အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဝက်ခြံ

ဝက်ခြံတွေကို မသိသာအောင်ဘယ်လိုလုပ်မလဲ။

ဝက်ခြံတွေအတွက် စိတ်ညစ်နေစရာမလိုပါဘူး။ ဝက်ခြံအများစုဟာ OTC ဆေး(ဆေးစာမလိုဘဲ အပြင်မှာဝယ်လို့ရတဲ့ဆေး)တွေ သို့မဟုတ် ဆရာဝန် ညွှန်ကြားချက်အရသောက်ရတဲ့ဆေးတွေနဲ့ ပျောက်ကင်းသွားနိုင်သလို သူ့အလိုလို လည်းပျောက်ကင်းသွားနိုင်ပါတယ်။ အဲ့ဒီအချိန်မှာ ဘုဒစ်တွေဖြစ်နေတဲ့မျက်နှာကို မသိသာအောင် အချို့အရာလေးတွေကိုလုပ်ကြည့်ပါ။ အဆီပြန်တဲ့အသားအရည်အတွက်ထုတ်ထားပြီး သင့်အသားအရောင်နဲ့ ကိုက်ညီတဲ့ မိတ်ကပ်ပစ္စည်းအနည်းငယ်ကိုသုံးပါ။ ဝက်ခြံတွေကင်းစပြုလာတဲ့အချိန်မှာ ဒါတွေကိုသေချာအသုံးပြုခြင်းက ဝက်ခြံတွေကို ဖုံးကွယ်ထားပေးနိုင်ပါတယ်။ အဆင့် ၁ အဆီမပါဝင်တဲ့ moisturizer အနည်းငယ်ကို လက်ချောင်းထိပ်လေးတွေပေါ်တင်ပြီး သင့်မျက်နှာပေါ်လိမ်းပေးပါ။ ဒါက ဝက်ခြံပျောက်ကင်းစေတဲ့ပစ္စည်းတွေကြောင့်ဖြစ်တဲ့ အသားခြောက်ခြင်းကို သက်သာစေပါတယ်။ မျက်နှာသစ်ပြီးတိုင်း Moisturizer တစ်ရက် ၂ကြိမ်သုံးပေးခြင်းက သင့်အသားအရည်ကို ကြည့်ရတာချောမွေ့လင်းလက်နေစေပါတယ်။ ဒါက ဝက်ခြံတွေကို မသိသာအောင်လုပ်ပေးနိုင်ပါတယ်။ အဆင့် ၂ Concealer ပဲစေ့ခန့်ညှစ်ယူပြီး လက်ချောင်းထိပ်လေးတွေနဲ့ ဝက်ခြံတွေပေါ်မှာ တစ်ချက်ချင်းစီပုတ်ပေးပါ။ စုတ်တံအသေးလေးနဲ့ ဝက်ခြံတစ်လုံးစီပေါ်မှာ concealer တွေ ပြန့်သွားအောင်လုပ်ပါ။ သင့်အောက်ခံမိတ်ကပ်အရောင်ထက် တစ်ဆင့်လျော့ပြီး အဆီမပါတဲ့concealer cream […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်အသားအရေအတွက် ကောင်းမွန်တဲ့ မျက်နှာသစ်ဆေးကို ဘယ်လိုရွေးချယ်မလဲ။

