banner

အသည်းရောဂါဖြစ်နိုင်ခြေ စစ်ဆေးခြင်း

Subot Icon

သင် အသည်းကင်ဆာ ဖြစ်နိုင်သလား ဆိုတာကို အွန်လိုင်းကနေ စစ်ဆေးလို့ ရပါတယ်

Subot Icon

လူကြီးတွေထိုးထားသင့်တဲ့ ကာကွယ်ဆေး တွေကို အွန်လိုင်းကနေ ရှာကြည့်မယ်

အမေးအဖြေကဏ္ဍ

အသည်းရောဂါများ

အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ

အသည်းရောင် အသားဝါရောဂါက အတော်လေး အဖြစ်များလာပါတယ်။ ကိုယ်တိုင်တောင် ရောဂါပိုး ရှိနေမှန်း မသိဘဲ အသည်းရောင်အသားဝါရောဂါပိုး ကူးစက်ခံထားရသူတွေ အများကြီးပါ။ ဒီတစ်ခေါက်တော့ အဖြစ်များလာတဲ့ အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ အကြောင်းကို ဒေါက်တာ သူရိန်လှိုင်ဝင်းက အခုလို ဖြေကြားပေးပါတယ်။ အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့မေးခွန်းများကတော့ Q1. အသည်းရောင် အသားဝါပိုး မရှိဘဲ အသည်းရောင်နိုင်သလား။ " အများအားဖြင့်တော့ အသည်းရောင်တာက အသည်းရောင် အသားဝါ ရောဂါပိုးတွေကြောင့် ဖြစ်တတ်ပေမယ့် အရက်သောက်တာ၊ ဆေးသုံးတာ၊ အဆိပ်သင့်တာနဲ့ ကိုယ်ခံအား ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ " Q2. အသည်းရောင် အသားဝါပိုးတွေက ဘယ်လိုကူးစက်တတ်သလဲ။ " အသည်းရောင် အသားဝါ ရောဂါပိုး အမျိုးမျိုးရှိတဲ့အထဲ အများဆုံး […]

အသည်းရောင်အသားဝါရောဂါနဲ့ ကလေးများ

မမွေးဖွားခင်ကာလ ကိုယ်ဝန်စောင့်ရှောက်ခြင်း

ကိုယ်ဝန်ဆောင်မေမေတွေနဲ့ အသည်းရောင် အသားဝါရောဂါ

သားသမီးတွေကို အကောင်းဆုံးတွေပဲဖြစ်စေချင်တာက မိဘတွေရဲ့ဆန္ဒပါ။ ကိုယ့်ကြောင့် တစ်ခုခုထိခိုက်သွားမှာကို အရမ်းစိုးရိမ်တတ်တာကလည်း မိဘမေတ္တာပေါ့။ ဒီတစ်ခေါက်တော့ မေမေတွေသိချင်နေတဲ့ ကိုယ့်မှာ အသည်းရောင် အသားဝါ ရောဂါပိုးရှိရင် သားသမီးလေးကို ကူးစက်စေနိုင်မလားဆိုတဲ့ ကိစ္စလေးကိုဆွေးနွေးချင်တာပါနော်။ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ အသည်းရောင် အသားဝါရောဂါ အကြောင်း အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ အသည်းရောင် အသားဝါရောဂါ အသည်းရောင် အသားဝါဆိုတာက အသည်းကို ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်တဲ့ ရောဂါတစ်မျိုးပါ။ ကိုယ်ဝန်ရှိနေမယ်ဆိုရင် မိခင်ကနေတဆင့်မွေးလာမယ့် ကလေးငယ်ကို ကူးစက်နိုင်ခြေတော့ ရှိပါတယ်။ အသည်းရာင်အသားဝါပိုးက တစ်ခါတလေမှာ ကူးစက်ခံထားရရင်တောင် ကူးစက်ခံထားရမှန်းမသိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါဆို အသည်းရောင်အသားဝါပိုးတွေက မွေးလာမယ့် ကလေးငယ်ကို ထိခိုက်စေနိုင်လား။ ကိုယ်ဝန်ကိုရော ထိခိုက်စေနိုင်လားဆိုတာ ဆက်ကြည့်လိုက်ရအောင်ပါနော်။ အသည်းရောင် အသားဝါ စီပိုး သွေးကနေတဆင့် ကူးစက်နိုင်တာပါ။ ဆေးထိုးအပ်မျှသုံးတာကြောင့် ကူးစက်နိုင်ပါတယ်နော်။ မိခင်ဝမ်းထဲမှာနေနေစဉ်၊ မွေးဖွားတဲ့အချိန်နဲ့ မွေးဖွားပြီးချိန်တွေမှာ ကူးစက်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ […]

ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေးတွေမှာ ဖြစ်တဲ့ အသည်းရောင် အသားဝါဘီပိုး

အသည်းတစ်ရှူးတွေမှာ အသည်းရောင် အသားဝါဘီပိုး ကူးစက်ပြီး အသည်းတစ်ခုလုံး ရောင်ရမ်းလာတာကို ကလေးတွေမှာ ဖြစ်တဲ့ အသည်းရောင် အသားဝါဘီရောဂါလို့ ခေါ်ပါတယ်။ တခြား ဖြစ်လေ့ရှိတဲ့ အသည်းရောင် အသားဝါရောဂါတွေက အေပိုး နဲ့ စီပိုးတို့ကြောင့် ဖြစ်ပါတယ်။ ကလေးတွေမှာ အသည်းရောင် အသားဝါဘီရောဂါ ဘာလို့ဖြစ်တာလဲ။ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့သူရဲ့ သွေး ဒါမှမဟုတ် ခန္ဓာကိုယ်က ထွက်တဲ့ တခြားအရည်တွေကနေတဆင့် ကလေးတွေဆီကို ဘီပိုး ကူးစက်နိုင်ပါတယ်။ ကူးစက်လေ့ရှိတဲ့ပုံစံတွေက ဘီပိုးရှိတဲ့အမေဆီကနေ မွေးနေတဲ့အချိန်မှာကူးမယ်။ ဘီပိုးရှိတဲ့သူက ကိုက်လိုက်လို့ အရေပြားလည်း စုတ်ပြဲသွားရင် ကူးနိုင်တယ်။ ကိုယ့်အနာထဲကို (အနာကလည်း open wound လို့ခေါ်တဲ့ ဟောင်းလောင်းပွင့်နေတဲ့ အနာဆိုရင်) ဘီပိုးရှိသူရဲ့ ခန္ဓာကိုယ်က အရည် တစ်မျိုးမျိုးဝင်သွားရင်ကူးနိုင်တယ်။ သွားပွတ်တံလိုမျိုး တစ်ကိုယ်ရေသုံးပစ္စည်းတွေကို ဘီပိုးရှိသူနဲ့ မျှဝေသုံးရင် ကူးနိုင်တယ်။ ဘီပိုးရှိတဲ့သူ […]

ကလေးတို့အတွက်ကာကွယ်ဆေးများ

၂၀၂၀ခုနှစ်ပုံမှန် ကာကွယ်ဆေးထိုး ၊ ဆေးတိုက်ခြင်း အစီအစဉ်

၂၀၂၀ခုနှစ်အတွက် ကာကွယ်ဆေးထိုး ၊ ဆေးတိုက်အစီအစဉ်အသစ်ထွက်ရှိလာပြီ။ အရင်နှစ်တွေနဲ့ မတူဘဲ ထပ်တိုးလာတာ ၂မျိုးရှိပါတယ်။ ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးနဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးပါ။ ဒီနှစ်အတွက် ကာကွယ်ဆေးအစီအစဉ်ကို အသက်အလိုက် ပြန်ရှင်းပြပေးပါ့မယ်။ ၂၀၂၀ခုနှစ်ပုံမှန် ကာကွယ်ဆေးထိုး ၊ ဆေးတိုက်ခြင်း အစီအစဉ် မွေးစ (၁) ဘီစီဂျီ (BCG) ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှးရောင်တီဘီကို ကာကွယ်ပေးနိုင်ပါတယ်။ ဘယ်ဖက်လက်မောင်းမှာထိုးပါတယ်။ ဘီစီဂျီကာကွယ်ဆေးကို မွေးစတွင် မထိုးနှံပါက အသက်(၂)လ မတိုင်မီတွင်လည်းကောင်း၊ အသက်(၂)လတွင် အခြားကာကွယ်ဆေးများနှင့် အတူလည်းကောင်း ထိုးနှံရပါမယ်။ (ဒီနေရာမှာ ပြောချင်တာက ဘီစီဂျီက ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှးရောင်တီဘီကိုပဲ ကာကွယ်ပေးတာပါ။ ဒီဆေးထိုးလိုက်တာနဲ့ တီဘီလုံးဝမဖြစ်တာမဟုတ်ပါဘူး။) (၂) အသည်းရောင်အသားဝါ (ဘီ) ဘီပိုးကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါကို ကာကွယ်ပေးပါတယ်။ ပေါင်မှာထိုးပါတယ်။ သူကလည်း ဘီပိုးကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါကိုပဲ ကာကွယ်ပေးတာပါ။ တခြားအကြောင်းကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါ (အသည်းရောင်အသားဝါအေပိုး၊ စီပိုး)ကို မကာကွယ်ပေးပါဘူး။ အသက် ၂လ (၁) […]

မမွေးဖွားခင်ကာလ ကိုယ်ဝန်စောင့်ရှောက်ခြင်း

ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးခြင်း အကြောင်း သိကောင်းစရာ

ကာကွယ်ဆေးတွေဟာ သင်နဲ့ သင့်ကလေးငယ်ကို ပြင်းထန်တဲ့ ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ သင့်မှာ ကိုယ်ဝန်ရှိနေတယ်ဆိုရင် သင်ဟာ အရာရာကို သင့်ကလေးငယ်နဲ့ အတူမျှဝေရမယ်ဆိုတာကို သိပြီးသားဖြစ်မှာပါ။ ဒါကြောင့် သင် ကာကွယ်ဆေးထိုးခြင်း ဟာ သင့်အတွက်သာမက ကလေးငယ်ကိုပါ ကြိုတင်ကာကွယ်ပြီး ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးတာက မေမေရော ဘေဘီလေးကိုပါ ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မှာပါ။ ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးခြင်း အကြောင်း သိကောင်းစရာ ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးခြင်းအကြောင်း သိကောင်းစရာ တွေက ဘာတွေ ဖြစ်မလဲဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ဘယ်အချိန်မှာ ကာကွယ်ဆေး ထိုးသင့်သလဲ။ ကိုယ်ဝန်မဆောင်ခင်နဲ့ ကိုယ်ဝန်ရှိချိန်တွေမှာ ထိုးရတဲ့ကာကွယ်ဆေးတွေက သင့်ကျန်းမာရေးကို ကာကွယ်ပေးရုံသာမက ကလေးကျန်းမာရေးကိုပါ ကာကွယ်ပေးပါတယ်။ သင့်ရဲ့ ကိုယ်ခံအားစနစ်ဟာ ကလေးငယ်တွေကို ဆိုးရွားတဲ့ ရောဂါတွေကနေ ကာကွယ်ပေးတဲ့ ပထမဆုံး ကာကွယ်မှုဖြစ်ပါတယ်။ ဒါကြောင့် […]

အခြား ကျန်းမာရေး ကိရိယာများ

အသည်းရောင်အသားဝါရောဂါကုသနည်းများ

အသည်းရောဂါများ

အသည်းရောင်အသားဝါ စီပိုးကို ဘယ်လိုကုသလဲ

အသည်းကင်ဆာအဖြစ်နိုင်ဆုံး အကြောင်းရင်းဖြစ်တဲ့ အသည်းရောင်အသားဝါ စီပိုးကူးစက်ခံရရင် ဘယ်လိုနည်းလမ်းတွေနဲ့ ပျောက်ကင်းအောင်ကုသလို့ရလဲဆိုတာ ပြောပြပေးသွားပါ့မယ်။ အသည်းရောင်အသားဝါ စီပိုးက ရောဂါပိုးရှိသူရဲ့ သွေးကနေတဆင့် အဓိက ကူးစက်ပါတယ်။ နောက်ပြီး ဆေးထိုးအပ်တွေ မျှဝေသုံးစွဲတာ၊ လိင်ဆက်ဆံမိရာကနေလည်း ကူးစက်ခံရနိုင်ပါသေးတယ်။ အသည်းရောင် အသားဝါ စီပိုးက ကြောက်စရာကောင်းပေမယ့် ကူးစက်ခံရတဲ့လူတိုင်းလည်း ကုသမှုခံယူစရာ မလိုအပ်တာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် တချို့ကိုယ်ခံအားကောင်းတဲ့သူတွေမှာ စီပိုးကို ခန္ဓာကိုယ်က သူ့ဖာသာရှင်းထုတ်ပစ်လိုက်တဲ့အတွက် ဖြစ်ပါတယ်။ ဒါမျိုးက ရှားတော့ ရှားပေမယ့် ရှိတတ်ပါတယ်။ တကယ်လို့ ခုခံအားက မရှင်းပစ်ရင်ရော။ မရှင်းပစ်ရင်လည်း သိပ်မစိုးရိမ်ပါနဲ့။ ကံကောင်းတဲ့ အချက်က စီပိုးကို ပျောက်ကင်းအောင် ကုသလို့ရနေပါပြီ။ အသည်းရောင်အသားဝါ စီပိုးကို ဘယ်လိုကုသလဲ အသည်းရောင်အသားဝါ စီပိုးကို ဘယ်လိုကုသလဲ ဆိုတော့ အဓိကနည်းလမ်း (၂) ခုသုံးပြီး ကုသလို့ရပါတယ်။ ဗိုင်းရပ်စ်ပိုးတွေကို နှိမ်နင်းပစ်ပြီး […]

အသည်းရောဂါများ

အသည်းရောင် အသားဝါ Bပိုး ပျောက်အောင် ကုလို့ရသလား။

အသည်းရောင် အသားဝါ ပိုးတွေထဲမှာ B ပိုးနဲ့ C ပိုးက အဆိုးဆုံးပါ။ သူတို့နှစ်ခုကလည်း မျှမျှတတပါပဲ။ Bပိုးက ကာကွယ်ဆေးရှိပေမယ့် အပြီးပျောက်အောင် ကုလို့ မရပါဘူး။ Cပိုးက ကုသလို့ ရပေမယ့် ကာကွယ်လို့ မရပါဘူး။ ဒါကြောင့် ရောဂါကူးခဲ့ရင်တောင် C ပိုးကူးခံရသူတွေက ကုလို့ရတာပဲလေဆိုပြီး သိပ်စိတ်ဓာတ်မကျကြပါဘူး။ Bပိုး ပျောက်အောင် ကုမရဘူးဆိုပြီးတော့တာ Bပိုးရှိတဲ့သူတွေက စိတ်ဓာတ်ကျတတ်တာပါ။ အသည်းရောင် အသားဝါ Bပိုး ပျောက်အောင် ကုလို့ရသလား။ အသည်းရောင် အသားဝါ Bပိုး အထူးသဖြင့် နာတာရှည် အသည်းရောင် အသားဝါ Bပိုးကို အမြစ်ပြတ်ပျောက်အောင်တော့ ကုလို့ မရသေးပါဘူး။ ဒါပေမယ့် ဆေးပညာတွေ တိုးတက်လာတာကြောင့် အရင်ကထက် ပိုပြီး လူနာတွေအတွက် အခွင့်အလမ်းတွေ ပိုများလာပါတယ်။ Bပိုးကို  ကုသရတဲ့ အကြောင်းကတော့ […]

အသည်းရောင်အသားဝါရောဂါကာကွယ်နည်း

အသည်းရောဂါများ

အသည်းရောင်အသားဝါ ရောဂါကိုဖြစ်စေတဲ့ရောဂါပိုးများနဲ့ဘယ်လိုကာကွယ်ကြမလဲ။

အသည်းရောင်အသားဝါ ရောဂါဆိုတာ အသည်းကိုထိခိုက်ပျက်စီးစေနိုင်ပြီး အသည်းခြောက်၊ အသည်းကင်ဆာ အထိ ဖြစ်စေနိုင်တဲ့အတွက် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ဒီရောဂါကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဓိက အားဖြင့်တော့ အသည်းရောင် အသားဝါ ပိုး ၅ မျိုး ( A,B,C,D,E ) ကြောင့် ဖြစ်နိုင်ပါတယ်။ ၁။ အသည်းရောင်အသားဝါ A ပိုး။ အသည်းရောင်အသားဝါ A ပိုးဟာ ပိုးပါတဲ့ အစားအစာ၊ ရေတွေကို စားသောက်မိခြင်း၊ လိင်မှတဆင့် ကူးစက်ခြင်း၊ ရောဂါရှိသူနဲ့ အနီးကပ်ထိတွေ့ခြင်းမှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ A ပိုးကြောင့် ဖြစ်တဲ့ ရောဂါဟာ များသောအားဖြင့် သိပ်မပြင်းထန်ပဲ ပြန်လည်ကောင်းမွန်နိုင်ခြေ များပါတယ်။ ၂။ အသည်းရောင် အသားဝါ B ပိုး။ အသည်းရောင်အသားဝါ Bပိုး ဟာ […]

