အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတလျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ အပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

သားဥအိမ်အရည်အိတ်တည်ခြင်း ရောဂါစု

သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု (PCOS)

သားဥအိမ် ရေအိတ်တည်တဲ့ ရောဂါစုကို ဆေးပညာလို Polycystic ovary syndrome (PCOS) လို့ ခေါ်ပါတယ်။ ဟော်မုန်းရောဂါတစ်မျိုးပါပဲ။ ရောဂါစုလို့ ပြောတဲ့အတွက် သားဥအိမ်မှာ ရေအိတ်တည်တာအပြင် တခြားရောဂါတွေနဲ့ပါ တွဲတတ်ပါသေးတယ်။ ရာသီမမှန်တာ၊ အမွေးအမျှင်တွေ များတာ၊ ကိုယ်ဝန်မရတာ၊ ဝက်ခြံတွေထွက်တာ စတဲ့ ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် တခြားသော နောက်ဆက်တွဲ ရောဂါတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ဘယ်အမျိုးသမီးမှာမဆို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါဟာ ဘယ်လိုရောဂါလဲ။ ကုသလို့ရလား။ အန္တရာယ်ရှိလားဆိုတာ ဆက်ကြည့်ရအောင်။ ဘာကြောင့် PCOS ဖြစ်ရတာလဲ။ ဖြစ်ရတဲ့ အကြောင်းရင်းကတော့ သေချာမသိရသေးနိုင်ဘူး။ ပြောကြတာတော့ အင်ဆူလင်များလို့ အင်ဆူလင်ဆိုတာ ပန်ကရိယက ထုတ်ပြီး ခန္ဓာကိုယ်က သကြားတွေကို ယူသုံးစေချင်တာကြောင့် စွမ်းအင်ရအောင် လုပ်ပေးတဲ့ ဟော်မုန်းပါ။ ဆဲလ်တွေက အင်ဆူလင်ကို ခံနိုင်ရည်ရှိလာတဲ့အခါ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်က မှိုမစွဲဘဲ ဘာလို့ ယားယံနေတာလဲ

မိန်းမကိုယ်က မှိုမစွဲဘဲ ဘာလို့ ယားယံနေတာလဲ။ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ဟာ အမြဲလိုလို စိုစွတ်နေတဲ့အတွက် မှိုစွဲခြင်း ဖြစ်လွယ်လို့ သေချာဂရုစိုက်ရပါတယ်။ ဒါဆိုရင် မှိုမစွဲဘဲ ယားယံတာမျိုးရော မဖြစ်နိုင်ဘူးလား… ဖြစ်နိုင်တာပေါ့။ တစ်ခါတလေ မှိုစွဲတာ တစ်မျိုးတည်းကြောင့် မဟုတ်ဘဲ တခြား အကြောင်းရင်းတွေကြောင့်လည်း မိန်းမကိုယ်က ယားယံတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်က မှိုမစွဲဘဲ ဘာလို့ ယားယံနေတာလဲ ၁။ အရေပြား ဓာတ်မတည့်မှု မိန်းမကိုယ် ဆိုတာ အရမ်း ထိခိုက်လွယ်၊ ဓာတ်မတည့်ဖြစ်လွယ်တဲ့ နူးညံ့တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အဲ့တော့ ကိုယ်သုံးနေကျ မဟုတ်တဲ့ ရေချိုးဆပ်ပြာတွေ၊ အိပ်ရာခင်းအသစ်တွေ၊ ချောဆီ၊ Latex ရာဘာသားနဲ့ လုပ်ထားတဲ့ ကွန်ဒုံးများ၊ အမျိုးသမီးသုံး ကွန်ဒုံးတွေ၊ အဝတ်လျှော်ဆပ်ပြာ၊ အတွင်းခံ ဘောင်းဘီ အကျပ်တွေ ဝတ်တာ၊ အမွှေးရနံ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

