အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတလျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ အပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

အမျိုးသမီးတွေအတွက် မဟော်မုန်း တိုးစေမယ့် နည်းလမ်းကောင်းများ

အမျိုးသမီးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ မဟော်မုန်း ဓာတ်ဆိုတာကတော့ အက်စထရိုဂျင်ဟော်မုန်း (Estrogen) နဲ့ ပရိုဂျက်စတီရုန်းဟော်မုန်း (Progesterone) တို့ပဲဖြစ်ပါတယ်။ အက်စထရိုဂျင်ဟော်မုန်းသည် အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာအချိုးအစားလှပစေဖို့၊ မျိုးအောင်နိုင်စေဖို့ ကူညီပေးပြီး ပရိုဂျက်စတီရုန်းဟော်မုန်းကတော့ ရာသီစက်ဝန်းမှန်စေဖို့၊ ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်နဲ့ ကလေးကို ကျန်းမာစေဖို့ ပံ့ပိုးပေးနိုင်ပါတယ်။ အမျိုးသမီးတွေ အပျိုဖော်ဝင်ကာစ ဆယ်ကျော်သက်အရွယ်မှာ မဟော်မုန်းပမာဏဟာ အဆမတန် မြင့်တက်လာပြီး အသက် ၂၀ မှ ၄၀ ကြားကာလဟာ မဟော်မုန်းပမာဏ မြင့်တက်မှု အများဆုံးအချိန်လို့ ဆိုနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ရာသီသွေးဆုံးချိန်မှာတော့ ပမာဏပြန်နည်းသွားကာ ဟော်မုန်းမျှခြေကို ကမောက်ကမဖြစ်စေတတ်ပါတယ်။ ဒီလိုဟော်မုန်းမျှခြေပျက်ယွင်းတဲ့အခါ အမျိုးသမီးတွေရဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ၊ လိင်စိတ်ဆန္ဒ၊ အရိုးနဲ့ ကြွက်သား၊ ရုပ်ခန္ဓာကျန်းမာရေး ဒါတွေအားလုံးကို သွားပြီး အဆိုးဘက်ကသက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ဒီအတွက်ကြောင့် အမျိုးသမီးတွေအတွက် မဟော်မုန်းပမာဏဟာ အလွန်အရေးကြီးပြီး […]


ရာသီလာခြင်း

ရာသီထိမ် ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းများ

ရာသီထိမ် တယ်လို့ပြောဖို့အတွက် အနည်းဆုံး တစ်လထက်ပိုပြီး ရာသီမလာဖို့လိုပါတယ်။ ဒါ့ပြင် အမျိုးသမီးတွေ ၃လဆက်တိုက် ရာသီမလာရင်ပဲဖြစ်ဖြစ် မိန်းကလေးတွေ အသက်၁၅နှစ်ထိ သွေးမပေါ်သေးရင်ပဲဖြစ်ဖြစ် ရာသီထိမ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ လက္ခဏာများ ရာသီထိမ်တာအပြင် ဖြစ်ရတဲ့ အကြောင်းအရင်းပေါ်မူတည်ပြီး တခြားလက္ခဏာတွေလည်း တွဲလာနိုင်ပါသေးတယ်။ ဥပမာ နို့သီးခေါင်းက အရည်ထွက်တာ ဆံပင်ကျွတ်တာ ခေါင်းကိုက်တာ အမြင်အာရုံပြောင်းလဲတာ မျက်နှာမှာ အမွေးအမျှင်တွေ အထွက်များလာတာ ဆီးစပ်ကိုက်တာ ဝက်ခြံထွက်တာ စတာတွေနဲ့ တွဲပြီးဖြစ်တတ်ပါတယ်။ ရာသီထိမ် ရတဲ့အကြောင်းရင်းများ သဘာဝအတိုင်းထိမ်ခြင်း ဒီအကြောင်းတွေကြောင့် ရာသီထိမ် တာက အဖြစ်များပါတယ်။ -ကိုယ်ဝန်ရှိခြင်း -နို့တိုက်နေခြင်း -သွေးဆုံးခြင်း သန္ဓေတားဆေးများ တချို့သော သန္ဓေတားဆေးတွေက ရာသီထိမ် တတ်ပါတယ်။ သောက်ဆေးတွေတောင်မှ ရပ်လိုက်ပြီးရင် သားဥကြွေဖို့နဲ့ ရာသီပြန်လာဖို့အတွက် အချိန်တစ်ခုစောင့်ရပါတယ်။ ထိုးဆေးတွေ၊ လက်မောင်းအောက်ထည့်တဲ့ တားဆေးတွေ၊ သားအိမ်ထဲထည့်တဲ့ ပစ္စည်းတချို့ကလည်း ရာသီထိမ်စေပါတယ်။ ဆေးဝါးများ ရာသီထိမ်စေတဲ့ ဆေးတွေကတော့ -စိတ်ရောဂါကုဆေးတွေ -ကင်ဆာဆေးတွေ -စိတ်ကျရောဂါကုဆေးတွေ -သွေးကျဆေးတွေ -အလာဂျီဆေးတွေပဲ ဖြစ်ပါတယ်။ ​lifestyleပြဿနာတွေ -ကိုယ်အလေးချိန်နည်းခြင်း ပုံမှန်ရှိသင့်တဲ့ […]


ရာသီလာခြင်း

ရာသီခွက် (Menstrual cups) လေးတွေအကြောင်း ပြောကြမယ်။

မိန်းကလေးတွေရဲ့ လစဉ် ကြုံတွေ့ရတဲ့ ရာသီလာခြင်းကို သက်တောင့်သက်သာအဖြစ်ဆုံးနဲ့ လွတ်လပ်စွာ ဖြတ်သန်းနိုင်ဖို့အတွက် ရာသီလာစဉ် သုံးရတဲ့ အသုံးအဆောင်အမျိုးမျိုးကို ထုတ်လုပ်လာကြပါတယ်။ ရာသီလာနေတဲ့ချိန်ဆိုရင် အနည်းနဲ့ အများတော့ စိတ်ကသိကအောက်ဖြစ်ရတာပါပဲနော်။ အထူးသဖြင့် ရာသီသွေးအများကြီးဆင်းတတ်တဲ့ သူတွေအတွက်ဆိုရင် လှုပ်လှုပ်ရှားရှားလုပ်လိုက်ရင် စွန်းထင်းသွားလေမလား။ ခရီးသွားတဲ့ချိန်နဲ့ ရာသီလာတဲ့ချိန်နဲ့ တိုက်ဆိုင်ရင်လည်း စိတ်တွေရှုပ်ရတယ်။ ဒီလိုပြဿနာတွေကို တတ်နိုင်သလောက် လျော့ချပေးဖို့ အတွက် လစဉ်သုံးပစ္စည်း အတောင်ပံပါ pad လေးတွေ၊ မိန်းမကိုယ်ထဲ ထိုးသွင်းတဲ့ tampon လေးတွေ၊ ခုနောက်ပိုင်း ခေတ်စားလာတဲ့ ရာသီခွက် (menstrual cups) လေးတွေ ဈေးကွက်ထဲမှာ အမျိုးမျိုးရှိနေပါတယ်။ ဒီထဲကမှ ပျိုမေတို့နဲ့ သိပ်မရင်းနှီးသေးတဲ့ Menstrual cups လေးတွေအကြောင်း ပြောပြချင်ပါတယ်။ ရာသီခွက်လေးတွေက ဘာလဲ။ ဘယ်လိုအလုပ်လုပ်တာလဲ။ ရာသီခွက်ဆိုတာက ရာဘာသို့မဟုတ် စီလီကွန်နဲ့ လုပ်ထားတဲ့ […]


ရာသီလာခြင်း

ရာသီသွေးနောက်ကျတာ ဒီအချက်တွေကြောင့်ပါ

လာတော့လည်း ကိုက်ခဲရတယ်၊ နေရထိုင်ရ မသက်မသာဖြစ်တယ်။ မလာတော့လည်း တွေးပူရတယ်။ နောက်ကျတော့လည်း စိုးရိမ်ရတဲ့ကိစ္စက လေဒီတိုင်းလိုလိုတွေ့ကြုံဖူးမယ်ထင်ပါတယ်။ ဒီတစ်ခေါက်တော့ လာတာနောက်ကျလို့ စိတ်ပူနေတဲ့ လေဒီလေးတွေကို ဘာကြောင့် ရာသီသွေးဆင်းနောက်ကျတာလဲဆိုတာလေး ပြောပြပေးပါရစေလား။ ရာသီသွေးနောက်ကျတာ ဒီအချက်တွေကြောင့်ပါ ဘာတွေလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ရာသီသွေး နောက်ကျနေပြီလား..... အရင် ဒီရက်ဆိုသွေးဆင်းနေကျပါ။ ခုတော့ ရာသီသွေးခုထိမပေါ်သေးဘူးဆိုပြီး စိတ်ညစ်နေပြီလား။ တစ်ခုခုမှားယွင်းနေတယ်လို့များယူဆတွေးပူနေမိပြီလား။ လေဒီလေးတို့ကို ရာသီသွေးဆင်းနောက်ကျစေတဲ့အချက်ကတော်တော်လေးတော့များပါတယ်။ ဒီထဲမှာမှ ကိုယ်က ဘယ်အချက်နဲ့ကိုက်ညီနေလဲဆိုတာ ဆန်းစစ်ကြည့်လိုက်နော်။ ပုံမှန်ကတော့ ရာသီသွေးက ၂ ရက် ၃ ရက်လောက်အထိနောက်ကျတာမျိုးရှိတတ်ပါတယ်။ ဒါပေမယ့် တစ်ပတ်ထက်ကျော်ပြီး နောက်ကျနေတယ်ဆိုရင်တော့ ဒီအချက်တွေထဲက တစ်ချက်ချက်ကြောင့်ဖြစ်နေနိုင်ပါတယ်နော်။ ရာသီသွေး နောက်ကျနေတာ ဒီအချက်တွေကြောင့်ပါ ရာသီသွေးနောက်ကျတာ ဒီအချက်တွေကြောင့်ပါ သင့်ကို ရာသီသွေးနောက်ကျနေစေတဲ့ တစ်ခုမကသော အကြောင်းအရင်းတွေက စိတ်ဖိစီးနေတာ အလုပ်ဖိအားကြောင့်ဖြစ်ဖြစ်၊ မိသားစုကိစ္စ၊လူမှုရေးကိစ္စတစ်ခုခုကြောင့် ကာလရှည်ကြာခံစားနေရဲ့ စိတ်ဖိစီးမှုက လေဒီလေးတွေရဲ့ […]


ရာသီလာခြင်း

ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေမယ့် ယောဂပို့စ်

တစ်လတစ်ကြိမ်ရာသီလာတဲ့အခါတိုင်း နာကျင်ပင်ပန်းနေရတဲ့ လေဒီလေးတွေရှိလား။ ဒါဆိုရင်တော့ ရာသီလာစဉ် နာကျင်ကိုက်ခဲတာတွေ ပင်ပန်းတာတွေ သက်သာစေဖို့ လုပ်ပေးသင့်တဲ့ ယောဂပို့စ်လေးတွေအကြောင်း ပြောပြပေးပါရစေ။ ယောဂလုပ်တာက စိတ်ကျန်းမာစေသလို ခန္ဓာကိုယ်ကိုလည်း နာကျင်မှုကင်းဝေးပြီး ကျန်းမာစေနိုင်ပါတယ်။ ရာသီလာစဉ်မှာ ကိုက်ခဲမှုကင်းစေဖို့ လေဒီလေးတွေ လုပ်ပေးသင့်တဲ့ ယောဂပို့စ်တွေက ဘာတွေဖြစ်မလဲ....... ရာသီလာချိန်မှာ ပုံမှန်အတိုင်းကိုက လေဒီလေးတွေအတွက် တော်တော်ပင်ပန်းတတ်ကြပါတယ်။ ဒီပင်ပန်းမှုမှာ နာကျင်ကိုက်ခဲမှုပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် တော်တော်လေး ဆိုးရွားတဲ့ အခြေအနေလို့ဆိုရပါမယ်။ ဒီတော့ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကင်းစေဖို့ဆိုရင် ဒီယောဂပို့စလေးတွေက အကောင်းဆုံး​ဖြေရှင်းနိုင်မှာပါ။ Child’s pose ဒီယောဂပို့စ်က သက်တောင့်သက်သာရှိစေပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ခါးနဲ့နောက်ကျောကြွက်သားတွေကို ဖြည်းဖြည်းချင်းဆွဲဆန့်ပေးပြီး ကြွက်သားတွေကို ပြေလျော့စေမှာပါ။ ခါးနာတာကို သိသိသာသာသက်သာစေနိုင်မှာ အသေအချာပါ။ ပုဆစ်တုပ်ထိုင်ပြီး ခြေထောက်ကို ပခုံးနဲ့အညီထားပါ။ ပြီးရင်တော့ လက်နှစ်ဖက်ကို ရှေ့ကိုဆန့်တန်းလို့ ခါးကို ကိုင်းချပါ။ ခဏလေး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သား အလှပျက်စေနိုင်တဲ့ သင့်ရဲ့အမူအကျင့်မှား (၅) မျိုး

အသက်အရွယ် ကြီးလာတာနဲ့အမျှ အရေပြားတွေ လျော့တွဲလာတတ်တာ သဘာဝတရားပါ။ ဒါပေမယ့် ရင်သား တစ်ရှူးတွေကတော့ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေထက် ရင့်ရော်မှု ၂ နှစ်၊ ၃ နှစ် ပိုစောတယ်လို့ သုတေသနက ဆိုပါတယ်။ ဒါမှမဟုတ်ရင်တော့ ရင်သား လျော့တွဲမှု ဖြစ်လာတာဟာ အရွယ်မတိုင်ခင် အလှပျက်ယွင်းစေနိုင်တဲ့ အမူအကျင့်တွေ လုပ်မိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရင်သား အလှပျက်စေနိုင်တဲ့ သင့်ရဲ့ အမူအကျင့်မှား တွေ ရှိပါတယ်။ ဘာတွေ ဖြစ်မလဲ အတူတူ လေ့လာ ကြည့်ရအောင်နော်။ ရင်သား အလှပျက်စေနိုင်တဲ့ သင့်ရဲ့အမူအကျင့်မှား (၅) မျိုး မိန်းကလေးတွေမှာ ရင်သား တင်းရင်းမှုမရှိဘဲ လျော့တွဲလာတာက အလှပျက်စေပါတယ်။ ဒါကလည်း သဘာဝဆိုတာထက် ကိုယ့်ရဲ့နေထိုင်မှုပုံစံ၊ အမှုမဲ့အမှတ်မဲ့အမူအကျင့်တွေကြောင့်လည်း ဖြစ်နိုင်တာပေါ့။ ဥပမာ- အားကစားဝတ်စုံမဝတ်ဘဲ လေ့ကျင့်လှုပ်ရှားတာမျိုးက အရွယ်မတိုင်ခင် ရင်သားလျော့တွဲစေတဲ့အမူအကျင့်တွေထဲမှာ […]


မီးယပ်သွေးဆုံးခြင်း

မီးယပ်သွေးဆုံးမှာ ဘာရောဂါတွေ ယှဉ်လာနိုင်လဲ

ရှေ့က ရေးခဲ့တဲ့ estrogen မ ဟော်မုန်းအကြောင်း ကို ဖတ်ထားခဲ့ရင်တော့ သည်ဆောင်းပါးကို ပိုပြီး ထဲထဲဝင်ဝင် နားလည်နိုင်ပါလိမ့်မယ်။ သွေးဆုံးတယ်ဆိုတာ တကယ်တော့ သားဥအိမ်က သားဥမကြွေတော့တာကိုပြောတာပါပဲ။ သွေးဆုံးတာက ရာသီမလာရုံသက်သက်ပဲ မဟုတ်ပါဘူး။ ပျိုဖော်ဝင်စတုန်းကလို ဟော်မုန်းအပြောင်းအလဲတွေ ထပ်ဖြစ်လာနိုင်ပါသေးတယ်။ ဒီတစ်ခေါက်တော့ မီးယပ်သွေးဆုံးမှာ ဘာရောဂါတွေ ယှဉ်လာနိုင်လဲ ဆိုတာကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဘယ်အရွယ်မှာ သွေးဆုံးမှာလဲ။ တချို့က ရာသီသွေးမဆင်းတော့ရင် သွေးဆုံးပြီဆိုပြီးလည်းပြောကြတယ်။ တစ်နည်းအားဖြင့် မှန်ပါတယ်။ ပေါ်ပေါ်ထင်ထင်ကြည့်ပြီး သိလို့ရတာက သည်အချက်ပဲ ရှိတာကိုး။ ဘယ်အသက်အရွယ်မှာ သွေးဆုံးတယ်ဆိုတာကတော့ မျိုးရိုးနဲ့လည်းဆိုင်ပါတယ်။ အများစုကတော့ ၄၅-၅၀ ပတ်ချာလည်တွေမှာ သွေးဆုံးလေ့ရှိကြပါတယ်။  အချိန်ကိုတော့ အကြမ်းဖျင်းအနေနဲ့ တစ်နှစ်စောင့်ကြည့်ရပါတယ်။ တစ်နှစ်တိတိ ဘာပြင်ပ ပယောဂမှ မပါဘဲကို သားဥ မကြွေတော့လို့ ဓမ္မတာသွေးမဆင်းတော့တဲ့ အချိန်ဆိုရင်တော့ သွေးဆုံးပြီလို့ ပြောလို့ […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးချိန်၌ ဖြစ်တတ်သော စိတ် အပြောင်းအလဲများ

စိတ်ရဲ့ အလုပ်လုပ်ပုံဟာ ရှုပ်ထွေးတယ်ဆိုတာ  သွေးဆုံးခါနီး အမျိုးသမီးတစ်ယောက်ကို ကြည့်ရင် သိသာနိုင်ပါတယ်။ သွေးဆုံးတဲ့အချိန်မှာ အဲဒီအမျိုးသမီးကိုယ်တိုင်တောင် သူ့စိတ်အတွေး ဘယ်လိုဖြစ်နေလဲ ဆိုတာ သိဖို့ ခက်ပါတယ်။ ဒီတစ်ခေါက်တော့ သွေးဆုံးချိန်၌ ဖြစ်တတ်သော စိတ် အပြောင်းအလဲများ အကြောင်း ပြောပြပေးချင်ပါတယ်။ သွေးဆုံးချိန်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ လူတိုင်းက သူ့ကို ရူးနေပြီလို့ စွပ်စွဲလို့ရလောက်အောင် ခြောက်ခြားစရာ ကာလပေါ့။ အမျိုးသမီးတွေအတွက် သွေးဆုံးချိန်ဟာ ဘဝရဲ့ သိသာထင်ရှားတဲ့ အချိုးအကွေ့တစ်ခု ဖြစ်ပါတယ်။ မ ဟော်မုန်းဓာတ် ကျဆင်းခြင်းကြောင့် ဇီဝဖြစ်စဥ်တွေ  ကမောက်ကမဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်မှုတွေ ဖြစ်လာတာပါပဲ။ သည်လိုအချိန်မှာ စိတ်တွေလည်း ဖရိုဖရဲဖြစ်မယ်ဆိုတာ ပြောစရာတောင်မလိုပါဘူးနော်။ ဒါ့ကြောင့် သည်ဆောင်းပါးမှာ ကနဦးအနေနဲ့  အမျိုးသမီးတစ်ယောက် သွေးဆုံးချိန်မှာ တွေ့ကြုံရမယ့် စိတ်ပိုင်းဆိုင်ရာ […]


အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

မ သဘာဝ ရဲ့ အဓိက ဇာတ်ဆောင် Estrogen

အရွယ်စုံ အမျိုးသမီးတွေရဲ့ နေ့စဉ် ဘဝမှာရော မသဘာဝ ကိုဖော်ဆောင်ရာမှာပါ အတော်လေးအရေးပါတဲ့ မ ဟော်မုန်းဓာတ် ( estrogen ) အကြောင်းကို လက်လှမ်းမီသလောက် ပြောပြပေးချင်စိတ်ဖြစ်လာတာမို့ သည်ဆောင်းပါးလေးကို ရေးပါတယ်။ ဆေးပညာရှုထောင့်ချည်း သတ်သတ်မဟုတ်ဘဲ မိမိကိုယ်ထဲမှာရှိနေတဲ့ ဓာတ်တစ်ခုရဲ့ အလုပ်လုပ်ပုံနဲ့ ကောင်းကျိုးလေးတွေကို သိထားစေချင်တာပါ။ ရာသီမမှန်ဘူး၊ နေမထိထိုင်မသာဖြစ်တယ်၊ အသားအရေ မွဲပြီး ခြောက်တယ်၊ အိမ်ထောင်ရေးသုခ မပြည့်ဝဘူး၊ သွေးဆုံးကိုင်ချင်တယ် စတဲ့ အမျိုးသမီး အများစုအတွက် မရိုးနိုင်တဲ့ ပြဿနာတွေရဲ့ အစက သည်ဟော်မုန်းဖြစ်နေတာကြောင့်ပါ။ သူ့အကြောင်းကို သေချာသိပြီးသွားပြီဆိုရင်တော့ သူမရှိတော့တဲ့ သွေးဆုံးချိန်မှာ ကြုံရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲ လေးတွေ အကြောင်းကို လည်း သီးသန့်ဆောင်းပါး လေးတွေနဲ့ ပြောပြပေးသွားပါမယ်။ မ ဟော်မုန်းဓာတ် လို့သာပြောပေမယ့် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီတို့ ပုရိသတွေနဲ့ ပြိုင်မသောက်သင့်တဲ့ အကြောင်းရင်း

သောက်ရတာကြိုက်တဲ့ လေဒီတို့ ဒီ ဆောင်းပါး ခေါင်းစဉ်ကို မြင်မိပါစေနော်။ ဒီနေ့ခေတ်မှာ အရာရာ ရင်ဘောင်တန်းနိုင်ပြီ ဆိုပေမယ့် ပုရိသတွေနဲ့ ယှဉ်မသောက်ကြဖို့ သတိလေး ပေးလိုက်ချင်လို့ပါ။ လေဒီတို့ ပုရိသတွေနဲ့ ပြိုင်မသောက်သင့်တဲ့ အကြောင်းရင်း ကိုတော့ ကိုယ်တိုင် ဖတ်ကြည့်လိုက်တော့နော်။ လေဒီတို့ ပုရိသတွေနဲ့ ပြိုင်မသောက်သင့်တဲ့ အကြောင်းရင်း လေဒီတို့ ပုရိသတွေနဲ့ ပြိုင်မသောက်သင့်တဲ့ အကြောင်းရင်း ကတော့ သောက်တာချင်း တူတူကို မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အရက်နာကျတဲ့ ဝေဒနာ ပိုခံစားရလို့ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို လေ့လာတွေ့ရှိခဲ့တဲ့ သုတေသန တစ်ခု အကြောင်း ဆက်ပြီး ကြည့်ရအောင်။ အမေရိကန် သုတေသန ပညာရှင်တွေက အရက်နာကျခြင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကို တိုင်းတာဖို့ အရက်နာကျ လက္ခဏာ တိုင်းတာမှု စနစ်သစ် တစ်ခုကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း