backup og meta

ရာသီစက်ဝန်း၊ မိန်းမကိုယ်အမြှေးပါး နဲ့ ပတ်သက်သော အယူအဆလွဲများ

ရာသီစက်ဝန်း၊ မိန်းမကိုယ်အမြှေးပါး နဲ့ ပတ်သက်သော အယူအဆလွဲများ
ရာသီစက်ဝန်း၊ မိန်းမကိုယ်အမြှေးပါး နဲ့ ပတ်သက်သော အယူအဆလွဲများ

မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်၊ လိင်မှုကိစ္စ၊ အပျိုစင်ဘဝတို့နဲ့ ပတ်သက်ပြီး လွဲမှားတဲ့အသိတွေ ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ ရာသီစက်ဝန်း၊ မိန်းမကိုယ်အမြှေးပါး နဲ့ ပတ်သက်သော အယူအဆလွဲများ အကြောင်း ပြောပြပေးချင်ပါတယ်။

ရာသီစက်ဝန်း၊ မိန်းမကိုယ်အမြှေးပါး နဲ့ ပတ်သက်သော အယူအဆလွဲများ

တော်တော်များများ မှားသိထားတဲ့ အယူအဆလွဲများ ကတော့

  • ရာသီလာနေချိန်မှာဆို ကိုယ်ဝန်မရနိုင်ပါဘူး။

ရာသီလာနေချိန်မှာ ကိုယ်ဝန်ရနိုင်ခြေ နည်းပေမယ့် ရလည်းရသွားနိုင်ပါတယ်။ ရာသီလာနေတဲ့ရက်တွေမှာ မမျိုးဥ မကြွေနိုင်ဘူးလို့ ပုံမှန်အားဖြင့် သိထားကြပါတယ်။ တကယ်တော့ အဲဒီလို တထစ်ချ ပြောလို့မရပါဘူး။ ရာသီလာတဲ့ရက်နဲ့ မမျိုးဥကြွေချိန်ကို အတိအကျ မှန်းဆရခက်ပါတယ်။ ရာသီလာနေစဉ်မှာရော ပြီးပြီးချင်းမှာပါ မမျိုးဥကြွေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ ရာသီစက်ဝန်းက ပုံမမှန်ဖြစ်နေရင်ပေါ့။

နောက်ပြီး ရာသီမလာပေမယ့် သွေးဆင်းတာမျိုး ရှိတတ်တယ်။ အဲဒါကို သင့်အနေနဲ့ ရာသီလာတယ်လို့ ထင်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ အဲဒီအပြင် လိင်ဆက်ဆံချိန်မှာ မမျိုးဥကြွေမနေဘူး ဆိုရင်တောင် သုက်ပိုးတွေက သင့်ခန္ဓာကိုယ်ထဲမှာ ၅ရက်လောက်အထိ ရှိနေနိုင်ပါသေးတယ်။ ဒါကြောင့် အဲဒီ ၅ရက်အတွင်း မမျိုးဥကြွေလာခဲ့မယ်ဆိုရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ ပုံမှန် ရာသီလာတဲ့သူဆိုရင်တော့ အဲဒီအချိန်မှာ လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ခြေ နည်းပါတယ်။ ဒါပေမယ့်လည်း လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေတော့ ရနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးသုံးဖို့လိုပါမယ်။

