backup og meta

ရင်သား အလှပျက်စေနိုင်တဲ့ သင့်ရဲ့အမူအကျင့်မှား (၅) မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 27/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သား အလှပျက်စေနိုင်တဲ့ သင့်ရဲ့အမူအကျင့်မှား (၅) မျိုး

    အသက်အရွယ် ကြီးလာတာနဲ့အမျှ အရေပြားတွေ လျော့တွဲလာတတ်တာ သဘာဝတရားပါ။ ဒါပေမယ့် ရင်သား တစ်ရှူးတွေကတော့ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေထက် ရင့်ရော်မှု ၂ နှစ်၊ ၃ နှစ် ပိုစောတယ်လို့ သုတေသနက ဆိုပါတယ်။

    ဒါမှမဟုတ်ရင်တော့ ရင်သား လျော့တွဲမှု ဖြစ်လာတာဟာ အရွယ်မတိုင်ခင် အလှပျက်ယွင်းစေနိုင်တဲ့ အမူအကျင့်တွေ လုပ်မိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရင်သား အလှပျက်စေနိုင်တဲ့ သင့်ရဲ့ အမူအကျင့်မှား တွေ ရှိပါတယ်။ ဘာတွေ ဖြစ်မလဲ အတူတူ လေ့လာ ကြည့်ရအောင်နော်။

    ရင်သား အလှပျက်စေနိုင်တဲ့ သင့်ရဲ့အမူအကျင့်မှား (၅) မျိုး

    မိန်းကလေးတွေမှာ ရင်သား တင်းရင်းမှုမရှိဘဲ လျော့တွဲလာတာက အလှပျက်စေပါတယ်။ ဒါကလည်း သဘာဝဆိုတာထက် ကိုယ့်ရဲ့နေထိုင်မှုပုံစံ၊ အမှုမဲ့အမှတ်မဲ့အမူအကျင့်တွေကြောင့်လည်း ဖြစ်နိုင်တာပေါ့။ ဥပမာ- အားကစားဝတ်စုံမဝတ်ဘဲ လေ့ကျင့်လှုပ်ရှားတာမျိုးက အရွယ်မတိုင်ခင် ရင်သားလျော့တွဲစေတဲ့အမူအကျင့်တွေထဲမှာ ပါဝင်ပါတယ်။

    နောက်ထပ်ရော ဘာအကြောင်းရင်းတွေရှိနိုင်သေးလဲ – ရင်သား အလှပျက်စေနိုင်တဲ့ သင့်ရဲ့အမူအကျင့်မှား တွေကတော့ 

    (၁) ဆိုဒ်မတော်တဲ့ ဘရာစီယာကို ဝတ်တာ

    ဒီအချက်ကို မိန်းကလေး အတော်များများ လုပ်မိတတ်ပါတယ်။ ကိုယ့်ရဲ့ အတွင်းခံဆိုဒ်က ကိုယ့်ရင်သားကို လုံလုံလောက်လောက် ပုံစံတကျ ထိန်းပေးထားနိုင်ဖို့ အဓိကပါပဲ။ သိပ်ကျပ်နေတာ၊ သိပ်ချောင်နေတာ၊ အတွင်းခံဆိုဒ် ကြီးနေတာ၊ သေးနေတာတွေက ပြဿနာရှိနိုင်ပါတယ်။ ကိုယ်က ပိန်သွားတဲ့အခါ မတော်တော့တဲ့ဆိုဒ်ကို ဆက်မဝတ်ပါနဲ့။ တော်မယ့်ဆိုဒ်ကို ထပ်ဝယ်ပါ။ ချောင်နေတဲ့ ဘရာကို ဝတ်မယ်ဆိုရင် လူက လှုပ်ရှားလိုက်တိုင်း ရင်သားက လှုပ်ခါတာကြောင့် ရင်သား အရေပြားနဲ့ တစ်ရှူးတွေကို ထိခိုက်လေ ဖြစ်ပါလိမ့်မယ်။

    (၂) ဝလာတာ

    ကိုယ်အလေးချိန်တွေ တိုးလာတာကြောင့်လည်း ရင်သား တွဲကျလာစေပါတယ်။ ဝပြီး ပြန်ပိန်သွားရင်လည်း လျော့တွဲဦးမှာမို့ ပြန်တင်းရင်းစေဖို့ လေ့ကျင့်ခန်းတွေ လုပ်ရပါလိမ့်မယ်။

    (၃) စားသောက်ပုံ မမှန်တာ

    အပေါ်မှာ ပြောခဲ့သလိုပဲ မကြာခဏ ပိန်လိုက်၊ ဝလိုက်ဖြစ်တာက ခန္ဓာကိုယ် တင်းရင်းကျစ်လျစ်မှုကို ကောင်းကျိုး မပေးနိုင်ပါဘူး။ အစားအသောက်ကို ပုံမှန်အတိုင်းအတာ တစ်ခု သတ်မှတ်ပြီး စနစ်တကျ စားသောက်ပါ။ အဆီချ diet လုပ်လိုက်၊ ပြန်စားလိုက်၊ ဝိတ်ပြန်တက်လာလိုက်၊ ပြန်ချလိုက် ဆိုရင် အရေပြားက တင်းရင်းမှာ မဟုတ်တော့ပါဘူး။ အချိန်တို အတွင်းမှာ မကြာခဏ ဝိတ်ကျလိုက်၊ တက်လိုက် ဖြစ်နေတာက ရင်သား လျော့တွဲစေတဲ့ အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။

    (၄) နေလောင်တာ

    နေလောင်ခြင်းရဲ့ ဆိုးကျိုးက အသားမည်းသွားရုံ တစ်ခုတည်း မကပါဘူးနော်။ ခရမ်းလွန် ရောင်ခြည်တွေကြောင့် အရေပြားကို ထိခိုက်စေတယ်၊ အရေးအကြောင်းတွေ ဖြစ်စေတယ်၊ အရွယ်မတိုင်ခင် ရင့်ရော်စေတယ်လေ။ အရေပြား တင်းရင်းမှုကို လျော့ရဲစေလို့ ရင်သား အလှကိုပါ ပျက်ယွင်းစေနိုင်ပါတယ်။

    (၅) ကိုယ်နေဟန်ထား မမှန်တာ

    ကိုယ့်ရဲ့ နေပုံထိုင်ပုံတွေက ပုံစံ မမှန်ခဲ့ရင် (ဥပမာ လက်ပြင်ကိုင်း ထားတာ၊ ခါးကို မတ်မတ် မထားတာ) ရင်သား တွဲတာတွေ ဖြစ်လာနိုင်ပါတယ်။ လမ်းလျှောက်တဲ့အခါမှာ ခန္ဓာကိုယ်ကို မတ်မတ်ထားဖို့ သတိထားပါ။ အားကစား လုပ်တဲ့အခါလည်း အနေအထား မှန်ဖို့ နည်းပြဆရာနဲ့ သေချာ ကစားပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 27/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement