backup og meta

ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးခြင်း အကြောင်း သိကောင်းစရာ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 14/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးခြင်း အကြောင်း သိကောင်းစရာ

    ကာကွယ်ဆေးတွေဟာ သင်နဲ့ သင့်ကလေးငယ်ကို ပြင်းထန်တဲ့ ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ သင့်မှာ ကိုယ်ဝန်ရှိနေတယ်ဆိုရင် သင်ဟာ အရာရာကို သင့်ကလေးငယ်နဲ့ အတူမျှဝေရမယ်ဆိုတာကို သိပြီးသားဖြစ်မှာပါ။ ဒါကြောင့် သင် ကာကွယ်ဆေးထိုးခြင်း ဟာ သင့်အတွက်သာမက ကလေးငယ်ကိုပါ ကြိုတင်ကာကွယ်ပြီး ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးတာက မေမေရော ဘေဘီလေးကိုပါ ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မှာပါ။

    ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးခြင်း အကြောင်း သိကောင်းစရာ

    ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးခြင်းအကြောင်း သိကောင်းစရာ တွေက ဘာတွေ ဖြစ်မလဲဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    ဘယ်အချိန်မှာ ကာကွယ်ဆေး ထိုးသင့်သလဲ။

    ကိုယ်ဝန်မဆောင်ခင်နဲ့ ကိုယ်ဝန်ရှိချိန်တွေမှာ ထိုးရတဲ့ကာကွယ်ဆေးတွေက သင့်ကျန်းမာရေးကို ကာကွယ်ပေးရုံသာမက ကလေးကျန်းမာရေးကိုပါ ကာကွယ်ပေးပါတယ်။ သင့်ရဲ့ ကိုယ်ခံအားစနစ်ဟာ ကလေးငယ်တွေကို ဆိုးရွားတဲ့ ရောဂါတွေကနေ ကာကွယ်ပေးတဲ့ ပထမဆုံး ကာကွယ်မှုဖြစ်ပါတယ်။ ဒါကြောင့် သင်ကိုယ်ဝန်ရှိနေရင် (သို့) ကိုယ်ဝန်ယူဖို့ စိတ်ကူးရှိနေရင် ကာကွယ်ဆေးတွေကို ထိုးထားသင့်ပါတယ်။

    ဒါပေမယ့် တချို့ကာကွယ်ဆေးတွေကိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မထိုးသင့်ပါဘူး။ ကလေးကို ထိခိုက်နိုင်တာကြောင့်ပါ။ ကာကွယ်ဆေးတွေဟာ ပုံစံသုံးမျိုးနဲ့လာတတ်ပါတယ်။ Live vaccine၊ dead vaccine နဲ့ toxoids တွေ ပဲဖြစ်ပါတယ်။

    ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ live vaccines (သက်ရှိအကောင်ကို သုံးတဲ့ကာကွယ်ဆေး) တွေဖြစ်တဲ့ ပါးချိတ်ရောင်၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးကို မထိုးသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါဟာ ကလေးငယ်ကို ထိခိုက်ဖို့အတွက် ရာနှုန်းအနည်းငယ် ရှိခြင်းကြောင့် ဖြစ်ပါတယ်။ ဒီတော့ ဒီကာကွယ်ဆေးတွေကို ကိုယ်ဝန်မဆောင်ခင် ကြိုထိုးထားသင့်ပါတယ်။

    Dead vaccine (သက်မဲ့အကောင်အခွံကို သုံးတဲ့ ကာကွယ်ဆေး) တွေ ဖြစ်တဲ့ တုပ်ကွေးကာကွယ်ဆေးနဲ့ toxoid ကာကွယ်ဆေးတွေဖြစ်တဲ့ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေးတွေဟာ လုံခြုံစိတ်ချရပါတယ်။ အောက်ဖော်ပြပါ ဆေးတွေကတော့ ကိုယ်ဝန်မဆောင်မီနဲ့ ဆောင်နေစဉ်မှာ ထိုးထားသင့်တဲ့ ကာကွယ်ဆေးတွေပဲဖြစ်ပါတယ်။

    ဘယ်ကာကွယ်ဆေးတွေကို ကိုယ်ဝန်မဆောင်မီ ထိုးသင့်သလဲ။

    အချို့ရောဂါပိုးတွေက ကိုယ်ဝန်ဆောင်စဉ်မှာ ကူးစက်ခံရရင် ကိုယ်ဝန်ပျက်ကျတာ၊ ကလေးကို ထိခိုက်တာ စတဲ့ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် သင်ဟာ ဒီရောဂါပိုးတွေဒဏ်ကို ခံနိုင်ရည်ရှိနေသလားဆိုတာ သိရှိဖို့ ကိုယ်ဝန်မဆောင်ခင်မှာ စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။

    မရှိဘူးဆိုရင်တော့ ကိုယ်ဝန်မဆောင်ခင် ကာကွယ်ဆေးထိုးသင့်ပါတယ်။ အထူးသဖြင့် သက်ရှိအကောင်ကို သုံးတဲ့ ကာကွယ်ဆေးတွေပါ။ ဒီကာကွယ်ဆေးတွေကို ကိုယ်ဝန်မဆောင်ခင်ထိုးပြီး တစ်လလောက်နေမှ ကိုယ်ဝန်ယူသင့်ပါတယ်။

    ပါးချိတ်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေး

    ဝက်သက် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အလွန်ကူးစက်နိုင်တဲ့ ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ ဝက်သက်ဟာ အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ကျခြင်းတွေနဲ့အတူ နောက် နှစ်ရက်လောက်အကြာမှာ အနီရောင် အကွက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။

    ပါးချိတ်ရောင်ရောဂါကတော့ တံတွေးဂလင်းတွေ ရောင်စေတဲ့ ကူးစက်ဗိုင်းရပ်စ် ရောဂါပိုးတစ်ခုပဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဒီရောဂါတစ်ခုခု ဖြစ်တယ်ဆိုရင် ကိုယ်ဝန်ပျက်ကျနှုန်းမြင့်မားနိုင်ပါတယ်။

    ဂျိုက်သိုးရောဂါ ကိုတော့ ဂျာမန်ဝက်သက်လို့လည်း ခေါ်ကြပြီး တုပ်ကွေးလက္ခဏာတွေဖြစ်ကာ နောက်ပိုင်းမှာ အရေပြား အကွက်ထနိုင်ပါတယ်။ သူဟာ ကိုယ်ဝန်ဆောင်စဉ်မှာ အန္တရာယ် ရှိနိုင်ပါတယ်။ ပထမသုံးလပတ်အတွင်း ဒီရောဂါကူးစက်ခံရတဲ့ အမေတွေက မွေးတဲ့ ၈၅ ရာခိုင်နှုန်းသော ကလေးတွေမှာ ပြင်းထန်တဲ့ မွေးရာပါချို့ယွင်းမှုတွေဖြစ်တဲ့ အကြားအာရုံချို့ယွင်းခြင်းနဲ့ ဦးနှောက်မှတ်ဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။

    ရေကျောက် ကာကွယ်ဆေး

    သူဟာ အလွန်ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အဖျားတက်ခြင်း၊ သက်သောင့်သက်သာမရှိခြင်းနဲ့ အနီကွက်ထခြင်းတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန် ပထမ ငါးလအတွင်း ဒီရောဂါကူးစက်ခံရတဲ့ မိခင်တွေရဲ့ ကလေး ၂ ရာခိုင်နှုန်းဟာ မွေးရာပါ ချို့ယွင်းမှုတွေ ဖြစ်တဲ့ ခြေလက်ပုံစံမမှန်ခြင်း၊ အကြောသေခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ကလေးမွေးခါနီးအချိန်မှာ ရောဂါကူးစက်ခံရသူအမျိုးသမီးတွေဟာ ရောဂါပိုးကို ကလေးကို ကူးစက်စေနိုင်ပါတယ်။

    ကိုယ်ဝန်ရှိနေစဉ် ဘယ်ကာကွယ်ဆေးတွေ ထိုးသင့်သလဲ။

    အောက်ဖော်ပြပါ ကာကွယ်ဆေးတွေကတော့ ပိုးအသေတွေ၊ toxoids တွေကနေ ထုတ်ထားတာဖြစ်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ ထိုးဖို့ စိတ်ချရပါတယ်။

    • အသည်းရောင် ဘီပိုး

    ဒီရောဂါက ကူးစက်နှုန်းမြင့်မားပြီး ဗိုင်းရပ်စ်ပိုး မရှိသူ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ဒီကာကွယ်ဆေးထိုးနိုင်ပါတယ်။ သူဟာ မိခင်ရော ကလေးကိုပါ ကလေးမမွေးခင်ရော မွေးအပြီးမှာပါ ရောဂါပိုးကူးစက်မှုကို ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားအပြည့်ရစေဖို့ ၃ ကြိမ်ထိုးဖို့လိုအပ်ပါတယ်။ ဒုတိယနဲ့ တတိယအကြိမ်ကို ပထမအကြိမ်ထိုးပြီး ၁ လ နဲ့ ၆ လ အကြာမှာ ထိုးနိုင်ပါတယ်။

    ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်

    ဒီကာကွယ်ဆေးကို ကိုယ်ဝန် ၂၇-၃၆ ပတ်အတွင်း ထိုးခြင်းဟာ ကလေးကို ရောဂါ၃မျိုးကနေ ကာကွယ်ပေးနိုင်ပါတယ်။ ၃မျိုးလုံး မရနိုင်ရင်တောင် မေးခိုင်ကာကွယ်ဆေးကို မဖြစ်မနေ ထိုးထားဖို့ လိုပါတယ်။

    • ကြက်ညှာချောင်းဆိုး

    ကြက်ညှာချောင်းဆိုးဟာ လူတိုင်းအတွက် မပြင်းထန်ပေမယ့် သင့်မွေးကင်းစ ကလေးငယ်အတွက်တော့ ဒါဟာ သေစေနိုင်ပါတယ်။ အမေရိကန်မှာ ကလေး အယောက် ၂၀ ဟာ ကြက်ညှာချောင်းဆိုးကြောင့် နှစ်စဉ် သေဆုံးနေပါတယ်။ ကြက်ညှာချောင်းဆိုးဖြစ်တဲ့ အသက်တစ်နှစ်အောက် ကလေးငယ် တစ်ဝက်လောက်ဟာ ဆေးရုံမှာ ဆေးကုသဖို့ လိုအပ်ပါတယ်။

    ဒီရောဂါရတဲ့အချိန်မှာ အသက်ငယ်လေလေ ဆေးရုံမှာ ကုသဖို့လိုအပ်လေလေ ဖြစ်ပါတယ်။ မွေးစကလေးတွေမှာ ချောင်းကောင်းကောာင်းမဆိုးတတ်တာကြောင့် ရောဂါရနေသလားဆိုတာ သိဖို့ ခက်ခဲပါတယ်။

    အသက်ရှူရပ်စေပြီး ပြာလာမှ သိကြပါတယ်။ ဒီကာကွယ်ဆေးကို တစ်မျိုးတည်း ထိုးနိုင်သလို အပေါ်ကလို ၃မျိုးစပ်လည်း ထိုးနိုင်ပါတယ်။

    တုပ်ကွေး ရောဂါ

    ကိုယ်ခံအား၊ နှလုံး၊ အဆုတ် လုပ်ငန်းဆောင်တာတွေ ကိုယ်ဝန်ဆောင်ချိန်မှာ ပြောင်းလဲခြင်းက တုပ်ကွေးကြောင့် သင့်ကို ပြင်းထန်စွာ ခံစားရစေပါတယ်။ တုပ်ကွေးမိခြင်းက လမစေ့ဘဲ ကလေးမွေးခြင်း အပါအဝင် အခြား ပြင်းထန်တဲ့ ပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်။

    တုပ်ကွေးရာသီချိန်ရောက်ရင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက တုပ်ကွေးကာကွယ်ဆေး ထိုးထားသင့်ပါတယ်။ ဒီကာကွယ်ဆေးရဲ့ အာနိသင်က ကလေးကို မွေးပြီး ၆လအထိ ခုခံအားပေးနိုင်ပါတယ်။

    ဒါက အင်မတန်ကောင်းတဲ့အချက်ပါ။ ၆လအောက် ကလေးတွေက တုပ်ကွေးဖြစ်လာရင် ပြင်းထန်နိုင်ခြေများပေမယ့် သူတို့အတွက် သီးခြားတုပ်ကွေးကာကွယ်ဆေး မရှိတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အမေက ထိုးထားသင့်ပါတယ်။

    ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးခြင်း

    ကိုယ်ဝန်မဆောင်ခင်နဲ့ ကိုယ်ဝန်ရှိချိန်တွေမှာ ထိုးရတဲ့ကာကွယ်ဆေးတွေက သင့်ကျန်းမာရေးကို ကာကွယ်ပေးရုံသာမက ကလေးကျန်းမာရေးကိုပါ ကာကွယ်ပေးပါတယ်။ သင့်ရဲ့ ကိုယ်ခံအားစနစ်ဟာ ကလေးငယ်တွေကို ဆိုးရွားတဲ့ ရောဂါတွေကနေ ကာကွယ်ပေးတဲ့ ပထမဆုံး ကာကွယ်မှုဖြစ်ပါတယ်။ ဒါကြောင့် သင်ကိုယ်ဝန်ရှိနေရင် (သို့) ကိုယ်ဝန်ယူဖို့ စိတ်ကူးရှိနေရင် ကာကွယ်ဆေးတွေကို ထိုးထားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 14/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement