ အရည်ကျဲကျဲဆိုရင် မျိုးဥကြွေချိန်အတွက် ပြင်ဆင်နေတာဖြစ်ပြီး ရာသီရက်ကို နီးလာတာနဲ့ ပိုပျစ်လာတတ်တာ ပုံမှန်ပါပဲ။ တစ်ခါတလေမှာ ဒီလို နို့နှစ်ရောင်တွေ ဆင်းခြင်းက ကိုယ်ဝန်ရှိနေကြောင်း ပြတဲ့ လက္ခဏာတွေလည်း ဖြစ်နေတတ်ပါတယ်။
အဖြူရောင် အပျစ်အခဲများဆင်းခြင်း
ဒါကတော့ မှိုကြောင့် (yeast infection) ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်ထဲမှာ ပြင်ပက ဝင်လာတဲ့ ပိုးတွေကို ကာကွယ်နိုင်ဖို့ ကောင်းတဲ့ ဘက်တီးရီးယားနဲ့ မှိုတွေ ရှိနေတတ်ပြီး မိန်းမကိုယ်တွင်း pH ပမာဏကို ထိန်းညှိပေးထားပါတယ်။ တစ်ခါတလေ ဒီ pH ပမာဏ မျှခြေ မညီတဲ့အခါမှာ မကောင်းတဲ့ ဘက်တီးရီးယားနဲ့ မှိုတွေ ဝင်လာပြီး ဒီလို လက္ခဏာတွေ ပြတော့တာပါပဲ။
- ဒိန်ချဥ်နဲ့တူတဲ့ အဖြူ ပျစ်ပျစ်များ ဆင်းခြင်း
- အဝါရောင် (သို့) အစိမ်းရောင် ဆင်းခြင်း
- မိန်းမကိုယ် အနံ့ဆိုးထွက်ခြင်း
- မိန်းမကိုယ် နှုတ်ခမ်း (သို့) မိန်းမကိုယ် ယားယံခြင်း
- မိန်းမကိုယ် နှုတ်ခမ်းများ ရောင်ရမ်းခြင်း၊ နီမြန်းခြင်း
- ဆီးသွားချိန် ပူလောင်ခြင်း (သို့) နာကျင်ခြင်း
- လိင်ဆက်ဆံချိန် နာကျင်ခြင်း
အညိုရောင် ဒါမှမဟုတ် သွေးရောင်ဆင်းခြင်း
များသောအားဖြင့်တော့ ပုံမှန်ပါပဲ။ အထူးသဖြင့် ရာသီလာပြီးစ အချိန်တွေမှာပေါ့။ ရာသီလာပြီးစ အချိန်မှာ ဆင်းလာတဲ့အရာတွေက ခါတိုင်းလို အနီရောင်ထက် အညိုရောင်ပေါက်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တချို့သော ရှားပါးဖြစ်ရပ်တွေမှာတော့ အညိုရောင် ဒါမှမဟုတ် သွေးရောင် ဆင်းခြင်းက သားအိမ်ခေါင်း ကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်နေတတ်တာမို့ တစ်နှစ်တစ်ခါ သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးခြင်းတွေ ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။