အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတလျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ အပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ

မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ အမျိုးသမီး အများအပြားဟာ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုတွေကို ပြန်လည် ရရှိဖို့၊ ကလေးမွေးပြီး ဒါမှမဟုတ် အသက်အရွယ် ကြီးလာချိန်မှာ မိမိကိုယ်ကို ယုံကြည်မှု ရှိဖို့အတွက် မိန်းမကိုယ် ပြင်ဆင်ခွဲစိတ်ခြင်းကို ပြုလုပ်ကြလေ့ ရှိပါတယ်။ ဒီလို ခွဲစိတ်လိုက်ခြင်းက မိန်းမကိုယ်ကို ပြန်လည် တင်းကျပ်သွားစေပြီး တွဲကျတာ၊ ပုံပျက်တာမျိုးတွေကနေ အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် မိန်းမကိုယ် ပြင်ဆင်ခွဲစိတ်ခြင်းဟာ သင့်ကျန်းမာရေးကို ထိခိုက်စေမယ့် ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်လာစေနိုင်တဲ့ အတွက် ခွဲစိတ်မှု မခံယူမီ ဒီအချက်ကိုလည်း သေချာစွာ ထည့်သွင်းစဉ်းစား ရပါမယ်။ မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ က အရမ်းကြီး သိသာထင်ရှားများပြားလှတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိန်းမကိုယ် တဝိုက်မှာ နီရဲရောင်ရမ်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ခွဲစိတ်မှု […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

ခွဲစိတ်မှုမလိုဘဲမွေးလမ်းကြောင်းပြန်ပြင်ခြင်းအကြောင်း

သင့် မွေးလမ်းကြောင်း ပုံစံ ဘယ်လို ဖြစ်နေမလဲလို့ စိတ်ထဲထင့်နေတတ်ပါသလား။ မပူပါနဲ့၊ သင်တစ်ယောက်ထဲ မဟုတ်ပါဘူး။ အမျိုးသမီး တော်တော်များများဟာ - အထူးသဖြင့် ကလေးမွေးပြီးတဲ့အခါ၊ သွေးဆုံးပြီးတဲ့အခါ - မိမိတို့ မွေးလမ်းကြောင်းပုံစံ ဘယ်လိုဖြစ်နေမလဲ စိတ်ပူတတ်ကြပါတယ်။ ကံကောင်းစွာနဲ့ပဲ မွေးလမ်းကြောင်းပြင်ခြင်း နည်းက အမျိုးသမီးတွေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ ကဲ...... ခွဲစိတ်မှုမလိုဘဲမွေးလမ်းကြောင်းပြန်ပြင်ခြင်းအကြောင်း လေ့လာလိုက်ရအောင်နော်။ ခွဲစိတ်မှုမလိုဘဲမွေးလမ်းကြောင်းပြန်ပြင်ခြင်းအကြောင်း ရေဒီယိုလှိုင်း သို့မဟုတ် ပြင်းအားနည်း လေဆာအလင်းတန်းကို သုံးကာ အမျိုးသမီးအင်္ဂါရဲ့ ငယ်ရွယ်မှုကို ပြန်လည် ဆောင်ကြဉ်းပေးခြင်း ဖြစ်တယ်။ အန္တရာယ်နည်းပြီး အလွန်ကို အာနိသင်ရှိသော နည်းဖြစ်ပါတယ်။ ဦးတည်ချက် နှစ်ခုရှိပြီး - မွေးလမ်းကြောင်း ကျဉ်းပေးတာနဲ့ မိန်းမအင်္ဂါ အရောင်ဖျော့ပေးတာ တို့ဖြစ်တယ်။ အမျိုးသမီးတွေ အသက်ကြီးလာတာနဲ့အမျှ ကော်လဂျင်တွေ နည်းလာပြီး မွေးလမ်းကြောင်း ဆန့်ကျုံ့သတ္တိ လျော့လာပါတော့တယ်။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဘေးထွက်ဆိုးကျိုးများကို ဘယ်လိုထိန်းချုပ်မလဲ

