အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

အသက်ကြီးတဲ့အခါထွက်လာတဲ့ နေလောင်စက်တွေကို ဖြေရှင်းဖို့ နည်းလမ်းများ

အသက်ကြီးလာတဲ့အခါ သဘာဝအတိုင်း ထွက်လာတဲ့ အရေပြားအညိုအမည်းအစက်အကွက်တွေကို ကျွန်ုပ်တို့ဟာ ရှောင်ရှားလို့မရနိုင်ပါဘူး။ သို့သော် အောက်ဖော်ပြပါ နည်းလမ်းအချို့ကို လိုက်နာပေးခြင်းအားဖြင့် သင့်ရဲ့အရေပြား ပေါ်မှာဖြစ်လာတဲ့ အညိုအမည်းအစက်အကွက်တွေကို ထိန်းချုပ်ကာကွယ်နိုင်ပြီး ပို၍ကျန်းမာကာ နုပျိုနေသောအသား အရေကို ထိန်းသိမ်းထားနိုင်ပါတယ်။ တကယ်လို့ ကျွန်ုပ်တို့ဟာ အရေပြားကျန်းမာရေးကို သေချာစွာဂရုစိုက်မှုမရှိခဲ့ရင် အရွယ်မတိုင်ခင်မှာပဲ အသားအရေမှာ နေလောင်စက်တွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ထိုအစက်အကွက်တွေ အတွက် ကုသမှု ဟာ အချိန်အကြာကြီးယူနိုင်ပြီး အရေပြား အညိုအမည်း အစက်အကွက်အားလုံးကို ချက်ခြင်း ဖျောက်ဖျက်ပစ်ဖို့ရာလည်း အရမ်းခက်ခဲပါတယ်။ ဒါကြောင့် သင့်ရဲ့အရေပြားကို နူးနူးညံ့ညံ့နဲ့ ဖြူဝင်းလာစေပြီး ဒီလိုအညိုအမည်းအကွက်များနှင့် မလိုလားအပ်တဲ့ အရေပြားဒဏ်ရာ အနာတရတွေ မဖြစ်စေအောင် ပြုလုပ်နိုင်တဲ့နည်းလမ်းများစွာ ရှိပါတယ်။   အသက်ကြီးလို့ ထွက်လာတဲ့ နေလောင်စက်ဆိုတာ ဘာလဲ။ သင့်ရဲ့ ဒီလို အရေပြားအနာအဆာတွေကို ဖယ်ရှားဖို့ […]


ဝက်ခြံ

ဝက်ခြံကို မှန်ကန်သော နည်းလမ်းနှင့် ဘယ်လိုညှစ်ထုတ်ကြမလဲ။

ကဲ..ဝန်ခံကြပါစို့။ ကျွန်ုပ်တို့မျက်နှာပေါ်မှာ ဝက်ခြံထွက်လာတဲ့အခါ ဒီဝက်ခြံတွေကို ညှစ်ချင်စိတ်က တားဆီးလို့မရနိုင်ပါဘူး။ ကျွန်ုပ်တို့ရဲ့ လက်တွေကို နူးညံ့တဲ့ မျက်နှာနှင့် ဝေးဝေးမှာထားခြင်းဟာ အကောင်းဆုံးလို့ သိထားသော်လည်း တကယ်လို့ ဝက်ခြံတွေဟာ ဘယ်လိုနည်းနဲ့မှ သင်တားဆီးလို့မရအောင် စိတ်ညစ်စရာကောင်းလာခဲ့ရင်တော့ ၎င်းတို့ကို မှန်ကန်သော နည်းလမ်းနဲ့ ညှစ်ထုတ်ပေးသင့်တယ် ဆိုတာဦးစွာ သိသင့်ပါတယ်။   ဝက်ခြံဟာ ညှစ်ထုတ်ဖို့ အချိန်ကျပြီလားဆိုတာ သိရပါမယ်။ သင့်မျက်နှာပေါ်မှာ မကြာသေးခင်ကမှ ပေါ်လာတဲ့ ဝက်ခြံကိုသင် ညှစ်ထုတ်နိုင်မှာမဟုတ်ပါဘူး။ အမှန်ကတော့ ဝက်ခြံကို အဆင်ပြေပြေ ညှစ်ထုတ်ဖို့ရာအတွက် အဆံလေးပေါ်လာမှသာ ရပါလိမ့်မယ်။ ဒီလိုဖြစ်ဖို့ရာ ဝက်ခြံပေါက်နေတဲ့ နေရာကို ရေနွေးဖိကပ်ပေးခြင်းအားဖြင့် လှုံ့ဆော်နိုင်ပါတယ်။ ဝက်ခြံရဲ့အလယ်မှာ ရှိတဲ့ပြည်ဖု လိုမျိုး အဖြူရောင်အဆံလေးကို သင်တွေ့ရပြီ ဆိုရင်တော့ ၎င်းကို ညှစ်ထုတ်ဖို့ အချိန်ကျပါပြီ။ အရေပြားအောက်ခြေမှာ နက်နက်နဲနဲ ရှိနေတဲ့ အနီရောင် ဝက်ခြံတွေကိုတော့ […]


အသားအရေ ထိန်းသိမ်းခြင်း

အဆီပြန် အသားအရေပိုင်ရှင်များ ရှောင်သင့်တဲ့ အစားအစာ

အသားအရေအဆီပြန်ခြင်းဟာ များသောအားဖြင့် ချွေးပေါက်ပိတ်ဆို့ခြင်းနဲ့ ဆက်စပ်နေပြီး ဝက်ခြံနှင့် အဆီဖုများ အလွယ်တကူဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်အရေပြားကို အဆီပြန်စေတဲ့ အကြောင်းအရာတွေက ဘာတွေလဲ။ ခန္ဓာကိုယ်တွင်း ဖြစ်ပျက်နေသော အကြောင်းအရာများကြောင့် သာမက သင်နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေကလည်း ဒီနေရာမှာ အရေးကြီးတဲ့ အခန်းကပါဝင်ပါတယ်။ ပြည့်စုံလုံလောက်တဲ့ အစားအသောက်ကို စားပေးခြင်းက အဆီပြန်အသားအရေကို ကောင်းမွန်လာအောင် ကူညီပေးနိုင်သော်လည်း အစားအသောက်မှားယွင်း စားသုံးမိပါက သင့်ရဲ့ အဆီဂလင်းများကို ကောင်းစွာထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး ။ အသားအရေအဆီပြန်ခြင်းကို အဖြစ်အများဆုံး အကြောင်းအရာတွေထဲမှာ အောက်ပါ အစားအသောက် အမျိုးအစားများပါဝင်ပါတယ်။ ဒါတွေကို တတ်နိုင်သမျှ လျှော့စားသင့်၊ ရှောင်ကြဉ်သင့်ပါတယ်။ သကြားပါဝင်သော အစားအစာများနဲ့ သောက်စရာများ သကြားဆိုတာ အစားအသောက် တော်တော် များများမှာ အသုံးပြုထားတဲ့ ရေတွင်ပျော်ဝင်နိုင်သော ကစီဓာတ် နှင့်အချိုတစ်မျိုးပဲ ဖြစ်ပါတယ်။ များသောအားဖြင့် တွေ့ရတဲ့ သကြား […]


အသားအရေနှင့် အလှအပ

ခြောက်သွေ့သော အသားအရေကို ဘယ်လိုစိုပြေကောင်းမွန်လာအောင် လုပ်ကြမလဲ

အသားအရေ ခြောက်သွေ့ခြင်းဟာ ခန္ဓါကိုယ်တွင်းဆိုင်ရာနှင့် ခန္ဓါကိုယ် ပြင်ပဆိုင်ရာ အကြောင်းအရာ များစွာကြောင့် ဖြစ်နိုင်ပါတယ်။ သို့သော် သင့်အရေပြားကို သေချာဂရုစိုက်မယ်ဆိုရင် အသားအရေ ခြောက်သွေ့ခြင်းကို များသောအားဖြင့် ကုသမှု ပေးနိုင်ပါတယ်။ အောက်ဖော်ပြပါ အကြောင်းအရာများဟာ သင့်ရဲ့ ခြောက်သွေ့သော အသားအရေကို ထိန်းချုပ်စီမံဖို့ရာ နည်းလမ်းကောင်းများကို ဖော်ပြပေးထားပါတယ်။ အသားအရေ ခြောက်သွေ့ခြင်းဟာ သင့်ကိုအဆင်မပြေဖြစ်စေနိုင်ပြီး တစ်ခါတစ်လေမှာ သင်လိမ်းထားတဲ့ မိတ်ကပ်နှင့် သင့်ကို ကြည့်ရဆိုးအောင် ပြုလုပ်ကာ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ တကယ်လို့ သင့်ရဲ့ အသားအရေကို စိုပြည်အောင် ဂရုစိုက်ပေးနိုင်မယ် ဆိုရင်တော့ အသားအရေခြောက်သွေ့ခြင်းကို များသောအားဖြင့် အလွယ်တကူပဲ စီမံကုသပေးနိုင်ပါတယ်။ အောက်ဖော်ပြပါ အချက်အချို့ဟာ သင်လိုအပ်နေတဲ့ အသားအရေ ခြောက်သွေ့ခြင်းကို ကောင်းမွန်စေနိုင်တဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။   အသားအရေ ခြောက်သွေ့ခြင်းကို ဘယ်လို […]


