မကြာခဏဆီးသွား နေတတ်သူများအတွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read
Share now

လူကြားထဲဖြစ်စေ၊ ရုံးမှာဖြစ်စေ မကြာခဏ အိမ်သာပြေးရသူတွေ တွေ့ဖူးကြပါလိမ့်မယ်။ သူများထက်ပိုပြီး မကြာခဏဆီးသွား လေ့ရှိသူတွေအနေနဲ့ တစ်ခါတစ်ရံမှာ အရှက်ရစရာနဲ့ ကြုံရလေ့ရှိသလို လူမှုဆက်ဆံရေးနဲ့ လုပ်ငန်းခွင်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ယခုဆောင်းပါးလေးမှာတော့ ဒီလိုဆီးရွှင်လေ့ရှိသူတွေအတွက် ရှောင်ရန်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကော်ဖီ၊ လက်ဖက်ရည်နဲ့ ဆေးလိပ်တို့ကို ဝေးဝေးရှောင်ပါ။

ကော်ဖီနဲ့ ဆိုဒါများများသောက်သူများ၊ ဆေးလိပ် အသောက်များသူများ၊ ရေနွေးကြမ်းကို နှစ်ခြိုက်စွာသောက်သုံးလေ့ရှိသူများဟာ အခြားသူတွေထက်စာရင် ဆီးရွှင်လေ့ရှိပါတယ်။ အရည်တွေကြောင့် ဆီးသွားချင်တဲ့အပြင် ကဖိန်းဓာတ်နဲ့ နီကိုတင်းဓာတ်တို့ကလည်း ဆီးသွားချင်စိတ်ကို လှုံ့ဆော်ပေးပါတယ်။

(၂) တက်ကြွစွာနေထိုင်ပါ။

အဝလွန်ခြင်းနဲ့ လှုပ်ရှားမှုကင်းစွာ ဇိမ်အပြည့်နဲ့ နေထိုင်သောပုံစံတို့ဟာ ဆီးကို ပိုရွှင်စေတယ်ဆိုတာ သိပါသလား။ ကိုယ်ခန္ဓာပေါ်ရှိ အဆီပိုတွေက ဆီးအိမ်ကြွက်သားကို ဖိမိစေပြီး အားနည်းစေပါတယ်။ ထိုကနေတဆင့် ဆီးယိုစေပြီး ဆီးသွားချင်စိတ်ကို ဖြစ်စေတာပါ။ ဒီလိုလူမျိူးတွေအနေနှင့် ခြေထောက်ကြွက်သားတွေကို ကြံ့ခိုင်စေမယ့် လေ့ကျင့်ခန်းမျိူး ပြုလုပ်သင့်ပါတယ်။

(၃) စိတ်ဖိစီးမှုတွေကို အဝေးသို့ ကန်ထုတ်ပါ။

စိတ်ဖိစီးမှုနဲ့ ဆီးမကြာခဏသွားခြင်းဟာ ခွဲခြားမရပါဘူး။ ဆီးရွှင်သူများအနေနဲ့ လူကြားသူကြားထဲ ဆီးထသွားရမှာ စိုးရိမ်ပူပန်တတ်ကြသလို ဒီစိုးရိမ်ပူပန်မှုကပဲ ဆီးသွားချင်စိတ်ကို ပိုမိုလှုံ့ဆော်ပေးပါတယ်။

(၄) ဆီးကြိုသွားပါ။

တစ်နေ့ကို အချိန်နည်းနည်းစီပေးပြီး ဆီးသွားလိုစိတ်မဖြစ်မီ ကြိုတင်သွားထားပါ။ ဒီလိုအကျင့်လုပ်ပေးခြင်းဖြင့် ဆီးအိမ်ရဲ့ စွမ်းရည်ကို တိုးစေပြီး ဆီးမကြာခဏသွားလိုစိတ်ကို သက်သာစေနိုင်ပါတယ်။

(၅) အိပ်ရာဝင်ခါနီး အရည်များသောက်ခြင်းကို ရှောင်ပါ။

ညနက်သန်းခေါင် ဆီးထသွားရခြင်းဘေးမှ ကင်းဝေးစေဖို့ရာ အိပ်ခါနီးမှာ ကော်ဖီနဲ့ ရေများများသောက်ခြင်းကို ရှောင်ပါ။ ညနေ၆နာရီနောက်ပိုင်းမှာ အရည်များများမသောက်မိအောင် ကြိုးစားပါ။ မအိပ်ခင် ဆီးသွားခြင်းဟာလည်း ကောင်းသောအလေ့အထတစ်ခုပါပဲ။

(၆) Kegel လေ့ကျင့်ခန်းပြုလုပ်ပါ။

Kegelလေ့ကျင့်ခန်းတွေဟာ တင်ပါးဆုံကြွက်သားတွေကို ကြံ့ခိုင်စေပါတယ်။ ထို့ပြင် ဆီးအိမ်ကြွက်သားတွေကိုပါ ကြံ့ခိုင်စေလို့ ဆီးမထိန်းနိုင်သောသူများ ပြုလုပ်သင့်တဲ့လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။

Kegalလေ့ကျင့်ခန်းကို ပြုလုပ်ဖို့အတွက် ကြမ်းပြင်ပေါ်လှဲပါ။ မိန်းမကိုယ်နဲ့ တင်ပါးဆုံကြမ်းပြင်ရှိ ကြွက်သားများကို ညှစ်ထားသောအနေအထားဖြင့် ၅စက္ကန့်ကနေ ၁၀စက္ကန့်နေပါ။ ထို့နောက် ညှစ်ထားတာကို ဖြေလျှော့ပါ။ တစ်နေ့ကို အနည်းဆုံးဆယ်ကြိမ်ပြုလုပ်ပါ။ နေ့စဉ်ပြုလုပ်ခြင်းဖြင့် တင်ပါးဆုံကြမ်းခင်းကြွက်သားတွေ သန်မာလာစေပြီး ဆီးမကြာခဏသွားလိုခြင်းကို ထိန်းချူပ်လာနိုင်ပါလိမ့်မယ်။

ရေးသားသူ -Dr. Rose

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

စိတ်ဖိစီးမှုက ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲကို ဖြစ်စေပါတယ်။ ရာသီထိမ် တာတင်မက တခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်လာစေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေက ကြောက်ဖို့ ကောင်းတာ မှန်ပေမယ့် လက်ခံတဲ့သူပေါ် မူတည်ပါတယ်။ လက်ခံတဲ့သူက ပါးနပ်ရင် ပါးနပ်သလောက် Psywarတွေကို ကျော်ဖြတ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိတ်ဖိစီးမှု တွေကြားမှာ ဘယ်လိုပျော်အောင် အိပ်ကြမလဲ။

စိတ်ဖိစီးမှု တွေကြောင့် အိပ်ဖို့ခက်တာက လူတိုင်း ကြုံရတဲ့ ကိစ္စပါ။ ဒါပေမယ့် အားတင်းပြီး အိပ်ပျော်အောင် အိပ်ဖို့၊ ကျန်းမာရေး ဂရုစိုက်ဖို့ အကြံပြုချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အရက်

အရက်ကို တစ်စက်မှ သောက်လို့မဖြစ်တဲ့ အခိုက်အတန့်များ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2021 . 2 mins read
လူကြီးတွေမှာ အစာစားချင်စိတ်ပျောက်

ဘိုးဘိုးဘွားဘွားတွေ အစာစားချင်စိတ်ပျောက်ဆုံး နေခဲ့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
how-this-empath-copes-with-shocking-events မျှဝေခံစားလိုစိတ်

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read