backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Fibroadenoma (ကင်ဆာမဟုတ်သည့် ရင်သား အကျိတ် )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Fibroadenoma (ကင်ဆာမဟုတ်သည့် ရင်သား အကျိတ် )

အဓိပ္ပာယ်ဖွင့်ဆိုချက်

Fibroadenoma (ကင်ဆာမဟုတ်သည့် ရင်သား အကျိတ် ) ကဘာလဲ။

Fibroadenoma ဆိုတာက ရင်သားမှာ ဖြစ်တတ်တဲ့ ကင်ဆာမဟုတ်တဲ့ ရိုးရိုးအကျိတ်ဖြစ်ပါတယ်။ ရင်သားမှာဖြစ်တဲ့ အကျိတ်အားလုံးက fibroadenoma တော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ လူတွေဟာ fibroadenoma ကို ရင်သားကင်ဆာနဲ့ မှားတတ်ကြပါတယ်။

ကင်ဆာအကျိတ်နဲ့ ခွဲခြားနိုင်တဲ့အချက်က fibroadenoma ကအချိန်ကြာလာပေမယ့် အရွယ်ကြီးလာတာမျိုး ရှားပါတယ်။ သူက ရင်သားတစ်ရှူးထဲမှာပဲ ရှိနေတတ်ပါတယ်။ ရင်သားကို စမ်းသပ်ချိန်မှာ အကျိတ်ကို ခံစားမိနိုင်ပါတယ်။

ရင်သားမှာ ရာဘာလိုမျိုး ခပ်တင်းတင်းအလုံးကို စမ်းမိပြီး ဒီအလုံးကို မိအောင် လက်နဲ့ မနည်းလိုက်ဖမ်းနေရတယ်ဆိုရင် ကင်ဆာမဟုတ်တဲ့ fibroadenoma အကျိတ် ဖြစ်နိုင်ပါတယ်။ တိကျတဲ့ စစ်ဆေးစမ်းသပ်အတည်ပြုချက်တွေတော့ လိုအပ်ပါတယ်။

Fibroadenomaက ဘယ်လောက်အဖြစ်များသလဲ

ဒီအကျိတ်က ငယ်ရွယ်တဲ့အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အပျိုဖော်ဝင်စအမျိုးသမီးတွေနဲ့ အသက်၃၀အောက် အမျိုးသမီးတွေမှာ အဖြစ်များတတ်ပါတယ်။ ဒါပေမယ့် အသက်အရွယ်မရွေး ဖြစ်တတ်တယ်ဆိုတာ သိထားသင့်ပါတယ်။

လက္ခဏာများ

Fibroadenomaရဲ့ လက္ခဏာတွေက ဘာတွေလဲ

ရင်သားကို စမ်းကြည့်တဲ့အခါ အလုံးကို စမ်းမိနိုင်ပါတယ်။ အလုံးက ဘယ်ကိုမှ မတွယ်နေတာကြောင့် လွတ်လွတ်လပ်လပ်ကြီးကို စမ်းလို့ရနေပါတယ် Fibroadenoma အကျိတ်က ထိကိုင်တာ၊ ကိုင်တွယ်စမ်းသပ်တဲ့အခါ မနာတတ်ပါဘူး။

ရင်သားအကျိတ်က အရွယ်အစား အမျိုးမျိုးရှိတတ်ပါတယ်။ တချို့မှာ အရွယ်အစားက ကြီးလာတာမျိုးရှိသလို ကျုံ့သွားတာလည်း ရှိနိုင်ပါတယ်။များသောအားဖြင့်တော့ အရွယ်ငယ်ကြပါတယ်။ ၁-၂ စင်တီမီတာလောက်ပဲ ရှိတတ်ပါတယ်။

ခုပြောထားတာမဟုတ်ဘဲ တခြားလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရင်သားမှာ အလုံးအကျိတ်စမ်းမိတာ ဒါမှမဟုတ် ရင်သားပြောင်းလဲမှုရှိတာ သို့မဟုတ် အကျိတ်က အရင်ကထက်ကြီးလာပြီး ပြောင်းလဲမှုရှိလာတယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်း ပြသသင့်ပါတယ်။

အကြောင်းရင်းများ

Fibroadenomaကို ဘာတွေက ဖြစ်စေသလဲ

Fibroadenoma ရင်သားအကျိတ်ကို ဖြစ်စေတဲ့ တိကျတဲ့အကြောင်းရင်းကို ရှာမတွေ့သေးပါဘူး။ သုတေသနပြုသူတွေကတော့ ဟော်မုန်းပြောင်းလဲမှုကြောင့် ရင်သားအကျိတ်တွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

ရင်သားအကျိတ်တွေ ဟာ မျိုးပွားခြင်းဆိုင်ရာ ဟော်မုန်းတွေကြောင့် ဖြစ်စေပြီး မျိုးဆက်ပွားနိုင်တဲ့ အရွယ်တွေမှာ ပိုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ ဟော်မုန်းကုထုံးတွေ ယူနေချိန်မှာ အကျိတ်က ကြီးလာတတ်ပါတယ်။ သွေးဆုံးပြီးနောက်မှာ ဟော်မုန်း ပမာဏ လျော့ကျသွားတဲ့အတွက် အကျိတ်က သေးသွားနိုင်ပါတယ်။

အသက်၂၀မတိုင်မီ သန္ဓေတားဆေးကဒ်တွေကို သောက်တဲ့အမျိုးသမီးတွေမှာ ရင်သားအကျိတ်တွေ ဖြစ်လေ့ရှိကြတယ်။

ဖြစ်နိုင်ခြေများသူများ

Fibroadenoma (ကင်ဆာမဟုတ်သည့် ရင်သား အကျိတ် ) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

ရင်သားအကျိတ်ကို အဖြစ်များစေတဲ့ အကြောင်းရင်းတွေကတော့

  • အသက်ငယ်ရွယ်ခြင်း
  • အီစထရိုဂျင်ကုထုံး သို့မဟုတ် ဟော်မုန်းကုထုံးတစ်မျိုးမျိုးကို ခံယူနေခြင်း
  • ကိုယ်ဝန်ဆောင်ခြင်း
  • အသက်ငယ်ငယ်နဲ့ သန္ဓေတားဆေးကဒ်များကို သောက်သုံးနေခြင်းတို့ပဲ ဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

Fibroadenoma (ကင်ဆာမဟုတ်သည့် ရင်သား အကျိတ် ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရင်သားအကျိတ်ကို ရှာဖွေဖို့ ဆရာဝန်မှ သင့်ရင်သားကို သေချာစမ်းသပ်ဖို့ လိုပါတယ်။ သင့်အခြေအနေပေါ် မူတည်ပြီး လိုအပ်ရင် ရင်သားကို အာထရာဆောင်းရိုက်တာ၊ ရင်သားဓာတ်မှန် Mammogram ရိုက်ခြင်းတို့ကို လုပ်ပေးနိုင်ပါတယ်။

အာထရာဆောင်းက သင့်ရင်သားအတွင်းကို ကြိမ်နှုန်းမြင့်အသံလှိုင်းတွေ ထုတ်လွှတ်ပြီး ပုံရိပ်တွေကို ရိုက်ယူပါလိမ့်မယ်။ အာထရာဆောင်း ရိုက်တဲ့ အတံကို သင့်ရင်သားပေါ်တင်ပြီး ကွန်ပျူတာမျက်နှာပြင်တွင် ပုံရိပ်တွေ ဖမ်းယူနိုင်ပါတယ်။

Mammogramကတော့ သင့်ရဲ့ရင်သားတစ်ဖက်ကို ဓာတ်မှန်ရိုက်တဲ့ အပြား၂ခုကြား ညှပ်ထားပြီး ဓာတ်မှန်ရိုက်ယူပါလိမ့်မယ်။

လိုအပ်ရင် ကင်ဆာအကျိတ် ဟုတ်၊ မဟုတ်သိနိုင်ရန် ဆရာဝန်မှ အကျိတ်အစအနေကို အပ်နဲ့ စုပ်ထုတ်ပြီး အသားစ စစ်ဆေးနိုင်ပါတယ်။ အသားစကို အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးပြီး ကင်ဆာဟုတ် မဟုတ် သိနိုင်ပါတယ်။

Fibroadenoma (ကင်ဆာမဟုတ်သည့် ရင်သား အကျိတ် ) ကို ဘယ်လိုကုသပါသလဲ

သင့်အကျိတ်က ကင်ဆာမဟုတ်တဲ့အကျိတ် (fibroadenoma) ဆိုရင်တော့ မဖြစ်မနေခွဲဖို့ မလိုပါဘူး။ ဒီအကျိတ်က ဟော်မုန်းပမာဏနဲ့ သက်ဆိုင်တဲ့အတွက် မျိုးပွားခြင်းနဲ့ဆိုင်သော ဟော်မုန်းပမာဏကျတဲ့အချိန်မှာ အလိုလိုအရွယ်အစားပြန်ကျုံ့ သွားတတ်ပါတယ်။

များသောအားဖြင့်တော့ ဒီအကျိတ်အတွက် ဘယ်လိုကုသမှုမှ မလိုအပ်ပါ။ ဒါပေမယ့် ဒီအကျိတ်ကြောင့် ရင်သားပုံပျက်တယ်လို့ ထင်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ခွဲစိတ်နိုင်ပါတယ်။

ခွဲစိတ်မှုမလုပ်ခင် သင့်အကျိတ်ကို ဆရာဝန်နဲ့ မှန်မှန်ပြပြီး အာထရာစောင်း ရိုက်ယူရပါမယ်။ ဒါက သင့်ရင်သားရှိ အလုံးရဲ့ပြောင်းလဲမှုတွေကို သိရှိစေနိုင်ပါတယ်။ ကင်ဆာမဟုတ်တဲ့ အကျိတ်လို့ ယူဆရင် ပုံမှန်အတိုင်းပဲ ထုတ်လိုက်လို့ရပါတယ်။ ပြီးရင်တော့ ခွဲထားတဲ့ အကျိတ်ကို ဓာတ်ခွဲခန်းပို့ပြီး ကင်ဆာဟုတ်မဟုတ် အတည်ပြုစစ်ဆေးပါတယ်။

ရေးသားသူ- Dr Phyo Wai Yan

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement