အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတလျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ အပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

ကျန်းမာရေး ဗိုက်စည်းတွေနဲ့ ပတ်သက်သမျှ

ကျန်းမာရေး ဗိုက်စည်းဆိုတာဟာ ၀မ်းဗိုက်မှာပတ်ရတဲ့ ခါးပတ်တစ်ခုပါပဲ။ ဗိုက်စည်းတွေဟာ အရွယ်အစားအမျိုးမျိုး လာပါတယ်။ များသောအားဖြင့် အလတ်စတစ်သားနဲ့ လုပ်ထားကြပြီး ပတ်ဖို့အတွက် ချိတ်၊ ဒါမှမဟုတ် ပတ်တဲ့ ကွင်းတွေပါပါတယ်။ တချို့ ဗိုက်စည်းတွေမှာတော့ ခါးကိုထောက်ပံ့ပေးတဲ့ အထိန်းပါပါတယ်။ တချို့ ဗိုက်စည်းတွေမှာတော့ ဗိုက်ခွဲထားတဲ့လူနာတွေမှာ  အရည်တွေစီးဆင်းဖို့ ပိုက်တွေပါ တွဲရက်ပါပါတယ်။ ဗိုက်စည်းတွေဟာ ဗိုက်ခွဲပြီးတဲ့နောက် နလန်ထတာကို မြန်စေပါတယ်။ ယေဘုယျအားဖြင့် ဗိုက်စည်းတွေကို ဒီလိုအခြေအနေမျိုးတွေမှာ တပ်ဆင်ဖို့ အကြံပေးလေ့ရှိကြပါတယ်။ (၁) ဗိုက်ခွဲကလေးမွေးပြီးတဲ့အခါ (၂) ၀မ်းဗိုက်ဖွင့် ဗိုက်ခွဲပြီးတဲ့အခါ (၃) သားအိမ်ထုတ်ပြီးတဲ့အခါ (၄) ခါးဆစ်ရိုးခွဲစိတ်ပြီးတဲ့အခါ တွေပဲဖြစ်ပါတယ်။ ခါးဆစ်အာရုံကြောမကြီးကို ထိခိုက်ဒဏ်ရာရထားတဲ့ လူနာတွေမှာ ၀မ်းဗိုက်ကို ထောက်ပံ့ပေးဖို့၊ ၀မ်းဗိုက်အတွင်းဖိအားကို ထိန်းညှိပေးဖို့၊ အသက်ရှူခြင်းဆိုင်ရာလုပ်ငန်းဆောင်တာတွေကို အားပေးကူညီဖို့ အတွက် စနစ်တကျ နေရာတိတိကျကျသတ်မှတ်ထားတဲ့ ဗိုက်စည်းတွေကို စည်းရပါတယ်။ ဗိုက်စည်းစည်းခြင်းရဲ့ ကောင်းကျိုးတွေ (၁) ခွဲစိတ်ပြီးနောက်ရတဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများ မကြာခဏဆီးသွားခြင်း

မကြာခဏဆီးသွားခြင်း ဆိုတာက ပုံမှန်ထက်ပိုပြီး ဆီးသွားချင်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဆီးသွားချင်တဲ့ ဆန္ဒ ရုတ်ခြည်းပေါ်လာပြီး ဆီးမထိန်းနိုင်သလိုပါ ဖြစ်တတ်ပါတယ်။ ဆီးအိမ် တင်းနေမယ်ဆိုရင် ပိုဆိုးတတ်ပါတယ်။ ဒါက ဆီးအိမ်ဟာ ပုံမှန်ထက် လုပ်ဆောင်မှု လွန်ကဲနေတဲ့ အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆီးလမ်းကြောင်း အထူးကု ဆရာဝန်အချို့ရဲ့ အဆိုအရ ၂၄ နာရီအတွင်း ၈ ကြိမ်ထက်ပိုပြီး သွားချင်နေရင် ဒီပြဿနာ ဖြစ်နိုင်ပါတယ်။ အဆိုပါ ဆီးမကြာခဏ သွားချင်ရတဲ့ နောက်ခံ အကြောင်းအရင်းတွေ ရှိတတ်ပါတယ်။ အမျိုးသမီးများ မကြာခဏဆီးသွားခြင်း ကို ဖြစ်စေတဲ့ အကြောင်းရင်း အမျိုးသမီးများ မကြာခဏဆီးသွားခြင်း ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း မကြာခဏ ဆီးသွားချင်စိတ် ဖြစ်ပေါ်ခြင်းဟာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးစွန့်ပြွန်ကနေတဆင့် ဆီးအိမ်ထဲကို ဘက်တီးရီးယားပိုးတွေ ဝင်ရောက်တာကြောင့် ဖြစ်တတ်ပါတယ်။ အမျိုးသမီးများရဲ့ […]


ရာသီလာခြင်း

ရာသီမလာခင် ခံစားရတဲ့ဝေဒနာတွေကိုသက်သာအောင်ဘယ်လိုပြုမူနေထိုင်ကြမလဲ။

အမျိုးသမီးတွေဟာ မိမိတို့ရဲ့ လစဉ် ဓမ္မတာ(သို့) ရာသီမလာခင် မှာ စိတ်ရော၊ ကိုယ်ပါ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို အနည်းနဲ့ အများ ခံစားကြရပါတယ်။ သားဖွားမီးယပ်ဆရာဝန်ကြီး ဒေါက်တာစိုးလွင်ရဲ့ “ ရာသီမလာခင် လူသတ်ချင်” ဆိုတဲ့ ခေါင်းစဉ်လေးအတိုင်းပဲ လူသတ်ချင်နေလောက်အောင် စိတ်ခံစားချက်တွေက ဆိုးရွားနေတတ်ကြပါတယ်။ ဒါဟာ အမျိုးသမီးတိုင်း ရှောင်လွှဲလို့မရတဲ့ ပြသနာ ဖြစ်ပြီး လူတစ်ယောက်နဲ့ တစ်ယောက်မတူညီတဲ့ အတွက် ခံစားရတာ အနည်း၊ အများပဲ ကွာကြပါတယ်။ ရှောင်လွှဲလို့မရပေမယ့် ခံစားရတဲ့ ဝေဒနာတွေ၊ စိတ်ခံစားချက်တွေကို သက်သာအောင် အကူအညီပေးနိုင်မယ့် နည်းလမ်းလေးတွေတော့ရှိပါတယ်။ နည်းလမ်းလေးတွေ မပြောပြခင်မှာ ဘယ်လို ရောဂါလက္ခဏာတွေ ခံစားရနိုင်လဲဆိုတာလေး အရင်ဆုံးမျှဝေပေးချင်ပါတယ်။ ရာသီမလာခင် မှာ ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေအနေနဲ့ ပင်ပန်းနွမ်းနယ်ခြင်း ခေါင်းကိုက်ခြင်း ဗိုက်၊ ခါး ၊ရင်သား နဲ့ ကြွက်သားများ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

တွဲနေတဲ့ရင်သားတွေ ပြန်လည်ဦးမော့လာစေဖို့

လှပတဲ့ ရင်သားတစ်စုံ ပိုင်ဆိုင်ဖို့ဆိုတာ အမျိုးသမီးတော်တော်များများမက်ကြတဲ့ အိပ်မက်ပါပဲ။ လိင်ဆွဲဆောင်မှုရှိဖို့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးဖို့ လှပတင့်တယ်တဲ့ရင်သားကို ပိုင်ဆိုင်လိုကြပါတယ်။ ရင်သားတွေတွဲကျနေတာကိုတော့ ဘယ်အမျိုးသမီးမှ သဘောကျမယ်မထင်ပါဘူး။ ကလေး မွေးဖွားထားသူ အမျိုးသမီးတွေမှာ ရင်သားတွဲကျခြင်းဟာ ပိုအဖြစ်များတယ်ဆိုပေမယ့် ကလေးတစ်ခါမှ မမွေးဖူးသူ အပျိုတွေမှာလဲ ရင်သားတွဲကျတာမျိုး ဖြစ်တတ်ပါတယ်။ အဲတော့ ဒီလို ရင်သားတွဲကျတာမျိုးမဖြစ်ရအောင် ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ tips လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကဲ .... တွဲနေတဲ့ရင်သားတွေ ပြန်လည်ဦးမော့လာစေဖို့ ဘာတွေ လုပ်ဆောင်ရမလဲ ကြည့်လိုက်ရအောင်နော်။ တွဲနေတဲ့ရင်သားတွေ ပြန်လည်ဦးမော့လာစေဖို့ တွဲနေတဲ့ရင်သားတွေ ပြန်လည်ဦးမော့လာစေဖို့ ဆိုရင်တော့ (၁) ပက်လက်လှန်အိပ်ပါ။ ညအိပ်ရာ၀င်တဲ့အခါ မှောက်အိပ်မယ့်အစား ပက်လက်လှန်အိပ်တာက ရင်သားပေါ်မှာ အရေးအကြောင်းဖြစ်တာ၊ ရင်သားလျော့တွဲတာတွေကို သက်သာစေပါတယ်။ ပြောင်းပြန်အနေနဲ့ မှောက်အိပ်မယ်ဆိုရင်တော့ အရေပြားလျော့တွဲတာတွေ မြန်မြန်ဖြစ်မှာပါပဲ။ (၂) ရင်သားတွေကို နှိပ်နယ်ပေးပါ။ မျက်နှာအရေပြားကို နှိပ်နယ်ပေးရင် အသားအရေကောင်းသလိုမျိုးပါပဲ။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ပန်းကလေးတို့ အမြဲသန့်ရှင်း လန်းဆန်းစေဖို့

ပျိုမေ တို့ရဲ့ ကျန်းမာရေးမှာ အရေးကြီးတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုကို ဂရုစိုက်ပေးဖို့ မေ့မေ့လျော့လျော့ ဖြစ်တတ်ကြပါတယ်။ အမျိုးသမီးကျန်းမာရေး နဲ့ ပတ်သက်လို့ မစိုးရိမ်ရစေဖို့ မိန်းမကိုယ် သန့်ရှင်းမှု၊ တစ်ကိုယ်ရည်သန့်ရှင်းမှုတို့ကို ဂရုစိုက်သင့်ပါတယ်။ မိန်းမကိုယ် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းရင်းတွေကိုလည်း ပျိုမေတို့ သိကိုသိထားသင့်ပါတယ် - (၁) ယားယံစေတဲ့ ဓာတ်ပစ္စည်းတွေ မိန်းမကိုယ် ကို ဓါတုပစ္စည်းတွေနဲ့ထိတွေ့မိတဲ့အခါ ယားယံခြင်းကိုဖြစ်စေပါတယ်။ အဲဒီပစ္စည်းတွေက မိန်းမကိုယ်အပါအဝင် ခန္ဓါကိုယ်ရဲ့နေရာအတော်များများကို နီမြန်း၊ယားယံစေတဲ့ ဓါတ်မတည့်တုံ့ပြန်မှုတွေဖြစ်လာစေနိုင်ပါတယ်။Parabens ၊Methylchloroisothiazolinone ၊ Benzethonium Chloride တို့လို ဓါတုပစ္စည်းတွေကြောင့်အရေပြားကိုထိခိုက်စေနိုင်ပါတယ်။ (၂) ဆီးချို ပေါင်ခြံတဝိုက်ယားယံတာနဲ့ လောင်တာလိုမျိုး မှိုပိုးဝင်တဲ့လက္ခဏာတွေက အမျိုးအစား ၂ ဆီးချိုရောဂါ ရဲ့လက္ခဏာတွေဖြစ်ပါတယ်။ ဆီးချိုရှိတဲ့သူတွေမှာ သွေးတွင်းသကြားဓာတ်က များနေတာကြောင့် မှိုပိုးတွေပေါက်ဖွားလွယ်တဲ့အနေအထားကို ဖန်တီးပေးလိုက်သလိုဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ရောဂါကာကွယ်နိုင်စွမ်းကိုပါ လျော့နည်းစေပါတယ်။ (၃) မှိုပိုးဝင်ခြင်း မိန်းကလေး […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

Kegel exercise သို့မဟုတ် မျှော့ဆိုတာ တကယ်ရှိလား

မျှော့ဆိုတာ တကယ်ရှိလား သို့မဟုတ် Kegel exercise “မျှော့ပါတယ်” ဆိုတဲ့စကားဟာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အရပ်ထဲမှာတော့ အင်မတန်ခေတ်စားတဲ့စကားမျိူးဖြစ်ပါတယ်။ အများဆုံး ပြောကြတာကတော့ မျှော့ပါတဲ့အမျိုးသမီးဆိုတာ သပ်သပ်ရှိပြီး အဲဒီလိုအမျိုးသမီးမျိုးကို အမျိုးသားတွေစွဲလန်းကြတယ်ဆိုပြီးတော့ ပြောကြလေ့ရှိပါတယ်။ ဆေးပညာအမြင်အရကြည့်မယ်ဆိုရင်တော့ မိန်းမကိုယ်တဝိုက်ကကြွက်သားတွေ တောင့်တင်းသန်မာတာနဲ့ လျော့ရဲတာရယ်လို့နှစ်မျိုးပဲရှိပါတယ်။ မိန်းမကိုယ်တဝိုက်က ကြွက်သားတွေသန်မာတာကိုပဲ အရပ်ထဲမှာ မျှော့လို့ခေါ်ကြတာဖြစ်ပါတယ်။ Kegel exercise ဆိုတာကတော့ အဲဒီကြွက်သားတွေ ပြန်လည်သန်စွမ်းလာအောင်လုပ်တဲ့ လေ့ကျင့်ခန်းတွေကို ဆိုလိုတာဖြစ်ပါတယ်။  သားအိမ်၊ ဆီးအိမ်၊ အူနဲ့ စအိုတွေကိုထောက်ပံ့ထားတဲ့ တင်ပဆုံအတွင်းပိုင်းဆိုင်ရာကြွက်သားတွေကို သန်မာစေပါတယ်။ ဒီလို တင်ပဆုံအတွင်းပိုင်းနဲ့ မိန်းမကိုယ်တဝိုက်က ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့် ဆီးမထိန်းနိုင်တာကို ကာကွယ်ကုသပေးသလို အိမ်ထောင်ရေးသုခကိုလဲ ပြည့်စုံစေပါတယ်။ ဘယ်အချိန်ဘယ်နေရာမှာမဆို လုပ်လို့ရတဲ့ လေ့ကျင့်ခန်းမျိုးလဲဖြစ်ပါတယ်။ ဘာကြောင့် တင်ပဆုံအတွင်းပိုင်းကြွက်သားတွေ အားပျော့လာရတာလဲ ဖြစ်စေနိုင်တဲ့အကြောင်းအချက်တွေအများကြီးရှိပါတယ်။ ကိုယ်ဝန်ဆောင်တာ၊ ကလေးမီးဖွားတာ၊ ခွဲစိတ်မှုခံယူထားရတာ၊ အသက်ကြီးတာ၊ […]


ရာသီလာခြင်း

ဓမ္မတာစောလာစေမည့် နည်းလမ်းအချို့

အမျိုးသမီးတချို့ဟာ အရေးကြီးဆောင်ရွက်ဖွယ်ရာ ကိစ္စရပ်တွေ မတိုင်မီ မိမိတို့ရဲ့ ဓမ္မတာကိစ္စရပ်တွေကို စောပြီး ကြုံချင်ကြပါတယ်။ ဓမ္မတာဆိုတာ ကိုယ်ကစောနိုင်သမျှ စောစေချင်အောင် တရက်နှစ်ရက်အတွင်း ရောက်လာအောင် လုပ်ယူနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ သူ့ပုံမှန်အချိန်အတိုင်းအတာ အနီးဝန်းကျင်မှာပဲ ရှိနေမှာ ဖြစ်ပါတယ်။ အောက်ဖော်ပြမယ့် နည်းလမ်းတွေကတော့ ဓမ္မတာစောလာစေချင်ရင် လုပ်ဆောင်နိုင်တဲ့ ကိစ္စတချို့ဖြစ်ပါတယ်။ ဒီနေရာမှာ ရာသီပထမဆုံးလာခြင်းကို ဆိုလိုတာမဟုတ်ဘဲ ပုံမှန်လာပြီးသူများကို ရက်စောပြီး လာစေဖို့သာ ရည်ရွယ်ပါတယ်။ ကဲ ..... ဓမ္မတာစောလာစေမည့် နည်းလမ်းအချို့ ကို မျှဝေပေးလိုက်ပါတယ်။ အဓိကအားဖြင့် ဟော်မုန်းပါဝင်တဲ့ သန္ဓေတားဆေးတွေဖြစ်ပြီး စားသောက်မှုပုံစံ၊ လေ့ကျင့်ခန်း၊ စိတ်ဖိစီးမှု လျှော့ချခြင်း စတာတွေ ဖြစ်ပါတယ်။ ဓမ္မတာစောလာစေမည့် နည်းလမ်းအချို့ ဓမ္မတာစောလာစေမည့် နည်းလမ်းအချို့ ကတော့ ဟော်မုန်းအသုံးပြုတားဆေးများ အီစထရိုဂျင်နဲ့ ပရိုဂျက်စတင်ဟော်မုန်းတွေ ပေါင်းစပ်ထားတဲ့ ကိုယ်ဝန်တားဆေးဟာ အထိရောက်ဆုံးဖြစ်ပါတယ်။ အမျိုးသမီးတချို့ဟာ ဓမ္မတာစောလာစေဖို့ […]


အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

အီစထရိုဂျင်ဟော်မုန်းဟာ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိသလား

အီစထရိုဂျင်ဟော်မုန်းဟာ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိသလား ..... အမျိုးသမီးများအတွက် အီစထရိုဂျင်ဟော်မုန်းဟာ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိတယ်လို့ ပြောလို့ရပါတယ်။ အထူးသဖြင့် သွေးဆုံးခါနီးမှာ ဖြစ်ပါတယ်။ အမျိုးသမီးများအနေနဲ့ သွေးဆုံးပြီးရင် ကိုယ်အလေးချိန် တက်လာကြောင်း၊ ကိုယ်အလေးချိန်လျှော့ချဖို့ ခက်ခဲကြောင်း ဆိုကြပါတယ်။ အီစထရိုဂျင်ဟာ တကယ်လည်း ကိုယ်အလေးချိန် တက်လာခြင်းနဲ့ ဆက်စပ်နေပြီး ဟော်မုန်းအတက်အကျဟာ ကိုယ်အလေးချိန် အတက်အကျနဲ့လည်း ဆက်စပ်နေပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ အမျိုးသမီးများမှာ အီစထရိုဂျင်ဟော်မုန်းပမာဏနဲ့ ကိုယ်အလေးချိန် အတက်အကျကြား ဆက်စပ်မှု ဘယ်လိုရှိသလဲ ဖြစ်ပါတယ်။ အီစထရိုဂျင်ဆိုတာ ဘာလဲ အီစထရိုဂျင်ဆိုတာဟာ အမျိုးသမီးများအတွက် အရေးကြီးတဲ့ ဟော်မုန်းနှစ်မျိုးအနက် တစ်မျိုးဖြစ်ပြီး အပျိုဖော်ဝင်ခြင်းနဲ့ ဓမ္မတာစက်ဝန်းလည်ပတ်ခြင်းအတွက် အရေးပါပါတယ်။ သွေးတွင်း ကိုလက်စထရောဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ အရိုးများကို သန်မာစေခြင်း၊ ဦးနှောက်နှင့် စိတ်ကျန်းမာရေး ကောင်းမွန်စေခြင်း စတဲ့ လုပ်ငန်းတာဝန်တွေကိုလည်း ထမ်းဆောင်ပါသေးတယ်။ အီစထရိုဂျင်ကို သားဥအိမ်များမှ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် အသားပို ထွက်ခြင်း

ခန္ဓာကိုယ်ရဲ့ တခြားနေရာမှာ အသားပို ထွက်သလိုမျိုး မိန်းမကိုယ်မှာလဲ အသားပို ထွက်နိုင်ပါတယ်။ ရိုးရိုး အသားပို ဆိုတာသေချာရင် စိုးရိမ်စရာ မလိုပါဘူး။ ဒါဟာ ကင်ဆာလည်း မဟုတ်သလို လိင်က တဆင့်ကူးစက်တတ်တဲ့ ရောဂါတို့၊ လိင်အင်္ဂါ ကြွက်နို့တို့နဲ့လည်း မတူပါဘူး။ ဒါပေမယ့် ရုတ်တရက် ကိုယ့်မှာ ဖြစ်လာခဲ့ရင် သို့လော သို့လော တွေးပြီး စိုးရိမ်နေမှာပါ။ ဒါကြောင့် ဒီအသားပို ဘာလို့ ထွက်ရတာလဲ။ ဘယ်လို ကုသနိုင်လဲဆိုတာ လေ့လာကြည့်ရအောင်။ မိန်းမကိုယ် အသားပို ဆိုတာ ဘာလဲ။ တခြား နေရာမှာ ဖြစ်တဲ့ အသားပိုတွေနဲ့ အတူတူပါပဲ။ မိန်းမကိုယ် အသားပို ကို ဆေးပညာအရ Fibroepithelial Polyp လို့ ခေါ်ပါတယ်။ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေမှာ တွေ့ရတတ်ပါတယ်။ ဖြစ်တာ […]


ရာသီလာခြင်း

ရာသီစက်ဝန်းကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြမယ်

အမျိုးသမီးတ‌စ်ယောက်ရဲ့ ဆယ်ကျော်သက်လောက်ကစခဲ့တဲ့ ရာသီစက်ဝန်းဟာ သွေးဆုံးချိန် အသက်၅၀ ၀န်းကျင်‌လောက်ထိ‌ရေတွက်ကြည့်ရင် စုစုပေါင်းအကြိမ်ရေ ၅၀၀ လောက်ထိရှိပါတယ်။ ဒါကြောင့် ရာသီစက်ဝန်းတိုင်းမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေ၊ တက်ကြွဖျတ်လတ်မှုတွေ ပေးဆပ်လိုက်ရတယ်၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ပျက်ကွက်သွားတယ် ဆိုရင်မတန်ဘူးလေနော်။   ။ ပြီးတော့ ရာသီစက်ဝန်းတိုင်းမှာ ပိုပြီးပင်ပန်းလွယ်၊ ထိရှလွယ်ဖြစ်နေတာဟာလည်း သဘာဝပဲမို့ ဒီလိုအချိန်တွေမှာ ဘယ်လိုပျော်ပျော်ရွှင်ရွှင်ပေါ့‌ပေါ့ပါးပါးဖြတ်သန်းကြမလဲ၊ ဒီကိစ္စကြောင့် ကိုယ့်ရဲ့ အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေမပျက်ကွက်ရအောင် ဘယ်လိုပြင်ဆင်နေထိုင်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။   ။ ရာသီစက်ဝန်းကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြမယ် ရာသီစက်ဝန်းကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြမယ် ဆိုရင် ဒီအချက်လေးတွေကို သိထားဖို့ လိုပါမယ်။ ၁) ကြိုတင်ပြင်ဆင်ကြမယ် ကြိုတင်ပြင်ဆင်ဖို့ ပထမဆုံးခြေလှမ်းက ကိုယ်ရဲ့ ရာသီစက်ဝန်းဟာ ဘယ်နေ့တွေလဲဆိုတာ သိဖို့ပါ။ ဒါကြောင့် ရက်မှတ်သားထားဖို့ လိုပါတယ်။ ရာသီစက်ဝန်း ပြန်လည်လာမယ့်အချိန်ကိုကြိုတင်သတိထားမိအောင် ပြက္ခဒိန်မှာမှတ်သားထားလို့ရသလို Hellosayarwonက သားဥကြွေခြင်းကို တွက်ချက်ခြင်း ကျန်းမာရေး ကိရိယာတွေကို ကောင်းစွာအသုံးချပြီးပြင်ဆင်နိုင်ပါတယ်။ ကိရိယာထဲမှာ ကိုယ့်ရဲ့ရာသီစက်ဝန်းပုံစံ (ဘယ်နှရက်တစ်ခါလဲ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း