၅။ နေရောင်ခြည်နဲ့ အရေပြားကို နေ့စဉ်ထိတွေ့မှုပေးပါ။
မဟော်မုန်း နည်းလွန်းတဲ့အခါ ခန္ဓာကိုယ်က ဘယ်လိုလက္ခဏာတွေပြနိုင်လဲ။
• မိန်းမကိုယ်ခြောက်သွေ့ခြင်း
• လိင်ဆက်ဆံတဲ့အခါ အလွန်အမင်းနာကျင်ခြင်း
• ဆီးလမ်းကြောင်း ပိုးဝင်ဖို့ လွယ်ကူခြင်း
• စိတ်ခံစားချက် အပြောင်းအလဲဖြစ်ခြင်း
• ရင်သားပျော့တွဲလာခြင်း
• ခေါင်းကိုက်ခြင်း
• ချမ်းတုန်နေခြင်း
• စိတ်ဓာတ်ကျခြင်း
• စိတ်အာရုံစုစည်းလို့ မရခြင်း
• မောပန်းလွယ်ခြင်း
• အရိုးများကျိုးအက်ရန် လွယ်ကူခြင်း စတဲ့ လက္ခဏာတွေ ပြလာနိုင်ပါတယ်။
များသောအားဖြင့် အမျိုးသမီးများတွင် မဟော်မုန်း ကျဆင်းလာခြင်းဟာ အသက်အရွယ်ကြီးရင့်လာခြင်းနဲ့ သွေးဆုံးပြီးနောက်ပိုင်းမှာသာ ဖြစ်တတ်ပြီး အသက်ငယ်ငယ်လေးနဲ့ မဟော်မုန်းကျဆင်းတဲ့သူတွေမှာတော့ နေထိုင်စားသောက်မှုပုံစံကြောင့် ပိုအဖြစ်များပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မဟော်မုန်း အရမ်းနည်းနေတယ်လို့ သံသယရှိတယ်ဆိုရင်တော့ အမျိုးသမီးရောဂါ အထူးကုဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။
ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ အသက်အရွယ်၊ တခြားသောကျန်းမာရေးပြဿနာရှိမရှိ ဆိုတာကို စစ်ဆေးပြီးသွားရင် ဘာတွေကို များများစားသောက်ပေးသင့်လဲ၊ ဘယ်အာဟာရဓာတ်က နည်းနေလဲဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။ မဟော်မုန်းအရမ်းနည်းလွန်းနေတဲ့ အခြေအနေမျိုးမှာဆိုရင် မဟော်မုန်း အစားထိုးကုထုံးတွေဖြစ်တဲ့ ဆေးထိုးခြင်း၊ သောက်ဆေး၊ လိမ်းဆေး၊ မိန်းမကိုယ်အတွင်းထည့်ဆေးများကို ညွှန်းပေးမှာဖြစ်ပါတယ်။
များသောအားဖြင့် မဟော်မုန်း နည်းခြင်းကြောင့် ကျန်းမာရေးပြဿနာ ကြီးကြီးမားမား ဖြစ်စေတာမျိုး မရှိပေမဲ့ ကိုယ့်ရဲ့ တစ်နေ့တာ စိတ်နဲ့ ခန္ဓာကို အနှောင့်အယှက်ပေးနိုင်လောက်တဲ့အထိတော့ ပြင်းထန်နိုင်ပါတယ်။ ဒါကြောင့် တစ်ခုခုဆိုရင် ဝေဒနာကို ကြိတ်မှိတ်သည်းခံတာမျိုး မလုပ်ဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့သာ အမြန်ဆုံးပြသဖို့ ထပ်ပြီးအကြံပေးလိုက်ချင်ပါတယ်နော်။
Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။