သင့်အသားအရေအတွက် မှန်ကန်တဲ့ မျက်နှာသစ်ဆေးကို ဘယ်လိုရွေးချယ်ရမလဲ။ မျက်နှာသစ် ဆပ်ပြာကောင်းတစ်ခုဟာ ပထမဆုံးအနေနဲ့ သင့်အသားအရည်ကို ဂရုစိုက်ပေးနိုင်ရပါမယ်။ ဖုန်တွေ၊ အညစ်အကြေးတွေကို ဖယ်ရှားပေးရင်း မိတ်ကပ်တွေကို ပျော်ဝင်စေနိုင်ရမယ်။ ပြီးတော့ ချွေးပေါက်တွေကိုလည်းဖွင့်ပေးနိုင်ရပါမယ် (Moisture တွေကို ဖယ်ထုတ် ပစ်တာမျိုး မဟုတ်ဘဲနဲ့) ။ ဒီလို သေချာသန့်စင်ပေးခြင်းဟာ အခြားအရေပြားအလှကုန်တွေ သုံးတဲ့အခါမှာ အကောင်းဆုံး ဖြစ်စေပါတယ်။ မျက်နှာသစ်ဆေးတေ ွအားလုံးဟာ တူညီနေကြတာတော့ မဟုတ်ပါဘူး။ ဈေးကွက်ထဲက ထောင်နဲ့ချီရှိတဲ့ ပစ္စည်းတွေထဲက သင်နဲ့ကိုက်ညီတာကို ဘယ်လိုရွေးချယ်သင့်သလဲ။ ဂျေးချွတ်ဆေး ခပ်ပြင်းပြင်းတွေကို မျက်နှာပေါ် ဘယ်တော့မှမတင်ပါနဲ့။ သင့်အဘွားက ဘယ်လိုပဲပြောနေပါစေ။ ဆပ်ပြာဟောင်း ခပ်ကောင်းကောင်းတွေနဲ့ ရေနဲ့ပဲသုံးနေတာက သင့်အသားအရည်အတွက် အကောင်းဆုံးမဖြစ်နိုင်ပါဘူး။ တကယ်လို့ သင့်အသားက တင်းကြပ်တာခြောက်သွေ့တာနဲ့ ရေချိုးပြီးတဲ့အခါမှာ ပြောင်ချောချောဖြစ်နေရင် creamier cleanser (ခရင်မ်များသောမျက်နှာသစ်ဆေး)လိုအပ်နေပါပြီ။ တကယ်လို့ […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်အသားအရောင်နဲ့လိုက်ဖက်မယ့် အကောင်းဆုံးအောက်ခံမိတ်ကပ်ကို ဘယ်လိုရွေးမလဲ

သင့်အသားအရည်ပေါ်လိုက်ပြီး အကောင်းဆုံး အောက်ခံမိတ်ကပ် (foundation) ရွေးချယ်ခြင်း သင့်အသားအရောင်ပေါ်လိုက်ပြီး အောက်ခံမိတ်ကပ် ရွေးချယ်တာအပြင် သင့်အသားအရည်အတွက် အကောင်းဆုံးဖြစ်ပြီး သင့်အကြိုက်နဲ့ လည်းကိုက်ညီမဲ့ အမျိုးအစားကို ရွေးချယ်ဖို့လည်းအရေးကြီးပါတယ်။ ဥပမာ-သင်က အဆီပြန်တတ်တယ်ဆိုရင် အသားခြောက်တဲ့လူတွေ ညွှန်းလိုက်တဲ့ အောက်ခံမိတ်ကပ်ကို သင်သုံးချင်မှာမဟုတ်ပါဘူး။ တကယ်လို့သင့်မှာ ဝက်ခြံတွေရှိနေရင် သို့မဟုတ် rosacea ကဲ့သို့ မျက်နာနီတတ်သော အရေပြားရောဂါတစ်မျိုး ဖြစ်နေမယ်ဆိုရင် အနည်းငယ်သာ ဖုံးပေးနိုင်မဲ့ အောက်ခံမိတ်ကပ်( sheer coverage foundation)ကို အသုံးပြုလိုမှာမဟုတ်ပါဘူး။ တကယ်လို့ သင်ဟာ ပုံမှန်အသားအရည်ရှိပြီး အသားရောင်ကလည်း ညီနေမယ်ဆိုရင် ထူပိန်းပိန်းဖြစ်နေမယ့် အောက်ခံမိတ်ကပ်မျိုးကို သုံးလိုမှာမဟုတ်ပါဘူး။ ဒီလိုဆိုအောက်ခံမိတ်ကပ်အမျိုးမျိုးကဘာတွေလဲ၊ သင်ဘယ်လိုရွေးချယ်မလဲ။ အောက်မှာ ဖော်ပြထားတာတွေကတော့ သင်မိတ်ကပ်ဝယ်တဲ့အခါ တွေ့နိုင်မဲ့ အမျိုးအစားတွေပါ။ သင့်အသားအရည် အမျိုးအစားကို နားလည်ခြင်း၊ coverage လုပ်လိုတဲ့ အနေအထားကို သိရှိထားခြင်းနဲ့ သင့်အကြိုက်ကိုလိုက်ပြီး ရွေးချယ်ခြင်းက […]


ဝက်ခြံ

ဝက်ခြံ အမာရွတ် တွေ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

ဝက်ခြံ အမာရွတ် များ မဖြစ်အောင် ကာကွယ်နိုင်မည့် နည်းလမ်းများကို ပြောပြလိုပါသည်။ လူတိုင်းအတွက် ဝက်ခြံသည် စိုးရိမ်ပူပန်ရသော ကိစ္စရပ်ဖြစ်ပါသည်။ ဝက်ခြံပျောက်သွားသည့်တိုင်အောင် ဝက်ခြံထက်ပျောက်ကင်းရန် ပိုကြာသော အမာရွတ်ကျန်ခဲ့နိုင်ပါသည်။ ဝက်ခြံအမာရွတ်မည်သို့ဖြစ်ပေါ် နိုင်သလဲ သိထားခြင်းအားဖြင့် ကာကွယ်ခြင်းများပြုလုပ်နိုင်ပါသည်။ ဝက်ခြံအမာရွတ် မည်သို့ဖြစ်ပေါ်လာသနည်း လူတိုင်းသိထားသည်မှာ ချွေးပေါက်ပိတ်လျှင် ဝက်ခြံဖြစ်ပေါ်နိုင်ပါသည်။ ချွေးပေါက်ပိတ်လျှင် အဆီ အညစ်အကြေး ဘက်တီးရီးယား ပိုးမွှားများ ပေါက်ပွား၍ ရောင်ရမ်းခြင်းများဖြစ်ပေါ်နိုင်ပါသည်။ ဝက်ခြံကို မကိုင်ရ သူ့ဟာသူ ပျောက်ကင်းသည်အထိ စောင့်ရမည်ဟု ပြောကြသည်။ သို့သော် အရေပြားဆရာဝန် အချို့သည် ထိုအဆိုကို မှားယွင်းသည်ဟု ဆိုကြသည်။ ကုသမှုမယူလျှင် အဆီဝက်ခြံ ကဲ့သို့သော ဝက်ခြံ အချို့သည် အမည်းစက်နှင့် အမာရွတ်များကျန်ခဲ့နိုင်ပါသည်။ ဝက်ခြံများကို မှားယွင်းစွာညှစ်မိလျှင် အမာရွတ်ကျန်ခဲ့နိုင်ပါသည်။ ရောင်ရမ်းမှုများလေလေ အမာရွတ်ဖြစ်နိုင်ချေများလေလေ ဖြစ်ပါသည်။ သို့သော် ဆားဝက်ခြံနှင့် အဆီဖုများသည် အမာရွတ်မဖြစ်ပေါ်နိုင်ပါ။ ထို့ကြောင့် […]


ဝက်ခြံ

ဝက်ခြံတွေရှိနေစဉ်မှာ ဘယ်လိုချေးချွတ်မလဲ

ဘယ်လိုချေးချွတ်မလဲ။ ဝက်ခြံဆိုတာ အဖြစ်များတဲ့အရေပြားပြဿနာတစ်ခုပါ။ ဝက်ခြံတွေက ခန္ဓါကိုယ်အပေါ်ပိုင်း မျက်နှာ၊ ရင်ဘတ်၊ လည်ပင်း၊ ကျောနဲ့ ပုခုံးစတာတွေမှာ အဖြစ်များပါတယ်။ ဝက်ခြံဖြစ်ရခြင်းအကြောင်းရင်းကတော့ အရေပြားရဲ့ အဆီဂလင်းတွေက ဆီတွေအများကြီးကိုထုတ်ပေးပြီး အဲဒီ ဆီတွေက ချွေးပေါက်တွေကိုပိတ်စေကာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေပေါက်ဖွားပျော်မွေ့ဖို့ ကြားခံနယ်ကို ပြည့်စုံစွာဖွံ့ဖြိုးလာစေလို့ဖြစ်ပါတယ်။ ချေးချွတ်ခြင်းက အသားအရေရဲ့မျက်နှာပြင်ပေါ်မှာရှိတဲ့ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရေကို ပိုပြီးကြည့်ကောင်းလာစေကာ ချွေးပေါက်ပိတ်နေတာကိုလည်းလျော့နည်းစေပါတယ်။   အမျိုးအစားများ ချေးချွတ်ခြင်း (Exfoliation) ဟာ ဓါတုဆေးသုံးတာလည်းဖြစ်နိုင်သလို သဘာဝပစ္စည်းတွေသုံးတာလည်းဖြစ်နိုင်ပါတယ်။ ဓါတုဆေးသုံးချေးချွတ်ခြင်းမှာတော့ glycolic acid ကဲ့သို့သော ဓါတုပစ္စည်းတွေကို ဆဲလ်သေတွေရှိနေတဲ့ အရေပြားအပေါ်ယံလွှာကို ပျော်ဝင်စေခြင်းအားဖြင့် ဖယ်ရှားပေးပါတယ်။ ဓါတုဆေးသုံးချေးချွတ်ခြင်း ဟာ chemical peels (ဓါတုဆေးသုံးချေးချွတ်နည်းတစ်မျိုး) ပုံစံပါပဲ။ Physical exfoliation (ရုပ်ပိုင်းဆိုင်ရာချေးချွတ်ခြင်း) မှာတော့ သဘာဝပစ္စည်း တွေဖြစ်တဲ့ sugar granules (သကြားခဲ)တွေလိုပစ္စည်းတွေကို ဆဲလ်သေတွေရှိတဲ့ အရေပြားအပေါ်ယံလွှာကိုဖယ်ရှားဖို့သုံးပါတယ်။ အသားအရေကိုထိခိုက်စေနိုင်တဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

