backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အသက်ရှင်သန်ဖို့ ကျောက်ကပ် တစ်လုံးတည်းက လုံလောက်ရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသက်ရှင်သန်ဖို့ ကျောက်ကပ် တစ်လုံးတည်းက လုံလောက်ရဲ့လား

အသက်ရှင်သန်ဖို့ ကျောက်ကပ် တစ်လုံးတည်းက လုံလောက်ရဲ့လား … ကျောက်ကပ် ဟာ ခန္ဓာကိုယ်တွင်းက အရည် ၂၀၀ လီတာလောက်မှာ ပါဝင်တဲ့ အညစ်အကြေးတွေကို နေ့စဉ်စစ်ထုတ်ပေးနေတဲ့ ကိုယ်တွင်း အင်္ဂါတစ်ခုဖြစ်ပါတယ်။ ပြီးတော့ ကျောက်ကပ်ဟာ သွေးဖိအားကို ထိန်းညှိပေးတဲ့ ဟော်မုန်းတွေကို ထုတ်ပေးနိုင်သလို သွေးနီဥဆဲလ်ဖြစ်စေတဲ့ ဟော်မုန်းနဲ့ ဗီတာမင် ဒီ ကိုလည်း ထုတ်ပေးနိုင်ပါသေးတယ်။ ဒါကြောင့် ကျောက်ကပ် မကောင်းဘူးဆိုတာနဲ့ ချက်ချင်းကို ရောဂါတွေ စုံလာတော့တာပဲပေါ့။

အသက်ရှင်သန်ဖို့ ကျောက်ကပ် တစ်လုံးတည်းက လုံလောက်ရဲ့လား

ဒီလိုမျိုး လုပ်ငန်းဆောင်တာ အစုံကို လုပ်ပေးနေတဲ့ ကျောက်ကပ် နှစ်လုံးထဲက တစ်လုံးကို ထုတ်ပြီး လှူလိုက်မယ်ဆိုရင် ဘာတွေဖြစ်လာနိုင်သလဲ။ ကျောက်ကပ် တစ်လုံးတည်းနဲ့ အသက်ရှင်လို့ အဆင်ပြေပါရဲ့လား။ ပုံမှန်အားဖြင့်တော့ အလုပ်ပုံမှန်လုပ်တဲ့ ကျောက်ကပ် တစ်လုံးတည်းက ပြဿနာမရှိဘဲ အဆင်ပြေပြေ ဆက်ပြီး ရှင်သန်စေနိုင်သလို ကျောက်ကပ်က ပိုအလုပ်လုပ်ရလို့ ပျက်စီးလွယ်တယ်ဆိုတာမျိုးလည်း မရှိပါဘူး။

ဒါပေမယ့် ကျောက်ကပ် လှူရာမှာ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေအကြောင်းတော့ သိထားဖို့ လိုပါတယ်။ တချို့သော လေ့လာမှုတွေအရတော့ ကျောက်ကပ်အလှူရှင်တွေက သွေးဖိအားမြင့်တဲ့ ဝေဒနာကို ခံစားရနိုင်ခြေ များတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျောက်ကပ် လှူတော့မယ်ဆိုရင် ဆရာဝန်တွေနဲ့ မဖြစ်မနေ အရင်တိုင်ပင်ပါ။

အပေါ်မှာ ပြောခဲ့သလို လူတစ်ယောက်ဟာ ကျောက်ကပ် တစ်လုံးတည်းနဲ့ ပုံမှန် ရပ်တည်ရှင်သန်နိုင်ပြီး ခွဲစိတ်မှု ပြီးတာနဲ့ ကျန်ခဲ့တဲ့ ပုံမှန် ကျောက်ကပ် တစ်လုံးဟာ ခွဲထုတ်လိုက်တဲ့ ကျောက်ကပ် တစ်လုံးစာ ပြန်ဖြည့်ပေးနိုင်တဲ့ အရွယ်အစားထိ ကြီးလာပြီး ပုံမှန် အလုပ်လုပ်သွားပါတယ်။

ဒီတော့ ခွဲစိတ်မှု ပြီးသွားလို့ သက်သာသွားပြီဆိုရင် ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးတာမျိုးက ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေမယ်ဆိုပေမယ့် ကျောက်ကပ်ကို ဒဏ်မဖြစ်စေဖို့တော့ သတိထားဖို့ လိုပါတယ်။

ဥပမာအားဖြင့် ဘောလုံးကစားတာ၊ လက်ဝှေ့ထိုးတာ၊ ဟော့ကီကစားတာ၊ သိုင်းကစားတာနဲ့ နပန်းသတ်တာ စတဲ့ ပြင်းထန်တဲ့ အားကစားတွေကို ရှောင်သင့်တယ်လို့ ဆိုပါတယ်။

ကျောက်ကပ်လှူပြီးပြီဆိုတာနဲ့ နှစ်ရှည် ကျန်းမာရေးစစ်ဆေးမှုတွေကို မဖြစ်မနေ လုပ်ရတော့မယ်ဆိုတာကိုလည်း မမေ့ထားပါနဲ့ဦး။ ဆီးစစ်တာ၊ သွေးဖိအားစစ်တာနဲ့ ကျောက်ကပ်ရဲ့ လုပ်ဆောင်မှု ပုံမှန်ဖြစ်မဖြစ် စစ်ဆေးတဲ့ သွေးစစ်ဆေးခြင်းတွေကို နှစ်စဉ်လုပ်ပေးဖို့ လိုအပ်ပါတယ်။

ပုံမှန်အားဖြင့်တော့ ကျန်းမာတဲ့ ကျောက်ကပ်တစ်လုံးတည်းနဲ့ ရှင်သန်သူတွေအတွက် အထူးတလည် လိုက်နာရမယ့် စားသောက်နေထိုင်မှု ပုံစံရယ်လို့တော့ မရှိပါဘူး။

ဒါပေမဲ့ ရှိထားတဲ့ ကျောက်ကပ်တစ်လုံးက လဲထားတဲ့ ကျောက်ကပ်ဖြစ်နေတာ၊ ကျောက်ကပ် ရောဂါအခံရှိတာ စသဖြင့် ဖြစ်နေမယ်ဆိုရင်တော့ ရှောင်ကြဉ်ရမှာတွေ ရှိပါတယ်။ ဒါကိုတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ မေးမြန်းဆွေးနွေး တိုင်ပင်နိုင်ပါတယ်။

ခြုံပြောရမယ်ဆိုရင်တော့ ကျောက်ကပ်လှူပြီး ကျန်ရှိတဲ့ ကျန်းမာတဲ့ ကျောက်ကပ်တစ်လုံးတည်းနဲ့သာ ရှင်သန်မယ့်သူတွေအတွက် အထူးတလည် စိုးရိမ်ပူပန်နေစရာ မလိုဘဲ ပုံမှန် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံအတိုင်း နေမယ်ဆိုရင် သက်တမ်းစေ့ ပြဿနာမရှိဘဲ နေနိုင်မှာ ကျိန်းသေပါပဲ။

Wathun Myet Chal

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement