အမျိုးသမီးအများစုဟာ ဓမ္မတာကို စောလာအောင် သဘာဝနည်းလမ်းတွေ ဆေးဝါးတွေ သုံးစွဲတတ်ကြပါတယ်။ နည်းလမ်းတချို့ဟာ သိပ္ပံနည်းကျ အထောက်အထား ခိုင်မာမှု မရှိပေမယ့် လက်တွေ့အလုပ်ဖြစ်တာကို တွေ့ရပါတယ်။ အဆိုပါနည်းလမ်းတွေမှာ ဆိုးကျိုးအနည်းငယ်ရှိတာလည်း တွေ့ရပါတယ်။
အောက်ပါသဘာဝနည်းလမ်းအချို့ကတော့ ဓမ္မတာစောလာစေတယ်လို့ လူအများက ယုံကြည်ကြပါတယ်။
နာနတ်သီး
နာနတ်သီးမှာ ဘရိုမီလိန်းလို့ခေါ်တဲ့ အင်ဇိုင်းတမျိုးကြွယ်ဝပါတယ်။ အဆိုပါအင်ဇိုင်းဟာ အီစထရိုဂျင်နဲ့ တခြားဟော်မုန်းတွေအပေါ် သက်ရောက်မှုဖြစ်စေပါတယ်။ သုတေသနအချို့အရ ဘရိုမီလိန်းဟာ ရောင်ရမ်းခြင်းကို သက်သာစေပြီး ဓမ္မတာမမှန်ခြင်းကို လျော့နည်းစေတယ်လို့ သိရပါတယ်။ ဒါပေမယ့် သိပ္ပံနည်းကျအထောက်အထားတွေ လိုအပ်ပါသေးတယ်။
ဗီတာမင်စီ
ဗီတာမင်စီ များများစားခြင်းဟာ ဓမ္မတာစောလာစေတယ်လို့ ယုံကြည်ကြပါတယ်။ ဗီတာမင်စီဟာ အီစထရိုဂျင်နဲ့ ပရိုဂျက်စထရုန်းဟော်မုန်းများနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ အဆိုပါဟော်မုန်းများဟာလည်း ဓမ္မတာစက်ဝိုင်းအတွက် အရေးကြီးတဲ့ ဟော်မုန်းတွေ ဖြစ်ပါတယ်။ ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေကတော့ အစိမ်းရောင်ရှိသော သစ်သီးသစ်ရွက်များ (ဟင်းနုနွယ်၊ ကိုက်လန် စသည်တို့)၊ အချဉ်ဓာတ်ရှိသော အသီးများ (လိမ္မော်သီး၊ ဂရိတ်ဖရု)၊ ပန်းပွင့်စိမ်း၊ ပန်းဂေါ်ဖီစသော ဟင်းသီးဟင်းရွက်များ စတာတွေပဲ ဖြစ်ပါတယ်။
ဆေးဖက်ဝင်အပင်များ
Emmenagogues ဟာ ဓမ္မတာလာစေတဲ့ ဆေးဘက်ဝင်အပင်မျိုးဖြစ်ပါတယ်။ ချာမိုမိုင်းပန်းပွင့်၊ တရုတ်နံနံ၊ သစ်ကြမ်းပိုး၊ ရို့စ်မေရီ၊ ကလျာဏီ၊ အော်ရီဂါနို စတဲ့ ဆေးဖက်ဝင်အပင်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကိုလည်း အသုံးပြုကြပါသေးတယ်။
…….
နည်းလမ်းအများစုကတော့ ဘေးကင်းစိတ်ချရပါတယ်။ ဒါပေမယ့် ဆေးဘက်ဝင်အပင်နဲ့ ဓာတ်စာတွေကို သုံးစွဲမယ်ဆိုရင်တော့ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ ထောက်ခံမှုကို ရထားတဲ့ တရားဝင် ဆေးဝါးပစ္စည်းတွေ ဖြစ်ဖို့ လိုအပ်ပါတယ်။ များသောအားဖြင့် ဓာတ်စာဆေးဝါးတွေဟာ တရားမဝင် ရောက်ရှိလာကြတာမို့ ပါဝင်ပစ္စည်းများ၊ ဓာတ်ပြုမှုများနဲ့ ပတ်သက်ပြီး သတိပြုဖို့ လိုအပ်ပါတယ်။
ဟော်မုန်းတားဆေးတွေဟာ အများစုအတွက်တော့ အဆင်ပြေပါတယ်။ ဘေးထွက်ဆိုးကျိုးဟာ ရှားပါးပေမယ့် အမျိုးသမီးအချို့မှာ သွေးခဲခြင်း၊ လေဖြတ်ခြင်း၊ နှလုံးထိခိုက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
အကောင်းဆုံးကတော့ ဆရာဝန် (သို့မဟုတ်) တတ်ကျွမ်းနားလည်သူများကို တိုင်ပင်ဖို့ပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။