သမီးမိန်းကလေး တစ်ယောက် ရာသီစလာပြီဆိုရင် အမေအနေနဲ့ အရင်ဆုံး သင်ထားပေးရမှာက ရာသီရက် ကို စနစ်တကျ မှတ်ထားဖို့ပါပဲ။ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးချိန်အထိ တစ်လတစ်ခါ ရာသီလာနေတဲ့ အမျိုးသမီးတွေအနေနဲ့ ရာသီရက်ကို မှတ်ထားလို့ အရေးကြီးပါပဲ။ ရာသီရက်ဟာ အမျိုးသမီးတွေအတွက် Master keyပါပဲ။ ဒီရက်တွေက အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အင်မတန်အရေးကြီးပါတယ်။
ရာသီစက်ဝန်းကို တွက်ချက်ပါ။