ဝက်ခြံ

ဝက်ခြံအမာရွတ်တွေ ဘယ်လိုဖြစ်လာသလဲ

လူတိုင်းအတွက် ဝက်ခြံသည် စိုးရိမ်ပူပန်ရသော ကိစ္စရပ်ဖြစ်ပါသည်။ ဝက်ခြံပျောက်သွားသည့်တိုင်အောင် ဝက်ခြံထက်ပျောက်ကင်းရန် ပိုကြာသော အမာရွတ်ကျန်ခဲ့နိုင်ပါသည်။ ဝက်ခြံအမာရွတ် မည်သို့ဖြစ်ပေါ်နိုင်သလဲ သိထားခြင်းအားဖြင့် ကာကွယ်ခြင်းများပြုလုပ်နိုင်ပါသည်။   ဝက်ခြံအမာရွတ်သည်မည်သို့ဖြစ်ပေါ်လာသနည်း။ လူတိုင်းသိထားသည်မှာ ချွေးပေါက်ပိတ်လျှင် ဝက်ခြံဖြစ်ပေါ်နိုင်ပါသည်။ ချွေးပေါက်ပိတ်လျှင် အဆီ၊ အညစ်အကြေး၊ ဘက်တီးပိုးမွှားများပေါက်ပွား၍ ရောင်ရမ်းခြင်းများဖြစ်ပေါ်နိုင်ပါသည်။ ဝက်ခြံကို မကိုင်ရ၊ သူ့ဟာသူပျောက်ကင်းသည်အထိစောင့်ရမည်ဟု ပြောကြသည်။ သို့သော် အရေပြားဆရာဝန်အချို့သည် ထိုအဆိုကို မှားယွင်းသည်ဟုဆိုကြသည်။ ကုသမှုမယူလျှင် အဆီဝက်ခြံ ကဲ့သို့သော ဝက်ခြံအချို့သည် အမည်းစက်နှင့် အမာရွတ်များကျန်ခဲ့နိုင်ပါသည်။ ဝက်ခြံများကို မှားယွင်းစွာညှစ်မိလျှင် အမာရွတ်ကျန်ခဲ့နိုင်ပါသည်။ ရောင်ရမ်းမှုများလေလေ အမာရွတ်ဖြစ်နိုင်ချေများလေလေ ဖြစ်ပါသည်။ သို့သော် ဆားဝက်ခြံနှင့် အဆီဖုများသည် အမာရွတ်မဖြစ်ပေါ်နိုင်ပါ။ ထို့ကြောင့် မကြာမကြာ အရေပြားဆရာဝန်ထံသို့သွား၍ ဝက်ခြံကုသမှုခံယူရပါမည်။ ကာကွယ်မှုယူထားရပါမည်။   ဝက်ခြံအမာရွတ်အမျိုးအစားများမှာ အဘယ်နည်း။ ဝက်ခြံကိုညှစ်ထုတ်ပြီးပါက အမာရွတ်ကျန်နိုင်ပါသည်။ တစ်ခါတစ်ရံ အမာရွတ်များ ခုံးတက်လာပါက အသားတက်သော အမာရွတ်မျိုးဖြစ်ပေါ်နိုင်ပါသည်။ သို့သော် ရှားပါသည်။ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေ အသစ်တဖန် ပြောင်းလဲကောင်းမွန်လာစေအောင် ပြုပြင်ခြင်း နှင့် အကျိုးတရားများ

နေရောင်ခြည်ကြောင့် အသားအရေပျက်စီးခြင်းနှင့် ဝက်ခြံထွက်ခြင်းတို့ကြောင့် သင့်အရေပြားပေါ်မှာ အမာရွတ်နှင့် အမည်းစက်များ ကျန်ရစ်တတ်ပါတယ်။ ဒါတွေကို ပျောက်ကင်းစေဖို့အတွက် ဆေးဝါးများအပြင် သေချာတဲ့နည်းလမ်းတစ်ခုကတော့ Skin resurfacing (အသားအရေအသစ်တဖန် ပြောင်းလဲကောင်းမွန်စေ အောင် ပြုပြင်ခြင်း) ပဲဖြစ်ပါတယ်။Skin resurfacing လုပ်ခြင်းကြောင့် ရရှိလာမယ့်အကျိုးတရားတွေကို ဆွေးနွေးဖော်ပြပေးမှာဖြစ်ပါတယ်။ Skin resurfacing နည်းနှင့် ဘယ်လို အသားအရေပျက်စီးမှုကို ကုသနိုင်မလဲ Skin resurfacing နည်းဟာ အပေါ်ယံပျက်စီးယိုယွင်းနေတဲ့ အရေပြားအလွှာကို ပျော်ကျစေပြီး အောက်ဖက်မှချောမွေ့၍ ယိုယွင်းပျက်စီးမှုနည်းပါးတဲ့ အရေပြားအလွှာပေါ်ပေါက်လာအောင် ပြုလုပ်ပေးတဲ့ကုသနည်းဖြစ်ပါတယ်။ ဒီနည်းဟာ အရေပြားပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်ပြီး ကျန်းမာကြံ့ခိုင်ပြည့်ဖောင်းတဲ့အသားအရေကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ • အိုမင်းရင့်ရော်ခြင်း (သို့) မျက်နှာအမူအရာများ ထပ်ခါထပ်ခါပြုလုပ်ခြင်း (ဥပမာ-ရယ်မောခြင်း) တို့ကြောင့် ဖြစ်ပေါ်လာတဲ့ မျက်လုံးနှင့်ခံတွင်း အနီးတစ်ဝိုက်ရှိ အရေးအကြောင်းများ • နေရောင်ခြည်ကြောင့် အသားအရေပျက်စီးခြင်း၊ အညိုရောင်အစက်များ […]


အသားအရေ ထိန်းသိမ်းခြင်း

အရေပြားအိုမင်းရင့်ရော်ခြင်း

အရေပြားဟာ များစွာသော အရေးကြီးတဲ့ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရတဲ့ ခန္ဓါကိုယ်ရဲ့အကြီးမားဆုံးသော အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ အန္တရာယ်ပေးနိုင်တဲ့ အရာများကို ကာကွယ်ပေးနိုင်ရုံသာမက ပြင်ပပတ်ဝန်းကျင်နှင့် ထိတွေ့နေရတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အရေပြားဟာ မိမိတို့ပုံပန်းသဏ္ဍာန်ပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ သို့သော်လည်း အချိန်ကြာလာတာနှင့်အမျှ အရေပြားဟာ အိုမင်းရင့်ရော်လာပြီး လှပမှုစွမ်းရည်ကို ကျဆင်းစေပါတယ်။ အရေပြားအိုမင်းရင့်ရော်စေတဲ့အကြောင်းအရင်းတွေကို နားလည်သိရှိထားရင် အိုမင်းရင့်ရော်မှုကို နှေးကွေးစေမှာ ဖြစ်ပါတယ်။ ဘယ်လိုအကြောင်းအရာတွေကြောင့် အရေပြားအိုမင်းရင့်ရော်စေပါသလဲ။ အရေပြားအိုမင်းရင့်ရော်ခြင်းဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ အသက်ကြီးပြင်းလာတာနှင့်အမျှ ခန္ဓါကိုယ်တွင်း ဇီဝဖြစ်စဉ်များမှာ အရင်ကလောက် ကောင်းမွန်စွာမလုပ်ဆောင်နိုင်တော့ပါ။ ဒီလိုအခြေအနေဟာ ခန္ဓါကိုယ်တွင်း collagen (အရေပြားတင်းရင်းစေသောကော်လာဂျင်) နှင့် elastin (ကျုံ့နိုင်ဆန့်နိုင်စွမ်းရည်) များ ကျဆင်းခြင်း၊ ဆဲလ် အသေများကွာကျခြင်းကို နှေးစေပြီးဆဲလ်အသစ်ဖြစ်ပေါ်နိုင်စွမ်းကို ကျဆင်းစေကာ အရေပြားအောက်ရှိအဆီလွှာများကိုလည်း ဆုံးရှုံးစေပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာအရေပြားကိုအိုမင်းရင့်ရော်စေတာပါ။ • နေရောင်ခြည်ကြောင့် အရေပြားပျက်စီးခြင်း နေရောင်ခြည်မှပါရှိတဲ့ […]


ဝက်ခြံ

ဝက်ခြံထွက်ခြင်းနှင့် စိတ်ခံစားမှုအကြောင်း

ဝက်ခြံထွက်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများရှိပြီး စိတ်ခံစားမှုအပေါ်များစွာ လွှမ်းမိုးထားပါတယ်။ အများစုဟာ ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံထွက်ခြင်းပြဿနာနှင့် ကြုံတွေ့ရတတ်တဲ့အတွက် ဝက်ခြံထွက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုများနှင့် ဝက်ခြံထွက်လာရင် ဘယ်လိုကိုင်တွယ်သင့်တယ်ဆိုတာ နားလည်သိရှိဖို့အရေးကြီးပါတယ်။ ဝက်ခြံထွက်ခြင်းကြောင့် ဖြစ်ပေါ်လာသောစိတ်ခံစားမှုများ ဝက်ခြံထွက်ခြင်းဟာ အလွန်အဖြစ်များတဲ့ အရေပြားပြဿနာတစ်ခုဖြစ်ပြီး ခံစားရသူတွေကို စိတ်ပျက်စေပါတယ်။ ဒီအချက်ဟာ ဆယ်ကျော်သက် လူငယ်တွေအတွက် ပိုမိုဆိုးရွားစေပါတယ်။ ဆယ်ကျော်သက် လူငယ်တွေဟာ ပုံပန်းသွင်ပြင်ကို အင်မတန်ဂရုစိုက်တတ်ကြပြီး ရွယ်တူများနှင့် ယှဉ်တတ်တဲ့အလေ့အကျင့်ဟာ သဘာဝပါ။ ရွယ်တူသူငယ်ချင်းများကြား ကိုယ်တစ်ဦးတည်း ဝက်ခြံပေါက်တယ်ဆိုရင် လွန်စွာရှက်တတ်၊ မဝံ့မရဲဖြစ်ပြီး အကြောက်အရွံ့ကြီးတတ်ပါတယ်။ ဒါဟာ ဘဝအတွက် ဆိုးရွားတဲ့သက်ရောက်မှုရှိပြီး စစ်မှန်တဲ့ ပုံပန်းသွင်ပြင်ကို ဖုံးကွယ်တတ်ကြပါတယ်။ ဝက်ခြံထွက်သူတချို့ဟာ မျက်နှာကိုဖုံးဖို့အတွက် ဆံပင်ရှည်ထားတတ်ကြပြီး တချို့ကတော့ ဝက်ခြံအဖုအထစ်အချိုင့်တွေကို ဖုံးကွယ်ဖို့ မိတ်ကပ်ထူထူကြီးတွေ လိမ်းတတ်ကြပါတယ်။ ဆယ်ကျော်သက်လူငယ်တွေဟာ ဘေးပတ်ဝန်းကျင်ရဲ့ အမြင်နှင့်သုံးသပ်ချက်များကို အရမ်းဂရုစိုက်တတ်ကြပါတယ်။ အမှတ်မထင်နောက်ပြောင်လိုက်ခြင်းကိုပင် […]


