backup og meta

ဝက်ခြံ အမာရွတ် တွေ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံ အမာရွတ် တွေ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

    ဝက်ခြံ အမာရွတ် များ မဖြစ်အောင် ကာကွယ်နိုင်မည့် နည်းလမ်းများကို ပြောပြလိုပါသည်။

    လူတိုင်းအတွက် ဝက်ခြံသည် စိုးရိမ်ပူပန်ရသော ကိစ္စရပ်ဖြစ်ပါသည်။ ဝက်ခြံပျောက်သွားသည့်တိုင်အောင် ဝက်ခြံထက်ပျောက်ကင်းရန် ပိုကြာသော အမာရွတ်ကျန်ခဲ့နိုင်ပါသည်။ ဝက်ခြံအမာရွတ်မည်သို့ဖြစ်ပေါ် နိုင်သလဲ သိထားခြင်းအားဖြင့် ကာကွယ်ခြင်းများပြုလုပ်နိုင်ပါသည်။

    ဝက်ခြံအမာရွတ် မည်သို့ဖြစ်ပေါ်လာသနည်း

    လူတိုင်းသိထားသည်မှာ ချွေးပေါက်ပိတ်လျှင် ဝက်ခြံဖြစ်ပေါ်နိုင်ပါသည်။ ချွေးပေါက်ပိတ်လျှင် အဆီ အညစ်အကြေး ဘက်တီးရီးယား ပိုးမွှားများ ပေါက်ပွား၍ ရောင်ရမ်းခြင်းများဖြစ်ပေါ်နိုင်ပါသည်။

    ဝက်ခြံကို မကိုင်ရ သူ့ဟာသူ ပျောက်ကင်းသည်အထိ စောင့်ရမည်ဟု ပြောကြသည်။ သို့သော် အရေပြားဆရာဝန် အချို့သည် ထိုအဆိုကို မှားယွင်းသည်ဟု ဆိုကြသည်။ ကုသမှုမယူလျှင် အဆီဝက်ခြံ ကဲ့သို့သော ဝက်ခြံ အချို့သည် အမည်းစက်နှင့် အမာရွတ်များကျန်ခဲ့နိုင်ပါသည်။

    ဝက်ခြံများကို မှားယွင်းစွာညှစ်မိလျှင် အမာရွတ်ကျန်ခဲ့နိုင်ပါသည်။ ရောင်ရမ်းမှုများလေလေ အမာရွတ်ဖြစ်နိုင်ချေများလေလေ ဖြစ်ပါသည်။ သို့သော် ဆားဝက်ခြံနှင့် အဆီဖုများသည် အမာရွတ်မဖြစ်ပေါ်နိုင်ပါ။

    ထို့ကြောင့် မကြာမကြာ အရေပြားဆရာဝန်ထံသို့သွား၍ ဝက်ခြံကုသမှုခံယူရပါမည်။ ကာကွယ်မှုယူထားရပါမည်။

    ဝက်ခြံကိုညှစ်ထုတ်ပြီးပါက အမာရွတ်ကျန်နိုင်ပါသည်။ တစ်ခါတစ်ရံ အမာရွတ်များခုံးတက်လာပါက အသားတက်သော အမာရွတ်မျိုးဖြစ်ပေါ်နိုင်ပါသည်။ သို့သော် ရှားပါသည်။ အများစုသော အမာရွတ်များသည် ချိုင့်ဝင်လေ့ရှိပါသည်။ တစ်ရှုးများပျက်စီးဆုံးရှုံးပြီး ချိုင့်ဝင်၍အပေါက်ငယ်လေးများဖြစ်ပေါ်နိုင်ပါသည်။

    ဝက်ခြံ အမာရွတ် မဖြစ်အောင် မည်ကဲ့သို့ကာကွယ်မည်နည်း

    အကောင်းဆုံးမှာ ကာကွယ်သောနည်းလမ်း ဖြစ်ပါသည်။ အပြောထက် အလုပ်က ပို၍ပင် လွယ်ကူပါသည်။ အဘယ်ကြောင့်ဆိုသော် ဝက်ခြံဖြစ်စေနိုင်သော အကြောင်းအချက်မျိုးစုံရှိပါသည်။ ဥပမာ ဟော်မုန်းပြောင်းလဲခြင်း ဘက်တီးရီးယားပိုးမွားများ နှင့် စိတ်ဖိစီးမှုတို့ဖြစ်ပါသည်။

    တစ်ကိုယ်ရည်သန့်ရှင်းမှု ၊ အသားရေထိန်းသိမ်းခြင်း ပြုလုပ်ခြင်းဖြင့် ဝက်ခြံဖြစ်ပွားမှုမှကာကွယ်နိုင်ပါသည်။ ဝက်ခြံဖြစ်ပေါ်လာလျှင် ကိုယ်တိုင်ညှစ်ထုတ်ခြင်းမပြုပဲဆရာဝန်နှင့်တိုင်ပင်ပါ။ ဆိုးရွားသော အခြေအနေများတွင် ဆေးဝါးများသုံးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

    ဝက်ခြံထုတ်ပြီးလျှင် အရေပြား အနည်းငယ် လန်တတ်ပါသည်။ မခွာ၊ မဆိတ်ရပါ။ ရောဂါပိုးမွှားများ သာပို၍ ပေါက်ပွားစေနိုင်သောကြောင့် ဖြစ်ပါသည်။ အရေပြားအရောင်လည်း ပြောင်းလဲသွားစေနိုင်ပါသည်။

    အပြင်ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်၍သုံးစွဲနိုင်သော အလှကုန်များရှိသော်လည်းအကျိုးသက်ရောက်မှု သိပ်မရှိပါ။ အကောင်းဆုံးမှာ အရေပြားဆရာဝန် နှင့်ပြ၍ အသင့်တော်ဆုံး ကုသမှုမျိုးကို ခံယူပါ။

    သေချာစွာဂရုစိုက်မှုပြုလုပ်သည့်တိုင် ဝက်ခြံအမာရွတ် ဖြစ်နိုင်ပါသေးသည်။ ဆရာဝန် နှင့် သေချာတိုင်ပင်သင့်ပါသည်။

    အရေပြားကုသမှုခံယူခြင်း နှင့် အရေပြားအစားထိုးကုသခြင်းများဖြင့် အမာရွတ်များ၊ အရောင်ပြောင်းသွားသော နေရာများကို အစားထိုးကုသနိုင်ပါသည်။

    အချုပ်ဆိုရသော် ဝက်ခြံဖြစ်ပြီးမှ အမာရွတ်မကျန်စေရေး ကြိုးစားသည်ထက် ဝက်ခြံမပေါက်စေဖို့ ကနဦး အစကတည်းက ကြိုတင် ကာကွယ်ခြင်း က ပိုမိုကောင်းမွန်ပါသည်။

    ထို့ကြောင့် ဝက်ခြံ ဖြစ်ပွားခြင်း အတွက် အခြေခံအကျဆုံး အချက်ဖြစ်သော တစ်ကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ အချက်များဖြစ်သည့် မျက်နှာ သန့်စင်ခြင်း၊ လက်သန့်ရှင်းခြင်း၊ မျက်နှာကို လက်နှင့် တတ်နိုင်သမျှ ကိုင်တွယ်ထိတွေ့မှု မပြုခြင်း စသည့်အချက်များကို အမြဲ သတိထားဆင်ခြင်ရန် လိုအပ်ပါမည်။

    ထို့ပြင် ဝက်ခြံဖြစ်ပွားမှုလွယ်စေမည့် အစားအသောက်များကို တတ်နိုင်သမျှ ဆင်ခြင်ရှောင်ရှားခြင်း၊ စိတ်ဖိစီးမှု လျှော့ချခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်း .. စသည်တို့ကို လိုက်နာပေးခြင်းဖြင့် ဝက်ခြံ ပြဿနာကို ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။

    ထိုမှတစ်ဆင့် ဝက်ခြံ အမာရွတ် ကိုလည်း ကြိုတင်ကာကွယ်ပြီးသားဖြစ်ပါမည် ဟု အသိပေး တိုက်တွန်းလိုက်ရပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement