အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ထိပ်ပြောင်ခြင်းကိုကာကွယ်ရန်နည်းလမ်းများ

အသက်အရွယ်ရလာသည်နှင့်အမျှ သင့်ဆံပင်၏ထူထဲမှုသည်လည်း တဖြည်းဖြည်းလျော့ပါးလာသည်။ သင့်ဆံပင်ဆံသားစပ်သည်လည်းနောက်သို့ရောက်ရောက်သွားပြီးသင်၏ဦးရေပြားသည်လည်းပါးလှပ်သောဆံပင်ကိုကျော်၍ပိုမိုမြင်လာရသည်။ ယခုဖြစ်စဉ်သည် မျိုးရိုးဗီဇပေါ်မူတည်၍ကြိုတင်သတ်မှတ်ထားပြီးဖြစ်သော်လည်းအောက်ပါနည်းလမ်းနှစ်သွယ်ကိုအသုံးပြု၍ ဆုံးရှုံးခဲ့ပြီးသောဆံပင်များကိုထပ်မံမဆုံးရှုံးတော့ရန်နှင့် ဆံပင်များထပ်မံပေါက်ရန်ကိုသာ ဖြစ်စေနိုင်ပါသည်။ (၁)မီနောက်ဆီဒေးလ်ဟုခေါ်သောဆေးရည် (သို့မဟုတ်) လူးဆေး ( Minoxidil ) သင့်အနေဖြင့်သောက်ဆေးများကိုလည်းမသုံးစွဲဘဲဆံပင်ကျွတ်ခြင်းကိုလည်းကာကွယ်ချင်သည်ဆိုလျှင် မီနောက်ဆီဒေးလ်သည်သင်ရှာဖွေနေသောအဖြေဖြစ်လိမ့်မည်။ သင်၏ကျန်ရှိသောဘဝအချိန်များတွင် တစ်နေ့လျှင် ၂ ကြိမ်အသုံးပြုနိုင်ပါသည်။ အဆင်ပြေသည်မှာ ထိုဆေးသည်ဆရာဝန်ညွှန်ကြားချက်မလိုဘဲအသုံးပြုနိုင်ခြင်းဖြစ်သည်။ ထို့ပြင်ပိုမိုကောင်းမွန်သည့်အချက်မှာထိုဆေး၌ဘေးထွက်ဆိုးကျိုးမရှိသလောက်နည်းပါးခြင်းဖြစ်သည်။ ထိုဆေး၏အလုပ်လုပ်ပုံကိုတိကျရှင်းလင်းသည့် သိပ္ပံနည်းကျဖြေရှင်းချက်မရှိသေးပါ။ သို့သော် သုတေသီများကထိုဆေးသည်ဆံရင်းရှိဆံအိတ်များကို ကြီးထွားစေပြီးဆံပင်ရှင်သန်မှုကိုအားပေးသည်ဟုဆိုကြသည်။ မီနောက်ဆီဒေးလ် ကိုအသုံးပြုမည်ဟု ဆန္ဒရှိလျှင်စိတ်ရှည်ဖို့တော့လိုလိမ့်မည်။ သိသာမြင်သာသောပြောင်းလဲမှုဖြစ်ရန် အနည်းဆုံးအချိန် ၄ လခန့်ယူရမည်ဖြစ်သောကြောင့်ဖြစ်သည်။ အချို့လူများတွင် ထိုဆေးသည်ဦးရေပြားကိုယားယံစေခြင်း ၊ အဖတ်အဖတ်များကွာကျစေခြင်းမျိုးလည်းရှိနိုင်သည်ကိုတွေ့ရသည်။ ထို့ကြောင့် တုန့်ပြန်လွယ်သောအရေပြားရှိသူများသည် သတိပြု၍သုံးစွဲသင့်သည်။   (၂)ဖီနာစထရိုက်ဟုခေါ်သောဆေးပြား ( Finasteride ) အကြောင်းတစ်ခုခုကြောင့် မီနောက်ဆီဒေးလ်ကိုအသုံးမပြုနိုင်သူများအတွက် ဖီနာစထရိုက်သည်သာရွေးချယ်စရာကျန်ပါသည်။ ဖီနာစထရိုက်သည် ဆံပင်ကျွတ်ခြင်းကိုဖြစ်စေသောဟော်မုန်းတစ်မျိုးဖြစ်သည့် ဒိုင်ဟိုက်ဒရိုတက်စတိုစတီရုန်း ( Dihydrotestosterone ) ဆံပင်ကျွတ်ခြင်းကိုဖြစ်စေသောဟော်မုန်းတစ်မျိုးဖြစ်သည့် ဒိုင်ဟိုက်ဒရိုတက်စတိုစတီရုန်း( Dihydrotestosterone […]


