backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

3

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ရာသီထိမ် ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ရာသီထိမ် ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းများ

ရာသီထိမ် တယ်လို့ပြောဖို့အတွက် အနည်းဆုံး တစ်လထက်ပိုပြီး ရာသီမလာဖို့လိုပါတယ်။ ဒါ့ပြင် အမျိုးသမီးတွေ ၃လဆက်တိုက် ရာသီမလာရင်ပဲဖြစ်ဖြစ် မိန်းကလေးတွေ အသက်၁၅နှစ်ထိ သွေးမပေါ်သေးရင်ပဲဖြစ်ဖြစ် ရာသီထိမ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။

လက္ခဏာများ

ရာသီထိမ်တာအပြင် ဖြစ်ရတဲ့ အကြောင်းအရင်းပေါ်မူတည်ပြီး တခြားလက္ခဏာတွေလည်း တွဲလာနိုင်ပါသေးတယ်။ ဥပမာ

  • နို့သီးခေါင်းက အရည်ထွက်တာ
  • ဆံပင်ကျွတ်တာ
  • ခေါင်းကိုက်တာ
  • အမြင်အာရုံပြောင်းလဲတာ
  • မျက်နှာမှာ အမွေးအမျှင်တွေ အထွက်များလာတာ
  • ဆီးစပ်ကိုက်တာ
  • ဝက်ခြံထွက်တာ စတာတွေနဲ့ တွဲပြီးဖြစ်တတ်ပါတယ်။

ရာသီထိမ် ရတဲ့အကြောင်းရင်းများ

  • သဘာဝအတိုင်းထိမ်ခြင်း

ဒီအကြောင်းတွေကြောင့် ရာသီထိမ် တာက အဖြစ်များပါတယ်။

ကိုယ်ဝန်ရှိခြင်း

-နို့တိုက်နေခြင်း

သွေးဆုံးခြင်း

  • သန္ဓေတားဆေးများ

တချို့သော သန္ဓေတားဆေးတွေက ရာသီထိမ် တတ်ပါတယ်။ သောက်ဆေးတွေတောင်မှ ရပ်လိုက်ပြီးရင် သားဥကြွေဖို့နဲ့ ရာသီပြန်လာဖို့အတွက် အချိန်တစ်ခုစောင့်ရပါတယ်။ ထိုးဆေးတွေ၊ လက်မောင်းအောက်ထည့်တဲ့ တားဆေးတွေ၊ သားအိမ်ထဲထည့်တဲ့ ပစ္စည်းတချို့ကလည်း ရာသီထိမ်စေပါတယ်။

  • ဆေးဝါးများ

ရာသီထိမ်စေတဲ့ ဆေးတွေကတော့

-စိတ်ရောဂါကုဆေးတွေ

-ကင်ဆာဆေးတွေ

-စိတ်ကျရောဂါကုဆေးတွေ

-သွေးကျဆေးတွေ

-အလာဂျီဆေးတွေပဲ ဖြစ်ပါတယ်။

  • ​lifestyleပြဿနာတွေ

-ကိုယ်အလေးချိန်နည်းခြင်း

ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ၁၀ရာခိုင်နှုန်းလောက် နည်းနေပြီဆိုရင် ဟော်မုန်းတွေ ကမောက်ကမဖြစ်ပြီး ရာသီထိမ်တတ်ပါတယ်။ အစားအသောက် လုံးဝမစားတာ ဒါမှမဟုတ် အလွန်အမင်းစားတဲ့သူတွေမှာလည်း ဒီပြဿနာဖြစ်တတ်ပါတယ်။

-လေ့ကျင့်ခန်း အလွန်အမင်းလုပ်ခြင်း

လေ့ကျင့်ခန်းအလွန်အမင်းလုပ်ရတဲ့သူတွေ၊ အားကစားသမားတွေမှာ ခန္ဓာကိုယ် အဆီနည်းသွားတာ၊ စိတ်ဖိစီးမှုများတာ၊ ခွန်အားတွေ သုံးရတာကြောင့် ရာသီထိမ်သွားတတ်ပါတယ်။

စိတ်ဖိစီးမှု

စိတ်ဖိစီးမှုကြောင့် ဦးနှောက်မှာရှိတဲ့ ရာသီလာတာကို ထိန်းချုပ်တဲ့ Hypothalamusရဲ့ အလုပ်ကို ထိခိုက်ပြီး မျိုးဥကြွေတာ၊ ရာသီထိမ်တာတွေဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှု သက်သာသွားရင်တော့ ရာသီပုံမှန်ပြန်လာပါတယ်။

  • ဟော်မုန်းမညီမျှမှု

-PCOS (သားဥအိမ် အရည်အိတ်တည်ခြင်းရောဂါစု)

ပုံမှန်ရာသီစက်ဝန်းဖြစ်ဖို့အတွက် ဟော်မုန်းတွေက အတက်အကျရှိရပါတယ်။ PCOSမှာတော့ ဟော်မုန်းတွေက တသတ်မတ်တည်း တက်နေတဲ့အတွက် ရာသီထိမ်ရတာပါ။

-သိုင်းရွိုက်ပြဿနာ

သိုင်းရွိုက်ဟော်မုန်းများလွန်း နည်းလွန်းခြင်းကလည်း ရာသီမမှန်တာ၊ ထိမ်တာကို ဖြစ်စေပါတယ်။

-Pituitary အကျိတ်

ကင်ဆာမဟုတ်တဲ့ Pituitary အကျိတ်က ဟော်မုန်းမညီမျှမှုကို ဖြစ်စေပြီး ရာသီထိမ် စေပါတယ်။

-အရွယ်မတိုင်ခင် သွေးဆုံးခြင်း

ပုံမှန်ဆိုရင်၅၀ ဝန်းကျင်မှ သွေးဆုံးကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသက် ၄၀မတိုင်ခင် မျိုးဥမကြွေတော့ဘူးဆိုရင် ရာသီလည်း မလာတော့ပါဘူး။

  • မျိုးပွားအင်္ဂါပြဿနာများ

-သားအိမ်နံရံ အမာရွတ်ဖြစ်ခြင်း : အကြောင်းအမျိုးမျိုးကြောင့် သားအိမ်ခြစ်တယ်၊ ဗိုက်ခွဲမွေးတယ်၊ သားအိမ်အလုံးဖယ်တယ်စတာတွေလုပ်ပြီးတဲ့အခါ သားအိမ်နံရံမှာ အမာရွတ်ကျန်တတ်ပါတယ်။ ဒီအမာရွတ်တွေက ရာသီလာဖို့အတွက် သားအိမ်နံရံထူတာ၊ ကွာကျတာတွေကို မဖြစ်စေတော့ပါဘူး။

-မွေးရာပါ မျိူးပွားအင်္ဂါမပါခြင်း : မွေးရာပါ သားအိမ်၊ သားအိမ်ခေါင်း၊ မိန်းမကိုယ်မပါလာရင်တော့ ရာသီလာမှာလည်း မဟုတ်တော့ပါဘူး။

-မိန်းမကိုယ် ပုံမှန်မဟုတ်ခြင်း : မိန်းမကိုယ်အဝမှာ အမြှေးပါး၊ နံရံထူနဲ့ ပိတ်နေမယ်ဆိုရင် ရာသီလာတာတောင် သွေးဆင်းတာ မြင်ရမှာ မဟုတ်ပါဘူး။

ကုသနည်းများ

ဖြစ်တဲ့အကြောင်းရင်းကိုမူတည်ပြီး ကုသနည်းတွေ မတူကြပါဘူး။  ကိုယ်ကိုယ်တိုင်လုပ်နိုင်တာတွေကတော့ စိတ်ဖိစီးမှုလျှော့ချတာ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ရှောင်တာ၊  အစားအသောက်ကို အလွန်အကျွံစားတာ၊ မစားဘဲ နေတာမျိုးကို ရှောင်တာ စတာတွေလုပ်သင့်ပါတယ်။ ဆရာဝန်နဲ့လည်း ပြသရပါမယ်။ မိမိရဲ့ ရာသီရက်တွေ၊ ကြာချိန်၊ ရာသီချိန်အတွင်းမှာ ခံစားရတဲ့ ဝေဒနာတွေကိုလည်း မှတ်သားထားပြီး ဆရာဝန်နဲ့ ဆွေးနွေးပြသသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement