အစွဲအလမ်းကြီး ရောဂါဝေဒနာ (Obsessive compulsive disorder – OCD)
ရောဂါအသစ် စတာ ( ဒါမှမဟုတ် ) ရှိရင်းစွဲ ရောဂါ ပိုဆိုးလာတာ( ဒါမှမဟုတ် ) ရောဂါလက္ခဏာပုံစံမှာ အပြောင်းအလဲဖြစ်တာမျိုး ကြုံရနိုင်ပါတယ်။ သူကလည်း ဟော်မုန်းဓာတ်အတက်အကျနဲ့ ဆိုင်တတ်တာမို့ ဟော်မုန်းကုထုံးယူတာမျိုး လုပ်သင့်သလို စိတ်ကုထုံးယူတာမျိုးလည်း လုပ်သင့်ပါတယ်။ နှစ်ခု လုံးတွဲလုပ်ရင်တော့ တုံ့ပြန်မှု ပိုကောင်း ပိုသိသာပါတယ်။
စိတ်အတက်အကျ ရောဂါဝေဒနာ (Bipolar disorder)
ဒါကတော့ ရောဂါရှိရင်းစွဲ အမျိုးသမီးများတွေကို လေ့လာထားရာမှာ သွေးဆုံးခါနီးအချိန်ဆို ရောဂါလက္ခဏာ ပိုဆိုးလာတာကို ကြုံတွေ့ရပါတယ်။ ရာခိုင်နှုန်း တအားမများပေမဲ့ တွေ့ရတတ်တဲ့ အခြေအနေမို့ ဗဟုသုတ အနေနဲ့ ထည့်ပေးထားတာပါ။ သူလည်းပဲ စိတ်ကုထုံးယူသင့်တဲ့ အခြေအနေပါပဲ။ အခန့်မသင့်ရင် သောက်ဆေးနဲ့ပါ ထိန်းရတတ်ပါတယ်။
စိတ်ကစဉ့်ကလျား ရောဂါ (Schizophrenia)
သည်ရောဂါက များသောအားဖြင့် အပျိုပေါက်အရွယ်မှာ သူ့အလိုလို ဖြစ်ပေါ်လာပါတယ်။ တချို့ကတော့ မီးယပ်ကိုင်တယ် ဆိုပြီး အယူအဆလွဲတတ်ကြပါသေးတယ်။ အသက် ၄၅-၅၀ နှစ်အတွင်း အမျိုးသမီးတွေကတော့ ဖြစ်ပွားနှုန်း ဒုတိယအမြင့်ဆုံးပါပဲတဲ့။ အမျိုးသားတွေ သည်ရောဂါ မဖြစ်သလောက် ရှားပါတယ်။ ဒါကို ကြည့်ရင် စိတ်ကစဉ့်ကလျားရောဂါကို ဖြစ်စေဖို့ (သို့) ရှိပြီးသားရောဂါကို ပိုဆိုးစေဖို့ရာ မဟော်မုန်းဓာတ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ သူသည်လည်း စိတ်ရောဂါ အဆင့်မို့ စိတ်ရောဂါကုဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်ကုသရမှာပါပဲ။
အိပ်စက်ချိန် အပြောင်းအလဲများ
သွေးဆုံးတော့မယ့် အမျိုးသမီး တစ်ဝက်ကျော်လောက်ဟာ ညအိပ်မပျော်တာကို တွေ့ရပါတယ်။ အိပ်ရေးပျက်တာများလာတဲ့အခါ စိတ်အလိုမကျတာ၊ စိတ်တိုတာ၊ စိတ်ဖိစီးတာ နဲ့ စိတ်ဓာတ်ကျလက္ခဏာ ပြနိုင်ခြေပိုများတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာမှာပါ အကျဖက်ကို ဦးတည်လာပါလိမ့်မယ်။ သည်လို အိပ်မရဖြစ်ခြင်းက မဟော်မုန်းဓာတ်ပမာဏ ကျဆင်းခြင်းနဲ့လည်း ဆက်စပ်ပါတယ်။ အဓိက ကတော့ Luteinizing Hormone ပေါ့ ။ သည်အတွက်ကတော့ ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ tips တွေရေးပေးထားတဲ့ ဆောင်းပါးရှိတာမို့ ရှာပြီး ပြန်ဖတ်ကြည့်စေချင်ပါတယ်။ ကြိုးစားကြည့်တာကတော့မမှားပါဘူး။ ကိုယ်ခန္ဓာအပြင်ကနေ ဟော်မုန်းဓာတ်ဖြည့်ပေးတဲ့ ကုထုံးကတော့ ပိုထိရောက်ပြီး တုံ့ပြန်မှုကောင်းတွေရထားတယ်လို့ သိရပါတယ်။ သည်အကြောင်းကိုလည်း ဆောင်းပါး သီးသန့်ရေးပေးပါ့မယ်။ အိပ်ဆေးလိုမယ်ဆိုရင်တော့ melatonin သောက်ဆေးအနည်းငယ် ကူပေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။