အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

သင့်အသားအရေ ဝင်းမွတ်တောက်ပစေဖို့ နည်းလမ်းများ

အရေပြား ဝင်းမွတ်တောက်ပစေအောင် ပြုလုပ်ခြင်းဟာ အရေပြားအရောင် မညီညာခြင်း၊ အမာရွတ်ထင်ခြင်းများ မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ သင့်ရဲ့ အရေပြားဟာ ဝင်းမွတ်တောက်ပလာမယ်ဆိုရင် သင်လိုချင်တဲ့ အရေပြားအရောင် ရရှိစေဖို့အတွက် ကျေနပ်စရာတစ်ခု ဖြစ်ပါတယ်။ ယခုဖော်ပြမယ့် စာစောင်မှာ သင့်ရဲ့ အရေပြားဝင်းမွတ် တောက်ပဖို့အတွက် အန္တရာယ်ကင်းပြီး အသုံးဝင်တဲ့ နည်းလမ်းတွေ အကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။ လူအများဟာ အသားအရေဝင်းမွတ်တောက်ပဖြူဝင်းစေဖို့အတွက် ဆန္ဒရှိနေကြပါတယ်။ ပိုပြီးညီညာသော အသားအရေ အရောင်အဆင်း ရှိစေခြင်း၊ ရှိနေသော အမာရွတ်များကို မှေးမှိန်စေခြင်း သို့မဟုတ် တစ်ခါတစ်ရံမှာ ပို၍ ဖြူဝင်းသော အသားရောင်ကို ရရှိစေခြင်း စတာတွေကို အလိုရှိနေကြပါတယ်။ ဒါဟာလူတိုင်းရဲ့ ပုံမှန်လိုအပ်ချက်ပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူသန်းပေါင်းများစွာဟာ သင့်လိုပဲ ပိုပြီး ဝင်းမွတ်တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ရာ ဆန္ဒ ရှိနေကြပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

လေ့ကျင့်ခန်း လုပ်ပြီးနောက် အသားအရေ ထိန်းသိမ်းစောင့်ရှောက်ရန် နည်းလမ်းများ

ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ရာ အတွက် အသားအရေထိန်းသိမ်း စောင့်ရှောက်ခြင်းဟာ မရှိမဖြစ် လိုအပ်ပါတယ်။ အိပ်ရာမဝင်ခင်၊ အပြင်မထွက်ခင်၊ ရေချိုးပြီးစတဲ့ အချိန်တွေမှာ အသားအရေ ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာကို သင်ကြားဖူးထားမှာပါ။ သို့သော် အားကစားလေ့ကျင့်ပြီးတဲ့ အခါမှာတော့ သင့်အသားအရေကို ဘယ်လိုထိန်းသိမ်းရမယ် ဆိုတာကို သင်သတိပြုမိပါသလား။ အားကစား ပြင်းပြင်းထန်ထန် လုပ်ပြီးသွားတဲ့ အခါမှာ များသောအားဖြင့် ပင်ပန်းနေတတ်ပြီး သင့်အသားအရေကို ဂရုစိုက်ဖို့ရာ မေ့လျော့နေတတ်ပါတယ်။ အမှန်မှာတော့ အားကစား လေ့ကျင့်ပြီးတဲ့အခါမှာ အသားအရေကို ထိန်းသိမ်း စောင့်ရှောက်ခြင်းဟာ ရိုးရှင်းတယ်လို့ ဆိုရပေမယ့် အောက်ဖော်ပြပါ နည်းလမ်းတွေကတော့ သင့်အသားအရေ ထိန်းသိမ်းခြင်းအတွက် ပို၍ အသုံးဝင်မှာဖြစ်ပါတယ်။ သင့်ရဲ့ လက်တွေကို ဆေးကြောပါ။ အားကစားလေ့ကျင့်နေစဉ်မှာ သင့်ရဲ့ လက်တွေဟာ လေ့ကျင့် ပစ္စည်းတွေနဲ့ ထိတွေ့တဲ့ အတွက်ကြောင့် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်သန်စေသော သဘာဝနည်းလမ်းများ

