ရာသီသွေး နောက်ကျနေပြီလား…..
အရင် ဒီရက်ဆိုသွေးဆင်းနေကျပါ။ ခုတော့ ရာသီသွေးခုထိမပေါ်သေးဘူးဆိုပြီး စိတ်ညစ်နေပြီလား။ တစ်ခုခုမှားယွင်းနေတယ်လို့များယူဆတွေးပူနေမိပြီလား။ လေဒီလေးတို့ကို ရာသီသွေးဆင်းနောက်ကျစေတဲ့အချက်ကတော်တော်လေးတော့များပါတယ်။ ဒီထဲမှာမှ ကိုယ်က ဘယ်အချက်နဲ့ကိုက်ညီနေလဲဆိုတာ ဆန်းစစ်ကြည့်လိုက်နော်။ ပုံမှန်ကတော့ ရာသီသွေးက ၂ ရက် ၃ ရက်လောက်အထိနောက်ကျတာမျိုးရှိတတ်ပါတယ်။ ဒါပေမယ့် တစ်ပတ်ထက်ကျော်ပြီး နောက်ကျနေတယ်ဆိုရင်တော့ ဒီအချက်တွေထဲက တစ်ချက်ချက်ကြောင့်ဖြစ်နေနိုင်ပါတယ်နော်။
ရာသီသွေး နောက်ကျနေတာ ဒီအချက်တွေကြောင့်ပါ
သင့်ကို ရာသီသွေးနောက်ကျနေစေတဲ့ တစ်ခုမကသော အကြောင်းအရင်းတွေက
စိတ်ဖိစီးနေတာ
အလုပ်ဖိအားကြောင့်ဖြစ်ဖြစ်၊ မိသားစုကိစ္စ၊လူမှုရေးကိစ္စတစ်ခုခုကြောင့် ကာလရှည်ကြာခံစားနေရဲ့ စိတ်ဖိစီးမှုက လေဒီလေးတွေရဲ့ ရာသီစက်ဝန်းအပေါ်မှာ သက်ရောက်မှုရှိနေနိုင်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ ရာသီသွေးတာ ပုံမှန်ထက်ပိုများတာ၊ နည်းတာ၊ လုံးဝမဆင်းတော့တာမျိုး နဲ့ ရာသီသွေးဆင်း နောက်ကျတာမျိုးရှိနိုင်ပါတယ်။ ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲတာကလည်း စိတ်ဖိစီးမှုများနေလို့ပါ။
ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ဆိုရင် လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ အိပ်ရေးဝဝအိပ်ပါ။ စိတ်ဖိစီးမှုပြေလျော့စေမယ့်သူတစ်ဦးဦးကို ရင်ဖွင့်ပါ။ အာဟာရပြည့်ဝအောင်စားပါ။
ကိုယ်အလေးချိန်နည်းလွန်းနေတာ
လေ့ကျင့်ခန်းတွေအပြင်းအထန်လုပ်နေမိတာမျိုး၊ အစားတွေအလွန်အကျွံလျှော့ပြီး ဝိတ်ချနေတာမျိုးတွေလုပ်မိနေလား။ ဒါဆိုရင်တော့ သင် ရာသီသွေးနောက်ကျနေတာ ဒီအချက်ကြောင့်ပါ။ ကိုယ်အလေးချိန်က ရှိသင့်တာထက်နည်းသွားတဲ့အခါမျိုး၊ အချိန်တိုအတွင်းမှာ ကိုယ်အလေးချိန် အရမ်းကျသွားတဲ့အခါမျိုးနဲ့ ကိုယ်တွင်းက အဆီပမာဏအပြောင်းအလဲဖြစ်သွားတဲ့အခါမျိုးမှာ မျိုးဥကြွေနိုင်စွမ်းကျသွားပြီး ရာသီသွေးဆင်းနောက်ကျတာ၊
ရာသီသွေးထိန်သွားတာမျိုးဖြစ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။