၆။ ခွက်ကို အသွင်းအထုတ်လုပ်ရင် နာမှာလား။
အခြောက်တိုက်သွင်းရင်တော့ နာမှာပါ။ သုံးနေကျတဲ့သူတွေ၊ ရာသီလာတဲ့အချိန်မှ ထည့်မယ်ဆိုရင်တော့ ရာသီအချွဲတွေက ချောဆီလို ဖြစ်နေတာမို့ မနာပါဘူး။ ဒါကြောင့် ရာသီခွက်တွေကို စသုံးမယ်ဆိုရင် ချောဆီရဲ့ အကူအညီယူပါ။
မနာဘူးဆိုရင် မသုံးလည်းရပါတယ်။ မိန်းမကိုယ်လမ်းကြောင်းမှာ နဂိုတည်းက အချွဲတွေ ရှိပြီးသားမို့လို့ လျောလျောလျူလျူဝင်ပါတယ်။
မဟုတ်တဲ့ သံလွင်ဆီတွေ၊ အုန်းဆီတွေ လျှောက်မသုံးပါနဲ့။ ရေကို အခြေခံပြီး ထုတ်ထားတဲ့ ချောဆီတွေ ရှိပါတယ်။ အဲဒါလေးတွေ သုံးပါ။ ထုတ်တဲ့အခါမှာလည်း အမြီးလေးထွက်လာတဲ့အခါ လက်မနဲ့ လက်ညှိုးကို မိန်းမကိုယ်ထဲ နည်းနည်း ထည့်ပြီး ခွက်ဖင်ကို ညှစ်၊ ခေါက်ပြီး ထုတ်လိုက်ပါ။ ဒါဆို မနာပါဘူး။
၇။ အပေါ့သွားလို့ရော ရလား။
ရာသီလာတဲ့ နေရာ နဲ့ အပေါ့သွားတဲ့နေရာဟာ တစ်နည်းအားဖြင့် ထွက်လာရာ လမ်းကြောင်းချင်း မတူကြပါဘူး။ ဒါကြောင့် အပေါ့သွားတဲ့အခါ ရာသီခွက်ထဲ ဆီးတွေ ဝင်နေမှာကို စိုးရိမ်စရာမလိုသလို အောင့်ထားရလွန်းလို့ ဆီးအောင့်မှာ/ ဆီးပူမှာကိုလည်း စိတ်ပူစရာ မလိုပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။