သင့်ရဲ့ သိပ်မကောင်းတဲ့ ဆံပင်တွေကို သန်စွမ်းလာစေဖို့အတွက် သဘာဝနည်းလမ်းတွေကို သင်ရှာဖွေကြည့်ဖူးပါသလား။ သင့်ရဲ့ ဆံပင်တွေ မြန်မြန်ရှည်လာစေဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်း ၅ ခုကို ဖော်ပြပေးထားပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ ဆံပင်ဟာ သူမတို့ရဲ့ အလှအပကို သိသိသာသာ လွှမ်းမိုးနေပါတယ်။ ကျန်းမာလှပတဲ့ ဆံပင်ရှိခြင်းဟာ သင့်ကို ပိုပြီးယုံကြည်မှု ရှိစေမှာပါ။ သို့သော် ပြင်ပအကြောင်းအရာတွေက သင့်ရဲ့ ဆံပင်ကိုထိခိုက်စေနိုင်ပြီး ဆံပင်ကျွတ်ခြင်းနှင့် ဆံပင်သန်စွမ်းမှု မရှိခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ သင့်ရဲ့ ဆံပင်တွေ ပြန်ကောင်းလာစေဖို့နှင့် အရှည်မြန်လာစေဖို့ရာ ကူညီပေးနိုင်တဲ့ သဘာဝကုသမှု နည်းလမ်း အချို့ ရှိပါတယ်။ ဒီနည်းလမ်းတွေအားဖြင့် သင့်ကို ငွေနှင့် အချိန်အများကြီး မလိုအပ်ပဲ ကူညီပေးနိုင်မှာဖြစ်ပါတယ်။ (၁) လုံလောက်သော အာဟာရဓါတ်များ ပါဝင်တဲ့ အစားအသောက်တွေ စားပေးပါ လုံလောက်သော အာဟာရဓါတ်များ ပါဝင်တဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

ခွဲစိတ်မှု မပါတဲ့ အလှအပဆိုင်ရာ ပြုပြင်ခြင်း နှင့် ပတ်သက်ပြီး သင် သိထားသင့်သည်များ

ခွဲစိတ်ပြုပြင်မှုမပါတဲ့ အလှအပဆိုင်ရာ ပြုပြင်ခြင်းဆိုတာ ဘာလဲ။ ခွဲစိတ်ပြုပြင်မှုမပါပဲ အလှအပဆိုင်ရာ ပြုပြင်ခြင်းဟာ သင့်ရဲ့ ပြင်ပပုံပန်းသွင်ပြင်ကို ခွဲစိတ်စရာမလိုပဲ ပိုပြီးလှပလာအောင် ပြုပြင်တဲ့နည်းလမ်းတွေကို ဆိုလိုပါတယ်။ သင့်ရဲ့ ပြင်ပပုံပန်းသွင်ပြင်ကို ပိုကြည့်ကောင်းလာအောင် ဒီလိုနည်းလမ်းတွေကို ရွေးချယ်ပြုပြင်ခြင်းဟာ သင့်ကျန်းမာရေးနှင့် မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်ပိုင်းဆိုင်ရာ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ အသားအရေဆိုင်ရာ ချို့ယွင်းချက်တွေကို ပြုပြင်ကုသခြင်းအားဖြင့် မိမိကိုယ်ကို ယုံကြည်မှု ရှိခြင်းနှင့် မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာအပေါ် ကျေနပ်မှုရှိခြင်းမှာလည်း ပိုပြီးကောင်းမွန်လာအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့အသားအရေဆိုင်ရာ အခြေအနေများ။ အသက်ကြီးလာခြင်း၊ နေရောင်နှင့် ထိတွေ့ခြင်းကြောင့် အသားအရေပျက်စီးခြင်း သို့မဟုတ် အသားအရေတွင် အနာတရဖြစ်ခြင်းများကြောင့် ဒီချို့ယွင်းချက်တွေဟာ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီလိုခွဲစိတ်ပြုပြင်မှုမဟုတ်ပဲ အလှအပဆိုင်ရာ ပြုပြင်ခြင်း နည်းလမ်းတွေဟာ ယနေ့ခေတ်မှာ အန္တရာယ်ကင်းပြီး ထိရောက်တဲ့အတွက် ၂၀၁၅မှ […]


အသားအရေ ထိန်းသိမ်းခြင်း

အိုမင်းရင့်ရော်သော အသားအရေကို ကာကွယ်ဖို့ အဓိကအစားအစာ (၅)မျိုး

သင် အသက်အရွယ်ကြီးပြင်းလာသည်နှင့်အမျှ အသားအရေသည် အိုမင်းရင့်ရော်လာမည် ဖြစ်သည်။ အရေးအကြောင်းများ၊ အသားခြောက်ခြင်း၊ အမည်းစက်များထွက်ပေါ်လာပြီး သင်၏ရုပ်သွင်ကို ထိခိုက်လာနိုင်ပါသည်။ ထိုသို့ပြောင်းလဲခြင်းဖြစ်စဉ်ကို နှေးကွေးစေချင်သည်ဆိုလျှင် အစားအသောက်သည် အထိရောက်ဆုံးနှင့် အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါသည်။ အောက်ဖော်ပြပါ အစားအစာများကို စားသုံးခြင်းဖြင့် တိုးတက်မှုကိုသင့်မြင်တွေ့နိုင်ပါသည်။   ရေ ရေသည် ခန္ဓါကိုယ်အတွက် အရေးပါဆုံးဖြစ်သည်။ သင်၏ ခန္ဓါကိုယ်သည် ရေနှင့်အဓိက ဖွဲ့စည်းတည်ဆောက်ထားပြီး သင့် အသားအရေကို နူးညံ့ချောမွေ့စေနိုင်ပါသည်။ ရေအလုံအလောက်သောက်ခြင်းဖြင့် အသားရေခြောက်သွေ့ခြင်းကို လျော့ကျစေနိုင်ပါသည်။ ကျွန်ုပ်တို့သည် ရေကို သောက်သုံးရေနှင့် တခြားအဖျော်ယမကာနှင့် အစားအသောက်များ (ဥပမာ-စွပ်ပြုတ်) မှ ရရှိသည်။ သင်သည် ရေကိုဆာမှသောက်ခြင်းထက် တစ်နေ့ကို ရေ (၈)ခွက်လောက် သောက်သင့်သည်။ ရေကို ခန္ဓါကိုယ်မှ လိုအပ်သည်ထက်ပို၍ သောက်နိုင်ပြီး ပိုသောရေကို ခန္ဓါကိုယ်မှ စွန့်ထုတ်ပါလိမ့်မည်။ သင်သည် အပြင်ထွက်စားသောအခါ ရေတစ်ခွက်တော့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ပြန်ပေါက်ခြင်းဖြစ်စဉ်

ဆံပင်ပြန်ပေါက်ခြင်းဖြစ်စဉ်သည် တစ်ဦးနှင့်တစ်ဦး မတူနိုင်ပါ။ ပျမ်းမျှအားဖြင့် ရက်သတ္တပတ် ၄ ပတ်မှ၆ ပတ်အထိ ကြာမြင့်တတ်သဖြင့် ရလဒ်ကောင်းရရန် စိတ်ရှည်သင့်သည်။ ထိုသို့ သင်စောင့်ကြည့်နေစဉ် သိသာသောပြောင်းလဲမှု တွေ့ချင်မှ တွေ့ပေလိမ့်မည်။ ခုဆောင်းပါးတွင် သင်၏ဆံပင်ပြန်ပေါက်ခြင်းဖြစ်စဉ်အကြောင်း သင်သိလိုသည်များကို ဖော်ပြထားပါသည်။ သင့်အနေဖြင့်ဆံပင်ကျွတ်ခြင်းဖြစ်စဉ်နှင့် ရင်ဆိုင်ရပါက ထိုအရာသည် ပုံမှန်ဖြစ်ပြီး ဆံပင် ကြီးထွားမှုသံသရာ၏ အစိတ်အပိုင်းဖြစ်ပါသည်။ ဆံပင်ကြီးထွားခြင်းဖြစ်စဉ်တွင် ဆံပင်လျှင်မြန်စွာ ရှည်ထွက်ခြင်းအဆင့်ဖြင့်စတင်ပြီး ဆံပင်ကျွတ်ခြင်းနှင့် ဆံပင်တည်မြဲခြင်းဖြစ်စဉ်ကေ နာက်ကလိုက်သည်။ ဆံပင်ကြီးထွားမှုသံသရာတွင် အဆင့်သုံးဆင့် ပါဝင်ပါသည်။ အေနာဂျင်(Anagen)၊ ကတ်တဂျင်(Catagen) နှင့် တယ်လိုဂျင် (Telogen) တို့ဖြစ်ပါသည်။ ဆံပင်ကြီးထွားမှုကို ပိုမိုနားလည်စေရန် အဆင့်တစ်ဆင့်ချင်းစီကိုလေ့လာကြည့်ပါစို့။ (၁) ကဏ္ဍဦး အေနာဂျင် အဆင့် အေနာဂျင်အဆင့်သည် ဆံပင်လျင်မြန်စွာရှည်သည့် အဆင့်ဖြစ်သည်။ ဆံမျှင်တို့၏ အမြစ်တွင်ရှိသော ဆဲလ်များက လျှင်မြန်စွာပွားများသည်။ ဆံပင်အသစ်တစ်ချောင်းဖြစ်ပေါ်လာသောအခါ အရင်းတုတ်သောနေရာက […]


အသားအရေ ထိန်းသိမ်းခြင်း

အလှအပရေးရာ အရေပြားဗေဒဆိုင်ရာ သိကောင်းစရာများ

ယနေ့ခေတ်တွင် အရေပြားဆိုင်ရာကုထုံးများသည် ဝက်ခြံ၊ အမာရွတ်နှင့် အရေးကြောင်းကဲ့သို့ အရေပြားအပြစ်အနာအဆာများကို ပြုပြင်ပေးနိုင်ပြီး အပြစ်အနာအဆာကင်း၍ လှပသော အသွင်အပြင်ကို ပေးစွမ်းနိုင်သောကြောင့် ပို၍ လူသိများလာကြသည်။ သင်၏ အလှအပရေးရာပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန် ကူညီပေးမည့် အချက်အလက်အချို့ကို ဤဆောင်းပါးတွင် ဖော်ပြသွားပါမည်။ ခန္ဓါကိုယ် အသားအရေကုသမှုများ • လေဆာဖြင့် ဆေးမင်ကြောင် ဖျက်ခြင်း။ • အကြောပြတ်ရာများ ဖျက်ခြင်း။ • လျှပ်စစ်သံလိုက်လှိုင်းသုံး၍ ခန္ဓါကိုယ် အသားအရေကို ကုသခြင်း။ (Thermage) မျက်နှာအသားအရေကုသမှုများ • ဓါတုပစ္စည်းဖြင့် ချေးချွတ်ခြင်း။ • လေဆာဖြင့် အသားအရေမျက်နှာပြင် ပြုပင်ခြင်း။ • အလင်းလှိုင်းဖြင့် မျက်နှာအသားအရေပြုပြင်ခြင်း။ (IPL photofacials) • လေဆာဖြင့် အသားအရေတင်းရင်းအောင် ပြုလုပ်ခြင်း။ • လျှပ်စစ်သံလိုက်လှိုင်းသုံး၍ မျက်နှာနှင့် မျက်စိအရေပြားများ ကုသခြင်း။ ဖြည့်ဆေးများ နှင့် ထိုးဆေးများ • BOTOX အလှကုန် • Dysport • JUVEDERM • Perlane • RADIESSE • […]


အသားအရေ ထိန်းသိမ်းခြင်း

အရေးကြောင်းများ- အိုမင်းခြင်း၏လက္ခဏာများ

ကျွန်ုပ်တို့ အသက်ကြီးလာသည်နှင့်အမျှ အရေးကြောင်းများသည် မရှောင်လွှဲနိုင်သော အရာများဖြစ်လာသည်။ သို့သော် အရေးကြောင်းများ ဘယ်လိုပေါ်လာသလဲ သင်သိပါသလား။ အရေးကြောင်းများကင်းဝေးပြီး သင်၏ငယ်ရွယ်နုပျိုမှုကို ပြန်လည်ရရှိနိုင်ရန် သင်ဘာလုပ်နိုင်သလဲ။ သင့်အတွက်အသုံးဝင်မယ့် သတင်းအချက်အလက်အချို့ ဒီနေရာမှာရှိနေပါ တယ်။   အရေးကြောင်းများ-အိုမင်းခြင်း၏လက္ခဏာများ အရေးကြောင်းများဆိုသည်မှာ အရေပြားပေါ်ရှိ အတွန့်၊ အခေါက်၊ အရစ်များဖြစ်သည်။ အချို့အရေးကြောင်း များသည် မြောင်းနက်နက်များနှင့်တူသည်။ ၎င်းတို့သည် အိုမင်းခြင်း၏လက္ခဏာတစ်ခု အဖြစ်အသက် ၃၅ မှ ၄ဝ အ တွင်းတွင် မျက်နှာပေါ်တွင် တွေ့ရလေ့ရှိသည်။ အရေးကြောင်းများကို သိသာထင်ရှားစွာတွေ့ရသည့် နေရာများမှာ မျက်စိ နှင့် ပါးစပ်နားတစ်ဝိုက်၊ လက်နှင့်လည်ပင်းတို့ဖြစ်သည်။   ဘယ်အရာတွေက အရေးကြောင်းတွေကို ဖြစ်စေလဲ။ အရေပြားရဲ့ဖွဲ့စည်းပုံကို မျိုးရိုးဗီဇက အဓိက ဆုံးဖြတ်ပေးပါတယ်။ အသားအရေကိုတင်းရင်းစေတဲ့ ကော်လာဂျင် (collagen) နဲ့ ကျုံ့ဆန့်တစ်ရှူး (elastin) တို့ကို ခန္ဓါကိုယ်က ထုတ်လုပ်တဲ့ပမာဏဟာ […]


အခြားအရေပြားပြဿနာများ

ကီးလွိုက်အမာရွတ်များ-ဖြစ်စေသော အကြောင်းများ၊ရောဂါလက္ခဏာများနှင့် ကုသမှုများ

သင်၏ ခန္ဓါကိုယ်ပေါ်ရှိအမာရွတ်များကြောင့် ရှိးတိုးရှန့်တန့်မဝံ့မရဲဖြစ်နေပါသလား။ ဤအမာရွတ်များကို မိတ်ကပ်၊ အဝတ်အစားများနှင့် ဖုံးကွယ်နေရသည်ကို ပင်ပန်းနေပြီလား။ အမာရွတ်များသည် သင့်အသားအရေ၏ အသွင်အပြင် ကိုပျက်စီးစေသည်။ အထူးသဖြင့် သိသာထင်ရှားစွာ ကြွတက်နေသော ကီးလွိုက်အမာရွတ်များဖြစ်သည်။ ကီးလွိုက် အမာရွတ်ဆိုတာဘာလဲ။ ဒီကိစ္စကို ဘယ်လို ဖြေရှင်းရမလဲစသည့် မေးခွန်းများသည် လူအများစိတ်အဝင်စားဆုံး အရာများ ဖြစ်သည်။ ၎င်းတို့အတွက် အဖြေများကို အောက်တွင် ဖော်ပြသွားမည်။   ကီးလွိုက်အမာရွတ် ဖြစ်စေသော အကြောင်းများ ခွဲစိတ်ရာများ၊ ဝက်ခြံအမာရွတ်များ၊ ထိုးဖောက်ဒဏ်ရာများ၊ မီးလောင်ဒဏ်ရာများနှင့် ရေကျောက်များစသော အရေ ပြားပျက်စီးမှုများဖြစ်ပြီးနောက် အမာရွတ်တစ်ရှုးထူထူများ ကြွတက်လာကာ အနာကျက်နေသော ဧရိယာ၏ အပြင် ဘက်သို့ ထွက်လာလျှင် ကီးလွိုက် အမာရွတ်များ ဖြစ်လာပါသည်။ ကီးလွိုက်အမာရွတ်ဆိုတာဘာလဲ။ ကီးလွိုက်အမာရွတ်ဆိုသည်မှာ အမာရွတ်တစ်ရှူးသည် မူလထိခိုက်မိသော ဒဏ်ရာထက်ပို၍ ကြီးမားကျယ်ပြန့်စွာ ကြီး ထွားလာပြီး အရေပြားပေါ်တွင် အပုံလိုက်ကြွတက်နေသော […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်အသားအရေ ဝင်းမွတ်တောက်ပစေဖို့ နည်းလမ်းများ။

လူအများဟာ အသားအရေဝင်းမွတ် တောက်ပ ဖြူဝင်းစေဖို့အတွက် ဆန္ဒရှိနေကြပါတယ်။ ပိုပြီးညီညာသော အသားအရေ အရောင်အဆင်း ရှိစေခြင်း၊ ရှိနေသော အမာရွတ်များကို မှေးမှိန်စေခြင်း သို့မဟုတ် တစ်ခါတစ်ရံမှာ ပို၍ ဖြူဝင်းသော အသားရောင်ကို ရရှိစေခြင်း စတာတွေကို အလိုရှိနေကြပါတယ်။ ဒါဟာလူတိုင်းရဲ့ ပုံမှန်လိုအပ်ချက်ပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူသန်းပေါင်းများစွာဟာ သင့်လိုပဲ ပိုပြီး ဝင်းမွတ်တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ရာ ဆန္ဒ ရှိနေကြပါတယ်။ ဒါဟာပုံမှန်ပဲ ဖြစ်ပါတယ်။ ဤဆောင်းပါးမှာ သင့်ရဲ့အရေပြားကို အန္တရာယ်ကင်းစွာ ဝင်းမွတ်တောက်ပစေဖို့ရာ အသုံးဝင်သော နည်းလမ်း အချို့ကို ရှာဖွေနိုင်ပါတယ်။ ရှောက်ရည်၊ သံပယိုအရည် ရှောက်ရည်၊ သံပယိုအရည်တို့ဟာဆိုရင် သင့်ရဲ့ အရေပြားအရောင် တောက်ပ ကြည်လင်စေဖို့ရာအတွက် အခြေခံကျသော ကုသမှုတစ်မျိုး ဖြစ်ပါတယ်။ ဒါကို အိမ်မှာပဲ အလွယ်တကူ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း