backup og meta

ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေ ပျောက်စေမယ့် အစားအစာများ


Dr. Phio Thiha မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေ ပျောက်စေမယ့် အစားအစာများ

    ဝက်ခြံအမာရွတ်တွေအတွက် စားသောက်သင့်သောအစားအစာများ

    ချောမွတ်တဲ့အသားအရည်တွေကိုအမြန်ဆုံးပြန်လည်ပိုင်ဆိုင်စေဖို့ ဝက်ခြံအမာရွတ်တွေကိုကုသပေးဖို့လိုအပ်ပါတယ်။ ဒီအမာရွတ်တွေကို သဘာဝနည်းလမ်းနဲ့ကုသမယ်ဆိုရင်တော့ အသားအရည်ကိုပြန်လည်ကောင်းမွန်စေပြီး အာဟာရတွေပါဝင်တဲ့ စားစရာအမျိုးမျိုးကိုစားပေးရမှာပါ။ အမြန်ဆုံးပြန်ကောင်းလာဖို့အတွက်ဆိုရင်တော့ အစားအစာတွေကိုအစီအစဉ်တကျ ညီညီမျှမျှစားသောက်ရမှာပါ။

    Zinc (ဇင့်)

    အသားအရည်ကျန်းမာရေးအတွက်အရေးကြီးတဲ့လိုအပ်ချက်တစ်ခုဖြစ်တဲ့ ဇင့်ကမရှိမဖြစ်အရေးပါပါတယ်။ သူကဒဏ်ရာတွေကို ကုသတဲ့နေရာမှာအထောက်အကူပြုပေးနိုင်ပါတယ်။ ပရိုတိန်းမြင့်မားစွာပါဝင်တဲ့စားစရာတွေဖြစ်တဲ့ အမဲသား၊ ဝက်သား ၊ ငါး၊ နွားပေါက်သား၊ သိုးသားနဲ့ ကြက်သား ၊ကြက်ဥစသည်တွေမှာဇင့် ဓါတ်မြောက်များစွာပါဝင်ပါတယ်။ zinc ဓါတ်ကိုပိုပြီးရရှိစားသောက်နိုင်ဖို့အတွက် အနီရောင်အသားတွေကိုများများစားပေးပါ။ မြေပဲနဲ့ မြေပဲထောပတ်တွေမှာလဲဇင့် ဓါတ်တွေပါဝင်ပါတယ်။ ပဲအမျိုးမျိုးမှာလဲလုံလောက်တဲ့ဇင့် ဓါတ်တွေရှိပါတယ်။ ကုလားပဲ၊ ပဲနီလေး၊ ထောပတ်ပဲ၊ black beanနဲ့ ပဲလိပ်ပြာစတဲ့ပဲတွေမှာဇင့်တွေအလုံအလောက်ပါဝင်ပါတယ်။ ပဲဟင်းကတော့ တကယ်ကိုဇင့်ဓါတ်ကြွယ်ဝတဲ့ဟင်းပါ။ ပဲငါးပိနဲ့ အခြားပဲအမျိုးမျိုးမှာလည်းဇင့်ဓါတ်တွေပါဝင်ပါတယ်။ ပဲပုပ်(soy)ကိုအခြေခံထားတဲ့စားစရာတွေဖြစ်တဲ့ တိုဟူး၊ မီဆို ၊ tempeh ၊ soy cheese နဲ့ meatless entrée ကိုလည်းသင်စားသုံးနိုင်ပါတယ်။ ဒါမှမဟုတ် သင်သောက်နေကျအရာတွေနေရာမှာ soy ပရိုတိန်းတစ်မျိုးမျိုးကိုအစားထိုးသောက်ကြည့်ပါ။ အခြားအစပ်အရသာရှိတဲ့ပစ္စည်းတွေ ဥပမာoregano, ပင်စိမ်း, ချင်း, နံနံပင် ၊ ဇီရာစတဲ့အရာတွေမှာလည်းလိုအပ်တဲ့ အာဟာရတွေ ပါဝင်ပါတယ်။

    Omega-3 ပါဝင်သောအရာများ

    Omega-3 fatty acid ငါးကြီးဆီဟာ ဝက်ခြံအမာရွတ်တွေကိုကုသပေးနိုင်ပါတယ်။ ဒီOmega-3 fatty acid မှာဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တာကြောင့် ရောင်ရမ်းခြင်းကိုလျှော့ချပေးပြီးအရေပြားကိုပျော့ပျောင်းနူးညံ့စေပါတယ။် နှလုံးကျန်းမာစေတဲ့အစာတွေလို့သိကြတဲ့ အရာတွေကိုစားပေးခြင်းကနေ Omega-3 fatty acid ကိုရရှိနိုင်ပါတယ်။ ဆူးတောင်ပါငါးမျိုးတွေဖြစ်တဲ့ ဆယ်လ်မွန်၊ ဆာဒင်း၊ herring၊ anchovies၊ trout၊ mackerel နဲ့ albacore tuna စတဲ့ငါးတွေမှာအာဟာရဓါတ်ပြည့်စုံကြွယ်ဝစွာ ပါဝင်ပါတယ်။

    အာဟာရဓါတ်ပြည့်ဝစွာပါဝင်တဲ့အခြားစားစရာတွေကတော့ ဗာဒံသီး၊ သစ်ချသီး၊ pistachios နဲ့ butternutsတွေဖြစ်ပါတယ်။ ဆီကြိတ်လို့ရတဲ့အစေ့တွေဖြစ်တဲ့ ဝါစေ့၊ နေကြာစေ့၊ ဟင်းသီးဟင်းရွက်တွေ၊ သံလွင်သီးနဲ့ မြေပဲအမျိုးအစားတွေဟာအာဟာရပြည့်ဝစွာပါဝင်တဲ့ အရင်းအမြစ်တွေဖြစ်နေပါသေးတယ်။ အနှံတွေမှာလည်း Omega-3 fatty acid ပြည့်စုံလုံလောက်စွာပါဝင်နေနိုင်ပါတယ်။ ဒီအမျိုးအစားထဲမှာတော့ အုတ်ဂျုံ၊ ဘာလီ၊ လုံးတီးဂျုံ၊ ဂျုံနု၊ အုတ်ဂျုံနု၊ ဆန်လုံးညို၊ triticale နဲ့ quinoa တို့ပါဝင်ပါတယ်။ ဒီလိုအနှံတွေကိုအမှုန့်အဖြစ်ပြုလုပ်ထားတဲ့ထုတ်ကုန်တွေကိုရွေးချယ် အသုံးပြုခြင်းကသင့်ဝက်ခြံအမာရွတ်တွေကုသတဲ့နေရာမှာ အသုံးဝင်ပါတယ်။

    Vitamin A (ဗီတာမင် အေ)ပါဝင်သော ပစ္စည်းများ

    Vitamin A က သင့်ခန္ဓါကိုယ်ထဲမှာဓါတ်တိုးဆန့်ကျင်ခြင်းကို ပါဝင်လုပ်ဆောင်တာမို့ သူကလည်းမရှိမဖြစ်တဲ့ ဗီတာမင် တစ်မျိုးပါ။ ဒီဗီတာမင်ကအရေပြားကျန်းမာရေးအတွက်အရးကြီးပါတယ်။ အသည်း၊ကျောက်ကပ်၊အနီရောင်အသား၊ ဥတွေနဲ့ နို့ထွက်ပစ္စည်းတွေထဲမှာ vitamin A ကိုတွေ့နိုင်ပါတယ်။ ဒီအစားအစာတွေထဲမှာကအဆီတွေနဲ့ ကိုလက်စထရောတွေအများကြီးပါတာတစ်ခုကတော့ သတိထားစရာပါ။ အဆီနဲ့ ကိုလက်စထရောမပါဝင်တဲ့အရာတွေနဲ့အရောင်တောက်ပတဲ့အပင်ထွက်ပစ္စည်းတွေကိုစားသုံးခြင်းကနေလည်းVitamin A ကိုရယူနိုင်ပါတယ်။ ဒီထဲမှာကန်စွန်းဥ၊ ရွှေဖရုံသီး၊ ဥနီ၊ broccoli ၊ ဟင်းနုနွယ်နဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေပါဝင်ပါတယ်။ ဘင်္ဂလားဆီးသီး၊ သခွားမွှေး၊ ပန်းရောင်ကျွဲကောသီးစတဲ့အသီးအနှံတွေကိုစားပေးခြင်းအားဖြင့်လည်းသင့်အသားအရေကောင်းမွန်စေမယ့် ဗီတာမင်တွေကိုရရှိနိုင်မှာပါ။ ဆေးဘဲဥ၊ နို့၊ ရေခဲမှုန့်၊ ဒိန်ချဉ်နဲ့ ချိစ် စတဲ့ အဆီနည်းနို့ထွက်ပစ္စည်းတွေကိုလည်းသင်ရွေးချယ်နိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Phio Thiha မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement