တကယ်လို့ ဟော်မုန်းကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာ ခံစားနေရတယ်လို့ သံသယရှိပါက ဖြစ်နိုင်ခြေ ရှိတဲ့ ဆက်စပ် အကြောင်းအရာကိုစစ်ဆေးဖို့ အတွက် ရာသီသွေးပေါ်ချိန် ၃ ကြိမ်ထက် မနည်းကို ရေးမှတ်ထားပါ။ အဆိုပါ ရေးမှတ်ထားတာက ကုသမှုမှာ များစွာအထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။
သွေးတွင်းသကြားဓါတ် ပမာဏ ကျဆင်းတာကို ထိန်းသိမ်းဖို့အတွက် နေ့ဘက်မှာ ပေါ့ပေါ့ပါးပါး စားလို့ရတဲ့ သရေစာလေးတွေ စားပေးတာကလည်း ခေါင်းကိုက်တာကို သက်သာလျော့ပါးစေပါတယ်။ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံ ချမှတ်ရေးဆွဲတာ နဲ့ လေ့ကျင့်ခန်း မှန်မှန် လုပ်ပေးခြင်း အားဖြင့် စိတ်ဖိစီးမှု မရှိအောင် လုပ်ဆောင်တာ နဲ့ အိပ်ရေး ဝဝအိပ်စက်တာတွေ လုပ်ဆောင်ပေးဖို့လည်း အကြံပြုလို ပါတယ်။ အရမ်းကို အလုပ် များလွန်းတဲ့ ဘဝ နေထိုင်မှုပုံစံက ကျန်းမာရေး အပေါ်မှာ ဆိုးဆိုးဝါးဝါး ထိခိုက် လွှမ်းမိုးနေပါတယ်။ ဘဝနေထိုင်မှု ပုံစံကိုပြောင်းလဲလိုက်တာက ခေါင်းကိုက်ဝေဒနာကို သက်သာစေဖို့အတွက် လိုအပ်နေတဲ့ တစ်ခုတည်းသော အရာ ဖြစ်နိုင်ပါတယ်။
အမျိုးသမီးတွေ အားလုံးမှာ မတူကွဲပြားတဲ့ အနေအထားတွေ ရှိပါတယ်။ တစ်ယောက်အတွက် အလုပ်ဖြစ်ပေမယ့် အခြား တစ်ယောက်အတွက် အလုပ် မဖြစ်တာမျိုးလည်း ရှိနေနိုင်ပါတယ်။ အထက်မှာ ဖော်ပြထးတဲ့ နည်းတွေအတိုင်း လုပ်ဆောင်ကြည့်ပေမယ့် တိုးတက်ကောင်းမွန်လာတာ မရှိဘူးဆိုရင် အီစထရိုဂျင်ဟော်မုန်း အားဖြည့်ဆေးတွေ၊ ခေါင်းကိုက်ပျောက်ဆေးတွေ သောက်သုံးဖို့ လို၊ မလိုကိုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ရာသီသွေး ပေါ်ခါနီးကာလမှာ ဟော်မုန်း မညီမျှမှုကြောင့် ခေါင်းကိုက်တာကတော့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့အနေအထား တစ်ရပ်ပါ။ ဟော်မုန်း အစားထိုးတဲ့ ကုထုံးက ဟော်မုန်းပမာဏ ညီမျှအောင် ထိန်းညှိပေးခြင်းဖြင့် ခေါင်းကိုက်ဝေဒနာသက်သာအောင် အထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။