အသည်းရောဂါများ

အသည်းရောင်အသားဝါ Bပိုး မကူးအောင်ဘယ်လိုကာကွယ်ကြမလဲ။

ဒီနေ့ဆောင်းပါးလေးမှာကတော့ Bပိုး မဖြစ်အောင်၊ အထူးသဖြင့် အတူနေ အိမ်သားတစ်ယောက်ယောက်မှာ Bပိုး ရှိနေတဲ့အခါ မကူးအောင် ဘယ်လို ဂရုစိုက်နေထိုင်ကြမလဲ ဆိုတာလေးကို အဓိက မျှဝေပေးချင်ပါတယ်။ အသည်းရောင် အသားဝါ B ပိုးဆိုတာ အသည်းကိုထိခိုက်စေနိုင်တဲ့ အသည်းရောင်ရောဂါကို ဖြစ်စေတဲ့ ပိုးတစ်မျိုးဖြစ်ပြီး Bပိုး ကြောင့် ဖြစ်တဲ့ အသည်းရောင်ရောဂါဟာ ကုသလို့ပျောက်နိုင်သေးပါဘူး။ နောက်ဆက်တွဲ အနေနဲ့ အသည်းခြောက်ခြင်း နှင့် အသည်းကင်ဆာကို ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အထိ ဆိုးရွားနိုင်ပါတယ်။ မပြန့်ပွားအောင် ကူးစက်မခံရအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ မပြောပြခင်မှာ အရင်ဆုံး ဘယ်လို လူတွေမှာ Bပိုး ကူးစက်ခံရနိုင်ခြေများတယ် ဆိုတာလေး နည်းနည်း မျှဝေပေးချင်ပါတယ်။ ၁။ မကြာခဏ သွေးသွင်းကုသမှုခံယူရသူများ။ ၂။ လိင်ဆက်ဆံဖော်များသူများ၊ ရောဂါရှိသူနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံမှု ရှိသူများ။ ၃။ […]

အသည်းရောဂါများ

B ပိုးကာကွယ်ဆေး ထိုးတော့မယ်ဆိုရင် ဒါလေးတွေ သိထားဖို့လိုတယ်နော်။

B ပိုးကာကွယ်ဆေး ထိုးတော့မယ်ဆိုရင် ဒါလေးတွေ သိထားဖို့လိုတယ်နော်။ အသည်းရောင် အသားဝါ ဘီပိုးဆိုတာ လူတွေနဲ့ မစိမ်းတဲ့ ရောဂါပိုးတစ်ခုပါ။ သွေးတွေ၊ ချွေးတွေနဲ့ ကိုယ်ခန္ဓာကထွက်တဲ့အရည်တွေကတဆင့် ကူးစက်တာဆိုတော့ ကူးစက်နိုင်ဖို့ အလားအလာလည်း အင်မတန်များတဲ့ ရောဂါတစ်ခုပါ။ လက္ခဏာတွေကလည်း သိပ်မသိသာဘဲ ရောဂါကျွမ်းမှ၊ မတော်တဆသွေးစစ်ရင်းနဲ့မှ တွေ့သွားတတ်တာဆိုတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘီပိုးရှိတဲ့သူတွေ များချင်များနေမှာနော်။ နောက်ပြီး ဘီပိုးက အသည်းရောင်စေတာအပြင် နောက်ဆုံး အသည်းခြောက်တာ၊ အသည်းကင်ဆာစတဲ့ ရောဂါဆိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ပိုဆိုးတာက သူ့ကို အပြတ်ကုသနိုင်တဲ့ ဆေးနည်းကလည်း မပေါ်သေးဘဲ ရောဂါဆက်မကြီးအောင် ထိန်းထားနိုင်တဲ့ ဆေးနည်းတွေပဲ ပေါ်သေးတာဆိုတော့ ကိုယ့်ဆီ ဘီပိုးရောက်မလာအောင် ကြိုတင်ကာကွယ်ထားဖို့က အရေးအကြီးဆုံး ဖြစ်လာပြီလေ။ ကံကောင်းတာတစ်ခုက ဘီပိုးကိုယ့်ဆီ မကူးစက်အောင်လို့ တားထားလို့ရတဲ့ B ပိုးကာကွယ်ဆေးတွေ ပေါ်နေပြီလေ။ ကာကွယ်ဆေးရှိနေပြီဆိုတော့ ကာကွယ်ဆေးအကြောင်း […]

အသည်းရောင်အသားဝါလူနာများအတွက် ဆောင်ရန်၊ ရှောင်ရန်

အသည်းရောဂါများ

အသည်းရောင် အသားဝါ B ပိုးရှိနေပြီလား။ ဒီအချက်တွေ ကို သိထားပြီး လိုက်နာသင့်တယ်နော်။

အသည်းရောင် အသားဝါ B ပိုးဆိုတာ အသံတိတ် လူသတ်သမား အုပ်စုမှာပါတဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ သူရှိကြောင်း လက္ခဏာတွေ သိပ်မပြတာကြောင့် သွေးစစ်ကြည့်မှ ရှိနေမှန်းသိသလို၊ တချို့ ကံမကောင်းရင်တော့ ရောဂါတော်တော်ကျွမ်းမှပဲ B ပိုး ရှိနေကြောင်း သိကြတာများပါတယ်။ ဖြစ်ချိန်တန်ရင် ဖြစ်ကိုဖြစ်လာတဲ့ ရှောင်လွဲလို့ မရတဲ့ ကံတရားကလည်း ရှိနေတော့ မတော်တဆ ကိုယ့်မှာ အသည်းရောင် အသားဝါ B ပိုးရှိနေပြီဆိုပါတေ့ာ။ ရှေ့လျှောက် ပိုမဆိုးလာအောင် ထိန်းဖို့၊ B ပိုးကို အနိုင်တိုက်ဖို့ အခြေအနေ ရောက်သွားပြီဆိုရင်တော့ ဒါတွေ သိထားဖို့ လိုလာပါပြီ ။ အသည်းရောင် အသားဝါ B ပိုးရှိသူတိုင်း သိထားသင့်တဲ့ အချက်တွေ  ၁ - ကိုယ့်ရဲ့ ပိုးကောင်းရေ များလာလား၊ နည်းသွားလား ပုံမှန် သွေးစစ်ပါ။ ဘယ်သူမှတော့ ကိုယ့်အသားကို […]

အသည်းရောဂါများ

အသည်းရောင် အသားဝါ C ပိုးရှိနေတဲ့သူတစ်ယောက် ဘယ်လိုဆက်ပြီး ကျန်းမာအောင် နေထိုင်ရမလဲ ။ ။

အားလုံးသိကြမှာပါ။ အသည်းကို ဒုက္ခပေးနေတဲ့ ရောဂါပိုးတွေထဲမှာမှ အသည်းရောင် အသားဝါ Bပိုးနဲ့ C ပိုးက အဆိုးဆုံးဆိုတာ။ B ပိုးကမှ ကာကွယ်ဆေးထိုးပြီး ကြိုကာကွယ်လို့ရသေးတယ်။ စမ်းသပ်ဆဲဖြစ်လို့ ကာကွယ်ဆေးမရှိသေးဘူးလို့ပြောလို့ရတဲ့ C ပိုး ကူးစက်ခံရပြီဆိုရင် ဘာတွေဆက်လုပ်ကြမလဲ။ အသည်းရောင် အသားဝါ C ပိုးရှိနေတဲ့သူတစ်ယောက် ဘယ်လိုဆက်ပြီး ကျန်းမာအောင် နေထိုင်ရမလဲ။ အသည်းရောင် အသားဝါ C ပိုးရှိနေတဲ့သူတစ်ယောက် ဘယ်လိုဆက်ပြီး ကျန်းမာအောင် နေထိုင်ရမလဲ ။ ။ စီပိုးရှိနေတယ်လို့ ဆိုလိုက်တာနဲ့ လူတိုင်း စိတ်ဓာတ်ကျသွားမှာ အမှန်ပါ။ သူက ကိုယ့်ဆီကနေ အခြားသူဆီကို သွေးကနေ လိင်ဆက်ဆံရာကနေ ကူးစက်တတ်တဲ့ ရောဂါဆိုတော့ ဒီရောဂါပိုးရှိနေပြီဆိုတာနဲ့ စိတ်ညစ်တတ်ကြတာ အမှန်ပါ။ ဒါပေမယ့် နောက်ပိုင်းတိုးတက်လာတဲ့ ဆေးပညာအရ ဆေးပုံမှန်သောက်မယ်ဆိုရင် စီပိုးကနေ အသည်းကိုဒုက္ခမပေးနိုင်တော့အောင် ကာကွယ်နိုင်မှာဖြစ်သလို […]

အသည်းရောဂါများ

အသည်းရောင်အသားဝါရောဂါရှိတဲ့သူတွေအတွက် ရှောင်ရမယ့်အစားအသောက်များ

တချို့သော အစားအစာတွေက အသည်းကို ထိခိုက်နိုင်တာကြောင့် အသည်းရောင်အသားဝါရောဂါ ရှိရင် အစားအစာတွေကို ဂရုတစိုက်ရွေးချယ်စားသုံးသင့်ပါတယ်။ အသည်းရောဂါရှိရင် အလွန်အကျွံမစားသင့်တဲ့ အစားအစာနဲ့ ရှောင်ကြဉ်ရမယ့် အစားအစာတွေကို မှတ်သားနိုင်ရန် အောက်မှာ ဖော်ပြထားပါတယ်။ အသည်းရောင်အသားဝါရောဂါရှိတဲ့သူတွေအတွက် ရှောင်ရမယ့်အစားအသောက်များ အာဟာရဖြစ်စေတဲ့ အစားအစာတွေအပြင် ကျန်းမာရေးကို ထိခိုက်စေသော၊ အသည်းကို ထိခိုက်နိုင်သော အစားအစာတွေလည်း ရှိပါတယ်။ အသည်းရောင်အသားဝါရောဂါရှိတဲ့သူတွေအတွက် ရှောင်ရမယ့်အစားအသောက်များ ကတော့ အရက်ဖြတ်ပါ။ အရက်က အသည်းကို အဆိပ်အတောက်ဖြစ်စေပြီး အူမှ အာဟာရဓာတ်များ စုပ်ယူခြင်းကို ဟန့်တားတာကြောင့် အသည်းရောင် အသားဝါရောဂါ ရှိသူများရှောင်ကြဉ်သင့်တဲ့ အစားအစာတွေဲမှာ ပါဝင်ပါတယ်။ ဘီယာ၊ ဝိုင်၊ ရှန်ပိန်၊ အရက်ပြင်းများသောက်ခြင်းကို ရှောင်ကြဉ်ပါ။ ဆေးဆိုင်တွင် အလွယ်တကူရနိုင်သော ချောင်းဆိုးပျောက်ဆေးရည်တချို့မှာ အရက်ပါဝင်တတ်ပါတယ်။ ဒါကြောင့် ချောင်းဆိုးပျောက်ဆေးသောက်မယ်ဆို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်ကို အရင်မေးမြန်းသင့်ပါတယ်။ ဆိုဒီယမ်ဓာတ် (ဆား) ပါဝင်သော အစားအစာများ […]

အသည်းရောဂါများ

အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ ကျန်းမာနေစေဖို့

ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မှုပုံစံတွေကြောင့် မြန်မာနိုင်ငံမှာလည်း အသည်းရောဂါ ခံစားရသူ ဦးရေဟာ တစ်နှစ်ထက် တစ်နှစ် ပိုများလို့ လာပါတယ်။ အသည်းရောဂါတွေထဲမှာမှ အဖြစ်များတဲ့ အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ ကျန်းမာနေစေဖို့ ဘာတွေကိုဂရုစိုက်ဖို့ လိုမလဲ ဆိုတာကို ဒီ ဆောင်းပါးလေး ကနေတဆင့် ပြောပြပေးပါရစေ။ အသည်းရောင် အသားဝါ ဘီပိုး ဆိုတာဘာလဲ..... ရောဂါပိုး ကူးစက်ခံထားရသူရဲ့သွေး နဲ့ ထိတွေ့မိတာ၊ မျိုးပွားအင်္ဂါကထွက်တဲ့ အရည် ၊ သုက်ပိုးနဲ့ ထိတွေ့မိတာတွေကြောင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင် အသားဝါ ဘီပိုး ကူးစက်ခံရတဲ့အခါ အသည်းမှာ အမာရွတ် ဖြစ်တာ၊ အသည်း လုပ်ဆောင်ရည် ကျဆင်းသွားတာ၊ အသည်းကင်ဆာ ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။သေချာ မကုသဘဲ ထားမယ်ဆိုရင် အသက် သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေက ဘာတွေလဲ... အသည်းရောင် အသားဝါ […]