အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဝက်ခြံ

ဆယ်ကျော်သက်အရွယ်ဝက်ခြံပေါက်ခြင်း၊ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားတွေ့ရမလဲ

အပျိုဖော်၊ လူပျိုဖော်ဝင်ရင် ဆယ်ကျော်သက် အတော်များများဟာ ဝက်ခြံပေါက်ခြင်းကို ခံစားရကြပါတယ်။ ဆယ်ကျော်သက်အရွယ်ကျော်လွန် သွားတာနဲ့ အမျှ ဝက်ခြံတွေဟာ သဘာဝအတိုင်း ပျောက်သွားကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝက်ခြံပေါက်ခြင်းဟာ အလွန်ဆိုးဝါးပြီး ဆေးကုသဖို့ လိုအပ်တဲ့ အခြေအနေမျိုးတွေ ရှိနိုင်ပါတယ်။   ဆယ်ကျော်သက်တွေမှာ ဘာလို့ ဝက်ခြံပေါက်တာလဲ။ ဆယ်ကျော်သက်တွေဟာ လူပျိုဖော်၊ အပျိုဖော်ဝင်ချိန်တွေမှာ အဆီထွက်ခြင်း ပိုမိုများပြားလာပြီး ချွေးပေါက်တွေ ပိတ်နိုင်ပါတယ်။ အဆီဟာ ဟော်မုန်းနဲ့ လူပျိုဖော်ဝင်ချိန်မှာ တိုးလာတဲ့ ဟော်မုန်း androgens တွေကြောင့် ပိုထွက်တာ ဖြစ်ပါတယ်။   ဆယ်ကျော်သက်အရွယ် ပေါက်တဲ့ ဝက်ခြံ အမျိုးအစားတွေက ဘာတွေလဲ။ ဝက်ခြံတွေကို မျက်နှာ၊ နောက်ကျော၊ လည်ပင်း၊ ပုခုံးတွေမှာ အတွေ့များတတ်ပြီး အမျိုးအစားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ Whiteheads - သူတို့ဟာ အဆီတွေ ချွေးပေါက်အတွင်း ဖြစ်ပေါ်လာလို့ ဖြစ်တာဖြစ်ပြီး […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းပန်းကုံးတွေကို ဂရုစိုက်ခြင်း

လက်သည်းညှပ်ခြင်း ပြုလုပ်မယ်ဆိုရင် လူတွေဟာ ပန်းကုန်းတွေကိုပါ ညှပ်လိုက်ကြပါတယ်။ ဒါပေမယ့် သူဟာ လက်သည်းခြေသည်းတွေရဲ့ ကျန်းမာစွာ ကြီးထွားလာနိုင်မှုကို ကာကွယ်ပေးတာကြောင့် အရေးကြီးပါတယ်။ တကယ်တော့ ပန်းကုန်းဆိုတာ အရေပြားတစ်မျိုးပဲဖြစ်ပါတယ်။ သူဟာ အရေပြားကို ရောဂါပိုးဝင်ခြင်းကနေ ကာကွယ်ပေးမယ့် ပါးလွှာတဲ့ အလွှာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် လက်သည်းပန်းကုန်းတွေကို သေချာစွာ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ သူတို့ကို သေချာစွာ ကာကွယ်ပေးဖို့ အောက်ဖေါ်ပြပါ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ ပန်းကုန်းတွေကို ချန်ထားပါ။ အရေပြား ဆရာဝန်တွေက လက်သည်းပန်းကုန်းတွေကို ညှပ်ပစ်ခြင်းဟာ လက်သည်းကျန်းမာရေးအတွက် မကောင်းဘူးလို့ ဆိုပါတယ်။ ပန်းကုန်းတွေဟာ လက်သည်းနဲ့ eponychium ကြားက နေရာကို ပိတ်ထားပေးပြီး သူ့ကို ဖယ်ရှားလိုက်ခြင်းဟာ ရောဂါပိုးဝင်ခြင်းနဲ့ ယားယံခြင်းတွေကို ပိုဖြစ်စေနိုင်ပါတယ်။ လက်သည်းပန်းပန်ုးတွေကို ညှပ်လိုက်ခြင်းဟာ အခြားလက်သည်းပြဿနာတွေဖြစ်တဲ့ အဖြူရောင်အကြောင်းများ၊ အဖြူရောင်အကွက်များကို […]