ဝက်ခြံ

လူကြီး ဝက်ခြံပေါက်ရခြင်း အကြောင်းအရင်း (၅) ဖြာ

လူအများစုသည်ဆယ်ကျော်သက်အရွယ် ကျော်လာသည့်တိုင် ဝက်ခြံအမြောက်အမြား ပေါက်နေကြပါတယ်။ လူကြီးဝက်ခြံဆိုတာဟာ တွေ့ရများတဲ့ အရေပြားပြဿနာတစ်ခုပါ။ လေ့လာမှုများအရ ဝက်ခြံပေါက်ခြင်းသည် အသက် (၁၀)နှစ်မှ (၂၉)နှစ်ကြား လူရွယ်များရဲ့တစ်ဝက်လောက်မှာ တွေ့ရှိရပါတယ်။ ဤဆောင်းပါးတွင် လူကြီးဝက်ခြံပေါက်ခြင်းရဲ့အကြောင်းအရင်း (၅)ဖြာကို ဆွေးနွေးမှာဖြစ်ပါတယ်။ ရာသီပန်းပွင့်ချိန်ပြောင်းလဲတတ်သောဟော်မုန်းဓါတ်များ ဝက်ခြံဟာအသက် (၂၀)မှ (၄၀)နှစ်ကြား အမျိုးသမီးများမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီပေါ်နေချိန်မှာ ခန္ဓါကိုယ်တွင်းဟော်မုန်းဓါတ်များအပြောင်းအလဲရှိလို့ဖြစ်ပါတယ်။ များသောအားဖြင့် ရာသီမပေါ်ခင် (သို့) ရာသီပေါ်ချိန်အစမှာ ဝက်ခြံပေါက်ခြင်းဟာ ပိုမိုဆိုးရွားတတ်ပါတယ်။ ခန္ဓါကိုယ်တွင်းဟော်မုန်းများထွက်ခြင်းကြောင့်ဖြစ်တဲ့ ဝက်ခြံများဟာမဖြစ်အောင်ကာကွယ်ဖို့ ခက်ခဲပါတယ်။ သို့သော်လည်း ဝက်ခြံပျောက်ကင်းစေရန် ဆေးဝါးများ အသုံးပြုနိုင်ပါတယ်။ ဆေးအချိုးအစားအနည်းငယ်သာ ပါသောOestrogen (သို့) Progesterone ကိုယ်ဝန်တားဆေးများ၊ ကျားဟော်မုန်းဓါတ် လျော့နည်းစေသောandrogen ဆန့်ကျင်ဆေးဝါးများ ဖြစ်တဲ့ Spironolactone (သို့) နှစ်မျိုးပေါင်းထားသောဆေးများကို အသုံးပြုနိုင်ပါတယ်။ ဖော်ပြပါသောက်ဆေးများကိုသင့်တော်တဲ့လိမ်းဆေးများနှင့် တွဲသုံးရင် ပိုမိုအဆင်ပြေကောင်းမွန်ပါတယ်။ စိတ်ဖိစီးမှုရှိချိန်ထွက်လာသောဟော်မုန်းများ(stress hormones) Stress […]


အခြားအရေပြားပြဿနာများ

အရေပြားအနီ၊ခရမ်း အစက်အကွက် Purpura ဆိုတာဘာလဲ

Purpura ဆိုတာ အရေပြား အောက်ရှိ သွေးကြောငယ်လေးများမှ သွေးယိုမှုကြောင့် အရေပြားမှာပေါ်လာတတ်သော ခရမ်းရောင်၊ အနီရောင် အစက်အကွက်များဖြစ်တယ်။ ဖိလိုက်ပါက ပျောက်သွားခြင်းမရှိပါ။ ကိုယ်တွင်းအင်္ဂါများ၊ ပါးစပ်အတွင်းရှိ အမြှေးအပါအဝင် အမြှေးများတွင်ပါ ဖြစ်ပေါ်လေ့ရှိပြီး အရေပြားပေါ်ရှိအစက်များက အသိသာဆုံးဖြစ်တယ်။ Purpura ဖြစ်စေသောအချက်များ Non thrombocytic Purpura ။ သွေးခဲစေသော သွေးမွှားဥ (platelet) လျှော့ကျခြင်းမရှိဘဲ ပေါ်လာသော purpura Thrombocytopenic Purpura ။ သွေးခဲစေသော သွေးမွှားဥ (platelet) ပမာဏ လျော့ကျသောကြောင့် ပေါ်လာသော purpura ဟူ၍နှစ်မျိုးရှိပါတယ်။ သွေးမွှားဥ ပမာဏလျော့ကျခြင်း မရှိသော purpura ကို ဖြစ်စေသော အကြောင်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ သွေးခဲခြင်းနှင့်ပတ်သက်၍ ပြဿနာများရှိခြင်း Telangiectasia (အရေပြားနှင့် တွယ်ဆက်တစ်ရှူး များ အားနည်းသော […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း