အဆီပြန်တဲ့အသားအရေအတွက် အကောင်းဆုံး Moisturizerကို ဘယ်လိုရှာဖွေမလဲ

Moisturizer (အစိုဓါတ်ထိန်းအလှဆီ) ကိုဘယ်လိုရှာဖွေမလဲ။ အဆီပြန်တဲ့အသားအရေအတွက် Moisturizer (အစိုဓါတ်ထိန်းအလှဆီ)ကဘာလို့လိုအပ်တာလဲ။ Moisturizer (အစိုဓါတ်ထိန်းအလှဆီ) က အဆီပြန်တဲ့သူတွေအတွက် ကောင်းကျိုးကိုဖြစ်စေပါတယ်လို့ဆိုရင် သင်ယုံနိုင်ပါ့မလား။ အဆီတွေက အသားအရေကို ချောမွတ်နေစေတာပါ။ အစိုဓါတ်ဖြည့်ပေးတာမဟုတ်ပါဘူး။ moisturizer တွေက အသားထဲကိုစုပ်ယူသွားနိုင်မယ့် ပစ္စည်းတွေပေးနိုင်တာကြောင့် အရေးကြီးပါတယ်။ အဆီတွေကတော့ မွှေးညှင်းပေါက်တွေကနေထွက်လာပြီး အသားအရေကိုချောမွေ့စေကာ အစိုဓါတ်ကို ထိန်းထားပေးပါတယ်။ အဆီပြန်ခြင်းကို တိုက်ဖျက်ပေးမယ့် ပစ္စည်းတွေနဲ့ မျက်နှာသစ်ပြီးတဲ့အချိန်န်မှာ အသားအနည်းငယ်ခြောက်နေသလို ခံစားရစေမှာပါ။ Moisturizerမသုံးဘူးဆိုရင် အသားအရေစိုပြည်နေအောင် သင့်အသားကနဂိုထုတ်ပေးနေကျအဆီထက် ပိုပြီးထုတ်ပေးနေမှာဖြစ်လို့ ပိုပြီးအဆီပြန်လာတာကို သင်တွေ့ရမှာပါ။ Moisturizers တွေက အဆီပိုတွေထုတ်လုပ်နေခြင်းကို လျှော့ချပေးနိုင်ပြီး အဆီပြန်နေတဲ့ပုံစံဖြစ်လာခြင်းကို လျော့နည်းစေပါတယ်။ အဆီမပါတဲ့Moisturizer တွေ၊ ချွေးပေါက်မပိတ်စေတဲ့ moisturizer တွေနဲ့ salicylic acid ပါဝင်တဲ့ Moisturizer တွေဟာ အဆီတွေစုပုံနေခြင်းမဖြစ်လာဖို့ကာကွယ်ပေးပြီး matte ပုံစံဖန်တီးပေးနိုင်တဲ့ moisturizer တွေကတော့ အဆီတွေကိုခြောက်သွေ့နေအောင်စုပ်ယူပေးနိုင်ပြီး […]