အသားအရေ ထိန်းသိမ်းခြင်း

မိတ်ကပ် ပရိုင်မာကို ဘယ်လို မှန်မှန်ကန်ကန် လိမ်းကြမလဲ

မိတ်ကပ် ပရိုင်မာ ကို ဘယ်လို မှန်မှန်ကန်ကန် လိမ်းကြမလဲ ..... နှုတ်ခမ်းနီနဲ့ အိုင်းလိုင်နာတို့လိုမျိုးပဲ မိတ်ကပ် ပရိုင်မာဟာ အမျိုးသမီးတွေ လှပမှုရဲ့ လျှို့ဝှက်ချက် တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ပရိုင်မာနဲ့ သူ့ရဲ့ မှော်ဆန်တဲ့ အချက်တွေအကြောင်းကို မသိတဲ့သူ အများအပြားရှိနေပါသေးတယ်။ ဒီဆောင်းပါးမှာတော့ ပရိုင်မာကို ပညာရှင်တစ်ယောက်လိုမျိုး ဘယ်လိုလိမ်းခြယ်ရမလဲဆိုတာကို ဖေါ်ပြသွားမှာဖြစ်ပါတယ်။ မိတ်ကပ် ပရိုင်မာဆိုတာ ဘာလဲ။ မိတ်ကပ် ပရိုင်မာဟာ မျက်နှာမိတ်ကပ်အောက်ခံအဖြစ် အသုံးပြုပြီးတော့ အဆီထွက်ခြင်းကို ကာကွယ်ပေးကာ အောက်ခံမိတ်ကပ်ကို ချောမွေ့ပြီး အချိန်အကြာကြီးခံစေပါတယ်။ ပရိုင်မာ လိမ်းပေးခြင်းအားဖြင့် အောက်ခံမိတ်ကပ်နဲ့ moisturizer တို့မှာ ကပ်စရာ အလွှာတစ်ခု ရှိသွားတာကြောင့် တစ်နေကုန်ခံပါတယ်။ ဒါ့ပြင် ပရိုင်မာဟာ အရေးအကြောင်းတွေ၊ ချွေးပေါက်တွေ၊ ဝက်ခြံအမာရွတ်တွေကို ဖုံးကွယ်နိုင်ပြီးတော့ ပြီးပြည့်စုံတဲ့ မျက်နှာ အရေပြား အလှကို ပေးစွမ်းနိုင်ပါတယ်။ မိတ်ကပ် […]


အခြားအရေပြားပြဿနာများ

တက်တူး မထိုးခင်မှာ သင်သိထားသင့်တဲ့ အကြောင်းအရာများ

လူတွေဟာ သူတို့ဘဝမှာ ရင်ဆိုင်ကြုံတွေ့ လာရတဲ့ ဘဝမှတ်တိုင်တွေနဲ့ စိတ်ခံစားမှုတွေကို သက်သေထူရန် သူတို့ရဲ့ခန္ဓါကိုယ်မှာ တက်တူးတွေကို ထိုးကြပါတယ်။ တက်တူးထိုးခြင်းဟာ နာကျင်စေတဲ့ အပြင်ရှုပ်ထွေးပြီး သေချာဂရုစိုက်ဖို့လည်း လိုအပ်ပါတယ်။ တစ်ဖက်က ပြောရမယ်ဆိုရင်လည်း တက်တူးထိုးပြီးတဲ့ အခါမှာ လူအများဟာ ၎င်းကို ပြန်ဖျက်ချင်ကြပါတယ်။ သို့သော် မှန်မှန်ကန်ကန် ဖျက်ဖို့ရာ နည်းလမ်းတွေအကြောင်းကို မစဉ်းစားကြပါဘူး။ ယခုဖော်ပြမယ့် ဆောင်းပါးဟာ တက်တူးအမျိုးအစားနှင့် တက်တူး တွေ အကြောင်းအပြင် ၎င်းကို ဖယ်ရှားဖို့ရာ အန္တရာယ်ကင်းတဲ့ နည်းလမ်းတွေကို နားလည်စေရန် ပြောပြမှာ ဖြစ်ပါတယ်။ တက်တူး မထိုးခင်မှာ သင်သိထားသင့်တဲ့ အကြောင်းအရာများ က ဘာတွေများလဲ လေ့လာလိုက်ရအောင်နော်။ တက်တူး မထိုးခင်မှာ သင်သိထားသင့်တဲ့ အကြောင်းအရာများ တက်တူး မထိုးခင်မှာ သင်သိထားသင့်တဲ့ အကြောင်းအရာများ ကတော့ - တက်တူးတစ်ခုကို […]


အသားအရေ ထိန်းသိမ်းခြင်း

အရေပြား ခြောက်သွေ့အက်ကွဲခြင်းကို ကုသခြင်း

ရာသီဥတုဟာ လူသားတွေရဲ့ ကျန်းမာရေးကို ပြဿနာများစွာ ဖြစ်ပေါ်စေပါတယ်။ အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်း သို့မဟုတ် ရာသီအလိုက် ဓါတ်မတည့်မှုများ ဖြစ်ပွားခြင်း စတာတွေအပြင် အရေပြားများ ခြောက်သွေ့ အက်ကွဲခြင်းဟာလည်း ရာသီဥတုနှင့် သက်ဆိုင်တဲ့ ကျန်းမာရေး ဆိုင်ရာ ပြဿနာများထဲမှ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်လာတဲ့ အခါမှာ နာကျင်မှု အပျော့စားကနေ ပြင်းထန်တဲ့ နာကျင်မှုအထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ၎င်းကို ဘယ်လို အန္တရာယ်ကင်းစွာ ထိထိရောက်ရောက် ကုသနိုင်မလဲ ဆိုတာက အမှန်တကယ်ကို လိုအပ်နေပါတယ်။   ဘာကြောင့် လူတွေဟာ အရေပြားခြောက်သွေ့ အက်ကွဲကြသလဲ။ အရေပြားဟာ အစိုဓါတ် ပြတ်တောက်သွားတဲ့ အခါ အရေပြားခြောက်သွေ့ အက်ကွဲခြင်းကို ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီအခြေအနေဟာ များသောအားဖြင့် ဖြေဖဝါးနှင့် လက်တွေမှာ ဖြစ်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေရာတွေဟာ […]


အသားအရေ ထိန်းသိမ်းခြင်း

ဆန်ဆေးရည် ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

လူအတော်များများက သူတို့ ထမင်းချက်တဲ့အခါ သုံးတဲ့ ဆန်ဆေးရည်ကို လွှင့်ပစ်တတ်ကြပါတယ်။ ဒါဟာ တကယ်တော့ ဆန်ဆေးရည် ကပေးတဲ့ အလှအပနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကို ဖြုန်းတီးပစ်နေတာနဲ့ အတူတူပါပဲ။ ဆန်ဆေးရည်မှာ အရေပြားနဲ့ ဆံပင်အတွက် အကျိုးရှိတဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဆန်ဆေးရည် ရဲ့ နောက်ကွယ်ကပုံပြင် ဆန်ဆေးရည်ကို နှစ်ပေါင်းများစွာ ကတည်းက အရှေ့ပိုင်း ယဉ်ကျေးမှုတွေမှာ အသိအမှတ် ပြုနေကြပါတယ်။ အရှေ့တိုင်းသူတွေ အသားအရေ လှပတာ အံ့သြစရာမရှိပါဘူး။ အတိတ်ကာလတုန်းက အရှေ့တောင်အာရှ နိုင်ငံတွေမှာ အမျိုးသမီးတွေဟာ သူတို့ရဲ့ မျက်နှာ နဲ့ ဆံပင်အတွက် ဆန်ဆေးရည်ကို အသုံးပြုကြပြီးဆန်ဆေးရည်နဲ့တောင် ရေစိမ်ချိုးလေ့ ရှိကြပါတယ်။ ဆန်ဆေးရေထဲမှာ Ferulic acid လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ ဓာတ်တစ်မျိုး ပါဝင်ပြီး […]


ဝက်ခြံ

ဝက်ခြံဖုတွေကြောင့်နီမြန်းနေတာတွေ ညတွင်းချင်း သက်သာအောင် ဘယ်လိုလုပ်မလဲ

ဝက်ခြံကြောင့် အသားနီမြန်းခြင်းကို မြန်မြန်ပျောက်အောင် လုပ်ချင်တဲ့ အကြောင်းရင်းတစ်ခုကတော့သင့်မှာအရေးကြီးတဲ့ ပွဲ (သို့) အစည်းအဝေးတစ်ခုခုရှိတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအခါသင့်ကိုဘေးကလူတွေ ဝက်ခြံကြောင့် နီမြန်းခြင်းကိုငေးကြည့်နေမှာကိုလိုလားမှာမဟုတ်ပါဘူး။ ဒီလိုပဲမျက်နှာမှာအနီရောင်အကွက်တွေကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်ချင်မှာလဲမဟုတ်ပါဘူး။ Tetracycline၊ doxycycline၊ minocycline၊ erythromycin စတဲ့ ပိုးသတ်ဆေးတွေဟာဝက်ခြံကြောင့် နီမြန်းခြင်းကိုလျော့ကျစေမှာ ဖြစ်ပေမယ့် ဒီရလဒ်ကို မြင်ရဖို့ အချိန်တော့ ယူရမှာပါ။ ဝက်ခြံကြောင့် နီမြန်းခြင်းဆိုတာဘာလဲ။ ဝက်ခြံကြောင့် နီမြန်းခြင်းဆိုတာအမာရွတ်ထင်ခြင်းမဟုတ်ပါဘူး။ သူဟာရောင်ရမ်းမှုတစ်ခုသာ ဖြစ်ပါတယ်။ ဝက်ခြံကြောင့် နီမြန်းခြင်းကိုဘယ်လိုများရခဲ့ပါသလဲ။ သူဟာအဆီတွေ မွေးညင်းပေါက်တွေနဲ့ နံရံတစ်လျှောက် ဖြတ်သန်းသွားရာကစတင်ဖြစ်ပေါ်ပါတယ်။ ချွေးပေါက်တွေထဲမှာအဆီဟာဆဲလ်အသေတွေနဲ့ ပေါင်းပြီးချွေးပေါက်ပိတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကပဲဝက်ခြံ ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကိုပွားစေပြီးတော့ ရောင်ရမ်းခြင်းနဲ့ နီမြန်းခြင်းကို ဖြစ်စေပြီးတစ်ရှူးတွေကိုပျက်စီးစေတဲ့ Free radicals တွေကိုထုတ်ပေးပါတယ်။ တကယ်လို့ ဒီလိုတွေ မဖြစ်ဘူးဆိုရင်တော့ အနီကွက်ဟာသူ့ဘာသာသူပျောက်ကင်းသွားပါလိမ့်မယ်။ ဒါပေမယ့်လည်းတစ်နှစ်ကျော်တဲ့အထိအရောင် မပြောင်းလဲဘူးဆိုရင်တော့ အမာရွတ်ဖြစ်ကောင်ဖြစ်နိုင်ပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်ကွင်းညိုခြင်းကို သက်သာစေဖို့ အသုံးပြုနိုင်သော အစားအစာများ

အဓိပ္ပါယ်ဖွင့်ဆိုချက် မျက်လုံးအောက်မှာ ရှိတဲ့ အညိုရောင် နေရာကို “dark circles” (မျက်ကွင်းညိုခြင်း) လို့ခေါ်ပါတယ်။ ယောက်ျားရော မိန်းမရောမှာ မျက်ကွင်းညိုခြင်းဟာ သူတို့ရဲ့ ရုပ်ပန်းသွင်ပြင်ကို အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ စိတ်ဖိစီးမှု၊ အိပ်ရာထ နောက်ကျခြင်း၊ မျိုးရိုး၊ နေရောင်ခြည် ထိတွေ့ခြင်းနဲ့ ကွန်ပျူတာနဲ့ အလုပ်လုပ်ခြင်းအပါအဝင် မျက်ကွင်းညိုခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းရာများစွာရှိပါတယ်။ မျက်ကွင်းညိုခြင်းကို ကုသဖို့အတွက် အလှပြင်ပစ္စည်းတွေ၊ ဓါတုပစ္စည်းတွေနဲ့ သဘာဝ ကုသမှုတွေကို အသုံးပြုနိုင်ပါတယ်။ အခြေခံအစားအစာများ မျက်ကွင်းညိုခြင်းကို ကုသဖို့အတွက် ဈေးကြီးတဲ့ ကုသမှုတွေသာမက အခြေခံကျတဲ့ အစားအစာတွေကိုလဲ သုံးစွဲနိုင်ပါတယ်။ ထိုအစားအစာတွေကို မီးဖိုချောင်မှာ အလွယ်တကူတွေ့ရှိနိုင်ပြီးတော့ ဈေးလည်း သက်သာပါတယ်။ ၁။ ခရမ်းချဉ်သီး ခရမ်းချဉ်သီးမှာ မျက်ကွင်းညိုခြင်းကို ကုသဖို့ အရေးကြီးတဲ့ အာဟာရဓါတ်တစ်ခုဖြစ်တဲ့ ဗီတာမင်အေ ပါဝင်ပါတယ်။ ဗီတာမင်အေဟာ မျက်ကွင်းညိုခြင်းကိုဖြစ်စေတဲ့ မျက်စိရောဂါတွေဖြစ်တဲ့ မျက်လုံးခြောက်သွေ့ခြင်း […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ပြန်လည်ပေါက်ရာတွင် ဘာတွေဖြစ်ပါသလဲ။

လူတိုင်းဆံပင်ပြန်ပေါက်ရာတွင် မတူကြသည်ကိုသိထားပြီးဖြစ်ကြပါလိမ့်မည်။ ဆံပင်ပြန်ပေါက်ခြင်းအဆင့်ဆင့်သည် ပြီးပြည့်စုံရန် ပျမ်းမျှအားဖြင့် ၄လမှ၆လခန့် ကြာမြင့်ပါသည်။ ထို့ကြောင့် စိတ်ရှည်ရန် အရေးကြီးပါသည်။ ထိုအချိန်တွင် နူးညံ့သိမ်မွေ့သောပြောင်းလဲမှုများကိုသတိပြုမိပါလိမ့်မည်။ဤဆောင်းပါးတွင် သင်သိလိုသောဆံပင်ပြန်ပေါက်ပုံအဆင့်ဆင့်ကိုဖေါ်ပြထားပါသည်။ အကယ်၍ သင်သည် ဆံပင်ကျွတ်ခြင်းကိုခံစားနေရပါကဤအရာသည် ပုံမှန်သဘောသာဖြစ်၍ ဆံပင်၏ ပုံမှန်ကြီးထွားပုံသံသရာတွင် ပါဝင်သောအရာသာဖြစ်ပါသည်။ ဆံပင်သည် အဆင့်ဆင့်ပြန်ပေါက်ခြင်းဖြစ်ပြီးရှည်စွာပေါက်လာပြီးနောက် တဖန်ပြန်ကျွတ်ပြန်ပါသည် ထိုနောက် မပြောင်းလဲသောကာလတခုရှိပါသည်။ ဆံပင်ကြီးထွားခြင်းတွင် အနာဂင်(anagen)၊ ကတာဂင်(catagen)နှင့် တီလိုဂင်(telogen)ဟူသောအဆင့် ၃ဆင့်ရှိပါသည်။ ဆံပင်ကြီးထွားလာပုံကိုနားလည်လာအောင် အထက်ပါအဆင့်၃ဆင့် ဖြစ်ပျက်ပုံကိုစမ်းစစ်ကြည့်ပါစို့။ (၁)အနာဂင်အဆင့် အနာဂင်အဆင့်သည် ဆံပင်၏ ပွားများတက်ကြွသောအဆင့်ဖြစ်ပါသည်။ ဆံပင်အမြစ်ရှိ ကလပ်စည်းများသည် လျှင်မြန်စွာပွားများလျက် ရှိပါသည်။ ဆံပင်အသစ်သည် မပွားတော့သည့် သို့မဟုတ် အနာဂင်အဆင့်တွင် မရှိတော့သည့် ဆံပင်စုကိုအပေါ်သို့တွန်းထိုး၍ အပြင်သို့ ထွက်လာပါသည်။ ဤအဆင့်တွင် ဆံပင်သည် ၂၈ရက်တွင် ၁စင်တီမီတာခန့် ရှည်လာပါသည်။ ဦးရေရှိ ဆံပင်သည် ဤပွားများသောအဆင့်တွင် ၂နှစ်မှ ၆နှစ်ထိနေလေ့ရှိပါသည်။ လူတချို့တွင် […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းပန်းကုံးများကို ဂရုစိုက်ရန်နည်းလမ်း ၆သွယ်

ယေဘူယျအားဖြင့်လူအများစုသည် လက်သည်းခြေသည်းများကို ပါတီပွဲမတက်ခင်ထိ၊ပြောင်လက်သောလက်သည်းဆိုးဆေးများမဆိုးမိခင်ထိ သတိမပြုမိတတ်ကြပေ။ သို့သော်လည်း မိခင်သဘာဝတရားက လက်သည်းခြေသည်းများကို ပေးအပ်ထားသည်မှာ အကြောင်းရင်းရှိပါသည်။ လက်သည်း ပန်းကုံးလေးများသည်သင်၏လက်ချောင်းလေးများကို အခုအခံအဖြစ် ကာကွယ်ပေးထားသည်။ ခြေထောက် နှင့် လက်တို့ကဲ့သို့ပင် သူတို့သည်လည်း ခန္ဓါကိုယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အောက်ပါတို့သည် သင်၏လက်သည်းပန်းကုံးလေးများကလိုအပ်နေသော ဂရုစိုက်ရန် နည်းလမ်း (၆) ခုဖြစ်သည်။   (၁)လက်သည်းပန်းကုံးလေးများပါအောင် လက်သည်းညှပ်ခြင်းကိုရှောင်ပါ အရေပြားဆရာဝန်များက လက်သည်းပန်ကုံးလေးများပါအောင် မညှပ်သင့်ကြောင်း သေသေချာချာသတိပေးတတ်သည်။ ထိုသို့ညှပ်ပါက မကြာခဏဆွပေးသကဲ့သို့ရှိပြီး ရောဂါပိုးများလည်းဝင်တတ်သောကြောင့်ဖြစ်သည်။ လက်သည်းပန်ကုံးများကို ညှပ်ခြင်းဖြင့် လက်သည်းတွင် အစင်းကြောင်းများဖြစ်ခြင်း၊အဖြူစက်များ အဖြူစင်းများထခြင်း၊ဘက်တီးရီးယားပိုးဝင်ခြင်းစသော ကျန်းမာရေးပြဿနာများအပြင် အနေရခက်သည့်အပြင် အမြင်မတင့်တယ်ခြင်းမျိုးလည်းဖြစ်တတ်သည်။   (၂)လက်သည်းညှပ်ကို အဝေးမှာထားပါ သင်၏လက်သည်းပန်းကုံးများသည်နူးညံ့သော အစိတ်အပိုင်းဖြစ်ပြီးသူတို့ကို ညှပ်ခြင်းဖြင့် မာကျောကြွပ်ဆတ်လာတတ်သည်။ လက်သည်းမညှပ်ရဟု ဆိုလိုက်လျှင် အချို့ က မည်သည်အထိရှည်မည် မသိသော လက်သည်းမျိုးဖြစ်၍ လက်ခံချင်မှ လက်ခံလိမ်မည်။ လက်သည်းညှပ်ခြင်း မညှပ်ခြင်းက လက်သည်း၏ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း