ဘရာခွက်ကို တိုင်းတာခြင်း ၁။ ရင်သားရဲ့ အဖွံ့ဖြိုးဆုံး နေရာနားမှာ ခပ်လျော့လျော့လေး အနောက်ကနေ အရှေ့ကို ပတ်ပြီး တိုင်းပါ။ အဲဒါက ဘရာခွက်ရဲ့ အရွယ်အစားပါ။ များသောအားဖြင့်တော့ နို့သီးခေါင်းနဲ့ တတန်းတည်းထားပြီး တိုင်းကြလေ့ ရှိပါတယ်။
၂။ ပြီးရင် ပထမအဆင့်မှာ တိုင်းလို့ ရလာတဲ့ ဘရာအပတ် အရွယ်အစားကို နှုတ်လိုက်ပါ။ ခြားနားချက်က သင်နဲ့ တော်တဲ့ ဘရာ အရွယ်အစားပါပဲ။ (ဥပမာ ခုတိုင်းလို့ရတာက ၃၆၊ ဘရာအပတ်က ၃၄ ဆိုရင် ခြားနားချက် ၂ ဖြစ်တာမို့ သင်နဲ့ သင့်တော်တဲ့ ဘရာ အရွယ်အစားက B ဖြစ်ပါလိမ့်မယ်။) ဒီခြားနားချက်ကို လိုက်ပြီး ဘရာခွက် အရွယ်အစားကို တိုင်းတာရတာပါ။
နှုတ်လိုက်လို့ ၀ဆိုရင် AA၊ ၁လက်မဆိုရင် A၊ ၂လက်မဆိုရင် B၊ ၃လက်မဆိုရင် C စသဖြင့် သတ်မှတ်ပါတယ်။
အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို ကြည့်လို့ ကိုယ်နဲ့ အသင့်တော်ဆုံး ဖြစ်မယ့် ဘရာအရွယ်အစားကို ရွေးချယ်လိုက်ပါ။ ဘရာအရွယ်အစားကို မှန်ကန်စွာ ဝတ်ဆင်တာက ရင်သား လှပမှုကိုရော ကျန်းမာရေးကိုပါ ဂရုစိုက်ရာ ရောက်ပါတယ်။
ကဲ ….. ရင်သားအတွက် ကောင်းမွန်ပြီး အရွယ်အစား မှန်ကန်တဲ့ ဘရာစီယာကို ရွေးချယ်ဖို့ အသင့်ပဲလား ……… လေဒီလေးတို့ရေ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။