ဝက်ခြံ

ဝက်ခြံကြောင့်ကျန်ရစ်ခဲ့တဲ့ အမဲစက်တွေကိုဘယ်လိုဖယ်ရှားမလဲ

ဝက်ခြံကြောင့်ကျန်ရစ်ခဲ့တဲ့ အမဲစက်တွေကို ဘယ်လိုဖယ်ရှားမလဲ။ ဝက်ခြံတွေ အစုလိုက်ပေါက်တာနဲ့တင် လုံလောက်ပါပြီ။ ဒါပေမဲ့ဝက်ခြံတွေ ပျောက်သွားတာ ကြာလှနေတာတောင် ဘုတွေဒစ်တွေနဲ့ အမှတ်တွေကျန်ရစ်ခဲ့တာကြီးက ပိုဆိုးပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ဒါတွေကိုကွယ်ပျောက်သွား အောင် ဖယ်ရှားပေးနိုင်တဲ့ ကုသနည်းတွေရှိနေပါတယ်။ ဒါပေမဲ့ ပထမဆုံး သင့်ကိုယ်သင် ဘာနဲ့ရင်ဆိုင်နေရတာလဲဆိုတာတော့ သိဖို့လိုအပ်ပါတယ်။ ဝက်ခြံပေါက်ပြီး အမဲစက်တွေကျန်ရစ်ခဲ့တာနဲ့ ဝက်ခြံအမာရွတ်တွေက အတော်ကြီးကို ကွဲပြားခြားနားပါတယ်။ ဒါကြောင့် ကာကွယ်ခြင်း ကနေ ကုသခြင်းအထိ လုပ်ဆောင်နိုင်ဖို့ သင်ကဘာဖြစ်နေတာလဲဆိုတာနဲ့ ဘယ်လိုကုသရမလဲ ဆိုတာသိသင့်ပါတယ်။ လူတွေဟာ အမဲစက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို မှားလေ့ရှိကြပေမဲ့ သူတို့ကတကယ်တမ်းအတော်ကြီးကိုကွာခြားကြတာပါ။ အနီရောင် သို့မဟုတ် အညိုရောင် အသားရောင်ခြယ်တွေများလာခြင်းတွေ ဝက်ခြံနောက်မှာ ကပ်လိုက်လာတာက ယာယီ ရောင်ရမ်းခြင်းကြောင့်ပါ။ ဒီအမှတ်တွေက လအနည်းငယ် ကြာတတ်ပြီး သူ့အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။ တကယ့် ဝက်ခြံအမာရွတ်တွေကတော့ မကုသမချင်း […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းတွေမဝါအောင် ဘယ်လိုကာကွယ်ရမလဲ

လက်သည်းတွေမဝါအောင်ဘယ်လိုကာကွယ်ရမလဲ။ သင့်လက်သည်းတွေဟာ မာကျောသိပ်သည်းနေတဲ့ အပေါ်ယံအရေပြားဆဲလ်ပြင်ကြီးပါ (epidermis cells)။ သင့်အရေပြားကို ဖြစ်စေတဲ့ ဆဲလ်တွေနဲ့အတူတူပါပဲ။ ဒါပေမဲ့ လက်သည်းပေါ်က ဆဲလ်တွေကတော့ ဆဲလ်သေတွေဖြစ်ပြီး keratin လို့ခေါ်တဲ့ ပရိုတိန်းတွေနဲ့ ဖြည့်ဆည်းထားပါတယ်။ သင့်လက်သည်းခွံရဲ့ ၄ပုံ၃ပုံကသာ အရေပြားနဲ့တွဲဆက်ထားပြီးအရေပြားပေါ်မှာ ရှိနေတာပါ။ လက်သည်းလေး ပြီးပြည့်စုံစွာကြီးထွားလာဖို့ အချိန် ၆လခန့်ယူရပြီး အမျိုးသားတွေရဲ့ လက်သည်းက အမျိုးသမီးတွေရဲ့ လက်သည်းထက် ပိုရှည်လွယ်ပါတယ်။ အရေပြားလိုပါပဲ၊ လက်သည်းကျန်းမာဖို့ အောက်ဆီဂျင်လိုပါတယ်။ လက်သည်းထဲမှာရှိတဲ့ keratin က သူတို့ထဲကို ရေတွေဖြတ်သန်း စီးဆင်းစေပါတယ်။ ပုံမမှန်လက်သည်းခွံတွေနဲ့ အရေခွံကွာခြင်း၊ ကွဲအက်ခြင်း၊ အရောင်မညီခြင်းတွေက ဖြစ်နိုင်ခြေရှိတဲ့ ကျန်းမာရေး ပြဿနာတွေရဲ့ သင်္ကေတပါ။ အဝါရောင် လက်သည်းတွေက ဆိုရီရေးစစ်ရောဂါသို့မဟုတ် မှိုစွဲကပ်ခြင်းကို ပြပါတယ်။ အဆုတ်ရောဂါတစ်ခုခု သို့မဟုတ် ဆေးလိပ်သောက်ခြင်း တွေကြောင့်လည်း […]


အသားအရေ ထိန်းသိမ်းခြင်း

အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ

အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။ အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးထားတာမို့ လိုက်ပါကြည့်ရှု့လိုက်ပါ။ ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။ ဖြူဝင်းတဲ့အသားအရည်ကိုရဖို့ အရေးအကြီးဆုံးအချက်တစ်ချက်ကတော့ နေရောင်ခြည်နဲ့များများထိတွေ့မှုကိုရှောင်ပါ။ ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။ အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်း နေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။ သဘာဝအသားဖြူဆပ်ပြာတွေကိုသုံးမယ်ဆိုရင် အသားအရည်ပေါ်မှာရှိတဲ့ ဆဲလ်သေအလွှာတွေကိုဖယ်ရှားဖို့အတွက် ချေးချွတ်ဖို့မမေ့ပါနဲ့။ ဖုန်တွေ၊ဘက်တီးရီးယားတွေနဲ့အဆီတွေကိုဖယ်ရှားဖို့ နေ့ဘက်မှာမျက်နှာပုံမှန်သစ်ပေးကြည့်ပါ။ အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။ ချေးချွတ်ပြီးရင် အစိုဓါတ်ထိန်းဆေးလိမ်းပါ။ အသားခြောက်တဲ့သူတွေကတော့ လှပတဲ့အသားအရည်ရအောင် Vaseline အနည်းငယ်သုံးပေးနိုင်ပါတယ်။ Petroleum Jelly ကလည်း […]


အသားအရေနှင့် အလှအပ

မလိုလားတဲ့အမွေးအမျှင်များကို မီးဖိုချောင်သုံးပစ္စည်းများနှင့်ဖယ်ရှားခြင်း

မလိုလားတဲ့ အမွှေးတွေကို ဖယ်ရှားဖို့ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေဟာ လိုက်လုပ်ဖို့လွယ်ကူပါတယ်။ ဘယ်နည်းလမ်းက သင့်အတွက် အဆင်အပြေဆုံး ဖြစ်မလဲဆိုတာ ရှာကြည့်ပါ။ မျက်နှာပေါ်မှ အမွှေးအမျှင်များအတွက် သကြားသံပုရာအရော သကြားကိုရေနဲ့ သံပုရာရောထားတာဟာ သင့်မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် သဘာဝအတိုင်း အရောင်ချွတ်ပေးနိုင်ပါတယ်။ အသုံးပြုလိုက်တဲ့ သံပုရာရာရည်က သင့်မျက်နှာပေါ်က အမွှေးတွေကို အရောင်ဖျော့သွားစေပါတယ်။ ပါဝင်ပစ္စည်းသုံးမျိုးလုံးကိုရောလိုက်ခြင်းကတော့ မျက်နှာပေါ်က အမွှေးတွေအပြင် အခြားအစိတ်အပိုင်းက အမွှေးတွေကိုပါ ကောင်းကောင်းဖယ်ရှားပေးနိုင်ပါတယ်။ ထိခိုက်လွယ်တဲ့ အစိတ်အပိုင်းတွေကိုတော့ ဒီအရာတွေ အသုံးမပြုသင့်ပါဘူး။   လိုအပ်သောပစ္စည်းများ သကြားစားပွဲတင်ဇွန်း ၂ဇွန်း ရေစားပွဲတင်ဇွန်း ၁၀ဇွန်း သံပုရာရည် လက်ဖက်ရည်ဇွန်း၂ဇွန်း ခွက်သေးလေးတစ်ခွက် နည်းလမ်း ခွက်ထဲမှာ သကြားနဲ့ရေကို ရောလိုက်ပါ။ သကြားပျော်ရည် အသင့်ဖြစ်ပြီဆိုရင် သံပုရာရည်ထပ်ထည့်ပြီ းသေချာမွှေပေးပါ။ ဒီအရောက ိုမျက်နှာပေါ်မှာ အမွှေးပေါက်ရာ လမ်းကြောင်းအတိုင် းလိမ်းပေးပါ။ ၁၅မိနစ်မှ မိနစ်၂၀ထိထားပါ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း