အသည်းကင်ဆာကုသမှုများ မစခင် လူနာအများစုသည် ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြပြီး ဘေးထွက်ဆိုးကျိုးများက ဘယ်လိုပုံလဲဆိုတာကို သိချင်ကြ သည်။ လူနာအများစုတွင် ဘေးထွက်ဆိုးကျိုး အနည်းငယ် သာ ရပြီး အချို့တွင် အနည်းအကျဉ်းနှင့် အခြားလူနာများတွင် လုံးဝမရခြင်းတို့ ရှိသည်။ ထို့အပြင် ထိုဘေးထွက်ဆိုးကျိုး များသည် အချို့လူများတွင် ပြင်းထန်ပြီး အချို့တွင် မပြင်းထန် ပါ။   ထိုဘေးထွက်ဆိုးကျိုးတွေက ဘာလဲ။ ကင်ဆာကုထုံးသည် လျင်မြန်စွာ ကြီးထွားနေသော ဆဲလ် များကို သတ်ရန် စီစဉ်ထားသော အလွန်အစွမ်းထက်သော နည်းလမ်းတစ်ခုဖြစ်သည်။ ထိုဆေးများသည် ခန္ဓါကိုယ်အနှံ့ ရောက်ရှိသွားသောကြောင့် ၎င်းတို့သည် ပုံမှန် ကျန်းမာသော ဆဲလ်များကို ထိခိုက်စေနိုင်သည်။ ဘေးထွက်ဆိုးကျိုးအများစု သည် မှန်းထားသလောက် မဆိုးရွားသော်လည်း မတိကျသော ကောလဟာလများကြောင့် လူနာများသည် ဓါတုကုထုံးခံယူ ရန် စိတ်ပူကြသည်။ ဓါတုကုထုံးကြောင့် ထိခိုက်နိုင်သော […]


ရာသီလာခြင်း

Pre-Menstrual Syndrome (PMS) (ရာသီမလာခင် ခံစားရသော ဝေဒနာများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pre-Menstrual Syndrome (PMS) (ရာသီမလာခင် ခံစားရသော ဝေဒနာများ) ကဘာလဲ။ PMS ခေါ် Pre-menstrual Syndrome ဟာ အရွယ်ရောက်ပြီး မိန်းမများ ခံစားရတဲ့ ဆေးပညာဆိုင်ရာ အခြေအနေတစ်ခုပါ။ PMSသည် ရာသီမလာခင် ခံစားရသော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတော်တော်များများကို ဖြစ်စေနိုင်ပါတယ်။ ပြန်ဖြစ်နိုင်တဲ့ လက္ခဏာတွေများကို ခန့်မှန်းနိုင်ပါတယ်။ ဒါပေမဲလည်း PMS ကြောင့်ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းတွေကတော့ သတိပြုမိရုံလောက်ကနေ ပြင်းပြင်းထန်ထန်တွေအထိ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း ထိုဝေဒနာများက သင့်ဘဝအတွက် အခက်အခဲ ဖြစ်စေမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ PMS ရဲ့ ဝေဒနာများကို ကုသမှုတွေ၊ လူနေမှုဘဝပုံစံပြောင်းလဲခြင်းတွေနဲ့ထိန်းချုပ်နိုင်လို့ပဲ ဖြစ်ပါတယ်။ Pre-Menstrual Syndrome (PMS) (ရာသီမလာခင် ခံစားရသော ဝေဒနာများ) က ဘယ်လောက်အဖြစ်များသလဲ ၉၀% သော မိန်းမများသည် PMS […]


ရာသီလာခြင်း

ကိုယ်ဝန်ဆောင်နဲ့ အမျိုးသမီးတွေရာသီသွေးဆင်းမှုအပေါ် သင်္ဘောသီးက ဘယ်လိုသက်ရောက်နေသလဲ

သင်္ဘောသီးစားသုံးတာက ကျန်းမာရေးကိုတော်တော်များများ အကျိုးပြုနိုင်တယ်လို့သိထားကြတာဖြစ်ပါတယ်။ သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းက ကျန်းမာရေးအတွက် ဆိုးကျိုးအနည်းငယ်ရှိတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ အထူးသဖြင့် သင်္ဘောသီးစိမ်း၊ သင်္ဘောသီးစေ့၊ သင်္ဘောရွက်နဲ့ အစာကြေညက်စေဖို့ ထောက်ပံ့ပေးတဲ့ဓာတ်တစ်မျိုးဖြစ်တဲ့papain enzyme တို့က ခန္ဓာကိုယ်အပေါ်မှာ ဆိုးကျိုးသက်ရောက်စေတာဖြစ်ပါတယ်။ သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းကြောင့် ခံစားရနိုင်တဲ့ ဆိုးကျိုးတွေနဲ့ ဘယ်လိုမျိုးအခြေအနေတွေမှာ သင်္ဘောသီးမစားတာက အကောင်းဆုံးဖြစ်မလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ဝန်ဆောင် နဲ့ သင်္ဘောသီး သင်္ဘောသီးအစိမ်းမှာကြွယ်ဝစွာ ပါဝင်နေတဲ့ သဘော်သီးမှာအဓိကပါဝင်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့papain အင်ဇိုင်းကို အာရှတိုက်နိုင်ငံတွေမှာ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း သန္ဓေပျက်ကျေစေဖို့အသုံးပြုလေ့ရှိကြပါတယ်။ သင်္ဘောသီးမှာပါတဲ့ papain အင်ဇိုင်းကို သန္ဓေသားကိုထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ သင်္ဘောသီးစိမ်းသုတ် စားတာ၊သန်ကောင် တုတ်ကောင်ကင်းအောင်ဆိုပြီး သင်္ဘောသီးစေ့ကိုစားသုံးတာမျိုးနဲ့ papain အင်ဇိုင်းပါဝင်တဲ့ဖြည့်စွက်ဆေးတွေကိုရှောင်ကြဉ်နိုင်ရင်အကောင်းဆုံးပဲဖြစ်ပါတယ်။ သင်္ဘောသီးမှည့်ကိုတော့ စားသုံးပေးလို့ရပါတယ်။ သင်္ဘောသီးမှည့်မှာ သင်္ဘောသီးအစိမ်းထက်papain အင်ဇိုင်းပါဝင်မှုနည်းပါးသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ဗီတာမင်တွေနဲ့ အခြားကျန်းမာရေးအတွက်အကျိုးပြုနိုင်တဲ့ ဓာတ်တွေကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ စားသုံးဖို့သင့်တော်ပါတယ်။ Papain အင်ဇိုင်း၊ သင်္ဘောသီးစေ့နဲ့ ရာသီစက်ဝန်း ကလေးယူဖို့ ကြိုးစားနေသူတွေ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Ovaritis (သားဥအိမ်ရောင်ရောဂါ)

Ovaritis (သားဥအိမ်ရောင်ရောဂါ) ဆိုတာဘာလဲ။ Ovaritis ဟာ သားဥအိမ်ရောင်ခြင်းဖြစ်ပြီး သားဥအိမ်မှာ ရောဂါပိုးဝင်ခြင်းနဲ့ ရောင်ခြင်းတွေကိုဖြစ်စေတဲ့ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ သားဥအိမ် တစ်ခုတည်းရောင်ခြင်းဟာ အဖြစ်နည်းပါတယ်။ အခြားရောင်ရမ်းခြင်းတွေလိုပဲ သားဥအိမ်ရောင်ခြင်းဟာ ရုတ်တရက် (သို့) နာတာရှည်ဖြစ်နိုင်ပါတယ်။ subacute ရောင်ခြင်းရဲ့ လက္ခဏာတွေဟာ သားဥအိမ် နာတာရှည်ရောင်ခြင်းမှာ တွေ့ရတတ်ပါတယ်။ သားအိမ်နဲ့ သားဥအိမ်ရောင်ခြင်းဟာ ပြင်းထန်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး မျိုးပွားနိုင်စွမ်းကို ပျောက်ဆုံးစေနိုင်ပါတယ်။ Ovaritis(သားဥအိမ်ရောင်ရောဂါ)ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Ovaritis ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ Ovaritis (သားဥအိမ်ရောင်ရောဂါ)ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ပုံမှန်အခြေအနေမှာ တကယ်လို့ လူနာဟာ ရုတ်တရက်သားဥအိမ်ရောင်ခြင်း ဖြစ်မယ်ဆိုရင် ဖျားနာခြင်း၊ ဗိုက်အောင့်ခြင်း၊ အခြားလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ နာတာရှည် အခြေအနေတွေမှာတော့ ယေဘုယျအားနည်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ […]


ရာသီလာခြင်း

Missed Period (ရာသီသွေးမပေါ်တဲ့ ကာလ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Missed Period (ရာသီသွေးမပေါ်တဲ့ ကာလ) ကဘာလဲ။ အမျိုးသမီးတွေက တနှစ်မှာ ၁၁-၁၃ခါ ရာသီလာလေ့ ရှိပါတယ်။ တယောက်နဲ့ တယောက်မတူတဲ့အတွက် ပိုပြီးနည်းတာ များတာဖြစ်နိုင်ပါတယ်။ ဒါကို ရာသီမမှန်ခြင်း၊ ရာသီပျောက်ခြင်းလို့ ခေါ်ပါတယ်။ Missed Period (ရာသီသွေးမပေါ်တဲ့ ကာလ) က ဘယ်လောက်အဖြစ်များသလဲ ရာသီသွေးမပေါ်တာက အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့ အချက်တွေကို လျှော့ချပြီး ရာသီသွေးမပေါ်တာကနေ ကာကွယ်နိုင်ပါတယ်။ ထပ်မံသိလိုသော အချက်များရှိပါက ဆရာဝန်နှင့် ဆွေးနွေးပါ။ လက္ခဏာများMissed Period (ရာသီသွေးမပေါ်တဲ့ ကာလ) ရဲ့လက္ခဏာတွေကဘာတွေလဲ အမျိုးသမီးအများစုက ၂၈ရက်တခါရာသီသွေးဆင်းတယ်။ ဒါပေမယ့် ရာသီစက်ဝန်းတိုတာ၊ ရှည်တာမျိုးရှိနေနိုင်ပြီး ၂၄-၃၅ရက်တွင်းရာသီလာတတ်ကြတယ်။ တချို့အမျိုးသမီးတွေက ရာသီပုံမှန်မလာတတ်ကြပါဘူး။ သူတို့က ရာသီစောလာတတ်သလို နောက်ကျပြီးလည်းလာတတ်တယ်။ ရာသီပေါ်တဲ့ရက်လည်းအပြောင်းအလဲရှိသလို သွေးဆင်းတာအနည်းအများလည်း ရှိနိုင်ပါတယ်။ ဒီထဲမှာ မပါတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ ပြည့်စုံစွာသိလိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ ဘယ်အချိန်မှာ […]


ရာသီလာခြင်း

Period Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Period Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း) ကဘာလ လစဉ်ရာသီလာချိန်မှာ ဝမ်းဗိုက်အောက်ပိုင်းတဝိုက် နာကျင်ခြင်းဖြစ်တယ်။ အမျိုးသမီးအများစုခံစားရလေ့ရှိပါတယ်။ Period Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အင်မတန်ကိုအဖြစ်များပြီး အသက်အရွယ်မရွေး အမျိုးသမီးတိုင်းမှာဖြစ်နိုင်ပါတယ်။ ပိုဆိုးစေသော အချက်တွေကိုလျှော့ချရှောင်ကျဉ်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ လက္ခဏာများPeriod Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များလေ့ရှိသော လက္ခဏာတွေကတော့- ဝမ်းဗိုက်အောက်ပိုင်းတဝိုက်တွင် နာကျင်ခြင်း၊ (တချို့မှာပြင်းထန်နိုင်ပါတယ်) ဆက်တိုက်နာကျင်ကိုက်ခဲနေခြင်း ကျော၊ ပေါင်တို့တွင်ပါနာကျင်ခြင်း ဝမ်းဗိုက်တွင်ဖိအားခံစားရခြင်း ဒါတွေအပြင် နာကျင်မှုပြင်းထန်ပါက- ဗိုက်ထဲမအီမသာဖြစ်ခြင်း၊ တခါတရံပျို့ခြင်း ဝမ်းပျက်ခြင်း ခေါင်းကိုက်ခြင်း၊ မူးခြင်း တို့ပါရတတ်ပါတယ်။ ဖော်ပြထားသောလက္ခဏာတွေအပြင် တခြားအချက်တွေလည်းရှိနိုင်တာကြောင့် ပိုမိုသိရှိလိုပါက ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ။် ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ တကယ်လို့လတိုင်းမှာ နေ့စဉ်လှုပ်၇ှားမှုထိခိုက်သည်ထိ အနှောင့်အယှက်ဖြစ်နေရင် ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ သို့မဟုတ် တဖြေးဖြေးပိုဆိုးလာလျှင်၊ အသက် ၂၅ ကျော်မှ လက္ခဏာတွေဆိုးရွားလာလျှင်လည်း ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ဒါပေမယ့် လွန်ခဲ့သော နှစ်ကတည်းငယ်ကမှဓမ္မတာစလာကာ ထိုလက္ခဏာများခံစားနေရရင်တော့ သိပ်စိတ်ပူစရာတော့မဟုတ်ပါဘူး။ အကြောင်းရင်းများPeriod Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ ဓမ္မတာလာစဉ်မှာ သားအိမ်အနားသတ်တွေကို စွန့်ထုတ်ဖို့ သားအိမ်ကျုံ့ရပါတယ်။ နာကျင်မှု၊ ရောင်ရမ်းမှုတွေဖြစ်စေသာ ပရိုစတာဂလမ်ဒင် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မီးယပ်ရောဂါဖြစ်စေတဲ့ အချက် ၄ ချက်

မီးယပ်ရောဂါဟာ အတော်စိတ်ညစ်ရသလို မသက်မသာလဲ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လို တိတိပပကိစ္စတွေက မီးယပ်ရောဂါကို ဖြစ်စေတာလဲ။ အောက်မှဖော်ပြထားတဲ့ အကြောင်းအရာက မီးယပ်ရောဂါဖြစ်စေတဲ့ အချက် ၄ ချက်အကြောင်း အချက်အလက်တွေကို ပေးပါလိမ့်မယ်။ မီးယပ်ရောဂါအကြောင်း ဘာသိလဲ။ မီးယပ်ရောဂါကို အမျိုးသမီး မျိုးပွားစနစ်ရဲ့ လုပ်ဆောင်မှုအပေါ် ထင်ထင်ရှားရှား သက်ရောက်မှုရှိတဲ့ စနစ်မကျမှုလို့ မြင်ကြပါတယ်။ မကြာခဏ အမြင်ရဆုံးဖြစ်တဲ့ လက္ခဏာတွေကတော့ ယောနိယားယံခြင်း၊ ရာသီလာခြင်း၊ တင်ပါးဆုံနာကျင်ကိုက်ခဲခြင်း၊ ယောနိမှ မူမမှန်သော သွေးဆင်းခြင်း၊ ရင်သားနာကျင်ခြင်းနဲ့ အကျိတ်ထွက်ခြင်းတို့ ဖြစ်ပါတယ်။ အဲ့လက္ခဏာတွေရဲ့ ပြင်းထန်မှုက ပုံမှန်ဆိုရင် အမျိုးသမီးတွေရဲ့ အသက်ပေါ် မူတည်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလက္ခဏာတွေက အသက်ကြီးတာနဲ့အတူ ပြောင်းလဲလာတဲ့ ဟော်မုန်းတွေကြောင့် ဖြစ်လာတဲ့အတွက်ပါ။ ဒါ့အပြင် hairsutism သို့မဟုတ် hairiness လို့ သိကြတဲ့ […]


ရာသီလာခြင်း

ကိုယ်ဝန်တည်ခြင်း မရှိပေမယ့် ရာသီသွေးမပေါ်နိုင်တဲ့ အကြောင်းရင်းများ

အမျိုးသမီးအချို့အတွက် ရာသီကာလဆိုတာ စိတ်မသက်မသာဖြစ်စရာပေမယ့် အချို့သောသူတွေကတော့ ပျော်ကောင်းပျော်ပါလိမ့်မယ်။ ကိုယ်ဝန်မရှီလို့ ရာသီလာတာကိုး။ အောက်ပါအချက်တွေကတော့ သင့်မှာကိုယ်ဝန်မရှိဘဲနဲ့ ဘာလို့ရာသီမပေါ်သလဲဆိုတာ ရှင်းပြပါလိမ့်မယ်။ စိတ်ဖိစီးမှု စိတ်ဖိစီးမှုဟာ ရာသီသွေးမပေါ်ခြင်းအတွက် အဖြစ်အများဆုံးအကြောင်း ဖြစ်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ရလဒ်ဖြစ်နိုင်ပါတယ်။ လူတစ်ဦးစိတ်ဖိစီးမှု ဖြစ်နေစဉ်အတွင်းမှာ ခန္ဓာကိုယ်ကလည်း ကွဲပြားခြားနားတဲ့ လုပ်ငန်းလည်ပတ်မှုဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ဝက်ခြံ သို့မဟုတ် အခြားအရေပြားဆိုင်ရာကိစ္စရပ်များကအစ သင့်ရာသီစက်ဝန်းကို ထိန်းချုပ်ထားသောဦးနှောက်၏အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ hypothalamus ကိုလည်းထိခိုက်နေပါတယ်။ အဆိုပါ hypothalamusကနေ ဟော်မုန်းမမှန်မကန် ထုတ်လုပ်မှုက သင့်ရဲ့ရာသီကာလကို နှောင့်နှေးစေနိုင်ပါတယ်။ ဒါ့အပြင်အချိန်ကြာလာတာနဲ့အမျှ နာမကျန်းဖြစ်တာ ရာသီမလာဘဲ ရပ်တန့်တာတွေဖြစ်နိုင်ပါတယ်။ သင့်မှာ စိတ်ဖိစီးမှုအကြောင်းရင်းတစ်ခုဖြစ်တယ်ထင်လျှင် သင့် နဂိုအခြေအနေပြန်ရောက်ဖို့ အပန်းဖြေနည်းစနစ်သုံးပါ။ ကိုယ်အလေးချိန်ပြဿနာများ အလေးချိန်ပြဿနာတွေဆိုတာ အဝလွန်ခြင်းထက်ပိုပါတယ်။ အဝလွန်တာလည်းပြဿနာတစ်ခုဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သင့်အလေးချိန်အတက်အကျပြောင်းလဲနေတာက ရာသီမမှန်မှုဖြစ်နိုင်ပါတယ်။ ပမာဏမမှန်စားသုံးခြင်း သို့မဟုတ် အလွန်အကျွံလေ့ကျင့်ခန်းလုပ်တာတွေက တရားခံဖြစ်ပါလိမ့်မယ်။ ကိုယ်အလေးချိန်နည်းတာဟာ ရာသီပေါ်ခြင်း […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)