သားအိမ် တစ်ရှူးနေရာမှားခြင်း

ရာသီလာတိုင်း သူများနဲ့မတူအောင် နာကျင်နေပြီလား။ ဒါမှမဟုတ် ရာသီလာတိုင်းမှာ ချုပ်ရိုးကြောင်းကသွေးထွက်တာ၊ ဝမ်းထဲမှာသွေးပါတာ စတာတွေနဲ့ တွဲဖြစ်နေပြီလား။ ဒီလိုထူးထူးဆန်းဆန်း ဝေဒနာတွေခံစားနေရပြီဆိုရင် သားအိမ် တစ်ရှူးနေရာမှားနေတာလားဆိုတာကို စဥ်းစားရမှာပါ။ ဒါက ရှားပါးတဲ့ရောဂါဖြစ်ပေမယ့် နောက်ပိုင်းကျရင် မျိုးမအောင်တဲ့ ပြဿနာတွေပေါ်လာနိုင်တာမို့လို့ သတိထားတာမမှားပါဘူး။ ဒါကို မပြောခင် ရာသီလာတဲ့အကြောင်းကို အရင်ရှင်းပြပေးပါ့မယ်။ အမျိုးသမီးတွေရဲ့ သားအိမ်နံရံမှာရှိတဲ့ ဆဲလ်တွေက အီစထရိုဂျင်၊ ပရိုဂျက်စတုန်းဟော်မုန်းတွေကို တုံ့ပြန်ပါတယ်။ ဟော်မုန်းထွက်လာရင် သားအိမ်နံရံသားလေးထူလာမယ်။ ဟော်မုန်းမရှိတော့ရင် သားအိမ်နံရံလေးကွာကျမယ်။ ဒါကို ရာသီလာတယ်လို့ပြောတာပါ။ ဒီရောဂါမှာ သားအိမ်တစ်ရှူးက ဘယ်နေရာပဲရောက်နေနေ ဟော်မုန်းကို တုံ့ပြန်လို့ ဒီလိုဖြစ်လာရတာပါ။ သားအိမ် တစ်ရှူးဘာလို့နေရာလွဲတာလဲ။ အကြောင်းရင်းကို တိတိကျကျမပြောနိုင်ပေမယ့် ဒါနဲ့ပတ်သတ်ပြီး သီအိုရီတွေ အများကြီးရှိပါတယ်။ ရာသီသွေးက အပြင်ကိုမထွက်ဘဲ နောက်ပြန်ဝင်သွားတာကြောင့်ဖြစ်တာ၊ ဝမ်းဗိုက်အတွင်းသားမှာရှိတဲ့ ဆဲလ်တွေကို ဟော်မုန်းတွေကလှုံ့ဆော်တာ၊ သန္ဓေသားဘဝမှာ ဆဲလ်တွေကို […]


မီးယပ်သွေးဆုံးခြင်း

ရာသီသွေးဆုံးချိန် အကြောင်း သိမှတ်ဖွယ်ရာများ

အမျိုးသမီးတွေအားလုံး အပျိုဖော်ဝင်ချိန်ကစလို့ ရာသီသွေးဆုံးချိန် ဆိုတာ ကြုံတွေ့ကြရမှာပါ။ တစ်နှစ်တိတိ ရာသီသွေးလာခြင်းမရှိတော့ရင် ရာသီကုန်သွေးကုန်ဆုံးသွားပြီလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်မှာ ဖြစ်ပွားတဲ့အသက်အရွယ်က တူလေ့မရှိပေမယ့် ၄၀ ကျော်နဲ့ ၅၀ ကျော်အရွယ်တွေမှာတော့ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်တွင်း စိတ်ပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်းဆိုင်ရာတွေပါ ပြောင်းလဲမှုတွေဖြစ်ပေါ်လာတတ်တဲ့အတွက် အမျိုးသမီးတွေသာမက အမျိုးသားတွေကပါ သိထားသင့်ပါတယ်။ ရာသီဆုံးချိန်ဝင်လာပြီဆိုရင်တော့ oestrogen နဲ့ progesterone လို့ခေါ်တဲ့ မ ဟော်မုန်းတွေကို သားဥအိမ်က ထုတ်နိုင်စွမ်းကျဆင်းလာပါတယ်။ ဒီဟော်မုန်းတွေ နည်းပါးလာတဲ့အတွက် hot flash လို့ခေါ်တဲ့ ချွေးစေးပြန်ခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်းနဲ့ မိန်းမကိုယ်ခြောက်သွေ့ယားယံလာခြင်းတို့ ဖြစ်စေပါတယ်။ မအင်္ဂါကိုလည်း ကျုံ့လာစေတဲ့အတွက် ပိုပြီးခြောက်သွေ့စေတဲ့အပြင် မအင်္ဂါတစ်ဝိုက်တစ်ရှူးတွေလည်း ရောင်ရမ်းလာစေတာကြောင့် လိင်ဆက်ဆံတဲ့အခါ မသက်မသာ ဖြစ်စေနိုင်ပါသေးတယ်။ အရိုးပွရောဂါဖြစ်စေနိုင်တဲ့ ရာခိုင်နှုန်းကလည်း သွေးဆုံးချိန်မှာ မြင့်တက်လာပါတယ်၊ ဒီလိုအခက်အခဲတွေရှိတဲ့အတွက် သွေးဆုံးချိန်တွေကို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဖြစ်ချင်တာက ရိုမန်တစ်၊ ဖြစ်လာတာက ယားနာ၊ မဖြစ်စေဖို့

ချစ်သူများနေ့ရောက်ပြီဆိုရင် ချစ်သူစုံတွဲတွေအကြား ချောကလက်လေးတွေ အပြန်အလှန်လက်ဆောင်ပေးကြတာဟာ လူငယ်လူရွယ် စုံတွဲတွေအကြား ရေပန်းစားတဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။ ချောကလက်ခဲလေးရယ်၊ ဝိုင်လေးတစ်ပုလင်းရယ်ဆို ဘယ်လောက်တောင်များ ရိုမန်တစ်ဆန်လိုက်မလဲနော်။ ဟိုးထား ဆရာ။ ဒီလို ရိုမန်းတစ်ဆန်တာက ချစ်စရာကောင်းတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း ကျန်းမာရေး ဆိုးကျိုးတွေ ရှိနေပါတယ်နော်။ ဗြိတိန်ဆေးသိပ္ပံပညာရှင်တွေရဲ့ နောက်ဆုံး လေ့လာဆန်းစစ်ချက်တွေအရ ချောကလက်နဲ့ ဝိုင်အရက်ကို တွဲဖက်စားသောက်တာက Yeast Infection (မိန်းမကိုယ် ကူးစက်မှို ရောဂါ) ဖြစ်နိုင်ချေအရမ်းများပါတယ်တဲ့။ ဗယ်လင်တိုင်းဒေးကာလမှာ ချောကလက်နဲ့ ဝိုင်ကို လက်ဆောင်အဖြစ်ပေးပြီး သာယာငြိမ့်ညောင်းတဲ့ တေးသံစဉ်လေးတွေနဲ့ ဖြတ်သန်းကြတာမျိုးဟာ အနောက်တိုင်းနဲ့ အာရှအရှေ့ဖျားတိုင်းပြည်တွေမှာ ပိုမိုခေတ်စားပါတယ်။ ခုနောက်ပိုင်းမှာတော့ ပြည်တွင်းမှာလည်း ခုလို အလေ့အထလေးတွေ ရှိလာနေပါပြီ။ ဗြိတိန်က ဆရာဝန်တွေကတော့ ဒီလို တွဲဖက်စားသုံးမှုမျိုး မပြုလုပ်ဖို့ တားမြစ်ကြပါတယ်။ ခုလို ချောကလက်နဲ့ ဝိုင် ဒါမှမဟုတ် သကြားဓာတ်ပါဝင်မှုများတဲ့ […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးပြီး မှသွေးပြန်ဆင်းရင်

သွေးဆုံးပြီး တဲ့အမျိုးသမီးတစ်ဦးဟာ သွေးပြန်ဆင်းစရာအကြောင်းကို မရှိပါဘူး။ ဒီနေရာမှာ သွေးဆုံးတယ်ဆိုတာက တစ်နှစ်တိတိရာသီမလာတာကို ဆိုလိုတာပါ။ အသက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ အသက်၄၀နဲ့ ၅၀ကြားမှာ သွေးဆုံးတာ များပါတယ်။ သွေးဆုံးပြီးတဲ့နောက် သွေးပြန်ဆင်းတာက တစ်ခုခု ဖြစ်နေတယ်ဆိုတာကို ပြောချင်တာပါ။ ပေါ့လို့မရပါဘူး။ သွေးဆုံးပြီး သွေးပြန်ဆင်းတာ အရေးကြီးလား။ အရေးကြီးပါတယ်။ သဘာဝအတိုင်းဆင်းတာထက်စာရင် ရောဂါတစ်ခုခုကြောင့်ဖြစ်ဖို့များပါတယ်။ ဒါကြောင့် တစ်ခါပဲသွေးဆင်းတာဖြစ်ဖြစ် နည်းနည်းလေးပဲဆင်းတာ၊ စွန်းထင်းတာ၊ အညိုအခဲတွေဆင်းတာပဲဖြစ်ဖြစ် တခြားလက္ခဏာမရှိဘဲ သွေးဆင်းတာသက်သက်ပဲဖြစ်ဖြစ် သွေးဆင်းတယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ် ဆရာဝန်နဲ့ပြသသင့်ပါတယ်။ တစ်ခါတစ်လေ သွေးဆင်းတာမပြင်းထန်ပေမယ့် ရောဂါကြီးနေတာမျိုး ဖြစ်နေတတ်ပါတယ်။ သွေးဆုံးပြီး မှ ဘာကြောင့် သွေးပြန်ဆင်းရတာလဲ။ အသားပိုထွက်ခြင်း သားအိမ် ဒါမှမဟုတ် သားအိမ်ခေါင်းမှာ အသားပိုတွယ်တာပါ။ ကင်ဆာမဟုတ်ပါဘူး။ သွေးစွန်းရုံကနေ အများကြီးဆင်းတာ၊ အတူနေပြီးသွေးဆင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ သားအိမ်နံရံပါးတာ သားအိမ်နံရံအထူအပါးကို အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းက […]


သားဥအိမ်အရည်အိတ်တည်ခြင်း ရောဂါစု

သားဥအိမ်အရည်အိတ် တည်ခြင်း

အမျိုးသမီးတော်တော်များများဟာ သားဥအိမ်အရည်အိတ် တည်တာဖြစ်ဖူးကြပါတယ်။ အလုံးသေးလို့ ဘာလက္ခဏာမှမပြတာ၊ သူ့အလိုလိုပျောက်သွားတာ‌ကြောင့် မသိလိုက်တာများပါတယ်။ သားဥအိမ်အရည်အိတ် တည်တာ မပြောခင် သားဥအိမ်ဆိုတာကိုအရင်ပြောပြပေးပါ့မယ်။ သားဥအိမ်က သားအိမ်ရဲ့ တစ်ဖက်တစ်ချက်မှာ တစ်လုံးစီရှိပါတယ်။ ရာသီလာဖို့ကူညီပေးသလို အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေထုတ်ပေးပါတယ်။ သားဥအိမ်က၂လုံးရှိတဲ့အတွက် အရည်အိတ်ကလည်း ၁ဖက် ဒါမှမဟုတ် တစ်ချိန်တည်းမှာ ၂ဖက်ဖြစ်တတ်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲ။ အများအားဖြင့်တော့ ရာသီစက်ဝန်းကြောင့် အရည်အိတ် တည်တာများပါတယ်။ ဒါကို functional cystလို့ခေါ်ပါတယ်။ သူက အန္တရာယ်မပေးတတ်ပါဘူး။ ၂လ ၃လလောက်နေရင် အလိုလိုပျောက်သွားတတ်ပါတယ်။ တခြားအမျိုးအစားတွေကတော့ dermoid cyst (အရည်အိတ်ထဲမှာ ဆံပင်တွေ၊ လက်သည်းတွေပါနေတာ) cystadenoma endometrioma (သားအိမ်တစ်ရှူးတွေ သားဥအိမ်ကို ရောက်ပြီး အရည်အိတ်တည်ခြင်း) တို့ ဖြစ်ပါတယ်။ PCOSလို့ခေါ်တဲ့ သားဥအိမ်အရည်အိတ်ရောဂါစုဆိုတာလည်း ရှိပါတယ်။ သူကတော့ ရှုပ်ထွေးတဲ့ ရောဂါဖြစ်တာကြောင့် သက်သက်ပြောပြပါ့မယ်။ ဒီဆောင်းပါးမှာတော့ […]


သားအိမ်အလုံးတည်ခြင်းရောဂါများ

သားအိမ်အသားလုံး တည်ခြင်း

ပတ်ဝန်းကျင်မှာ ဘယ်သူကတော့ဖြင့် သားအိမ်မှာ အသားလုံးတည်လို့ သားအိမ်ထုတ်လိုက်ရတယ်။ ဘယ်သူကတော့ အသားလုံးရှိလို့ ဆေးရုံတက်နေတယ်ဆိုတာမျိုး ကြားဖူးပါသလား။ ပတ်ဝန်းကျင်မှာ ဒါမျိုးမကြာခဏကြားဖူးတယ်ဆိုရင် ဒီရောဂါအဖြစ်များတယ်ပဲဆိုရမှာပေါ့။ ဒါကဘာရောဂါလဲ။ သားအိမ်အသားလုံး တည်တဲ့ရောဂါပါ။ ဒါက ဘာကြောင့် ဖြစ်တာလဲ။ သူများတွေဖြစ်ရင် ကိုယ်ရောဖြစ်လာမှာလား။ ဆက်ကြည့်ကြည့်ရအောင်။ သားအိမ်အသားလုံး ဆိုတာဘာလဲ။ ပြောတဲ့အတိုင်းပဲ အသားလုံးကြီးပါ။ စာဆန်ဆန်ပြောရရင်တော့ သားအိမ်ကြွက်သားတွေ ပွားပြီး အလုံးတည်လာတာပေါ့။ မျက်စိနဲ့မမြင်နိုင်တဲ့ အလုံးသေးသေးလေးတွေရှိသလို ရင်ခေါင်းထိတက်ဆောင့်နိုင်တဲ့ အလုံးကြီးတွေလည်း ရှိပါတယ်။ သားအိမ်ထဲမှာဖြစ်နိုင်သလို သားအိမ်ပြင်ပမှာလည်း အညှာလေးနဲ့ တွယ်နေတတ်ပါတယ်။ တစ်လုံးတည်းလည်း ဖြစ်နိုင်သလို အများကြီးလည်းဖြစ်နိုင်ပါတယ်။ https://hellosayarwon.com/womens-health/uterine-fibroids/fibroids-explainer/ သားအိမ်အသားလုံး က ကင်ဆာလား။ ကင်ဆာ မဟုတ်ပါဘူး။ သာမန်အလုံးပါ။ ကင်ဆာပြောင်းနိုင်လားဆိုတော့ ပြောင်းနိုင်ခြေက လူ၁၀၀၀မှာ ၁ယောက်တောင်မရှိပါဘူး။ ဒါကြောင့် ဖြစ်ခဲတယ်လို့ပဲ ပြောရမှာပါ။ ဘာလက္ခဏာတွေ ခံစားရမှာလဲ။ သားအိမ်မှာ အသားလုံးရှိတဲ့သူ တော်တော်များများက ဘာလက္ခဏာမှ သိပ်မခံစားရပါဘူး။ […]


အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

မဟော်မုန်း အစားထိုးကုသခြင်းရဲ့ ကောင်းကျိုးနဲ့ ပြစ်ချက်များ

အက်စရိုဂျင်ဟော်မုန်း (Estrogen) တစ်နည်းအားဖြင့် မဟော်မုန်းတွေကို အမျိုးသမီးတွေမှာ အများဆုံးတွေ့ရပြီး အမျိုးသားတွေမှာလည်း ပမာဏတစ်ခုထိ တွေ့ရနိုင်ပါတယ်။ အမျိုးသမီးတွေအတွက် မဟော်မုန်းရဲ့ လုပ်ဆောင်ချက်တွေကတော့ မျိုးပွားစနစ်၊ အရိုးနဲ့ အရေပြားကျန်းမာစေဖို့၊ လိင်မှုကိစ္စ၊ အမျိုးသမီးများ ရာသီစက်ဝန်းကို ပုံမှန်လည်ပတ်စေဖို့ပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မိန်းကလေးတွေမှာ အပျိုဖော်ဝင်ကာစမှ အသက် ၄၀ မတိုင်ခင်အထိကာလသည် မဟော်မုန်းထုတ်လုပ်မှုနှုန်း အမြင့်ဆုံးကာလအဖြစ် သတ်မှတ်ထားပြီး အဲ့နောက်ပိုင်းမှသာ ကိုယ်ခန္ဓာက ဟော်မုန်းထုတ်လုပ်တဲ့ နှုန်းကျဆင်းလာကာ မဟော်မုန်းချို့တဲ့တဲ့ အခြေအနေကို ရောက်ရှိပါတယ်။ မဟော်မုန်းနည်းတဲ့အခါ ဘယ်လိုလက္ခဏာတွေ တွေ့ရတတ်လဲ။ • မိန်းမကိုယ်မှ စိုစွတ်မှုနည်းသွားပြီး ခြောက်သွေ့လာခြင်း • လိင်ဆက်ဆံစဉ် အလွန်အမင်း နာကျင်ခြင်း • ရာသီလာချိန် ပုံမှန်မဟုတ်ခြင်း သို့မဟုတ် ရာသီထိန်သွားခြင်း • စိတ်ခံစားချက် အပြောင်းအလဲမြန်ခြင်း • ဆီးလမ်းကြောင်း ကျဉ်းသွားပြီးနောက် ပိုးဝင်ရန်လွယ်ကူသွားခြင်း • ရုတ်တရက် အချမ်းတက်ခြင်း • ရင်သားက […]


အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

သင့်မှာ မဟော်မုန်းနည်းနေလား၊ ဘယ်လိုသိနိုင်မလဲ

သင့်မှာ မဟော်မုန်းနည်းနေလား၊ ဘယ်လိုသိနိုင်မလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။ မဟော်မုန်းဆိုတာ ဘာလဲ။ အမျိုးသမီးတစ်ယောက် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် ကိုယ်ခန္ဓာကနေ မဟော်မုန်းတွေ ကို အများအပြား ထုတ်လွှတ်ပေးရပါတယ်။ အမျိုးသမီးတွေအတွက် မရှိမဖြစ် အဓိကအကျိုးပြု မဟော်မုန်းကတော့ အက်စထရိုဂျင်ဟော်မုန်းပါပဲ။ ဒီဟော်မုန်းက အပျိုဖော်ဝင်စကနေ အသက် ၄၀ မတိုင်ခင်အထိ ပုံမှန်ထုတ်လွှတ်ပေးနေပြီး အဲ့ဒီနောက်ပိုင်းမှာ ဟော်မုန်းထုတ်လွှတ်နှုန်းက ကျဆင်းသွားပါတယ်။ မဟော်မုန်းရဲ့ လုပ်ဆောင်ချက်တွေက ဘာလဲ။ • အမျိုးသမီးများရဲ့ ရင်သားကို ကြီးထွားလာစေခြင်း • အရိုးအားကောင်းစေခြင်း • ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်များကို ပုံမှန်လည်ပတ်အလုပ်လုပ်စေခြင်း • ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း • မိန်းမကိုယ် ကျန်းမာစေခြင်း • လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးခြင်း စတဲ့နေရာတွေမှာ ကူညီပေးပါတယ်။ အမျိုးသမီးတစ်ယောက် အပျိုဖော်ဝင်ကာစအရွယ်ကနေ အသက်ကြီးတဲ့အထိ မဟော်မုန်းတွေကို အဆက်မပြတ်ထုတ်လုပ်ပေးနေပြီး ဘဝသက်တမ်းတစ်လျှောက်လုံးမှာ ကျန်းမာစေဖို့ ကူညီပံ့ပိုးပေးပါတယ်။ သင့်မှာ မဟော်မုန်းနည်းနေလား၊ ဘယ်လိုသိနိုင်မလဲ အတွေ့များတဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း