ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ခန္ဓာကိုယ်က အာဟာရတွေကို စုပ်ယူပြီးတဲ့နောက်မှာ မလိုတဲ့ အညစ်အကြေးတွေကို သွေးနဲ့ အူမကြီးကို ပို့ထားခဲ့ပါတယ်။ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ် အပြင်ကို စွန့်ထုတ်တာက ဆီးနဲ့ ကျောက်ကပ်ရဲ့ အရေးကြီးတဲ့ အလုပ်တစ်ခုပါ။ ဆီးနဲ့ ကျောက်ကပ်ကျန်းမာနေဖို့ဆိုရင် သူ့မှာပါတဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးလွှတ်ပြွန်၊ ဆီးအိမ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်သလား

ငယ်ငယ်တုန်းက ရေချိုးနေတုန်း ဆီးမသွားရဘူး။ ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်တယ်ဆိုပြီး လူကြီးတွေ ပြောတာ ကြားဖူးမှာပါ။ ဆီးကျောက်က ရေချိုးနေရင်း ဆီးသွားလို့ ဖြစ်တာလား။ ရေချိုးနေတုန်း ဆီးမသွားသင့်ဘူးလား။ ဆီးကျောက်တွေက ဘယ်ကဖြစ်လာတာလဲ ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည်တတ်သလားဆိုတာကို မပြောခင် ဆီးကျောက်ဘာကြောင့် တည်တာလဲဆိုတာကို အရင်သိထားဖို့ လိုပါတယ်။ ဒါမှ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားလို့ ရမှာပါ။ ကျောက်ကပ်အပါအဝင် ဆီးလမ်းကြောင်းရဲ့ ဘယ်နေရာမှာမဆို ဆီးကျောက်တည်တတ်ပါတယ်။ ကျောက်ကပ်မှာ တည်မလား၊ ဆီးပြွန်မှာ တည်မလား၊ ဆီးအိမ်မှာ တည်မလား နေရာစုံမှာ တည်နိုင်ပါတယ်။ ဆီးကျောက်တည်ရတာက ဆီးထဲမှာ အနည်ကျပြီး ‌ကျောက်ဖြစ်နိုင်တဲ့ ကယ်ဆီယမ်၊ အောက်ဆဲလိတ်နဲ့ ယူရစ်အက်စစ်တွေ လိုတာထက်ပိုပါလာလို့ပါ။ တစ်ချိန်တည်းမှာပဲ သင့်ဆီးထဲမှာ ဒီကျောက်တွေ အနည်မကျအောင် ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းတွေ မရှိဘူးဆိုရင် ခဲပြီး […]

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကို ရှာဖွေမည်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း

မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်တာ အတွက် စစ်ဆေးနည်းအချို့

ဆီးလမ်းကြောင်း ပိုးဝင်တာ က ကျား၊ မ မရွေး ဖြစ်ပွားတတ်ပြီး အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်။ ရောဂါလက္ခဏာတွေကို စောစောသိပြီး ကုသမှုခံယူမယ်ဆိုရင် ပျောက်ကင်းဖို့ လွယ်ကူတဲ့ရောဂါတွေထဲမှာ ပါဝင်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တယ်ဆိုတာ လူအများစုမှာ အလွန်အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အမျိုးသမီးတွေက အမျိုးသားတွေထက် ဆီးလမ်းကြောင်းပိုပြီး တိုတဲ့အတွက် ရောဂါပိုးဝင်နိုင်ခြေ ပိုများပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တာက ဘက်တီးရီးယားတွေက ကျောက်ကပ်တွေ၊ ဆီးစွန့်ပြွန်၊ ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းတွေဆီကို ဝင်ရောက်သွားတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီ ဆီလမ်းကြောင်း ပိုးဝင်တာက ကလေးတွေကစလို့ လူကြီးတွေအထိ အားလုံးမှာ ခံစားရနိုင်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ သေချာလေး ကုသမှု ခံယူဖို့ လိုပါမယ်။ ဒီလိုမှ ကုသမှု မခံယူဘူးဆိုရင် ဆီးလမ်းကြောင်း ပိုးဝင်တာကို ခဏခဏ ခံစားရနိုင်ပါတယ်။ မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်တယ် ဆိုတာ ဆီးလမ်းကြောင်း […]


ဆီးကျိတ်ကျန်းမာရေး

အမျိုးသားများ ဆီးကျိတ် ကျန်းမာရေး ကောင်းစေဖို့

အမျိုးသားတွေဟာ အသက်ကြီးလာတာနဲ့အမျှ ဆီးကျိတ် နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်နိုင်ခြေများလာလေ့ရှိပါတယ်။ ဆီးကျိတ်ရောင်တာက စလို့ ဆီးကျိတ်ကင်ဆာအထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဆီးကျိတ်ရောဂါလက္ခဏာတွေကို သိရှိဖို့နဲ့ ဆီးကျိတ် ကျန်းမာရေး ကောင်းစေဖို့ နေထိုင်စားသောက်နည်းတွေကို သိထားသင့်ပါတယ်။ အဖြစ်များတဲ့ ဆီးကျိတ်ရောဂါများ ဆီးကျိတ်ရောင်ရမ်းခြင်း ဆီးကျိတ်ရောင်ရမ်းတာက ဘယ်အရွယ်မှာမဆို ဖြစ်နိုင်ပေမယ့် ငယ်ရွယ်တဲ့အမျိုးသားတွေ (၃၀-၅၀ကြား)တွေမှာ ပိုဖြစ်တတ်ပါတယ်။ ဆီးကျိတ်ရောင်ခြင်းမှာ -ဘက်တီးရီးယားကြောင့် ရောင်ရမ်းခြင်းနဲ့ -ဘက်တီးရီးယားကြောင့် မဟုတ်ဘဲ တခြားအကြောင်းအရင်းကြောင့် ရောင်ရမ်းခြင်း ဆိုပြီး ၂မျိုးရှိပါတယ်။ လက္ခဏာအနေနဲ့ -ခဏခဏ ဆီးသွားချင်တာ -ဆီးကျန်တာ -ချမ်းတုန်ဖျားတာ -ဆီးပူဆီးကျဉ်တာတွေ ဖြစ်တတ်ပါတယ်။ ဆီးကျိတ်ကြီးခြင်း ကင်ဆာမဟုတ်တဲ့ ရိုးရိုးဆီးကျိတ်ကြီးခြင်းက အသက်ကြီးလေ ဖြစ်နိုင်ခြေ များလေလေပါ။ အသက် ၅၀ဝန်းကျင်ဆို အမျိုးသား၂ယောက်မှာ ၁ယောက် ဖြစ်နိုင်ခြေရှိပါတယ်။ အသက် ၆၀ကျော်လာရင်တော့ ဖြစ်နိုင်ခြေက ၇၅% ထိတက်လာပါတယ်။ လက္ခဏာအနေနဲ့ -ဆီးသွားရခက်တာ -ဆီးညှစ်ပေါက်ရတာ -ဆီးလုံးသေးတာ -ဆီးမထိန်းနိုင်တာ -ခဏခဏ ဆီးသွားချင်တာ -ဆီးကျန်ပြီး တစ်စက်စက်နဲ့ ကျနေတာတွေ ဖြစ်နိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာ အမျိုးသားတွေ အဖြစ်အများဆုံးကင်ဆာတွေထဲမှာ ဒုတိယနေရာမှာ […]


ဆီးအိမ်ရောဂါများ

ဆီးအိမ် မှာ အဖြစ်များတဲ့ ရောဂါတွေက ဘာတွေလဲ။

ဆီးအိမ် ဆိုတာ ကျုံ့နိုင်ဆန့်နိုင်တဲ့ အိတ်လိုပါပဲ။ ဆီးတွေကို စုစည်းပြီး တင်းတာတဲ့အခါ အပြင်ကို စွန့်ထုတ်လိုက်ပါတယ်။ ဒီဆီးအိမ်လေးမှာ ရောဂါများစွာ များနိုင်တာကြောင့် အထူးဂရုစိုက်ဖို့ လိုပါတယ်။ ဆီးအိမ်မှာ အဖြစ်များတဲ့ ရောဂါတွေနဲ့ သူတို့ရဲ့ လက္ခဏာတွေကို တစ်ချက်လေ့လာကြည့်ရအောင်လား။ ဆီးအိမ် မှာ အဖြစ်များတဲ့ ရောဂါများ ဆီးအိမ် ရောင်ခြင်း ဆီးအိမ်ရောင်ရခြင်းရဲ့ အဓိက အကြောင်းတွေကတော့ ဆီးပိုးဝင်တာ၊ ဆီးပိုက်ကို မလဲဘဲ အကြာကြီး တပ်ထားတာ၊ ဓာတ်ရောင်ခြည်သင့်တာ၊ ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုး၊ မိန်းမကိုယ်ကို ထိခိုက်စေတဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကို အလွန်အကျွံ သုံးစွဲတာ စတာတွေပဲ ဖြစ်ပါတယ်။ လက္ခဏာတွေကတော့ ဆီးခဏခဏ သွားချင်တာ၊ ဆီးသွားမဝတာ၊ ဆီးနောက်တာ၊ ဆီးထဲသွေးပါတာ၊ ဆီးအနံ့ပြင်းတာ၊ ဆီးစပ်ကိုက်တာ စတာတွေ  ခံစားရနိုင်ပါတယ်။ ဆီးမထိန်းနိုင်ခြင်း ဆီးမထိန်းနိုင်တဲ့ပြဿနာက အသက်အရွယ်ကြီးတဲ့သူတွေမှာ အဖြစ်များပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ် မှာ အဖြစ်များတဲ့ ရောဂါများ

ကျောက်ကပ် ဆိုတာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အင်္ဂါရပ်ပါ။ လူအများသိထားကြတဲ့ ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ပေးတာအပြင်  သွေးနီဥထုတ်လုပ်တာ၊ ဗီတာမင်ဒီထုတ်လုပ်တာ၊ သွေးဖိအားကို ထိန်းချုပ်တဲ့ ဟော်မုန်းတွေ ထုတ်တာကိုလည်း လုပ်ပေးပါတယ်။ ဒါကြောင့် ကျောက်ကပ်လေး ရောဂါကင်းပြီး ကျန်းမာနေဖို့ အရေးကြီးပါတယ်။ ကျောက်ကပ်ပျက်စီးသွားရင် အညစ်အကြေးတွေ မစွန့်နိုင်ရုံသာမကဘဲ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ အများကြီး ဖြစ်လာနိုင်လို့ပါ။ ကျောက်ကပ် မှာ အဖြစ်များတဲ့ ရောဂါများ နာတာရှည်ကျောက်ကပ်ရောဂါ နာတာရှည်ကျောက်ကပ်ရောဂါက ကျောက်ကပ်ရောဂါတွေထဲမှာ အဖြစ်အများဆုံးပါ။ သွေးတိုးတာကြောင့် ဖြစ်တာ များပါတယ်။ သွေးတိုးတဲ့အခါ ကျောက်ကပ်ထဲက သွေးကြောလေးတွေပါ ဖိအားများပြီး ပျက်စီးလာပါတယ်။ ဒါကြောင့် ကျောက်ကပ်က ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒီလိုမျိုး ပြန်မကောင်းနိုင်လောက်အောင် ပျက်စီးသွားပြီဆိုရင် ကျောက်ကပ်ဆေးရပါတယ်။ ဒါပေမယ့် ကျောက်ကပ်ဆေးတာက ကျောက်ကပ်ရဲ့ အလုပ်ကို ကူလုပ်ပေးနေတာပဲဖြစ်ပြီး ပျက်စီးနေတဲ့ ကျောက်ကပ်ကို […]


ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှားတွေဟာ အကြောင်း အမျိုးမျိုးနဲ့ ဆီးလမ်းကြောင်း ကနေတဆင့် ဝင်ရောက်သွားတတ်ပါတယ်။ ဒီလိုကနေ အစပြုပြီး ဆီးလမ်းကြောင်း ပိုးဝင်တာကို ခံစားရပါတယ်။ ဆီးလမ်းကြောင်း ကနေတဆင့် ဘက်တီးရီးယား နဲ့ မှိုပိုးတွေ ဝင်ရောက် ကူးစက်တာက များပါတယ်။ ဗိုင်းရပ်စ် ဝင်ရောက် ကူးစက်မှုက ဖြစ်ခဲပါတယ်။ လေ့လာမှုတွေအရကတော့ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းဟာ အမျိုးသားတွေရဲ့ ဆီးလမ်းကြောင်းထက် ပိုတိုတာကြောင့် ဆီးလမ်းကြောင်းပိုးဝင် ကူးစက်ခံရနိုင်ခြေက ၄ ဆ ပိုများနေပါတယ်။ ဗိုင်းရပ်စ်က ဆီးလမ်းကြောင်းထဲ ဝင်ရောက် ကူးစက်သွားတဲ့အခါ ကျောက်ကပ်ထိ ဝင်ရောက် ကူးစက်နိုင်ပါတယ်။ ဒီဗိုင်းရပ်စ်တွေက ဆီးကနေတဆင့် ဆီးပို့ပြွန်ဆီရောက်ပြီး ကိုယ်တွင်းအင်္ဂါတွေကို ပျက်စီးစေတာ၊ လုပ်ဆောင်မှုတွေကို နှေးစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်နေတာလား... ဆီးလမ်းကြောင်း ပိုးဝင်တာက တစ်ခါတလေမှာ လက္ခဏာ မပြတာမျိုး […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပါ။

ကျောက်ကပ်မှာ ကျောက်တည်တယ်ဆိုတာက ကျောက်ကပ်ထဲမှာ သတ္တုဓာတ်တွေ၊ ဆားတွေ စုပုံပြီး အစိုင်အခဲ ဖြစ်လာတာပါ။ ဒီအစိုင်အခဲလေးတွေကို ဆီးကနေတဆင့် ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်တဲ့အခါ နာကျင်မှုကို ခံစားရပါတယ်။ များသောအားဖြင့်ကတော့ ဆီးထဲမှာပါတဲ့ အရည်ဓာတ်က စွန့်ထုတ်လိုက်တဲ့အရာတွေကို တစ်ခုနဲ့တစ်ခု ပေါင်းပြီး အစိုင်အခဲ ဖြစ်မသွားစေဖို့ ကာကွယ်ပေးပါတယ်။ ကျောက်တည်တာက ဆီးလမ်းကျောက်တည်တယ်လို့ ပြောကြပေမယ့် များသောအားဖြင့်ကတော့ ကျောက်ကပ်မှာ ကျောက်တည်တာပါ။ ဆီးလမ်းကြောင်း တလျှောက်မှာလည်း ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်မှာ ကျောက်မတည်အောင် ဘယ်လို ကာကွယ်ရမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ကြည့်လိုက်ပါ။ ကျောက်ကပ်မှာ ကျောက်မတည်အောင် ဘယ်လိုကာကွယ်ကြမလဲ။ ကျောက်ကပ်မှာ ကျောက်တည်ရခြင်းက များသောအားဖြင့် ရေသောက်နည်းတာကနေ စတာပါ။ ဒါ​ကြောင့် ကျောက်ကပ် ကျောက်မတည်စေဖို့ဆိုရင် ရေများများ သောက်ပါ။ ဆီးထဲမှာ ရေဓာတ် များများပါတာက ဆီးထဲက သတ္တုဓာတ်တွေနဲ့ […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်း အကြောင်း တစေ့တစောင်း

ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးက လူတစ်ယောက် ကျန်းမာဖို့အတွက် အတော်လေး အရေးပါပါတယ်။ ဆီးလမ်းကြောင်းက ကိုယ်တွင်းက ဆီးတွေကို ဖယ်ရှားပေးတဲ့ ရေဆိုးနုတ်စနစ်ပါ။ ဆီးဆိုတာက ကိုယ်တွင်းက ပိုလျှံနေတဲ့ အရည်တွေနဲ့ အညစ်အကြေးတွေပါပဲ။ ဒီလို ပိုလျှံနေတဲ့အရာတွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးတဲ့ တာဝန်ကို ဆီးလမ်းကြောင်း စနစ်က လုပ်ဆောင်ပေးပါတယ်။ ကိုယ်တွင်းမှာ မလိုအပ်တဲ့ အရည်တွေနဲ့ အဆိပ်အတောက်တွေ၊ အညစ်အကြေးတွေကို စွန့်ထုတ်ပေးတာပါ။ ဆီးလမ်းကြောင်း စနစ်မှာ ဘာတွေပါလဲ............. ဆီးလမ်းကြောင်းစနစ်က အမျိုးသားရော အမျိုးသမီးမှာပါ ရှိပါတယ်။ အမျိုးသားတွေအတွက်တော့ မျိုးပွားအင်္ဂါ ဆိုလည်း မမှားပါဘူး။ ဒီ ဆီးလမ်းကြောင်းစနစ်မှာ ကျောက်ကပ်၊ ဆီးပို့ပြွန် ဆီးစွန့်ပြွန်နဲ့ ဆီးအိမ် ဆီးကျိတ် အမျိုးသား မျိုးပွား အင်္ဂါ ကပ်ပယ်အိတ် ဝှေးစေ့တို့ ပါဝင်ပါတယ်။ ဆီးပုံမှန် သွားနိုင်စေဖို့ဆိုရင် ဒီအစိတ်အပိုင်းလေးတွေက […]


ကျောက်ကပ်ရောဂါများ

အသက်ရှင်သန်ဖို့ ကျောက်ကပ် တစ်လုံးတည်းက လုံလောက်ရဲ့လား

အသက်ရှင်သန်ဖို့ ကျောက်ကပ် တစ်လုံးတည်းက လုံလောက်ရဲ့လား ... ကျောက်ကပ် ဟာ ခန္ဓာကိုယ်တွင်းက အရည် ၂၀၀ လီတာလောက်မှာ ပါဝင်တဲ့ အညစ်အကြေးတွေကို နေ့စဉ်စစ်ထုတ်ပေးနေတဲ့ ကိုယ်တွင်း အင်္ဂါတစ်ခုဖြစ်ပါတယ်။ ပြီးတော့ ကျောက်ကပ်ဟာ သွေးဖိအားကို ထိန်းညှိပေးတဲ့ ဟော်မုန်းတွေကို ထုတ်ပေးနိုင်သလို သွေးနီဥဆဲလ်ဖြစ်စေတဲ့ ဟော်မုန်းနဲ့ ဗီတာမင် ဒီ ကိုလည်း ထုတ်ပေးနိုင်ပါသေးတယ်။ ဒါကြောင့် ကျောက်ကပ် မကောင်းဘူးဆိုတာနဲ့ ချက်ချင်းကို ရောဂါတွေ စုံလာတော့တာပဲပေါ့။ အသက်ရှင်သန်ဖို့ ကျောက်ကပ် တစ်လုံးတည်းက လုံလောက်ရဲ့လား ဒီလိုမျိုး လုပ်ငန်းဆောင်တာ အစုံကို လုပ်ပေးနေတဲ့ ကျောက်ကပ် နှစ်လုံးထဲက တစ်လုံးကို ထုတ်ပြီး လှူလိုက်မယ်ဆိုရင် ဘာတွေဖြစ်လာနိုင်သလဲ။ ကျောက်ကပ် တစ်လုံးတည်းနဲ့ အသက်ရှင်လို့ အဆင်ပြေပါရဲ့လား။ ပုံမှန်အားဖြင့်တော့ အလုပ်ပုံမှန်လုပ်တဲ့ ကျောက်ကပ် တစ်လုံးတည်းက ပြဿနာမရှိဘဲ […]


ဆီးအိမ်ရောဂါများ

မကြာခဏဆီးသွား နေတတ်သူများအတွက်

လူကြားထဲဖြစ်စေ၊ ရုံးမှာဖြစ်စေ မကြာခဏ အိမ်သာပြေးရသူတွေ တွေ့ဖူးကြပါလိမ့်မယ်။ သူများထက်ပိုပြီး မကြာခဏဆီးသွား လေ့ရှိသူတွေအနေနဲ့ တစ်ခါတစ်ရံမှာ အရှက်ရစရာနဲ့ ကြုံရလေ့ရှိသလို လူမှုဆက်ဆံရေးနဲ့ လုပ်ငန်းခွင်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ယခုဆောင်းပါးလေးမှာတော့ ဒီလို မကြာခဏဆီးသွား နေတတ်သူများအတွက် ရှောင်ရန်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ မကြာခဏဆီးသွား နေတတ်သူများအတွက် မကြာခဏဆီးသွား နေတတ်သူများအတွက် နည်းလမ်းကောင်းများ ကတော့ (၁) ကော်ဖီ၊ လက်ဖက်ရည်နဲ့ ဆေးလိပ်တို့ကို ဝေးဝေးရှောင်ပါ။ ကော်ဖီနဲ့ ဆိုဒါ များများ သောက်သူများ၊ ဆေးလိပ် အသောက်များသူများ၊ ရေနွေးကြမ်းကို နှစ်ခြိုက်စွာသောက်သုံးလေ့ရှိသူများဟာ အခြားသူတွေထက်စာရင် ဆီးရွှင်လေ့ ရှိပါတယ်။ အရည်တွေကြောင့် ဆီးသွားချင်တဲ့အပြင် ကဖိန်းဓာတ်နဲ့ နီကိုတင်းဓာတ်တို့ ကလည်း ဆီးသွားချင်စိတ်ကို လှုံ့ဆော်ပေးပါတယ်။ (၂) တက်ကြွစွာနေထိုင်ပါ။ အဝလွန်ခြင်းနဲ့  ဇိမ်အပြည့်နဲ့ အထိုင်များတဲ့ပုံစံတွေကက ဆီးကို ပိုရွှင်စေတယ် ဆိုတာ သိပါသလား။ ကိုယ်ခန္ဓာမှာရှိတဲ့ အဆီပိုတွေက ဆီးအိမ်ကြွက်သားကို ဖိမိစေပြီး […]


ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ကိုဗစ်ကာလမှာ ဆီးလမ်းကြောင်းပိုးဝင်ခဲ့ရင်...

ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ လူအများစုမှာ အလွန်အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အမျိုးသမီးတွေသည် အမျိုးသားတွေထက် ဆီးလမ်းကြောင်းပိုပြီး တိုတဲ့အတွက် ရောဂါပိုးဝင်နိုင်ခြေ ပိုများပါတယ်။ ခုလိုမျိုး ကိုဗစ်ကြောင့် ကိုယ့်အိမ်မှာပဲ အနားယူနေရတဲ့အချိန်မှာ ဆီးလမ်းကြောင်း ပိုးဝင်တဲ့ လက္ခဏာမျိုးတွေ အတွေ့များလာတာကို တွေ့ရတယ်ဗျ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုရင် ၁။ အဓိက အကြောင်းရင်းအနေနဲ့ ရေသောက်ဖို့ မေ့နေခြင်း၊ တစ်နေ့ကို ရေ ၂လီတာထက် နည်းပြီး သောက်သုံးခြင်း ၂။ ဆီးလမ်းကြောင်းပိုးဝင်နေတဲ့ ဇနီးသည်နဲ့ အကာအကွယ်မသုံးဘဲ အတူနေမိခြင်း ၃။ ဆီးသွားချင်ပါလျက်နဲ့ မသွားဘဲ အောင့်ထားခြင်း ၄။ အထိုင်များခြင်း ၅။ အာဟာရမဖြစ်တဲ့ အစားအစာများ စားသုံးမိခြင်း စတဲ့အကြောင်းရင်းတွေကြောင့် ပိုအဖြစ်များပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ အတွေ့များတဲ့ လက္ခဏာတွေ ၁။ ဆီးသွားတဲ့အခါ ဆီးလမ်းကြောင်းတစ်လျှောက် ပူစပ်ပူလောင်ဖြစ်ခြင်း ၂။ မကြာခဏ ဆီးသွားချင်စိတ် ဖြစ်နေခြင်း ၃။ ဆီးအရောင်က အဖြူနောက်နောက် သို့မဟုတ် အညိုရောင်၊ လိမ္မော်ရောင်သမ်းနေခြင်း ၄။ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း