  • မိန်းမကိုယ် အမြှေးပါးရှိမှ အပျိုစစ်တယ်

မိန်းမကိုယ် အမြှေးပါးသည် မိန်းမကိုယ်တစ်ခုလုံးကို အပြည့်အ၀ ဖုံးကာထားခြင်းတော့ မဟုတ်ပေ။ အဲဒီလိုသာဆိုရင် အပျိုလေးတွေ ရာသီသွေး ဘယ်ဆင်းပါတော့မလဲ။ သို့သော် အမြှေးပါးသည် ဒိုးနတ်ကွင်းလို အပေါက်ကြီးဖြစ်နေခြင်းတော့ မဟုတ်ပါ။ တချို့ အမျိုးသမီးများတွင် လှေကားသဏ္ဍာန် တစ်ရှူးလေးတွေ တစ်ဖက်ကနေတစ်ဖက်ကို သွယ်တန်းနေတတ်သည် တချို့ကတော့ ပျားအုံကဲ့သို့ အပေါက်သေးသေးလေးတွေ အများကြီးရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ရှားရှားပါးပါးအနေနဲ့ ၂၀၀ မှာ တစ်ယောက်လောက် တွေ့နိုင်တာကတော့ အမြှေးပါးရဲ့ အပေါက်က သေးငယ်လွန်းလို့ ရာသီသွေးတောင် ဆင်းလို့မရလောက်တဲ့အထိ ဖြစ်တာမျိုးလည်း ရှိပါတယ်။ အဲဒီလိုမိန်းကလေးမျိုးကတော့ အသေးစားခွဲစိတ်မှုလေး ပြုလုပ်ပြီး အမြှေးပါးကို ဖောက်တာမျိုး လုပ်ရတတ်ပါတယ်။ အမျိုးသမီးအများစုမှာတော့ ဆယ်ကျော်သက် အရွယ်ရောက်ပြီဆိုရင် လိင်ဆက်ဆံမှုကို အနှောင့်အယှက် ဖြစ်ရလောက်တဲ့အထိ အမြှေးပါးကျန်နေတာမျိုးတော့ မရှိတော့ပါဘူး။

  • မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးဟာ အပျိုစစ်၊ မစစ်နဲ့ ဆိုင်တယ်

ပထမဆုံးအနေနဲ့ အပျိုစင်ဘဝကို ဆုံးရှုံးလိုက်ရတာ ပြဿနာတစ်ခုဖြစ်တယ် ဆိုတဲ့ အမြင်မျိုးက မှားယွင်းပါတယ်။ နောက်ပြီး လိင်နဲ့ပတ်သက်ပြီး ရှက်စရာကောင်းတယ် ဆိုတဲ့အယူအဆမျိုးကလည်း မှားယွင်းပါတယ်။ တကယ်တော့ လိင်ဆက်ဆံမယ်၊ မဆက်ဆံဘူးဆိုတာက လူတစ်ယောက်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်ပါတယ်။ ယဉ်ကျေးမှုနဲ့ ကိုက်ညီစွာ လိင်ဆက်ဆံခြင်းကိစ္စကို လက်မထပ်သေးဘဲ မလုပ်သင့်ဘူးလို့ ယူဆမယ်ဆိုလည်း ရပါတယ်။ ဒါပေမယ့် အဲဒီလို မဟုတ်တဲ့ မိန်းကလေးတွေကိုတော့ တန်ဖိုးမရှိတော့သလိုမျိုး မယူဆသင့်ပါဘူး။ အဲဒီလိုယူဆမှုတွေကြောင့် အမျိုးသားတွေက အမျိုးသမီးတွေအပေါ် အခွင့်အရေးယူတာ၊ အကြပ်ကိုင်တာတွေ ဖြစ်လာပါတယ်။

  • ရာသီလာနေတဲ့ရက်တွေမှာ လိင်ဆက်ဆံရင် ရာသီသွေးဆင်းများတတ်တယ်

ဒါက အမျိုးသမီးတော်တော်များများ ထင်တတ်ကြတဲ့ အယူအဆမှားတစ်ခုပါ။ အတူနေလို့ ဆန္ဒပြီးမြောက်ချိန်မှာ သားအိမ်ကိုကျုံ့မိ၊ ညှစ်မိတာမျိုးတွေ ရှိနိုင်ပေမယ့် အဲဒါက သင့်ရာသီသွေးပမာဏကို ပိုများစေတာ၊ ရက်ရှည်စေတာမျိုးတွေ မရှိပါဘူး။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Myths About Sex and Virginity-Debunked. https://iwhc.org/2010/05/10-myths- about-sex- and-virginity-debunked/.

Virginity & Bleeding: Practical Guide to Popping Your Cherry.
https://www.consumerhealthdigest.com/female-sexual- health/bleeding-after- first-intercourse- myths-and-realities.html.

The Hymen: A Membrane Widely Misunderstood. https://www.psychologytoday.com/blog/all-about-sex/201103/the-hymen- membrane-widely- misunderstood.

ယခုပုံစံ

19/12/2022

Written by Dr. Phio Thiha

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း နှင့် ပိုးကူးစက်ခြင်းများ

လိင်တံနဲ့ပတ်သက်လို့ သင်မသိသေးတဲ့အချက် (၁၀) ချက်


Written by

Dr. Phio Thiha

သားဖွားပညာ · Phyo Clinic (Pazundaung)


19/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement