ပုံမှန်ထက်ပိုပြီး ဆီးသွားချင်နေတဲ့ အခြေအနေဖြစ်ပါတယ်။ ဆီးသွားချင်တဲ့ဆန္ဒ ရုတ်ခြည်းပေါ်လာပြီး ဆီးမထိန်းနိုင်သလိုပါ ဖြစ်တတ်ပါတယ်။ ဆီးအိမ်တင်းနေမယ်ဆိုရင် ပိုဆိုးတတ်ပါတယ်။
ရာသီစက်ဝန်းကို တွက်ချက်ပါ။
ထွက်မှာ သေချာပြီလား။
ပုံမှန်ထက်ပိုပြီး ဆီးသွားချင်နေတဲ့ အခြေအနေဖြစ်ပါတယ်။ ဆီးသွားချင်တဲ့ဆန္ဒ ရုတ်ခြည်းပေါ်လာပြီး ဆီးမထိန်းနိုင်သလိုပါ ဖြစ်တတ်ပါတယ်။ ဆီးအိမ်တင်းနေမယ်ဆိုရင် ပိုဆိုးတတ်ပါတယ်။
ဆီးအိမ်ဟာ ပုံမှန်ထက် လုပ်ဆောင်မှုလွန်ကဲနေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းအထူးကု ဆရာဝန်အချို့ရဲ့အဆိုအရ ၂၄ နာရီအတွင်း ၈ ကြိမ်ထက်ပိုပြီး သွားချင်နေရင် ဒီပြဿနာဖြစ်နိုင်ပါတယ်။ အဆိုပါ ဆီးမကြာခဏသွားချင်ရတဲ့ နောက်ခံအကြောင်းအရင်းတွေ ရှိတတ်ပါတယ်။
မကြာခဏ ဆီးသွားချင်စိတ်ဖြစ်ပေါ်ခြင်းဟာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးစွန့်ပြွန်ကနေတဆင့် ဆီးအိမ်ထဲကို ဘက်တီးရီးယားပိုးတွေ ဝင်ရောက်ချိန်မှာ ဖြစ်တတ်ပါတယ်။
အမျိုးသမီးများရဲ့ ၅၀ မှ ၆၀ရာခိုင်နှုန်းဟာ ဘဝတစ်လျှောက်မှာ အနည်းဆုံးတစ်ကြိမ်ခန့်တော့ ဆီးပိုးဝင်ခြင်း ဖြစ်တတ်ပါတယ်။ အမျိုးသမီးများရဲ့ သုံးပုံတစ်ပုံခန့်ဟာ အသက် ၂၄ နှစ်မတိုင်မီမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပြင်းပြင်းထန်ထန်ကြုံရတတ်ပြီး ပဋိဇီဝဆေးတွေ သုံးစွဲရတဲ့အထိ ဖြစ်တတ်ပါတယ်။
အမျိုးသမီးများရဲ့ဆီးလမ်းကြောင်းဟာ တိုတောင်းတဲ့အတွက် အမျိုးသားများထက်စာရင် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ပိုမိုကြုံတွေ့ရတတ်ပါတယ်။ ဘက်တီးရီးယားများအတွက် ဝင်ရောက်ရမယ့်လမ်းကြောင်း တိုသွားပြီး အလွယ်တကူကူးစက်ကာ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များစေတဲ့ အကြောင်းတွေကတော့
– ရေဓာတ်မပြည့်ဝခြင်း
– အချိန်ကြာမြင့်စွာ ဆီးအောင့်ထားခြင်း
– ဆီးကုန်အောင် မစွန့်ခြင်း
– မွေးလမ်းကြောင်း ယားယံရောင်ရမ်းခြင်း
– အိမ်သာတက်ပြီးနောက် သန့်ရှင်းပုံမမှန်ခြင်း
– လိင်ဆက်ဆံရာမှတဆင့် ဆီးလမ်းကြောင်းထဲ ဘက်တီးရီးယားပိုးများ ဝင်ရောက်ခြင်း
– ဆီးစွန့်စနစ်ဖွဲ့စည်းပုံ ပြောင်းလဲခြင်း (ဥပမာ ကိုယ်ဝန်ဆောင်ချိန်)
– ကိုယ်ခံအားစနစ်ကို ထိခိုက်စေသော နာတာရှည်ရောဂါများ (ဥပမာ ဆီးချို)
ဆီးအိမ်ဟာ ပုံမှန်ထက်ပိုပြီး လှုပ်ရှားနေမယ်ဆိုရင် မကြာခဏ ဆီးသွားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ အမေရိကန် ဆီးလမ်းကြောင်းအထူးကု အသင်းကြီးရဲ့အဆိုအရ အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးများရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆီးအိမ် အလွန်အကျွံ အလုပ်လုပ်ခြင်း ပြဿနာနဲ့ ကြုံတွေ့ရတတ်တယ်လို့ သိရပါတယ်။
များသောအားဖြင့် ကြုံရတတ်တဲ့ လက္ခဏာတွေကတော့
– ဆီးမထိန်းနိုင်ခြင်း၊ ရုတ်ချည်း ဆီးသွားချင်စိတ်ပေါ်ခြင်း၊ တခါတရံ ဆီးထွက်ကျခြင်း
– ညဖက်ဆီးသွားခြင်း (အနည်းဆုံး တစ်ညမှာ နှစ်ကြိမ်သုံးကြိမ်ခန့်)
– မကြာခဏ ဆီးသွားချင်စိတ်ဖြစ်ပေါ်ခြင်း၊ တနေ့ကို အနည်းဆုံး ၈ ကြိမ်ခန့် ဆီးသွားခြင်း
ဆီးအိမ် အလွန်အကျွံအလုပ်လုပ်ခြင်းကိုဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေ များစွာ ရှိပါတယ်။ ၎င်းတို့ကတော့
– ထိခိုက်ဒဏ်ရာရခြင်း
– ကြွက်သားများ၊ အာရုံကြောများ၊ တစ်သျှူးများကို ထိခိုက်စေသည့် ရောဂါအခြေအနေများ (ဥပမာ လေဖြတ်ခြင်း၊ multiple sclerosis ရောဂါ)
– သွေးဆုံးချိန် အီစထရိုဂျင်ဟော်မုန်း လျော့နည်းခြင်း
– ကိုယ်အလေးချိန်များပြီး ဆီးအိမ်ကို ဖိမိခြင်း
အခြားအကြောင်းများ
မကြာခဏဆီးသွားရခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းများ ရှိပါသေးတယ်။ အဆိုပါအချက်တွေကတော့
– ဆီးအိမ်ကျောက်တည်ခြင်း
– ဆီးချိုဖြစ်ခြင်း
– ဆီးအိမ်နာကျင်ရောင်ရမ်းခြင်း
– တင်ဆုံရိုးကွင်း ကြွက်သားများ အားနည်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
ကဖိန်း၊ နီကိုတင်း၊ ဆေးသကြား၊ အယ်လ်ကိုဟော စတာတွေ အများအပြား သုံးစွဲရင်လည်း ဆီးအိမ်နံရံကို အနှောင့်အယှက်ပေးတတ်လို့ မကြာခဏ ဆီးသွားချင်စိတ်ကို ဖြစ်ပေါ်စေတတ်ပါတယ်။
ဆေးရုံဆေးခန်းပြသသင့်ပါတယ်။ ဆရာဝန်မှ ရောဂါရာဇဝင်ကို မေးမြန်းပြီး လိုအပ်တဲ့ စမ်းသပ်မှုတွေ ပြုလုပ်ပေးပါလိမ့်မယ်။ ဆီးနမူနာယူပြီး ရောဂါပိုးရှိမရှိ၊ ဆီးထဲသွေးပါခြင်းရှိမရှိ၊ ပရိုတိန်း၊ သကြား စတဲ့အခြား ပုံမှန်မဟုတ်တာတွေ တွေ့ရှိရခြင်း ရှိမရှိ စစ်ဆေးပါလိမ့်မယ်။ လိုအပ်ရင် ဆီးအိမ်ကို အာထရာဆောင်းရိုက်ခင်း၊ မှန်ပြောင်းကြည့်ခြင်း စတာတွေပါ ပြုလုပ်ပါလိမ့်မယ်။
ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။
ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။
ရာသီစက်ဝန်း ရက်အရေအတွက်
(days) ရက်
ရာသီရက်စုစုပေါင်း
(days) ရက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
https://www.healthline.com/health/overactive-bladder/frequent-urination-women Accessed Date 5 May 2020