လိင်ဆက်ဆံနေချိန် ဒါမှမဟုတ် လိင်ဆက်ဆံပြီးချိန်တိုင်း မိန်းမကိုယ် တဝိုက်မှာ နာကျင်နေတယ်ဆိုရင် လိင်ကြောင့်ရောဂါပိုးကူးစက်ခြင်း (STI) ဖြစ်နိုင်ပါတယ်။ Chlamydia ၊ Gonorrhoea ဒါမှမဟုတ် Genital herpes တို့ဖြစ်နိုင်ပါတယ်။
၂။ ဟိုမုန်းအပြောင်းအလဲ
ခန္ဓာကိုယ်ထဲမှာ ဟိုမုန်းလယ်ဗယ် ပြောင်းလဲနေရင်လည်း မိန်းမကိုယ်နာကျင်တတ်ပါတယ်။ ဒီလို ဟိုမုန်းပမာဏပြောင်းလဲစေတဲ့အချက်တွေကတော့ သွေးဆုံးခါနီးနေတာ၊ သွေးဆုံးနေတာ နဲ့ ကိုယ်ဝန်ဆောင်ထားရတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒီအချက်တွေကြောင့် မိန်းမကိုယ်ခြောက်သွေ့ပြီး နာကျင်တာဖြစ်ပါတယ်။
၃။ စိတ်မပါလို့
သံဝါသပြုနေပေမယ့် ဆက်ဆံမှုအပေါ် စိတ်ပါခြင်းမရှိဘူးဆိုရင်လည်း နာကျင်ခံစားရနိုင်ပါတယ်။ စိတ်မပါတာကြောင့် ခန္ဓာကိုယ်က သဘာဝချောဆီ လုံလောက်စွာထုတ်မပေးနိုင်တာ ဒါမှမဟုတ် မထုတ်လုပ်ပေးတာမျိုးကြောင့် ခုလိုနာကျင်ရတာပါ။
၄။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း
လိင်ဆက်ဆံပြီးချိန် မိန်းမကိုယ်နာကျင်နေရတဲ့ နောက်ထပ်တစ်ချက်က ဆီးလမ်းကြောင်း ပိုးဝင်နေတာကြောင့်ပါ။ ဒီလိုဖြစ်တယ်ဆိုရင်တော့ ဖျားနာတာနဲ့ တွဲတွေ့ရတတ်ပါတယ်။
၅။ ဓာတ်မတည့်လို့
သုက်ရည်၊ ကွန်ဒုံးမှာအသုံးပြုတဲ့ ရာဘာ၊ ပလတ်စတစ်စတာတွေနဲ့ ချောဆီစတာတွေထဲက တစ်ခုခုနဲ့ ဓာတ်မတည့်ဘူးဆိုရင်လည်း သင့်ရဲ့ မိန်းမကိုယ် နာကျင်သွားနိုင်ပါတယ်။ ကိုယ့်မှာ ဘယ်လိုအရာတွေနဲ့ ဓာတ်မတည့်ဘူးလဲဆိုတာကို ကြိုတင်သိရှိအောင် ကြိုးစားထားသင့်ပါတယ်။
၆။ ကျန်းမာရေးမကောင်းလို့
တကယ်လို့ ကိုယ်က ဖျားတာနာတာအပါအဝင် ကျန်းမာရေးပြဿနာတစ်ခုခုရှိနေမယ်ဆိုရင်လည်း လိင်ဆက်ဆံချိန်နဲ့ ဆက်ဆံပြီးချိန်တွေမှာ မိန်းမကိုယ်နာကျင်နေတတ်ပါတယ်။ ဒီနာကျင်မှုက ပုံမှန်မဟုတ်တဲ့နာကျင်မှုမျိုးဖြစ်ပြီး သွေးထွက်တာမျိုးလည်းဖြစ်တတ်ပါတယ်။
၇။ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမိလို့
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။