ဝက်ခြံ

ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေ ပျောက်စေမယ့် အစားအစာများ

ဝက်ခြံအမာရွတ်တွေအတွက် စားသောက်သင့်သောအစားအစာများ ချောမွတ်တဲ့အသားအရည်တွေကိုအမြန်ဆုံးပြန်လည်ပိုင်ဆိုင်စေဖို့ ဝက်ခြံအမာရွတ်တွေကိုကုသပေးဖို့လိုအပ်ပါတယ်။ ဒီအမာရွတ်တွေကို သဘာဝနည်းလမ်းနဲ့ကုသမယ်ဆိုရင်တော့ အသားအရည်ကိုပြန်လည်ကောင်းမွန်စေပြီး အာဟာရတွေပါဝင်တဲ့ စားစရာအမျိုးမျိုးကိုစားပေးရမှာပါ။ အမြန်ဆုံးပြန်ကောင်းလာဖို့အတွက်ဆိုရင်တော့ အစားအစာတွေကိုအစီအစဉ်တကျ ညီညီမျှမျှစားသောက်ရမှာပါ။ Zinc (ဇင့်) အသားအရည်ကျန်းမာရေးအတွက်အရေးကြီးတဲ့လိုအပ်ချက်တစ်ခုဖြစ်တဲ့ ဇင့်ကမရှိမဖြစ်အရေးပါပါတယ်။ သူကဒဏ်ရာတွေကို ကုသတဲ့နေရာမှာအထောက်အကူပြုပေးနိုင်ပါတယ်။ ပရိုတိန်းမြင့်မားစွာပါဝင်တဲ့စားစရာတွေဖြစ်တဲ့ အမဲသား၊ ဝက်သား ၊ ငါး၊ နွားပေါက်သား၊ သိုးသားနဲ့ ကြက်သား ၊ကြက်ဥစသည်တွေမှာဇင့် ဓါတ်မြောက်များစွာပါဝင်ပါတယ်။ zinc ဓါတ်ကိုပိုပြီးရရှိစားသောက်နိုင်ဖို့အတွက် အနီရောင်အသားတွေကိုများများစားပေးပါ။ မြေပဲနဲ့ မြေပဲထောပတ်တွေမှာလဲဇင့် ဓါတ်တွေပါဝင်ပါတယ်။ ပဲအမျိုးမျိုးမှာလဲလုံလောက်တဲ့ဇင့် ဓါတ်တွေရှိပါတယ်။ ကုလားပဲ၊ ပဲနီလေး၊ ထောပတ်ပဲ၊ black beanနဲ့ ပဲလိပ်ပြာစတဲ့ပဲတွေမှာဇင့်တွေအလုံအလောက်ပါဝင်ပါတယ်။ ပဲဟင်းကတော့ တကယ်ကိုဇင့်ဓါတ်ကြွယ်ဝတဲ့ဟင်းပါ။ ပဲငါးပိနဲ့ အခြားပဲအမျိုးမျိုးမှာလည်းဇင့်ဓါတ်တွေပါဝင်ပါတယ်။ ပဲပုပ်(soy)ကိုအခြေခံထားတဲ့စားစရာတွေဖြစ်တဲ့ တိုဟူး၊ မီဆို ၊ tempeh ၊ soy cheese နဲ့ meatless entrée ကိုလည်းသင်စားသုံးနိုင်ပါတယ်။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ကျွတ်သက်သာစေမယ့်အစားအစာ ၇ မျိုး

လှပသန်စွမ်းတဲ့ ဆံကေသာပိုင်ဆိုင်ရဖို့က အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ ဆန္ဒရှိတဲ့အရာပါ။ ဒါပေမယ့် ဆံပင်ကျွတ်ခြင်းနဲ့ဆံသားပျက်စီးခြင်းက အခုတလော အရမ်းအဖြစ်များနေကြတဲ့ ကိစ္စဖြစ်လာပါတယ်။ အသက်ကတဖြည်းဖြည်းကြီးလာတာကြောင့် အရွယ်လေးရလာတာနဲ့အမျှ ဆံပင်တွေ နည်းလာတာက ပုံမှန်ပါပဲ။ ဒါပေမယ့် အသက်ငယ်ရွယ်စဉ်မှာတည်းက ဆံပင်တွေစနည်းလာပြီဆိုရင်တော့ ပြဿနာတစ်ခုခုရှိနေတဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။ သင်သိမှာတော့မဟုတ်ပေမယ့် ဆံကေသာနဲ့ပတ်သက်တဲ့ ဆေးနည်းကို သင်စားသောက်နေတဲ့အာဟာရဓါတ်စာတွေထဲမှာ တွေ့ရှိနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဆံပင်ဆိုတာ ရှင်သန်ကြီးထွားမှုမြန်တဲ့ တစ်ရှူးတစ်မျိုးဖြစ်ပြီး ကိုယ်စားလိုက်တဲ့အစားအစာ ကိုမူတည်ပြီး သင့်ရဲ့ဆံသားမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်စားမယ့်အရာတွေကို ရွေးချယ်ဆုံးဖြတ်ပြီး ဆံပင်သန်စွမ်းမှု၊ တောက်ပြောင်ချောမွေ့မှုနဲ့ ဆံပင်ကျန်းမာရေးအလုံးစုံကို တိုးတက်အောင်လုပ်ဆောင်နိုင်ပါတယ်။ ဆံပင်ကျွတ်သက်သာ စေဖို့က သင်စားမယ့် အစားအစာတွေမှာ အရေးပါတဲ့အာဟာရဓါတ်တွေ ညီညွတ်မျှတစွာ ပေါင်းစပ်ပါဝင်နေဖို့လိုပါတယ်။ အရေးကြီးဆုံးအာဟာရကတော့ ပရိုတင်းဓါတ်ဖြစ်ပါတယ်။ ပရိုတင်းက ဆံပင်ရဲ့အဓိကအခြေဖြစ်တဲ့အတွက် အရေးကြီးဆုံးနဲ့ မရှိမဖြစ်အာဟာရ ဖြစ်ပြီး ဇင့်၊ ဆာလဖာ၊ […]


အသားအရေ ထိန်းသိမ်းခြင်း

အမျိုးသားများအတွက် လွယ်ကူတဲ့ အရေပြားထိန်းသိမ်းနည်းများ

အမျိုးသားတွေရဲ့ အရေပြားထိန်းသိမ်းစောင့်ရှောက်မှုက ရိုးရှင်းပြီး သမာရိုးကျဖြစ်ကာ လွယ်ကူသင့်ပါတယ်။ အမျိုးသားတွေအနေနဲ့ အရေပြားထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ အမျိုးသမီးတွေလိုမျိုး အဆင့်ဆင့်လိမ်းခြယ်မှု တွေမလိုအပ်သလို ခရင်မ်တွေကိုလည်း အထူကြီးလိမ်းစရာ မလိုအပ်ပါဘူး။ ဒါပေမယ့် အရိုးသားဆုံးပြောပြရမယ်ဆိုရင်တော့ အရမ်းကြည့်ရဆိုးနေတာမျိုးမဖြစ်စေဘဲ သပ်သပ်ရပ်ရပ်နဲ့ကြည့်ကောင်းစေဖို့အတွက် အချိန်နည်းနည်းလောက်ပေးပြီး အရေပြားကို ထိန်းသိမ်းပေးသင့်ပါတယ်။ တန်ဖိုးကြီးအလှကုန်ပစ္စည်းတွေ ဝယ်ယူသုံးစွဲဖို့ မလိုအပ်ပါဘူး။ သဘာဝကနေရရှိတဲ့ ပစ္စည်းတွေနဲ့တင် အရေပြားထိန်းသိမ်းစောင့်ရှောက်မှု လုပ်ဖို့လုံလောက်ပါတယ်။ ကျွမ်းကျင်သူ တွေရဲ့ကျန်းမာ၊ သန့်စင်ပြီး အစိုဓါတ်ထိန်းသိမ်းနည်း အကြံပြုချက်တွေကို တစ်ချက်လောက်ကြည့်လိုက်ကြရအောင်ပါ။ ၁။ အရေပြားကိုသန့်စင်ပေးပါ အမျိုးသားများစုဟာ နေ့အချိန်မှာ အရေပြားအချို့နေရာတွေမှာ အဆီပြန်လေ့ရှိပါတယ်။ အေးတဲ့ရာသီဥတုမှာတောင် အဆီပြန်လေ့ရှိပါတယ်။ အဆီပြန်လွန်းတဲ့အခါ အရေပြားစေးကပ်ပြီး ချွေးပေါက်ပိတ်တာမျိုးတွေကိုဖြစ်ပေါ်စေတဲ့အပြင် သင်တုန်းဓါးနဲ့ အမွေးမျှင်တွေကိုရိတ်တဲ့အခါ ချောချောမွေ့မွေ့ မဖြစ်စေပါဘူး။ ဒါကြောင့်မုတ်ဆိတ်မရိတ်ခင်မှာ ချွေးပေါက်တွေအဆီနဲ့ပိတ်မနေအောင် မျက်နှာသစ်ဆပ်ပြာ၊ ရေတို့နဲ့ မျက်နှာကို အရင်ဆုံး သန့်စင်ပေးပါ။ ၂။ မုတ်ဆိတ်ရိတ်ဖို့အသင့်ပြင်ပါ သင်တုန်းဓါးနဲ့မျက်နှာပေါ်ကအမွေးမျှင်တွေကို မရိတ်ခင်မှာ […]


အသားအရေ ထိန်းသိမ်းခြင်း

ပန်းရောင်နှုတ်ခမ်း ဖြစ်စေမယ့် သဘာဝဆေးနည်း (၈) မျိုး

ပန်းရောင်နှုတ်ခမ်း လေးရဲ့ နူးညံ့ပျော့ပြောင်းမှုဟာ ဆွဲဆောင်မှုအားကောင်းတဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုပါ။ အထူးသဖြင့်မိန်းကလေးတွေနဲ့ အမျိုးသမီးတွေအတွက်ပေါ့။ အမျိုးသမီးအများစုဟာ ခြောက်သွေ့ မှိုင်းညစ်ပြီး အလှပျက်စေတဲ့နှုတ်ခမ်းတွေကိုပိုင်ဆိုင်ထားကြဆဲပါ။ ဒီလိုနှုတ်ခမ်းတွေက ကြည့်ရတာရော ခံစားရတာပါ မကောင်းလှပါဘူး။ ဒါပေမယ့် နှုတ်ခမ်းသားလေးတွေအရောင်ပြန်စိုလာဖို့နဲ့ ပြန်ပြီးတောက်ပလာဖို့ နည်းလမ်းအမျိုးမျိုးကို သုံးနိုင်ပါတယ်။ သင့်နှုတ်ခမ်းလေးတွေ နူးညံ့ပြီး ပန်းရောင်သန်းလာစေဖို့ လွယ်ကူတဲ့နည်းလမ်း၈မျိုးကိုဖော်ပြပေးထားပါတယ်။ ၁။ ပျားရည်-သံပုရာ ကုသမှု ပျားရည်နဲ့သံပုရာအရောဟာ နှုတ်ခမ်းအတွက် ဗီတာမင်ပြန်ဖြည့်ပေးတဲ့ကုသမှုတွေထဲကအကောင်းဆုံးတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ ဒါက နှုတ်ခမ်းကိုသန့်စင်ပေးနိုင်တဲ့အပြင် နက်ရှိုင်းစွာရေဓါတ်ဖြည့်ပေးနိုင်ပြီး နှုတ်ခမ်းကို နူးညံ့သန့်စင်ပြီးပန်းရောင်ဖြစ်အောင်လုပ်ပေးနိုင်ပါတယ်။ ပျားရည်-သံပုရာအရောကိုရဖို့ ခွက်တစ်လုံးထဲကို ၂မျိုးလုံးဆတူထည့်ပြီး မွှေပါ။ ရလာတဲ့အရောကို နှုတ်ခမ်းပေါ်လိမ်းပြီး ၁နာရီခန့်ထားပါ။ ပြီးရင်တော့ နှုတ်ခမ်းကို ရေနဲ့ဆေးကြောပါ။ ရလဒ်အနေနဲ့ နှုတ်ခမ်းက ပိုပြီးချောမွေ့ပြီး ပန်းရောင်သန်းလာမှာပါ။ ဒီကုသမှုက နှုတ်ခမ်းနေလောင်ထားတာကိုပါ ပျောက်ကွယ်သွားစေနိုင်ပါတယ်။ ပန်းရောင်နှုတ်ခမ်း လေးအဖြစ် အမြန်ဆုံးသိသာလာစေဖို့ တစ်ရက်ကို အကြိမ်ပေါင်းများစွာပြုလုပ်နိုင်ပါတယ်။ ၂။ Glycerin (ဂလစ်စရင်း အလှဆီ) ခြောက်သွေ့ခြင်းဟာ နှုတ်ခမ်းတွေမဲနေတယ်လို့မြင်ရစေတာကြောင့် […]


ဝက်ခြံ

သင့်ကို အံအားသင့်စေမယ့် ဝက်ခြံထွက်ရခြင်း အကြောင်းရင်းအချို့ကို ယခုပဲကြည့်လိုက်ပါ

ဝက်ခြံတွေက တကယ်စိတ်ညစ်စရာပါ။ ဒါပေမယ့် သင့်ခန္ဓါကိုယ်တွင်းမှာ မတူညီတဲ့ဟော်မုန်းတွေကို တုံ့ပြန်တတ်တဲ့ မျိုးရိုးဗီဇတွေနဲ့အတူ သင်နေ့စဉ်လုပ်နေကျ လုပ်ငန်းဆောင်တာတွေကလည်း ဝက်ခြံထွက်စေနိုင်တာ သို့မဟုတ် ဝက်ခြံပေါက်နေရင်တောင် ပိုဆိုးစေတာမျိုးကို ဖြစ်စေနိုင်ပါတယ်။ အချို့သော အံ့အားသင့်ဖွယ်ကောင်းတဲ့ အဓိကအချက်တွေကို အောက်မှာဖော်ပြထားပါတယ။် ကဲ ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်လေးတို့ ကြည့်လိုက်ရအောင်။ ဝက်ခြံတွေထွက်လာရခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းရင်းတွေကို နားလည်ထားရမှာက ပထမဆုံးနဲ့ အရေးအကြီးဆုံးအချက်ဖြစ်ပြီး ဒီလိုနားလည်တာကပဲ ဝက်ခြံတွေကို ရင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။ နိုင်ငံတကာလေ့လာသူများရဲ့ သုံးသပ်ချက်အရ ဝက်ခြံဖြစ်ရခြင်းအကြောင်းရင်းတွေထဲက အဖြစ်အများဆုံးအကြောင်းရင်း ၁၁ချက် ကို ဖော်ပြထားပေးပါတယ်။ • ဝက်ခြံပေါက်ရခြင်း အကြောင်းရင်း ၁ : မျက်နှာကို ထိကိုင်ခြင်း ဒါကတော့ အတော်အံ့သြဖို့ကောင်းပါတယ်။ ဒါပေမယ့် သင့်မျက်နှာကို တစ်နေ့လုံးအဆက်မပြတ် ထိနေကိုင်နေခြင်းက ခန္ဓါကိုယ်တစ်ခုလုံးမှာ အညစ်ပတ်ဆုံး ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်သွားစေနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့အများစု သတိမမူဘဲ လုပ်မိတတ်ကြတဲ့ အရာတစ်ခုဖြစ်ပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်အသားအရေအတွက် ကောင်းမွန်တဲ့ မျက်နှာသစ်ဆေးကို ဘယ်လိုရွေးချယ်မလဲ။

သင့်အသားအရေအတွက် မှန်ကန်တဲ့ မျက်နှာသစ်ဆေးကို ဘယ်လိုရွေးချယ်ရမလဲ။ မျက်နှာသစ် ဆပ်ပြာကောင်းတစ်ခုဟာ ပထမဆုံးအနေနဲ့ သင့်အသားအရည်ကို ဂရုစိုက်ပေးနိုင်ရပါမယ်။ ဖုန်တွေ၊ အညစ်အကြေးတွေကို ဖယ်ရှားပေးရင်း မိတ်ကပ်တွေကို ပျော်ဝင်စေနိုင်ရမယ်။ ပြီးတော့ ချွေးပေါက်တွေကိုလည်းဖွင့်ပေးနိုင်ရပါမယ် (Moisture တွေကို ဖယ်ထုတ် ပစ်တာမျိုး မဟုတ်ဘဲနဲ့) ။ ဒီလို သေချာသန့်စင်ပေးခြင်းဟာ အခြားအရေပြားအလှကုန်တွေ သုံးတဲ့အခါမှာ အကောင်းဆုံး ဖြစ်စေပါတယ်။ မျက်နှာသစ်ဆေးတေ ွအားလုံးဟာ တူညီနေကြတာတော့ မဟုတ်ပါဘူး။ ဈေးကွက်ထဲက ထောင်နဲ့ချီရှိတဲ့ ပစ္စည်းတွေထဲက သင်နဲ့ကိုက်ညီတာကို ဘယ်လိုရွေးချယ်သင့်သလဲ။ ဂျေးချွတ်ဆေး ခပ်ပြင်းပြင်းတွေကို မျက်နှာပေါ် ဘယ်တော့မှမတင်ပါနဲ့။ သင့်အဘွားက ဘယ်လိုပဲပြောနေပါစေ။ ဆပ်ပြာဟောင်း ခပ်ကောင်းကောင်းတွေနဲ့ ရေနဲ့ပဲသုံးနေတာက သင့်အသားအရည်အတွက် အကောင်းဆုံးမဖြစ်နိုင်ပါဘူး။ တကယ်လို့ သင့်အသားက တင်းကြပ်တာခြောက်သွေ့တာနဲ့ ရေချိုးပြီးတဲ့အခါမှာ ပြောင်ချောချောဖြစ်နေရင် creamier cleanser (ခရင်မ်များသောမျက်နှာသစ်ဆေး)လိုအပ်နေပါပြီ။ တကယ်လို့ […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်အသားအရောင်နဲ့လိုက်ဖက်မယ့် အကောင်းဆုံးအောက်ခံမိတ်ကပ်ကို ဘယ်လိုရွေးမလဲ

သင့်အသားအရည်ပေါ်လိုက်ပြီး အကောင်းဆုံး အောက်ခံမိတ်ကပ် (foundation) ရွေးချယ်ခြင်း သင့်အသားအရောင်ပေါ်လိုက်ပြီး အောက်ခံမိတ်ကပ် ရွေးချယ်တာအပြင် သင့်အသားအရည်အတွက် အကောင်းဆုံးဖြစ်ပြီး သင့်အကြိုက်နဲ့ လည်းကိုက်ညီမဲ့ အမျိုးအစားကို ရွေးချယ်ဖို့လည်းအရေးကြီးပါတယ်။ ဥပမာ-သင်က အဆီပြန်တတ်တယ်ဆိုရင် အသားခြောက်တဲ့လူတွေ ညွှန်းလိုက်တဲ့ အောက်ခံမိတ်ကပ်ကို သင်သုံးချင်မှာမဟုတ်ပါဘူး။ တကယ်လို့သင့်မှာ ဝက်ခြံတွေရှိနေရင် သို့မဟုတ် rosacea ကဲ့သို့ မျက်နာနီတတ်သော အရေပြားရောဂါတစ်မျိုး ဖြစ်နေမယ်ဆိုရင် အနည်းငယ်သာ ဖုံးပေးနိုင်မဲ့ အောက်ခံမိတ်ကပ်( sheer coverage foundation)ကို အသုံးပြုလိုမှာမဟုတ်ပါဘူး။ တကယ်လို့ သင်ဟာ ပုံမှန်အသားအရည်ရှိပြီး အသားရောင်ကလည်း ညီနေမယ်ဆိုရင် ထူပိန်းပိန်းဖြစ်နေမယ့် အောက်ခံမိတ်ကပ်မျိုးကို သုံးလိုမှာမဟုတ်ပါဘူး။ ဒီလိုဆိုအောက်ခံမိတ်ကပ်အမျိုးမျိုးကဘာတွေလဲ၊ သင်ဘယ်လိုရွေးချယ်မလဲ။ အောက်မှာ ဖော်ပြထားတာတွေကတော့ သင်မိတ်ကပ်ဝယ်တဲ့အခါ တွေ့နိုင်မဲ့ အမျိုးအစားတွေပါ။ သင့်အသားအရည် အမျိုးအစားကို နားလည်ခြင်း၊ coverage လုပ်လိုတဲ့ အနေအထားကို သိရှိထားခြင်းနဲ့ သင့်အကြိုက်ကိုလိုက်ပြီး ရွေးချယ်ခြင်းက […]


ဝက်ခြံ

ဝက်ခြံ အမာရွတ် တွေ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

ဝက်ခြံ အမာရွတ် များ မဖြစ်အောင် ကာကွယ်နိုင်မည့် နည်းလမ်းများကို ပြောပြလိုပါသည်။ လူတိုင်းအတွက် ဝက်ခြံသည် စိုးရိမ်ပူပန်ရသော ကိစ္စရပ်ဖြစ်ပါသည်။ ဝက်ခြံပျောက်သွားသည့်တိုင်အောင် ဝက်ခြံထက်ပျောက်ကင်းရန် ပိုကြာသော အမာရွတ်ကျန်ခဲ့နိုင်ပါသည်။ ဝက်ခြံအမာရွတ်မည်သို့ဖြစ်ပေါ် နိုင်သလဲ သိထားခြင်းအားဖြင့် ကာကွယ်ခြင်းများပြုလုပ်နိုင်ပါသည်။ ဝက်ခြံအမာရွတ် မည်သို့ဖြစ်ပေါ်လာသနည်း လူတိုင်းသိထားသည်မှာ ချွေးပေါက်ပိတ်လျှင် ဝက်ခြံဖြစ်ပေါ်နိုင်ပါသည်။ ချွေးပေါက်ပိတ်လျှင် အဆီ အညစ်အကြေး ဘက်တီးရီးယား ပိုးမွှားများ ပေါက်ပွား၍ ရောင်ရမ်းခြင်းများဖြစ်ပေါ်နိုင်ပါသည်။ ဝက်ခြံကို မကိုင်ရ သူ့ဟာသူ ပျောက်ကင်းသည်အထိ စောင့်ရမည်ဟု ပြောကြသည်။ သို့သော် အရေပြားဆရာဝန် အချို့သည် ထိုအဆိုကို မှားယွင်းသည်ဟု ဆိုကြသည်။ ကုသမှုမယူလျှင် အဆီဝက်ခြံ ကဲ့သို့သော ဝက်ခြံ အချို့သည် အမည်းစက်နှင့် အမာရွတ်များကျန်ခဲ့နိုင်ပါသည်။ ဝက်ခြံများကို မှားယွင်းစွာညှစ်မိလျှင် အမာရွတ်ကျန်ခဲ့နိုင်ပါသည်။ ရောင်ရမ်းမှုများလေလေ အမာရွတ်ဖြစ်နိုင်ချေများလေလေ ဖြစ်ပါသည်။ သို့သော် ဆားဝက်ခြံနှင့် အဆီဖုများသည် အမာရွတ်မဖြစ်ပေါ်နိုင်ပါ။ ထို့ကြောင့် […]


အသားအရေ ထိန်းသိမ်းခြင်း

အရေးအကြောင်းတွေဖြစ်မလာဖို့ ဘယ်လိုကာကွယ်ရမလဲ

အရေးအကြောင်းတွေ ဖြစ်မလာဖို့ ဘယ်လိုကာကွယ်ရမလဲ။ အရေးအကြောင်းဆိုတာ အသားအရေပေါ်မှာ အတွန့်အခေါက်တွေဖြစ်လာတာပါ။ များသောအားဖြင့်တော့ အသက်ကြီးလို့ ဖြစ်ကြတာပေါ့။ သင်အသက်ကြီးလာလေလေ ဆဲလ်ပွားနှုန်းက ပိုနှေးလာလေလေဖြစ်ပြီး အရေပြားက တဖြည်းဖြည်းပါးလာပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ အသားတွေ ခြောက်လာပါးလာပြီး အသားကြုံ့နိုင်ဆန့်နိုင်စွမ်းတွေ နည်းပါးလာတဲ့အခါမှာ သင့်အသားပေါ်မှာ အရေးအကြောင်းတွေ ထင်လာတော့တာပါပဲ။ အခြားအချက်တွေကလည်း ဇရာဖြစ်စဉ်ကိုပိုမြန်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေကာ အချိန်မတိုင်ဘဲ အရေးအကြောင်းတွေဖြစ်လာစေတော့တာပါပဲ။ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ နေရောင်ခြည်နဲ့ ညစ်ညမ်းမှုတွေကလည်း အရွယ်မတိုင်ခင် အိုမင်းလာစေပါတယ်။ အရေးအကြောင်းဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်း -နေရောင်ခြည်နဲ့ ထိတွေ့မှု ကျန်းမာတဲ့ ရွှေညိုရောင်အသားအရေဆိုတာက အတော်ကိုကောင်းမွန်ပါတယ်။ ဒါပေမဲ့ နေပူဆာလှုံခြင်းကြောင့်ဖြစ်လာတဲ့ ရွှေညိုရောင် အသားကတော့ အသားအရေပျက်စီးခြင်းရဲ့ သင်္ကေတပါပဲ။ ဒါဟာ ခရမ်းလွန်ရောင်ခြည်ကအသားအရေကို အထောက်အပံ့ပေးနေတဲ့ ဖွဲ့စည်းပုံတွေကို ထိုးဖောက် ဖျက်ဆီးပစ်လိုက်ခြင်းရဲ့ သက်သေပဲမဟုတ်လား။ အရေးအကြောင်းအများစုဟာ ဘဝတစ်သက်တာ ေ နရောင်ခြည်နဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း