အညိုအမည်းစွဲခြင်းဆိုတာ ထိခိုက်သွားသော သွေးကြောများဆီမှသွေးများ အရေပြားအောက်ရှိ တစ်သျှူးများဆီစိမ့်ထွက်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်တယ်။ သာမန်ကျန်းမာသူတစ်ယောက်ဆိုရင် နှစ်ပတ်အတွင်းမှာ ပျောက်လေ့ရှိပါတယ်။
ထွက်မှာ သေချာပြီလား။
အညိုအမည်းစွဲခြင်းဆိုတာ ထိခိုက်သွားသော သွေးကြောများဆီမှသွေးများ အရေပြားအောက်ရှိ တစ်သျှူးများဆီစိမ့်ထွက်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်တယ်။ သာမန်ကျန်းမာသူတစ်ယောက်ဆိုရင် နှစ်ပတ်အတွင်းမှာ ပျောက်လေ့ရှိပါတယ်။
ဖြစ်ပေါ်ကာစမှာ နီရဲနေပြီး အချိန်ကြာလာတာနဲ့အမျှ နီပြာပြာ၊ သို့မဟုတ် နက်ပြာရောင်ပြောင်းသွားတယ်၊ ထို့နောက်အဝါရောင်သန်းလာပြီး ပျောက်သွားပါတယ်။ တခါတရံမှာ ကမ္ဘာမြေထုဆွဲအားကြောင့် အောက်ဖက်ဆီပျံ့သွားသည်များလည်း ရှိတတ်ပါတယ်။ အညိုအမည်းရာများပျောက်သွားပြီး နှစ်ပတ် သုံးပတ်အကြာမှာ ထိခိုက်ထားသောနေရာပြန်ကောင်းပါတယ်။ မျက်နှာ၊ လက်မောင်းမှအညိုအမည်းရာများဟာ ခြေထောက်ကအညိုအမည်းရာများထက် ပိုမြန်မြန်ပျောက်လေ့ရှိတယ်။ ပထမရက်တွေမှာနာကျင်နိုင်သော်လည်း အရောင်လျော့လာတာနဲ့အမျှ နာကျင်မှုလည်းပျောက်သွားပါတယ်။ အရေပြားထိခိုက်မှုမရှိ၊ ရောဂါပိုးဝင်မှုမရှိလျှင် အန္တရာယ်မရှိပါဘူး။
ရောင်ရမ်းနာကျင်မှုကို မိမိဖာသာသက်သာအောင်လုပ်လို့ရပါတယ်။ ဒါပေမယ့် ပြင်းထန်တယ်ဆိုရင်တော့ သတိထားဖို့လိုပြီး ဆရာဝန်ပြဖို့လိုပါလိမ့်မယ်။
အသက်ကြီးသူများမှာ ထိခိုက်မှုသေးသေးလေးကနေတောင် အလွယ်တကူအညိုအမည်းစွဲနိုင်ပါတယ်။ အထူးသဖြင့် လက်မောင်း၊ လက်နဲ့ ခြေထောက်တွေမှာအဖြစ်များတယ်။
အညိုအမည်းစွဲခြင်းဟာ တစ်ခုခုနဲ့တိုက်မိ၊ ထိခိုက်မိပြီး အရေပြားအောက်မှာ သွေးယိုခြင်းကြောင့်ဖြစ်တယ်။
တချို့သူများမှာ တခြားလူများထက် အညိုအမည်းစွဲနိုင်ချေပိုများတယ်။ ဥပမာ- အသက်ကြီးသူတွေမှာ အရေပြားများရော့ရဲလာသည့်အပြင် နေရောင်ကြောင့်သွေးကြောများအားနည်းလာတာကြောင့် ထိခိုက်မှုသေးသေးလေးကနေတောင် အလွယ်တကူအညိုအမည်းစွဲနိုင်ပါတယ်။ အထူးသဖြင့် လက်မောင်း၊ လက်နဲ့ ခြေထောက်တွေမှာအဖြစ်များတယ်။
အားကစားသမား၊ အလေးမသူများကဲ့သို့ ပြင်းပြင်းထန်ထန်အားကစားလုပ်သူများမှာလည်း သွေးကြောလေးတွေမှာ သေးငယ်တဲ့ပြဲရှမှုလေးတွေဖြစ်တာကြောင့် အညိုအမည်းစွဲနိုင်ပါတယ်။ သွေးကျဲဆေးမှီဝဲနေသူများမှာလည်း တခြားလူများထက် အညိုအမည်းစွဲနိုင်ချေများတယ်။
ထိခိုက်မှုတိတိပပမရှိဘဲ မကြာခဏအလွယ်တကူ အညိုအမည်းစွဲနေမယ်၊ နှာခေါင်းသွေးလျှံမယ်၊ သွားဖုံးသွေးယိုမယ်ဆိုရင်တော့ သွေးယိုခြင်းပြဿနာတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Bruises. http://www.webmd.com/skin-problems-and-treatments/guide/bruises-article#1 . Accessed
January 13, 2017
2. Bruises and blood spots under the skin – topic overview. http://www.webmd.com/first-aid/tc/bruises-and-blood-spots-under-the-skin-topic-overview#BM_Topic Overview. Accessed January 13, 2017
3. Bumps and Bruises. http://www.medicinenet.com/bruises/page2.htm. Accessed January 13, 2017
4. What are bruises? http://www.nhs.uk/chq/Pages/1057.aspx?CategoryID=72. Accessed January 13, 2017